Statement by Ambassador Kyaw Moe Tun, at the Joint General Debate on Decolonization Items of the Fourth Committee at the 80th Session of the UN General Assembly
- Myanmar Mission To UN

- Oct 14
- 5 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Joint General Debate on Decolonization Items of the Fourth Committee at the Eightieth Session of the UN General Assembly, held on 13 October 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
အကြိမ် (၈၀)မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ အထူးနိုင်ငံရေးနှင့် ကိုလိုနီနယ်မြေများ လွတ်မြောက်ရေး ကော်မတီ (စတုတ္ထကော်မတီ) ၏ အထွေထွေမူဝါဒေရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်မှစ၍ တရားမဝင် စစ်အာဏာသိမ်းမှုကို ကြုံတွေ့နေရသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် နိုင်ငံရေး ခံယူချက်ကိုရွေးချယ်ရာတွင် လွတ်လပ်စွာရွေးချယ်ခွင့်၏ အရေးပါမှုကို အပြည့်အဝနားလည်၊
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏ အခြေခံမူဖြစ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးသည့် နည်းနာတစ်ခုအဖြစ် အသုံးပြုနိုင်သည်ဟု ယုံကြည်၊
တရားမဝင်အာဏာသိမ်းမှုနှင့် အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှု အခြေအနေများအောက်တွင်၊ လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲကျင်းပရန် သင့်လျော်သောအခြေအနေ လုံးဝမရှိ၊
စစ်အုပ်စု၏ အကြမ်းဖက်မှုများသည် မြန်မာပြည်သူတို့၏ မျှော်မှန်းချက်များကို ဖိနှိပ်နိုင်မည် မဟုတ်၊ စစ်အုပ်စု၏ အဓမ္မဖိအားပေးမှုများနှင့် ရက်စက်ယုတ်မာသော လုပ်ရပ်များသည် ဤလိမ်လည်လှည့်ဖြားမှုလုပ်ငန်းစဉ်ကို ခုခံတွန်းလှန်နေသည့် ပြည်သူများကို တားဆီးနိုင်မည် မဟုတ်၊
စစ်အုပ်စု၏ နိုင်ငံရေးထွက်ပေါက်အဖြစ် စီစဉ်ထားသည့် အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို လမ်းခင်းပေးနိုင်မည် မဟုတ်၊ အဖွဲ့ဝင်နိုင်ငံအချို့၏ အကူအညီဖြင့် ဖန်တီးထားသည့် အတုအယောင်ရွေးကောက်ပွဲသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်၊
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို ပယ်ချကြရန်နှင့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး မြန်မာ ပြည်သူ လူထု၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် မြန်မာပြည်သူလူထု၏ သန္နိဋ္ဌာန်ကို အားပေးထောက်ခံကြရန်
အလေးအနက် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်)
၁။ အကြိမ် (၈၀)မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ အထူးနိုင်ငံရေးနှင့် ကိုလိုနီနယ်မြေများ လွတ်မြောက်ရေးကော်မတီ (စတုတ္ထကော်မတီ) ၏ အထွေထွေမူဝါဒေရေးရာ မိန့်ခွန်းပြောကြားမှု အစီအစဉ်ကို ၁၃-၁၀-၂၀၂၅ ရက် (တနင်္လာနေ့)တွင် ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။
၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါအဓိကအချက်များ ပါဝင်ပါသည်-
(က) ကိုလိုနီစနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းမှု စတုတ္ထမြောက်နိုင်ငံတကာ ဆယ်စုနှစ် ၏ အလယ်တည့်တည့်သို့ ချဉ်းကပ်လာချိန်တွင် ကိုလိုနီစနစ်မှ လွတ်မြောက်ရေးလုပ်ငန်းစဉ်နှင့် ကိုလိုနီနိုင်ငံများနှင့် ပြည်သူများအား လွတ်လပ်ရေးပေးအပ်ခြင်းဆိုင်ရာ ကြေညာစာတမ်းကို အပြည့်အဝ အကောင်အထည်ဖော်ရေး ကြိုးပမ်းမှုများကို အရှိန်အဟုန်မြှင့်တင်ရမည် ဖြစ်ကြောင်း၊
(ခ) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊ အပြည်ပြည်ဆိုင်ရာ ပြည်သူ့ အခွင့်အရေးနှင့် နိုင်ငံရေးဆိုင်ရာ သဘောတူစာချုပ်နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်အပါအဝင် နိုင်ငံတကာဥပဒေများတွင် အတိအလင်း ပြဋ္ဌာန်းထားကြောင်း၊ ယင်းစာချုပ်များတွင် “လူသားတိုင်းတွင် မိမိကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိကြောင်း၊ ၎င်းတို့၏ နိုင်ငံရေးခံယူချက်၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေး တို့တွင် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ရှိကြောင်း” ကို ဖော်ပြထားကြောင်း၊
(ဂ) မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်မှစ၍ တရားမဝင် စစ်အာဏာသိမ်းမှုကို ကြုံတွေ့နေရသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် နိုင်ငံရေးခံယူချက်ကို ရွေးချယ်ရာတွင် လွတ်လပ်စွာ ရွေးချယ်ခွင့်၏ အရေးပါမှုကို အပြည့်အဝ နားလည်ကြောင်း၊
(ဃ) လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏ အခြေခံမူဖြစ်ပြီး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို ကျင့်သုံးသည့် နည်းနာတစ်ခုအဖြစ် အသုံးပြုနိုင်သည်ဟု ယုံကြည်ကြောင်း၊
(င) သို့ရာတွင် တရားမဝင် အာဏာသိမ်းမှုနှင့် အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှု အခြေအနေများ အောက်တွင်၊ လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်နိုင်သော ရွေးကောက်ပွဲ ကျင်းပရန် သင့်လျော်သောအခြေအနေ လုံးဝမရှိသည်ကို အောက်ပါအကြောင်းအရင်းများက ဖော်ပြနေကြောင်း-
(၁) တရားမဝင် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒီမိုကရေစီစံနှုန်းများနှင့်ညီသည့် တရားမျှတသည့် တာဝန်ခံမှုရှိသည့် အဖွဲ့အစည်းများမရှိတော့ဘဲ တရားဥပဒေစိုးမိုးမှုမှာ လုံးဝပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း၊
(၂) အကြမ်းဖက်စစ်အုပ်စုသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ရာနေရာများ အပါအဝင် အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့် ကျူးလွန် နေကြောင်း၊ မကြာသေးမီက ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးနေ့ဖြစ်သော သီတင်းကျွတ် လပြည့်နေ့တွင် စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၌ စစ်အာဏာရှင်ကို ဆန့်ကျင်သည့် မီးထွန်း သပိတ်ပွဲတစ်ခု ငြိမ်းချမ်းစွာပြုလုပ်နေစဉ် စစ်တပ်၏ပါရာမော်တာ (paramotor) အသုံးပြုဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သား ၂၀ ခန့် သေဆုံးပြီး အများအပြား ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည့်ဖြစ်ရပ်မှာ စိတ်နှလုံးကြေကွဲဖွယ် သာဓကတစ်ခု ဖြစ်ကြောင်း၊
(၃) နိုင်ငံအတွင်း စစ်အုပ်စုအနေဖြင့် ထိရောက် အုပ်ချုပ်နိုင်မှု မရှိပါကြောင်း၊ တော်လှန်ရေး အင်အားစုများက စစ်အာဏာရှင်ကို ခုခံကာကွယ်ရာတွင် ခိုင်မာစွာ ရပ်တည်လျက် ရှိကြောင်း၊
(၄) အခြေအမြစ်မရှိသော အကြောင်းပြချက်များဖြင့် အဓိက နိုင်ငံရေးပါတီကြီးများကို ဖျက်သိမ်းခြင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များကို မတရား ဖမ်းဆီးထားခြင်းတို့ကြောင့် စစ်မှန်သော ပါတီစုံစနစ် မရှိပါကြောင်း၊
(၅) စစ်အုပ်စုသည် တရားဝင်မှု မရှိဘဲ၊ ပြည်သူတို့၏ ယုံကြည်မှုနှင့် လက်ခံမှု မရှိပါကြောင်း၊
(စ) ဤအခြေအနေများကြောင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် မဟာမိတ်တော်လှန်ရေး အင်အားစု များသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲကို ပယ်ချကြောင်းနှင့် မြန်မာနိုင်ငံ၏ အနာဂတ်အစီအစဉ်ကို ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊
(ဆ) ထို့အပြင် အောက်တိုဘာလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အတိုင်ပင်ခံ ကောင်စီများ၊ ဖက်ဒရယ်ယူနစ်များနှင့် အခြားသောကိုယ်စားလှယ်အဖွဲ့များက စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို တညီတညွတ်တည်း ပယ်ချခဲ့ကြကြောင်း၊
(ဇ) ဒီမိုကရေစီ၊ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မူများကို ထိန်းသိမ်း စောင့်ရှောက်မည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရန် မျှော်မှန်းထားကြကြောင်း၊
(ဈ) မြန်မာနိုင်ငံသည် ပြည်သူလူထု၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ၎င်းတို့၏ မျှော်မှန်းချက်များအပေါ် အခြေခံသည့် ကိုလိုနီစနစ်လုံးဝချုပ်ငြိမ်းရေး ပန်းတိုင်ကို မယိမ်းမယိုင် ထောက်ခံသွားမည် ဆိုသည်ကို ထပ်လောင်းအတည်ပြုပါကြောင်း၊
(ည) စစ်အုပ်စု၏ အကြမ်းဖက်မှုများသည် မြန်မာပြည်သူတို့၏ မျှော်မှန်းချက်များကို ဖိနှိပ်နိုင်မည် မဟုတ်ကြောင်း၊ စစ်အုပ်စု၏ အဓမ္မဖိအားပေးမှုများနှင့် ရက်စက်ယုတ်မာသော လုပ်ရပ်များသည် ဤလိမ်လည်လှည့်ဖြားမှုလုပ်ငန်းစဉ်ကို ခုခံတွန်းလှန်နေသည့် ပြည်သူများကို တားဆီးနိုင်မည် မဟုတ်ကြောင်း၊
(ဋ) စစ်အုပ်စု၏ နိုင်ငံရေးထွက်ပေါက်အဖြစ် စီစဉ်ထားသည့် အတုအယောင်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို လမ်းခင်းပေးနိုင်မည် မဟုတ်သကဲ့သို့ အဖွဲ့ဝင်နိုင်ငံအချို့၏ အကူအညီဖြင့် ဖန်တီးထားသည့် အတုအယောင် ရွေးကောက်ပွဲသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ဆောင်ကြဉ်းပေးနိုင်မည် မဟုတ်ကြောင်း၊
(ဌ) သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို ပယ်ချကြရန်နှင့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး မြန်မာ ပြည်သူလူထု၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် မြန်မာပြည်သူလူထု၏ သန္နိဋ္ဌာန်ကို အားပေးထောက်ခံကြပါရန် အလေးအနက် တိုက်တွန်းလိုကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to the United Nations,
at the Joint General Debate on Decolonization Items
of the Fourth Committee at the Eightieth Session of the UN General Assembly
(New York, 13 October 2025)
Mr. Chair,
At the outset, I wish to extend my congratuations to you and other members of the Burea on your well-deserved election.
You can rest assured of our delegation’s full support throughout the session.
Myanmar aligns itself with the statement delivered by NAM.
Mr. Chair,
Nearly 2 million people remain in the 17 Non-Self-Governing Territories (NSGTs). As we approach the midpoint of the Fourth International Decade for the Eradication of Colonialism, we must intensify our efforts in advancing the decolonization process and the full implementation of the Declaration on the Granting of Independence to Colonial Countries and Peoples.
In this regard, Myanmar commends the work of the UN Special Committee on Decolonization (C-24), and urges continued engagement and meaningful collaboration among C-24, the NSGTs, the Administering Powers, the UN system and relevant stakeholders.
Mr. Chair,
Myanmar expresses our full support to the aspirations of people of NSGTs and their right to self-determination.
The right to self-determination is enshrined in the UN Charter and in international law, including the International Covenant on Civil and Political Rights (ICCPR) and the International Covenant on Economic, Social and Cultural Rights (ICESCR) as follows:
“All peoples have the right to self-determination. By virtue of that right they freely determine their political status and freely pursue their economic, social and cultural development.”
As a country undergoing the illegal military coup since 2021, Myanmar unequivocally understands the significance of the right to self-determination and the freedom to choose your own political status.
Mr. Chair,
Myanmar believes that free and fair elections are the basic tenents of democracy, and can be used as a tool to exercise our right to self-determination.
Unfortunately, under these cirmstances of the illegal coup and the junta’s atrocities, there is no conducive condition to conducting a free, fair and inclusive election in the country for the following reasons:
First, the lack of democratic, just and accountable institutions following the military coup.
The rule of law has been dismentaled.
Second, the lack of cessation of violence across the country. The military continues to perpetuate widespread violence, including escalating airstrikes, against the civilian population, particulary in areas under the control of revolutionary forces.
The recent heartbreaking example of such violence took place on the Full Moon Day of Thadingyut, a Buddhist religious day, during a peaceful candlelight vigil protest against the military junta in Chaung-U, Sagaing, where the military’s paramotor-bombings killed about 20 civilians, including children and severely injured many.
Third, the lack of effective control by the military across the country. Our revolutionary forces remain steadfeast in defending their ground against the junta.
Fourth, the lack of a genuine multi-party system after the dissolution of major political parties on unsubstantiated grounds and the arbitriary arrest of political leaders, including State Counsellor Daw Aung San Suu Kyi and President U Win Myint.
And last but not the least, the lack of legitimacy, acceptance and trust in the military junta by the people of Myanmar.
Against this backdrop, the National Unity Government and key allied resistance forces issued a Joint Declaration on 7 February 2025 on the rejection of the sham election by the military junta and our plan for the future Myanmar. Moreover, their joint statement on 11 October, the NUG, the NUCC, the CRPH, the EROs, counsultative councils, federal units and others unanimously condemned and the rejected the junta’s planned sham elections.
We envision the establishment of a Federal Democratic Union that upholds the principles of democracy, equality and self-determination.
In conclusion, Mr. Chair, Myanmar reiterates our unwavering support to the universal goal of decolonization based on the right to self-determination of people and their aspirations.
Violence by the military will not suppress the aspirations of the people of Myanmar.
Coercive and heinous measures by the military will not prevent our people from resisting this deceitful process.
This sham election, orchestrated as a political exit by the military, will not pave the way for sustainable peace and stability in Myanmar.
This scam election, manufactured with the assistance of some Member States, will not bring broader peace and stability in the region.
Therefore, I appeal to the international community to reject the junta’s planned sham election, and support the people of Myanmar and their resolution to end the military dictatorship and build a federal democratic union that can ensure their right to self-determination.
I thank you.
*****












