top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun at the High-Level Open Debate of the United Nations Security Council on “Poverty, Underdevelopment, and Conflict”

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Jun 19
  • 7 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the High-Level Open Debate of the United Nations Security Council on “Poverty, Underdevelopment, and Conflict: Implications for the Maintenance of International Peace and Security”, held on 19 June 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆင်းရဲနွမ်းပါးမှု၊ ဖွံ့ဖြိုးတိုးတက်မှုကျဆင်းခြင်းနှင့် ပဋိပက္ခ တို့ကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းမှုအပေါ် သက်ရောက်သည့် အကျိုးသက်ရောက်မှုများ ခေါင်းစဉ်ဖြင့် တံခါးဖွင့် အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က စီးပွားရေးပြိုလဲမှု၊ နေရပ်စွန့်ခွာရခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ရပ်တန့်သွားမှုတို့ကြောင့် မြန်မာနိုင်ငံရှိ မိသားစုများသည် တဖြည်းဖြည်း ဆင်းရဲမွဲတေမှု တွင်းနက်ထဲသို့ နေ့စဉ် ပို၍ ပို၍ ရောက်ရှိလာနေ၊

 ဒေသအတွင်းနိုင်ငံများမှ မြန်မာနိုင်ငံ၏ ပဋိပက္ခအား စစ်ရေးနည်းဖြင့် ဖြေရှင်း၍ မရနိုင် ဟူသော ပြောကြားမှု များကို ကြားရ၊ သို့ရာတွင် ၎င်းတို့ ကိုယ်တိုင် အကြမ်းဖက်စစ်အုပ်စုအား စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးနှင့် ငွေကြေးအရ ဆက်လက် ထောက်ပံ့နေမှုများက ဤ ပြောကြားချက်များကို  မေးခွန်းထုတ် သရောနေ၊

အကြမ်းဖက်စစ်အုပ်စုထံသို့ သေစေနိုင်သော လက်နက်များ၊ တိုက်လေယာဉ်များနှင့် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်သည့် ပစ္စည်းများရောင်းချခြင်း၊ လွှဲပြောင်းခြင်းနှင့် တင်ပို့ခြင်း တို့ သည် အကြမ်းဖက်စစ်တပ်၏ စစ်ရေးတိုက်ခိုက်မှုများနှင့် ဆက်လက်ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို ပိုမိုအားဖြည့် ပေးနေခြင်းနှင့် အတူတူပင်ဖြစ်၊ စစ်အုပ်စုနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ငွေကြေးဆက်နွယ်မှုများသည် ၎င်းတို့အား ပိုမိုဖျက်ဆီးမှုများပြုလုပ်နိုင်စေရန်နှင့် ပြည်သူလူထုအပေါ် ရာဇဝတ်မှုများ ကျူးလွန် နိုင်စေရန် ပံ့ပိုးနေခြင်းနှင့် အတူတူပင်ဖြစ်၊

မိမိတို့ပြည်သူများအနေဖြင့် အားကိုးရာ မရှိ ဖြစ်နေသည်ကို သိရှိ၊ သို့ရာတွင် မိမိတို့ပြည်သူများသည် နိုင်ငံတကာ အား များစွာ တောင်းဆိုနေခြင်း မဟုတ်ဘဲ ပြည်သူလူထုအပေါ် စစ်အုပ်စု၏ စဉ်ဆက်မပြတ် ရက်စက် ညှဉ်းပန်းမှုများကို အဆုံးမရှိ ကျူးလွန်နိုင်အောင် ထောက်ပံ့အားပေး နေခြင်းကိုသာ ရပ်တန့် ပေးရန် တောင်းဆိုနေခြင်းဖြစ်၊

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံး ကန့်သတ်ချက်မရှိ လွှတ်ပေးရေးသည် အားလုံးပါဝင်သော ဆွေးနွေးပွဲများ ဖြစ်ပေါ်ရေး နှင့် မြန်မာနိုင်ငံ ပြဿနာအပေါ် ရေရှည်တည်တံ့သော အဖြေရရှိရေးကို ဖြစ်ပေါ်စေမည့် လမ်းကြောင်းပေါ်ရောက်ရေး အတွက် မရှိမဖြစ် အခြေခံအချက် ဖြစ်၊ ယနေ့သည် ဒေါ်အောင်ဆန်းစုကြည် ၏ အသက် (၈၀) ပြည့် မွေးနေ့ဖြစ်၊ ပြည်တွင်း ပြည်ပရှိ ပြည်သူများ အားလုံး က ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေး ရန် ဆုတောင်းပေးခြင်း၊ တောင်းဆိုခြင်းများဖြင့် သူမ၏ မွေးနေ့ပွဲအား ဂုဏ်ပြုပေးနေကြ ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်)


၁။        ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆင်းရဲနွမ်းပါးမှု၊ ဖွံ့ဖြိုးတိုးတက်မှုကျဆင်းခြင်းနှင့် ပဋိပက္ခ တို့ကြောင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းမှု အပေါ် သက်ရောက်သည့် အကျိုးသက်ရောက်မှုများ ခေါင်းစဉ် ဖြင့် တံခါးဖွင့်အစည်းအဝေးတစ်ရပ်ကို  ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း လည်း တက်ရောက်ခဲ့ပြီး မိန့်ခွန်း ပြောကြားခဲ့ပါသည်။


၂။         မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင် ပါသည် -


(က)     ဆင်းရဲမွဲတေမှုသည် ဝင်ငွေမလုံလောက်ခြင်း၊ ဆာလောင်မှုနှင့် အာဟာရချို့တဲ့ခြင်း၊ လူမှုရေး အဆင့်အတန်း ခွဲခြားဆက်ဆံခြင်းနှင့် မရှိမဖြစ်လိုအပ်သော ပြည်သူ့ဝန်ဆောင်မှုများရရှိခြင်း အခွင့်အလမ်းကန့်သတ်ခံရခြင်းတို့ ဘက်ပေါင်းစုံ လွှမ်းခြုံပါဝင်သော ဖြစ်စဉ်တစ်ခု ဖြစ်ပါကြောင်း၊


(ခ)       ယနေ့အချိန်တွင် ကမ္ဘာတစ်ဝှမ်းရှိ လူပေါင်း သန်း ၇၀၀ နီးပါးသည် အလွန်တရာ ဆင်းရဲမွဲတေ သည့် အခြေအနေတွင် နေထိုင်နေကြရပါကြောင်း၊ အလွန်တရာဆင်းရဲမွဲတေသည့် အခြေအနေ သည် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးသော နိုင်ငံများ အပါအဝင် ပဋိပက္ခ ဖြစ်ပွားနေသော နိုင်ငံများ နှင့် ပဋိပက္ခလွန် ကာလတစ်ရပ်ကို ဖြတ်သန်းနေကြရသော နိုင်ငံအများစုတွင် အဓိက ဖြစ်ပေါ်လျက် ရှိပါကြောင်း၊


(ဂ)       ဆင်းရဲမွဲတေမှုနှင့် ပဋိပက္ခများသည် နက်ရှိုင်းစွာ ဆက်နွယ်နေပြီး မျိုးဆက်တစ်ခုမှ တစ်ခု၊ နယ်စပ် ဖြတ်ကျော် သက်ရောက်မှုများဖြင့် အခြေအနေ ကို အပြန်အလှန် ပိုမိုဆိုးရွား စေပါကြောင်း၊ ဤဆက်နွယ်နေသည့် ပြသနာရပ်များ၏ အရင်းအမြစ်များကို ကိုင်တွယ်ဖြေရှင်းရန် လူသားချင်း စာနာထောက်ထားမှု-ဖွံ့ဖြိုးတိုးတက်မှု-ငြိမ်းချမ်းရေး စသည့် ပေါင်းစည်းချဉ်းကပ်မှုကို လိုအပ်ပြီး အဆိုပါ ချဉ်းကပ်ဖြေရှင်းချက်များသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အကျိုး ရှိစေသည်ဟု မိမိတို့အနေဖြင့်ရှုမြင်ပါကြောင်း၊


(ဃ)     ထိရှလွယ်သည့် ပြဿနာရပ်များ ယခင်ကတည်း ကရှိနေခဲ့ပြီးသည့် နိုင်ငံတစ်နိုင်ငံသည် ပဋိပက္ခ တစ်ရပ်ကို ကြုံတွေ့ရသည့်အခါ၌ အကျိုးဆက်များသည် မကြာခဏ ဆိုသလို ဆိုးရွားလေ့ ရှိသကဲ့သို့ ဆင်းရဲမွဲတေမှု ပိုမိုဆိုးရွားလာခြင်း၊ နဂိုရှိရင်းစွဲ ပြဿနာရပ်များ ထပ်မံပေါ်ပေါက် လာခြင်းနှင့် ဖွံ့ဖြိုး တိုးတက်မှုများ ရပ်တန့် ပျက်သုန်းခြင်း တို့ကိုပါ တွေ့ကြုံရပါကြောင်း၊ ကံအကြောင်းမလှစွာဖြင့် မိမိတို့၏ မြန်မာနိုင်ငံသည် အကြမ်းဖက်စစ်တပ်၏ ၂၀၂၁ ခုနှစ် တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်းတွင် အဆိုပါ ပြဿနာရပ်များစွာ တွေ့ကြုံ ခံစား နေရပါကြောင်း၊


(င)       လွန်ခဲ့သည့် ၄ နှစ် ကျော် ကာလအတွင်း လူပေါင်း ၆,၈၀၀ ကျော် သည် အကြမ်းဖက် စစ်တပ်၏ ရက်စက်စွာ သတ်ဖြတ်ခြင်းကိုခံခဲ့ရပြီး၊ လူပေါင်း ၃.၅ သန်းကျော်သည် နေရပ်စွန့်ခွာနေရ ပါ ကြောင်း၊ ထို့အပြင် လူပေါင်းသန်း ၂၀ ကျော်သည် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိနေပါကြောင်း၊ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်၏ အချက်အလက် များအရ မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်းသည် ၂၀၁၇ ခုနှစ်တွင် ၂၄.၈% ရှိသည့် အခြေအနေ မှ ၂၀၂၃ ခုနှစ်တွင် ၄၉.၇% သို့ မြင့်တက်လာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်ပြီး စီးပွားရေး ဗဟိုချက်ဖြစ်သည့် ရန်ကုန်မြို့၏ မြို့ပြ ဆင်းရဲမွဲတေမှု ပမာဏသည် လည်း ၂၀၁၇ ခုနှစ်တွင် ၁၀% မှ ၂၀၂၃ ခုနှစ်တွင် ၄၃% သို့ လျင်မြန်စွာမြင့်တက်လာခဲ့ပါကြောင်း၊ ၂၀၂၂ခုနှစ်တွင် ခန့်မှန်းတွက်ချက်မှုများအရ မြန်မာနိုင်ငံရှိ ကလေးငယ်များ၏ ၅၃% သည် ဆင်းရဲမွဲတေသည့် အခြေအနေတွင် နေထိုင်ရှင်သန်ရလျက်ရှိပါကြောင်း၊


(စ)       စီးပွားရေးပြိုလဲမှု၊ နေရပ်စွန့်ခွာရခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ရပ်တန့်သွားမှုတို့ကြောင့် မြန်မာနိုင်ငံရှိ မိသားစုများသည် တဖြည်းဖြည်း ဆင်းရဲမွဲတေမှု တွင်းနက်ထဲသို့ နေ့စဉ် ပို၍ ပို၍ ရောက်ရှိလာနေကြပါကြောင်း၊ ထို့အပြင် ထိရှလွယ်သူများဖြစ်ကြသည့် စစ်ဘေးရှောင်များ၊ ကိုယ်လက် အင်္ဂါမသန်စွမ်းသူများနှင့် အမျိုးသမီးများက အိမ်ထောင်ဉီးစီးအဖြစ် ဆောင်ရွက် ရသည့် မိသားစုများတွင် ဆင်းရဲမွဲတေမှု ဆက်လက်မြင့်တက်လျက်ရှိပါကြောင်း၊ မကြာသေးမီက ဖြစ်ပွားခဲ့သော အင်အားလွန်စွာ ပြင်းထန်သည့် ငလျင်ဒဏ်ကို အပြင်းထန်ဆုံး ထိခိုက် ခံစားခဲ့ရ သော ဒေသများတွင် ဆင်းရဲမွဲတေမှု ပိုမိုဆိုးရွားလာခဲ့ပါကြောင်း၊


(ဆ)     အလုပ်အကိုင်အခွင့်အလမ်းများရှားပါလာခြင်း၊ ပညာရေးစနစ်ယိုယွင်းလာခြင်း၊ အကြမ်းဖက် စစ်တပ်၏ လူငယ်များအပေါ် ပစ်မှတ်ထားသည့် အတင်းအကြပ် စစ်မှုထမ်းခိုင်းစေခြင်း အစရှိသည့် အခြေအနေတို့သည် ပြည်တွင်းရှိ လူငယ်၊ လူရွယ်များ အလုံးအရင်းဖြင့် နိုင်ငံအား စွန့်ခွာကြရန် လှုံ့ဆော်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာ၌ တရားဝင် လုပ်ငန်းခွင် အခွင့်အလမ်းများ ကျဆင်းခြင်း၊ ကျွမ်းကျင်သော အလုပ်သမားများ ပြည်တွင်းမှ ပြောင်းရွှေ့ သွားခြင်း၊ လူသားရင်းမြစ် လျော့နည်းလာခြင်း၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှု ကဏ္ဍများ ၌ ယိုရွင်းပျက်စီးမှုများ တွေ့ကြုံရခြင်း အစရှိသည် တို့သည် မြန်မာနိုင်ငံ၏ ရေရှည် ဖွံ့ဖြိုး တိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု လျော့ချရေး အလားအလာများကို ခြိမ်းခြောက် လိမ့်မည်ဟု ဆိုထားပါကြောင်း၊ တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ၎င်း၏ အကျိုးဆက်များ အနေဖြင့် နိုင်ငံကို ဆင်းရဲမွဲတေမှုနှင့် လုံခြုံမှု မရှိသည့် အခြေအနေသို့ ကျရောက်စေပြီး မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှု များကို နောက်ကြောင်းပြန်စေပါကြောင်း၊ ထိုသို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ကို နောက်ကြောင်းပြန်စေခြင်းက မိမိတို့နိုင်ငံလူငယ်မျိုးဆက်၏ အနာဂတ်ကို ပြိုလဲပျက်စီး စေခဲ့ပါကြောင်း၊


(ဇ)       မြန်မာနိုင်ငံသားများအနေဖြင့်လည်း မိမိတို့နိုင်ငံ၏ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုနှင့် စည်ပင်သာယာရေးတို့ကို အိမ်နီးချင်းနိုင်ငံများနှင့် ဒေသအတွင်းနိုင်ငံများကဲ့သို့ ပင်မြင်တွေ့လိုပါကြောင်း၊ ဒေသအတွင်းနိုင်ငံများမှ မြန်မာနိုင်ငံ၏ ပဋိပက္ခအား စစ်ရေးနည်းဖြင့် ဖြေရှင်း၍ မရနိုင် ဟူသော ပြောကြားမှုများကို ကြားရပါကြောင်း၊ သို့ရာတွင် ၎င်းတို့ ကိုယ်တိုင် အကြမ်းဖက်စစ်အုပ်စုအား စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေးနှင့် ငွေကြေးအရ ဆက်လက် ထောက်ပံ့နေမှုများက ဤ ပြောကြားချက်များကို  မေးခွန်းထုတ် သရောနေပါကြောင်း၊


(စျ)      အကြမ်းဖက်စစ်အုပ်စုထံသို့ သေစေနိုင်သော လက်နက်များ၊ တိုက်လေယာဉ်များနှင့် အရပ်ဘက်၊ စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်သည့် ပစ္စည်းများရောင်းချခြင်း၊ လွှဲပြောင်းခြင်းနှင့် တင်ပို့ခြင်း တို့ သည် အကြမ်းဖက်စစ်တပ်၏ စစ်ရေးတိုက်ခိုက်မှုများနှင့် ဆက်လက်ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို ပိုမိုအားဖြည့် ပေးနေခြင်းနှင့် အတူတူပင်ဖြစ်ပါကြောင်း၊ စစ်အုပ်စုနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ငွေကြေးဆက်နွယ်မှုများသည် ၎င်းတို့အား ပိုမိုဖျက်ဆီးမှုများပြုလုပ်နိုင်စေရန်နှင့် ပြည်သူလူထုအပေါ် ရာဇဝတ်မှုများ ကျူးလွန် နိုင်စေရန် ပံ့ပိုးနေခြင်းနှင့် အတူတူပင်ဖြစ်ပါကြောင်း၊ မိမိတို့ပြည်သူများအနေဖြင့် အားကိုးရာ မရှိ ဖြစ်နေသည်ကို သိရှိပါကြောင်း၊ သို့ရာတွင် မိမိတို့ပြည်သူများသည် နိုင်ငံတကာ အား များစွာ တောင်းဆိုနေခြင်း မဟုတ်ဘဲ ပြည်သူလူထုအပေါ် စစ်အုပ်စု၏ စဉ်ဆက်မပြတ် ရက်စက် ညှဉ်းပန်းမှုများကို အဆုံးမရှိ ကျူးလွန်နိုင်အောင် ထောက်ပံ့အားပေး နေခြင်းကိုသာ ရပ်တန့် ပေးရန် တောင်းဆိုနေခြင်းဖြစ်ပါကြောင်း၊


(ည)     မြန်မာနိုင်ငံအနေဖြင့် မိမိတို့ကိုယ်တိုင် ဖျက်ဆီးရေး လမ်းကြောင်းပေါ် တွင်ရှိနေသည်လော သို့တည်းမဟုတ် လူတစ်ဉီး တစ်ယောက်/ အဖွဲ့အစည်းတစ်ရပ်က နိုင်ငံတော်အား ဖျက်စီးနေသည့် လမ်းကြောင်း ပေါ်တွင်ရှိနေသည်လော ဆိုသည်ကို မှန်ကန်စွာ အကဲဖြတ်ရန် အရေးကြီး ပါကြောင်း၊ ဤသို့ နိုင်ငံတော်အားဖျက်ဆီးနေမှုကို ရပ်တန့်ရန် ပြည်သူများက အစွမ်းကုန် ကြိုးပမ်း နေကြပါကြောင်း၊ အကယ်၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့နှင့် ကုလသမဂ္ဂ အေဂျင်စီ အချို့ က အကြမ်းဖက်စစ်ကောင်စီနှင့် ပုံမှန်အခြေအနေကဲ့သို့ပင် ဆက်ဆံမှုများ ဆက်လက် ပြုလုပ်နေပါက၊ မြန်မာနိုင်ငံသည် အဆိုပါလူသားတို့ ဖန်တီးသော ဖျက်ဆီးမှုလမ်းကြောင်း တွင် ဆက်လက် ရှိနေမည်ဖြစ်ကြောင်း၊


(ဋ)       အကြမ်းဖက်စစ်တပ်က နှစ်ကာလကြာရှည်စွာ ခံစားခဲ့ရသော အပြစ်ပေးအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ကို လုံခြုံရေးကောင်စီမှ အဆုံးသတ်၍ ၎င်းတို့၏ ရာဇဝတ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေမှသာလျှင် မြန်မာနိုင်ငံရှိ အကြမ်းဖက်မှုများ ရပ်တန့်သွားမည် ဖြစ်ပါ ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် မြန်မာပြည်သူများ၏ ရည်မှန်းချက်များကို အကောင်အထည် ဖော်မှသာလျင် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးတို့ ပြန်လည် ရရှိမည်ဖြစ်ပါကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ၎င်း၏ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များသည် အားလုံးပါဝင်သော ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ စည်ပင်သာယာ ဝပြောရေးနှင့် တန်းတူညီမျှမှုတို့ကို အာမခံသည့် အနာဂတ် မြန်မာနိုင်ငံတော် အတွက် ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်လျက်ရှိပါကြောင်း၊


(ဌ)       နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံး ကန့်သတ်ချက်မရှိ လွှတ်ပေးရေးသည် အားလုံးပါဝင်သော ဆွေးနွေးပွဲ များ ဖြစ်ပေါ်ရေး နှင့် မြန်မာနိုင်ငံ ပြဿနာအပေါ် ရေရှည်တည်တံ့သော အဖြေရရှိရေးကို ဖြစ်ပေါ်စေမည့် လမ်းကြောင်းပေါ်ရောက်ရေး အတွက် မရှိမဖြစ် အခြေခံအချက် ဖြစ်ပါကြောင်း၊ ယနေ့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ အသက် (၈၀) ပြည့် နှစ် မွေးနေ့ဖြစ်ပါကြောင်း၊ ပြည်တွင်း ပြည်ပရှိ ပြည်သူများ အားလုံး က ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေးအကျဉ်းသားအားလုံး ချွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် ဆုတောင်းပေးခြင်း၊ တောင်းဆိုခြင်းများဖြင့် သူမ၏မွေးနေ့ပွဲအားဂုဏ်ပြုပေးနေကြကြောင်း၊


(ဍ)       ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုတို့သည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးတို့အတွက် အခြေခံကျသော လိုအပ်ချက်များဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ ပဋိပက္ခများဖြင့် ပြည့်နှက်နေ၍ အားနည်းလျက်ရှိသည့် နိုင်ငံတစ်ခုတွင် ယခင်က ကျဆုံးမှု  သံသရာအား ရှောင်ရှားနိုင်ရန်နှင့် လူ့အသက်ဆုံးရှုံးမှုများနှင့် လူသားဖွံ့ဖြိုးမှုဆိုင်ရာ ထပ်မံဆုံးရှုံးမှု များကို ကာကွယ်တားဆီးနိုင်ရန် ပြဿနာ၏ အရင်းအမြစ် ကို တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးပါကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် သက်သေအခြေပြု ချဉ်းကပ်မှုများကို ကျင့်သုံး ၍ အကြမ်းဖက်စစ်တပ်ထံသို့ လက်နက်များ၊ လေယာဉ်လောင်စာဆီများ၊ အရပ်ဘက်နှင့် စစ်ဘက် နှစ်မျိုး အသုံးပြုနိုင်သည့် ပစ္စည်းများနှင့် နည်းပညာများ ရောက်ရှိမှုကို ရပ်တန့်နိုင်ရန် လုပ်ဆောင် သင့်ပါကြောင်း၊


(ဎ)       မြန်မာနိုင်ငံတွင် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး၏ အခြေခံများကို အုတ်မြစ် ချလျက်ရှိပါကြောင်း၊ မိမိအနေဖြင့် နိုင်ငံတကာ အသိုက်အဝန်းအား မြန်မာနိုင်ငံပြည်သူများ၏ ဆန္ဒနှင့် အကျိုးစီးပွား၊  စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် သုတ်သင်ရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကိုတည်ဆောက်ရန် ၎င်းတို့၏ စိတ်ပိုင်းဖြတ်ထားမှု တို့နှင့် အညီ အရေးယူ ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်အမှာစကား အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of

the Republic of the Union of Myanmar to the United Nations,

at the High-Level Open Debate of the United Nations Security Council

on “Poverty, Underdevelopment, and Conflict: Implications for the Maintenance of International Peace and Security”


(New York, 19 June2025)

Mr. President,


At the outset, I wish to congratulate Guyana on assuming the Presidency of the Security Council this month. I also thank the briefers for their insightful remarks.


Mr. President,


Poverty is a multidimensional phenomenon, encompassing a lack of income, hunger and malnutrition, social discriminiation and limited access to essential public services among others.


Almost 700 million people around the world still live in extreme poverty as of today. Extreme poverty is concentrated among countries in special situations, including the least developed countries as well as countries in conflict and post-conflict situations.


Poverty and conflict are deeply intertwined and exacerbate each other with generational and transboundary consequences.


We are of the view that tackling the root causes of this interrelation requires a humanitarian-development-peace nexus approach, and their resolutions contribute to international peace and security.


Mr. President,


When a country with preexisting vulnerabilities goes through a conflict, the consequences are often dire – poverty is compounded, underlying fragilities are exposed, and developmental gains are quickly overturned.


Unfortunately, my country, Myanmar is experiencing these devastating results since the 2021 attempted military coup.


In over 4 years, over 6,800 people have been brutally killed by the military junta. Over 3.5 million people have been displaced. Over 20 million people are in need of humanitarian assistance.


According to UNDP, poverty in Myanmar has increased from 24.8% in 2017 to 49.7% in 2023.


The scale of urban poverty in Yangon, Myanmar’s largest city and economic hub, has also surged from 10% in 2017 to 43% in 2023.


An estimated 53% of children in Myanmar were living below the national poverty line by 2022.


The economic collapse, displacement and inadequate services are pusing more families into poverty everyday.


In addition, poverty remains high among the most vulnerable groups, particularly IDPs, persons with disabilities and female-headed households. The recent devastating earthquake has further worsened poverty in hardest-hit regions.


A lack of employment opportunies, a deteriorating education system, forced conscription, particularly targeting young men, are fueling an alarming youth exodus.


According to World Bank, a decline in formal sector opportunies, migration of skilled workers, reduced human capital, disruptions to education and health services will threaten Myanmar’s long-term development and poverty reduction prospects.


It is crystal clear that the military coup and the junta’s atrocities have plunged the country into poverty and insecurity, reversed our progress in development, regressed the economy and shattered the future of our younger generation.


Mr. President,


The people of Myanmar want to see our own country achieve sustainable peace, stability and prosperity as much as our neighbors and the region.


We have heard rhetoricfrom the region that there is no military solution to the conflict in Myanmar. However, this rhetoric is undermined by their own continued extension of support for the junta militarily, politically, diplomatically and financially.


The sales, transfer and export of lethal weapons, fighter jets and dual-use items to the military junta are equivalent to reinforcing more military attacks and unabated violence by the junta.


The economic cooperations and finanical ties with the military junta are equivalent to empowering them to cause more destruction of and fueling the junta’s atrocities against civilians.


We know we are helpless but we are not asking for much from the international community. Stop enabling the military junta to perpetuate endless atrocities against the civilian population.


Mr. President,


It is critical to accurately assess whether Myanmar is on a path to self-destruction or man-made-destruction. The people are trying so hard to stop this destruction.


A path to man-made-destruction will continue in Myanmar if some member states and some UN agencies continue to take a business-as-usual approach with the military junta and its agency of destruction.


Violence will end in Myanmar only if the Council ends the long-standing impunity enjoyed by the military junta and holds them accountable for their crimes.


Peace and development will be restored in Myanmar only if the international community restores the aspirations of the people of Myanmar.


The National Unity Government and its allied ethnic resistance organizations have been in talks for future Myanmar that ensures peace, stability, prosperity and equality for everyone.


Unconditinal release of all political prisoners including State Counsellor Daw Aung San Suu Kyi and President U Win Myint is essential for an inclusive dialogue and a path towards a sustainable solution of the crisis in Myanmar. Today is the 80th birthday of State Counsellor Daw Aung San Suu Kyi. People inside and outside the country are celebrating her birthday by praying and demanding her immediate and unconditional release as well as for all political prisoners.


In conclusion, Mr. President, peace and stability are prerequisites to sustainble development and poverty eradication.


In a conflict-ridden and fragile country like Myanmar, it is imperative that we avoid repeating a cycle of previous failures and directly address the root cause to prevent further loss of lives and human development. The Council should take an evidence-based approach and start acting to stop the flow of weapons, jet fuel, dual-use items and technologies to the military junta.


The foundation for durable peace and development is being laid out in Myanmar. I urge the international community to act in line with the will and interests of the people of Myanmar and their determination to eradicate the military dictatorship and build a federal democratic union.


I thank you.


*****


Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page