top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun at the Informal meeting of the General Assembly Plenary to hear a briefing by the Special Envoy of the Secretary-General on Myanmar

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Jun 10
  • 10 min read

Updated: Jun 11

Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the Informal meeting of the General Assembly Plenary to hear a briefing by the Special Envoy of the Secretary-General on Myanmar, held on 10 June 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်မှ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများအား အလွတ်သဘော ဆွေးနွေးသည့် အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူသားစာနာနှင့် လူ့အခွင့်အရေး အခြေအနေများ သည် ဆိုးရွားဆဲဖြစ်ပြီး ပို၍ပင် ဆုတ်ယုတ်လာခဲ့၊ ပြီးခဲ့သော (၄) နှစ်ကျော်ကာလအတွင်း ၌ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကြေကွဲဖွယ်အခြေအနေမှာ ပိုမို ဆိုးရွားလာသဖြင့် တိုင်းပြည် ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း သိသိသာသာ ထိပါးစေပြီး အရပ်သားပြည်သူများ ကြုံတွေ့ခံစားရ သည့် ဒုက္ခဆင်းရဲက အဆိုးရွားဆုံးဖြစ်၊

မြန်မာပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်ခြင်း၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်း၊ အတင်းအကျပ် တပ်သားစုဆောင်းခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အတင်းအကျပ် ပျောက်ကွယ်စေမှု၊ တရားလက်လွတ် စီရင်ခြင်းများနှင့် လေကြောင်းဗုံးကျဲတိုက်ခိုက်မှု စသည် ဖြင့် လက်မခံနိုင်အောင် ဆိုးရွားသည့် ရက်စက် ကြမ်းကြုတ်မှုများကြောင့် နေ့စဉ်နှင့်အမျှ အကြောက်တရားအောက်တွင် နေထိုင်နေရ၊

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းကို အလျင်အမြန် ထိရောက်စွာ ဖြေရှင်းခြင်းအားဖြင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်နှင့် အနာဂတ်တို့ကို ကယ်တင်ရန် လိုအပ်၊

လူသားချင်း စာနာထောက်ထားမှု အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသူများထံ လူသားစာနာအကူအညီများ ထိရောက်စွာ ပိုဆောင်ရေးက ပင်မလိုအပ်ချက်ဖြစ်၊ စစ်တပ်မှ အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့် လေကြောင်းတိုက်ခိုက်မှုများ နှင့် ဗုံးကျဲခြင်းများကို အပြီးတိုင် ရပ်တန့်ရေးကလည်း အထူး အရေးပါ၊ စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား ငြင်းပယ်ကန့်ကွက်ခြင်းက အဓိကကျ၊ ထိရောက်မှုရှိပြီး ပြည်သူ့လိုအပ်ချက်ကို ဗဟိုပြုသော ဒေသတွင်း အဖွဲ့အစည်းများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အခန်းကဏ္ဍကလည်း အရေးပါ၊ ကုလသမဂ္ဂအနေဖြင့် အရပ်သားပြည်သူများအား အကာအကွယ်ပေးရန်နှင့် ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေးအား ထိန်းသိမ်းရန် တာဝန်ယူသော အခန်းကဏ္ဍမှ ပါဝင်ရန်လို၊

မြန်မာနိုင်ငံ၏ အနာဂတ်နှင့်သက်ဆိုင်သည့် မည်သို့သော အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု မဆို ပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားနှင့် ကိုက်ညီရန် လိုအပ်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်)


၁။        နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်မှ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအား အလွတ်သဘော တင်ပြဆွေးနွေးသည့် အထွေထွေ ညီလာခံ မျက်နှာစုံညီ အစည်းအဝေးကို ၁၀-၆-၂၀၂၅ ရက် (အင်္ဂါနေ့)၊ နံနက် (၁၀၀၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။


၂။         အဆိုပါ အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Julie Bishop က မြန်မာနိုင်ငံတွင် လက်ရှိ ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုအခြေအနေများ ဆက်လက် ဆိုးရွားနေခြင်း၊ အကူအညီလိုအပ်နေသူများအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းအပြင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် ငလျင် သဘာဝဘေးအန္တရာယ်၏ ရိုက်ခတ်မှုကိုပါ ကြုံတွေရင်ဆိုင်နေရခြင်း၊ စစ်မက်ဖြစ်ပွားမှု အခြေအနေများ၊ အပစ်အခတ်ရပ်စဲရေးကြေညာထားသည့်အကြားက လိုက်နာဖော်ဆောင်မှု မရှိသည့် အနေအထားများ၊ ထိုသို့သော အခြေအနေများကြောင့် အရပ်သားပြည်သူများအား အကာအကွယ်း ပေးအပ်ခြင်း၏ အဓိကကျသော အခန်းကဏ္ဍ၊ တစ်ဖက်တွင်လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် လမ်းဖွင့် ထားသည့် အခြေအနေရှိသော်ငြားလည်း ပိုမို ကျယ်ပြန့်သည့် သဘောတူညီမှု လိုအပ်ချက် ရှိနေသေးခြင်း၊ စစ်အုပ်စုနှင့် တွေ့ဆုံစဉ်က ဆွေးနွေးခဲ့သည့် အကြောင်းအရာများ၊ ၎င်းအနေဖြင့် တာဝန်ယူထားသည့် ကာလ တစ်လျှောက် သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် လုပ်ဆောင်ချက်များ၊ မြန်မာအရေး ကိစ္စအား ဖြေရှင်းရန် အပစ်ခတ်ရပ်စဲရေး၏ အရေးပါမှု၊ အကြမ်းဖက်မှု လျှော့ချရေး၊ ပြည်သူများ၏ လိုအပ်ချက် အား ဗဟိုပြု စဉ်းစားရေးနှင့် သို့မှသာ အားလုံးပါဝင်၍ ရေရှည် တည်တံ့သော ငြိမ်းချမ်းရေး တည်ဆောက် နိုင်မည်ဖြစ်ကြောင်း တင်ပြခဲ့ပါသည်။


၃။        Ms. Julie Bishop ၏ ဆွေးနွေးမှုအပြီးတွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ များနှင့် နိုင်ငံတကာအဖွဲ့အစည်း များ မှ ကိုယ်စားလှယ်များ က ပါဝင် ဆွေးနွေးခဲ့ကြပါသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သက်ဆိုင်ရာနိုင်ငံ၏ ကိုယ်စားလှယ်အနေဖြင့် ဦးစွာ ဆွေးနွေးခဲ့ပါသည်။


၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့်မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင် ပါသည်-


(က)     ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အနေဖြင့် ယခုကဲ့သို့ ပြည့်ပြည့်စုံစုံ ဆွေးနွေး၊ တင်ပြပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ထို့ပြင် Ms. Julie Bishop မှ ပေးအပ်ထားသည့် လုပ်ပိုင်ခွင့်အာဏာကို အတက်နိုင်ဆုံးအသုံးချ၍ မြန်မာအရေးကိစ္စအား ကိုင်တွယ် ဖြေရှင်းရန် ကြိုးပမ်းအားထုတ်ခဲ့သည့်အတွက် အထူး ကျေးဇူးတင်ရှိပါကြောင်း၊ ပြီးခဲ့သည့် (၁) နှစ်ကျော်ကာလ ရာထူးနေရာအား စတင်ထမ်းဆောင်ချိန်ကတည်းက တိုးတက်မှု များ ဖော်ဆောင်ရန် ခက်ခဲ၍ ကန့်သတ်ချက်များရှိခဲ့သော်လည်း အပ်နှင်းထားသည့် လုပ်ပိုင်ခွင့် ဘောင်အတွင်းမှ မှန်ကန်စွာ ဦးတည်၍ တိုးတက်မှုအချို့ ဖော်ဆောင်နိုင်မည့်အပေါ် အပြုသဘော ဆောင်စွာ ဆက်လက်ရှုမြင်ပါကြောင်း၊


(ခ)       မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူသားစာနာနှင့် လူ့အခွင့်အရေး အခြေအနေများ သည် ဆိုးရွားဆဲဖြစ်ပြီး ပို၍ပင် ဆုတ်ယုတ်လာခဲ့ကြောင်း၊ ပြီးခဲ့သော (၄) နှစ်ကျော်ကာလအတွင်း ၌ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကြေကွဲဖွယ်အခြေအနေမှာ ပိုမို ဆိုးရွားလာသဖြင့် တိုင်းပြည် ၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း သိသိသာသာ ထိပါးစေပြီး အရပ်သားပြည်သူများ ကြုံတွေ့ခံစားရ သည့် ဒုက္ခဆင်းရဲက အဆိုးရွားဆုံးဖြစ်ကြောင်း၊


(ဂ)       မြန်မာပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်ခြင်း၊ မတရား ဖမ်းဆီးချုပ်နှောင် ခြင်း၊ အတင်းအကျပ် တပ်သားစုဆောင်းခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အတင်းအကျပ် ပျောက်ကွယ်စေမှု၊ တရားလက်လွတ် စီရင်ခြင်းများနှင့် လေကြောင်းဗုံးကျဲတိုက်ခိုက်မှု စသည် ဖြင့် လက်မခံနိုင်အောင် ဆိုးရွားသည့် ရက်စက် ကြမ်းကြုတ်မှုများကြောင့် နေ့စဉ်နှင့်အမျှ အကြောက်တရားအောက်တွင် နေထိုင်နေရကြောင်း၊


(ဃ)     ပြည်သူ ၃.၅ သန်း ကျော်မှာ ပြည်တွင်း၌ နေရပ်စွန့်ခွာနေကြရပြီး လူသန်း (၂၀) သည် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို အရေးပေါ် လိုအပ်လျက်ရှိကြောင်း၊ စစ်အုပ်စုမှ ရက်ရက် စက်စက် သတ်ဖြတ်ခြင်းခံရသူ (၆,၇၇၀) ကျော်ရှိပြီး ယင်းကိန်းဂဏန်းများမှာ အတည်ပြုထားနိုင် သည့် ကိန်းဂဏန်း ဖြစ်ကြောင်း၊ ကိန်းဂဏန်းအတိအကျမှာ ထို့ထက်ပိုမို မြင့်မားနိုင်ချေရှိကြောင်း၊ ထို့ပြင် နိုင်ငံရေး ခေါင်းဆောင်များ၊ အနုပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ အပါအဝင် ဖမ်းဆီးချုပ်နှောင်ခံထား ရသူ (၃၀,၀၀၀) ခန့်ရှိပြီး အိမ်ခြေ၊ ဘာသာရေးအဆောက်အဦ၊ စာသင်ကျောင်းနှင့် ကျန်းမာရေး အဆောက်အဦပေါင်း (၁၁၂,၄၈၅) ကျော်မှာလည်း စစ်အုပ်စု ၏ တိုက်ခိုက်မှုကြောင့် ဆိုးရွားစွာဖျက်ဆီးခံထားရကြောင်း၊


(င)       UNDP ၏ အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ လူဦးရေ၏ ၄၉.၇ ရာခိုင်နှုန်းမှာ တိုင်းပြည်၏ ဆင်းရဲနွမ်းပါးမှုသတ်မှတ်ချက်အောက်သို့ ရောက်ရှိနေကြောင်း၊ ယင်းအဖွဲ့အစည်းမှ နောက်ဆုံးထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်လည်း မြန်မာနိုင်ငံတွင် စီးပွားရေးအရ အချက်အချာ ကျသော ရန်ကုန်မြို့နေ လူဦးရေ တစ်ဝက်ပင်လျှင် ဆင်းရဲနွမ်းပါးမှုအောက်၌ နေထိုင်နေရသည်ဟု တွေ့ရှိရကြောင်း၊ တစ်ဆက်တည်းမှာပင် စီးပွားရေးဆုတ်ယုတ်မှု၊ နေရပ်စွန့်ခွာမှုနှင့် ဝန်ဆောင်မှု များ မလုံလောက်သည့် ပြဿနာတို့ကြောင့် မိသားစု အများစုမှာ နေ့စဉ် ဆင်းရဲမှုတွင်းသို့ ကျရောက်နေကြောင်း၊


(စ)       ထို့ပြင် စစ်အုပ်စုမှ ပြည်တွင်းတရားဥပဒေစိုးမိုးရေးကို အလုံးစုံ ပျက်သုဉ်းအောင် လုပ်ဆောင် ထားသဖြင့် အွန်လိုင်းမှတဆင့် လိမ်လည်လှည့်ဖြားမှုများ၊ တရားမဝင် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများမှာလည်း နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပေါ် လျက်ရှိပြီး ဒေသတွင်းနှင့် ဒေသတွင်းကို ကျော်လွန်၍ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိခိုက်မှုများကို ဖန်တီးလျက်ရှိ ကြောင်း၊


(ဆ)     တစ်ဖက်တွင်လည်း ရိုဟင်ဂျာများ ရင်ဆိုင်နေရသည့် ဒုက္ခအကျပ်အတည်းက ဖော်ပြပါ စိန်ခေါ်မှု များထက် မလျော့နည်းကြောင်း၊ စစ်အုပ်စုအနေဖြင့် ရခိုင်ပြည်နယ် အပါအဝင် နိုင်ငံ တစ်နံ တစ်လျားသို့ လေကြောင်းမှတဆင့် တိုက်ခိုက်မှုများနှင့် အခြားသော ရက်စက် ကြမ်းကြုတ်မှုများ ကို ဆက်တိုက် ကျူးလွန်နေသဖြင့် ၎င်းတို့၏ လက်အောက်တွင် ရိုဟင်ဂျာများ နေရပ်သို့ ဘေးကင်း၊ လုံခြုံ၍ သိက္ခာရှိစွာနှင့် ဆန္ဒအလျောက် ပြန်ရောက်နိုင်မည့် ပတ်ဝန်းကျင် အား ဖန်တီး၍ မရနိုင်ပါကြောင်း၊ သို့ဖြစ်ရာ မကြာမီ ကျင်းပပြုလုပ်ရန်ရှိသော “High-level Conference on Rohingya Muslim and other Minorities in Myanmar” မှတဆင့် ရိုဟင်ဂျာ အရေးကိစ္စကိုသာမက မြန်မာအကျပ်အတည်း တစ်စုံလုံးအတွက် ရေရှည်တည်တံ့သော ဖြေရှင်းနည်း အား ရှာဖွေနိုင်ရန် အထောက်အပံ့ဖြစ်စေနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊


(ဇ)       အခြားတစ်ဖက်တွင်လည်း ယခုနှစ် မတ်လက ဖြစ်ပွားခဲ့သော ဖျက်အားပြင်း ငလျင် သဘာဝ ဘေးအန္တရာယ်က ပြည်သူများ၊ အထူးသဖြင့် ထိခိုက်ပျက်စီးမှုပြင်းထန်သည့် နေရာဒေသများရှိ ဒေသခံများ၏ ဒုက္ခဆင်းရဲကို ပိုမို ဆိုးရွားစေခဲ့ကြောင်း၊


(ဈ)      ယင်းသို့သော အခြေအနေတွင် စစ်အုပ်စုက လူသားစာနာ မိတ်ဖက်အဖွဲ့အစည်းများ၏ ဝင်ရောက် ခွင့်များကို ကန့်သတ်ထိန်းချုပ်နေပြီး ငလျင်ဘေး ဖြစ်ပေါ်ပြီးနောက်၌ပင်လျှင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို နိုင်ငံရေးအရ အသုံးချလျက်ရှိကြောင်း၊ OCHA မှ နောက်ဆုံးထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ အရ ငလျင်ဒဏ်သင့်၍ ထိခိုက်ပျက်စီးမှု အလွန်အမင်း ပြင်းထန်သည့် မြို့နယ်များ၏ ၇၅ ရာခိုင်နှုန်းမှာ ဝင်ရောက်ခွင့် ကန့်သတ်ချက်များ၊ လုပ်ငန်း လည်ပတ်ခွင့် တားမြစ်ချက်များနှင့် ရန်ပုံငွေ မလုံလောက်မှုများကြောင့် အမိုးအကာ အကူအညီ များ လိုအပ်ချက်ဖြစ်ပေါ်နေကြောင်း၊


(ည)     ငလျင်လှုပ်ခတ်ပြီး (၂) လအတွင်း၌ ငလျင်ဒဏ်သင့် နေရာဒေသများ အပါအဝင် နိုင်ငံတစ်ဝှမ်းသို့ လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက် (၇၈၀) ကျော်ပြုလုပ်ခဲ့ပြီး အမျိုးသမီးနှင့် ကလေးသူငယ်များအပါအဝင် အရပ်သား (၅၄၀) ကျော်၏ အသက်ကို သတ်ဖြတ်ကာ ကျန်းမာရေး အဆောက်အဦများနှင့် စာသင်ကျောင်းများကိုလည်း ဖျက်ဆီးခဲ့ကြောင်း၊ စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ အပစ်ခတ်ရပ်စဲရေးကြေညာချက်ကို ၎င်းတို့ကိုယ်တိုင်ပင် လေးစားလိုက်နာခြင်း မရှိ ကြောင်း၊


(ဋ)       သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကျပ်အတည်းကို အလျင်အမြန် ထိရောက်စွာ ဖြေရှင်းခြင်းအားဖြင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်နှင့် အနာဂတ်တို့ကို ကယ်တင်ရန် လိုအပ်ပါကြောင်း၊


(ဌ)       ဤတွင် အောက်ပါအချက်များကို အလေးထား ပြောကြားလိုပါကြောင်း -


(၁)       လူသားချင်း စာနာထောက်ထားမှု အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသူများထံ လူသားစာနာအကူအညီများ ထိရောက်စွာ ပိုဆောင်ရေးက ပင်မလိုအပ်ချက်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂ၏ အေဂျင်စီများ၊ အာဆီယံနှင့် အခြားမိတ်ဖက် အဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စုက အသက်ကယ် အကူအညီများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ရရှိခွင့်ကို တားဆီးပိတ်ပင်လျက်ရှိပြီး ယင်းအကူအညီများအား ပို့ဆောင်ခွင့်မှုကိုလည်း ဟန့်တားလျက်ရှိသည်ကို လက်ခံ သတိပြုရမည်ဖြစ်ကြောင်း၊ ထို့အတွက် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေးမူ ကို လိုက်နာမှုရှိစေရန်နှင့် အကူအညီ လိုအပ်နေသူများ၊ အထူးသဖြင့် ပဋိပက္ခဒဏ်သင့် နေရာဒေသများထံသို့ အကူအညီများ ရောက်ရှိစေရန် မျဉ်းပြိုင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးအပ်ရေးယန္တရား (parallel humanitarian assistance delivery mechanism) အား တည်ထောင်ရန် လိုအပ်ကြောင်း၊ တစ်ပြိုင်တည်းမှာပင် အထိခိုက်လွယ်ဆုံးဖြစ်သူ များထံသို့ ဝန်ဆောင်မှုပေးအပ်နေသည့် အဖွဲ့အစည်းများမှ လုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်စေရန်အတွက်လိုအပ်သကဲ့သို့ စီမံခန့်ခွဲနိုင်သည့် ရန်ပုံငွေ (Flexible Funding) ကလည်း အရေးပါသည့် အချက်ဖြစ်ကြောင်း၊


(၂)        စစ်တပ်မှ အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့် လေကြောင်းတိုက်ခိုက်မှုများ နှင့် ဗုံးကျဲခြင်းများကို အပြီးတိုင် ရပ်တန့်ရေးကလည်း အထူး အရေးပါကြောင်း၊ ကုလသမဂ္ဂနှင့် အာဆီယံတို့အနေဖြင့် အကြမ်းဖက်မှုများ ရပ်တန့်ရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ အဖွဲ့ဝင်နိုင်ငံများမှ ရာဇဝတ်မှု ကျူးလွန်နေသည့် စစ်ကောင်စီထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် ငွေကြေးအထောက်အပံ့များ ပေးအပ်နေခြင်းကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကြောင်း၊ စစ်အုပ်စုထံသို့ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပုံစံအမျိုးမျိုးဖြင့် ပေးအပ်နေသည့် အကူအညီများက စစ်တပ်အား မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများအား ထပ်မံသတ်ဖြတ်ရန် ခွင့်ပြုပေးရာ ရောက်သည်မှာ ရှင်းလင်းမြင်သာကြောင်း၊


(၃)       စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအား ငြင်းပယ်ကန့်ကွက်ခြင်းက အဓိကကျ ကြောင်း၊ စစ်အုပ်စု၏ ရွေးကောက်ပွဲသည် မည်သို့မျှ လွတ်လပ်၊ တရားမျှတ၍ အားလုံး ပါဝင်မှု ရှိမည်မဟုတ်ကြောင်း၊ ယင်းအစား အကြမ်းဖက်မှုများကိုသာ တိုးပွားစေနိုင် ကြောင်း၊ ထို့ပြင် နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူ အများအပြားအား မတရား ဖမ်းဆီး၊ ချုပ်နှောင်၊ ထိန်းသိမ်းထားပြီး အခြေခံ လူ့အခွင့်အရေးများကို ချိုးဖောက်ထားသော ကြောင့် အဆိုပါ ရွေးကောက်ပွဲသည် အတုအယောင် ရွေးကောက်ပွဲမျှသာဖြစ်မည်ဖြစ် ကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် သီတင်းပတ်တွင် အသက် (၈၀) ပြည့် တော့မည်ဖြစ်ကြောင်း၊ ၎င်း၏ သက်တမ်း တစ်ဝက်ကို ချုပ်နှောင်ခံ ရခြင်း ဖြင့် ဖြတ်သန်း ခဲ့ရကြောင်း၊ ယခုအခါ ၎င်း ဤသို့ အကျဉ်းကျနေစဉ် မြန်မာပြည်သူများက ၎င်း၏ မွေးနေ့အား ဆင်နွှဲရန်၊ ၎င်းကျန်းမာစေရန် နှင့် အမြန်ဆုံး ပြန်လည်လွတ်မြောက်လာစေရန် လှုပ်ရှားမှုအမျိုးမျိုးဖြင့် ဆုတောင်း ပေးလျက်ရှိကြောင်း၊


(၄)       ထိရောက်မှုရှိပြီး ပြည်သူ့လိုအပ်ချက်ကို ဗဟိုပြုသော ဒေသတွင်း အဖွဲ့အစည်းများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အခန်းကဏ္ဍကလည်း အရေးပါကြောင်း၊ ဤနေရာတွင် အာဆီယံ ၏ အလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံမှ မြန်မာအရေးကိစ္စအား ဖြေရှင်းရန် အထူး အာရုံ စိုက်၍ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ညီတူညီမျှ ထိတွေ့ ဆက်ဆံပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့၏ အိမ်နီးချင်းနိုင်ငံ များအနေဖြင့်လည်း မြန်မာပြည်သူများအား ကယ်တင်ရန် ကောင်းမွန်သော စိတ်စေတနာ ဖြင့် ထိုနည်းနာကဲ့သို့ ကျင့်သုံးဖော်ဆောင်ရန် တိုက်တွန်းလိုကြောင်း၊ တစ်ဖက်တွင်လည်း အာဆီယံအနေဖြင့် အကောင်အထည်ဖော်ရန် သတ်မှတ်ချိန်ထက် ကျော်လွန်နေပြီဖြစ် သည့် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကိုလည်း ထိရောက်စေရေးအတွက် တိကျ ပြတ်သားစွာ ဆုံးဖြတ် ဆောင်ရွက်သင့်ပြီဖြစ်ကြောင်း၊ အာဆီယံမှ နောက်ဆုံး ထုတ်ပြန် ခဲ့သည့် ထုတ်ပြန်ချက်တွင် နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂမှ ဆက်လက် ဝန်းရံပေးရန် တောင်းဆိုထားကြောင်း၊ အခြားတစ်ဖက်တွင်လည်း အားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်လာစေမည့် ပတ်ဝန်းကျင်အား ဖန်တီး ရန် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်း လွတ်မြောက်ရေးအတွက် အာဆီယံ အနေဖြင့် အရေးယူ လုပ်ဆောင်ရန်လည်း တိုက်တွန်းလိုကြောင်း၊


(၅)       ကုလသမဂ္ဂအနေဖြင့် အရပ်သားပြည်သူများအား အကာအကွယ်ပေးရန်နှင့် ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေးအား ထိန်းသိမ်းရန် တာဝန်ယူသော အခန်းကဏ္ဍမှ ပါဝင်ရန်လို ကြောင်း၊ ထို့ပြင် မြန်မာအရေးကိစ္စအား ဖြေရှင်းနိုင်ရေးအတွက် ရေရှည်တည်တံ့သည့် နည်းလမ်းရှာဖွေရန်နှင့် နစ်နာသူများအတွက် တရားမျှတမှု ဖော်ဆောင်ရန် ကုလသမဂ္ဂ၏ ပင်မ အဖွဲ့အစည်းများဖြစ်ကြသည့် အထွေထွေညီလာခံ၊ လုံခြုံရေးကောင်စီ၊ လူ့အခွင့် အရေးကောင်စီနှင့် ILO ကဲ့သို့အထူး အေဂျင်စီများ နှင့်တကွ IIMM တို့အနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို တိကျပြတ်သားစွာ၊ ပူးပေါင်းညှိနှိုင်းမှု ရှိစွာနှင့် ပေါင်းစပ်ညီညွတ်မှုရှိစွာ လုပ်ဆောင်သင့်ကြောင်း၊ ဤနေရာတွင် International Labour Conference မှ ILO Constitution ၏ Article 33 ကို အသက်သွင်းသည့် ဆုံးဖြတ်ချက်အား အောင်မြင်စွာ အတည်ပြုနိုင်ခဲ့သည့်အတွက် ILO အဖွဲ့ဝင်များ အားလုံး ကို ကျေးဇူးတင်ရှိပါကြောင်း၊ ယင်းမှတဆင့် စစ်တပ်ထံသို့ လက်နက်များ၊ လေယာဉ်ဆီ အပါအဝင် စစ်ဘက် အရပ်ဘက် နှစ်မျိုး အသုံးပြုနိုင်သည့် ပစ္စည်းများနှင့် ငွေကြေးများ စီးဆင်းနေခြင်းအား ရပ်တန့်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ အလားတူပင် လုံခြုံရေး ကောင်စီ အနေဖြင့် ကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ အား ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရေးအတွက် ထပ်မံ လုပ်ဆောင်သင့်ကြောင်း၊ ထို့အတူ အထွေထွေ ညီလာခံအနေဖြင့်လည်း အာဆီယံနှင့် အခြား ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ၎င်းတို့၏ ဆုံးဖြတ်ချက်များအား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ဆုံးဖြတ်ချက် ချမှတ်ခြင်းအပါအဝင် အခြား ဖြစ်နိုင်သည့် နည်းလမ်းအားလုံးကို အသုံးပြုသင့်ကြောင်း၊


(ဍ)       မည်သို့ဆိုစေ မြန်မာအရေးကိစ္စအား ဖြေရှင်းရန် အဆုံးသတ်တွင် မြန်မာနိုင်ငံက ဦးဆောင် ဦးရွက်ပြုသည့် နည်းလမ်းနှင့် မြန်မာပြည်သူများအပေါ်၌သာ အခြေခံမည်ကို အလေးထား ပြောကြားလိုကြောင်း၊


(ဎ)       ထို့ကြောင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် အခြေခံလုပ်ငန်းများ ချမှတ်နေစဉ် အမျိုးသားညီညွတ်ရေး ဆီသို့ ဦးတည်သော ပြောင်းလဲဖန်တီးနိုင်သည့် ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းအား ဖော်ဆောင်နိုင်ရန် မိမိတို့၏ ဒီမိုကရက်တစ်အင်အားစုများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအကြားတွင် အတွင်းပိုင်းဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း၊


(ဏ)     မြန်မာနိုင်ငံ၏ အနာဂတ်နှင့်သက်ဆိုင်သည့် မည်သို့သော အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု မဆို ပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားနှင့် ကိုက်ညီရန် လိုအပ်ကြောင်း၊


(တ)     မြန်မာပြည်သူများကလည်း စစ်တပ်အား အနာဂတ်တွင် မြန်မာ့နိုင်ငံရေးမှ ထွက်ခွာရန်၊ အရပ်သားအစိုးရလက်အောက်တွင် ရှိရန်နှင့် ပြည်သူများမှ အခြေခံ လူ့အခွင့်အရေးများ ခံစားခွင့် အပြည့်အဝရရှိရန် ဆန္ဒရှိသည်ဟု အတိအလင်း ပြောကြားထားကြောင်း၊


(ထ)     တွေ့ဆုံဆွေးနွေးမှုမှတဆင့် အသွင်ကူးပြောင်းရေး သဘောတူညီချက်နှင့် ကာလသတ်မှတ်ချက်တို့ ကို ချမှတ်နိုင်မည်ဟု ယုံကြည်ကြောင်း၊


(ဒ)       သို့နှင့်အညီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အား ကြီးကြပ်မည့် အစိုးရတစ်ရပ်ကို ဖွဲ့စည်း တည်ထောင်မည်ဖြစ်ကြောင်း၊ ထို့နောက် အားလုံးပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲ၍ တန်းတူညီမျှမှုရှိသော ရွေးကောက်ပွဲစနစ်အသစ်တစ်ခုကို အသက် သွင်းနိုင်မည်ဖြစ်ကြောင်း၊ ပြီးလျှင် ပြည်သူများအတွက် ရှေးရှုသည့်၊ ပြည်သူများအတွက် ရပ်တည်သည့် ပြည်သူ့အစိုးရနှင့် ပြည်နယ်/တိုင်း အစိုးရများ ပေါ်ပေါက်ရေးအတွက် ရွေးကောက်ပွဲ များကို စီစဉ်ကျင်းပနိုင်မည်ဖြစ်ကြောင်း၊


(ဓ)       ဖော်ပြပါ အစီအစဉ်များ ဖြစ်မြောက်စေရေးအတွက် အာဆီယံ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းတို့မှ မြန်မာပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွားတို့နှင့်အညီ အနီးကပ် ပါဝင် ၍ ထိရောက်စွာ အားဖြည့်ပေးရန် လိုအပ်ပါကြောင်း။

 

၅။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the Informal meeting

of the General Assembly Plenary to hear a briefing by the Special Envoy of the

Secretary-General on Myanmar


(New York, 10 June 2025)


Mr. President,


At the outset, I wish to express my appreciation to you for convening this informal meeting of the General Assembly to hear a briefing from the Special Envoy of the Secretary-General in this very chamber.


I would also like to thank Ms. Julie Bishop for her comprehensive briefing and insightful remarks.


We are particularly grateful for her dedicated efforts in addressing the issue of Myanmar and in discharging her mandate diligently. Although progresses have been difficult and limited since she started assuming the position over a year ago, with her vast experience and able stewardship, we remain optimistic about having some developments in the right direction within the scope of your mandate.


Mr. President,


In Myanmar, the political, security, economic, humanitarian and human rights conditions are dire and have deteriorated further.


For over 4 years, the unfolding tragedy in Myanmar only escalates where the country’s development is severely jeopardized, and civilians are suffering the most.


On a daily basis, people in Myanmar live in fear due to the military junta’s egregious atrocities ranging from killing, arbitrary arrests, forced conscription, sexual violence, enforced disappearances, extrajudicial executions to aerial attacks.


Over 3.5 million peopleare being displaced. 20 million people are in need of humanitarian assistance. Over 6,770 were brutally killed by the military junta. This is the verified number, and the actual number would be much higher.Almost 30,000 people including political leaders, artists and activists have been arbitrarily detained. Over 112,485 houses, religious buildings, schools and healthcare facilities were heavily destroyed due to the junta’s attacks.


According to the UNDP, 49.7 % of the population in Myanmar was living under the national poverty line in 2023. Again its latest report revealed that even in Myanmar’s commercial hub, Yangon, nearly half of the city’s population lives in poverty, and theeconomic collapse, displacement, and inadequate services are pushing more families into poverty everyday.


Moreover, due to the complete dismantle of rule of law by the junta, transnational organized crimes including online scam, drug and human trafficking are rising across the country and generating security implication to the region and beyond.


The plight of Rohingya is no less than the issues just mentioned. Creating a conducive environment for their safe, dignified and voluntary return has not been possible under the military junta which continues committing atrocities including aerial attacks all over the country including Rakhine State.


We are of the view that the forthcoming High-level Conference on Rohingya Muslim and other Minorities in Myanmar will contribute to our efforts for finding a sustainable solution to the Rohingya issue and the crisis of Myanmar as a whole.


Mr. President,


The devastating 7.7 magnitude earthquake in March this year compounded further the suffering of the people, especially those in the hardest hit areas.


In this difficult circumstance, the military junta has been restricting access to humanitarian partners as well as weaponizing and politicizing aid in the aftermath of the earthquake.


According to the most recent Situation Report by OCHA, 74 per cent of the hardest-hit townships have not yet received shelter assistance due to access constraints, limited operational presence, and funding shortages.


In two months since the disaster, the junta has conducted over 780 aerial and artillery attacks across the country, including earthquake-affected regions, killing over 540 civilians including women and children and destroying many healthcare facilities and schools. The junta does not honour its own unilateral ceasefire announcement.


An urgent and decisive action is highly needed to effectively address the crisis in Myanmar, thereby save life and future of the people of Myanmar.


Allow me to highlight the following points:


First, providing effective humanitarian assistance to all people in need is necessary. The international community, particularly the UN entities, ASEAN and other partnering organizations must recognize that the military junta impedes unhindered access to life saving aids and humanitarian assistance and block such deliveries.


Therefore, establishing a parallel humanitarian assistance delivery mechanism is needed to ensure adhering to the principle of no one left behind and reaching to all people in need especially in conflicted affected area.Moreover, flexible funding is also key to ensure the continuation of services provided by the actors to the most vulnerable ones.


Second, bringing to an end of the junta’s aerial and artillery attacks against civilian is crucial. UN and ASEAN have repeatedly called for cessations of violence. So I urge the member states to immediately stop supplying weapons, jet fuel and financial assistance to the perpetrating military junta. Any form of assistance directly or indirectly extended towards the military junta would clearly serves as the permit to kill more civilians in Myanmar.


Third, reject the junta’s sham election is vital. The junta’s election will not be free, fair and inclusive, and it will escalate further violence. It will be a sham election because fundamental human rights have been violated and many activists and political leaders including State CounsellorDawAung San SuuKyi were arbitrarily arrested.


For DawAung San SuuKyi, she will turn 80th year old next week. Nearly half of her life is in detention. While she is in jail, many Myanmar are now organizing various activities to celebrate her birthday and pray for her good health and immediate release.


Fourth, an effective and people-caring role of the regional organization and neighbouring countries is important.


We thank Malaysia for its role as the current Chair of ASEAN for paying serious attention to address the issue of Myanmar and engaging with all relevant stakeholders openly and equally.


We encourage our neighbouring countries to do so in good faith for sake of saving the people of Myanmar.


Definitely, ASEAN should take a decisive action for the effective implementation of its Five-Point Consensus which is a long overdue. In its latest statement on Myanmar, ASEAN called for the continued support from the international community, in particular the UN in implementation of the Five-Point Consensus.


Of course, we wish to urge the ASEAN to take measures for immediate release of political prisoners including State CounsellorDawAung San SuuKyi and President U Win Myint for creating a conducive environment for an inclusive dialogue.


Finally, the UN should take a responsible role to protect civilians and to maintain peace and stability. All UN organs namely the General Assembly, the UN Security Council, the UN Human Right Council and specialized agencies such as ILO as well as IIMM should discharge their respective mandates in a decisive, coordinated and coherent manner aiming to find a sustainable solution for Myanmar and bring justice to the victims and the people of Myanmar at large.


Therefore, we thank the members of ILO for successful adoption of resolution invoking Article 33 of the ILO Constitution at the current International Labour Conference. I hope that it will help stop the flow of weapons, dual-use items including jet fuel and finance to the military junta.


In the same vein, the UN Security Council should take further action for the effective implementation of its resolution 2669. Similarly, the General Assembly should take all possible ways including adoption of a resolution to help ASEAN and other UN organs for the successful implementation of their resolutions.


Mr. President,


Here I cannot miss to mention that ultimately a solution lines on the people of Myanmar, a Myanmar-owned and Myanmar-led solution.


Therefore, internal-talks among our democratic forces and relevant stakeholders have already started to gain a transformational reconciliatory path toward national unity while laying the groundwork for a federal democratic union.


Any inclusive dialogue on the future of Myanmar will be in accordance with the will and the interest of its people.


The people have clearly stated their will that the military has to be out from the future politics of Myanmar and fully under civilian oversight and all people totally enjoy fundamental human rights.


We believe that from the dialogue, a transitional arrangement and its timeframe can be developed.


Accordingly, a transitional government will be established to oversee the transition process.


Subsequently, an inclusive new federal democratic constitution shall be developed and a new equitable electoral system shall be installed.


Then elections shall be organized for a government of the people, by the people, for the people, similarly for state/regional governments.


Mr. President, to make it happens; we need strong support and close involvement from the ASEAN, the UN and the international community in line with the will and interest of the people of Myanmar.


I thank you.


*****


 

Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page