Statement by Ambassador Kyaw Moe Tun at the High-Level Open Debate of the UN Security Council on Maritime Security: Prevention, Innovation and International Cooperation to Address Emerging Challenges
- Myanmar Mission To UN
- 6 days ago
- 7 min read
Updated: 4 days ago



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the High-Level Open Debate of the United Nations Security Council on “Maritime Security: Prevention, Innovation and International Cooperation to Address Emerging Challenges”, held on 11 August 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ “အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းလုံခြုံရေး၏ ပေါ်ပေါက် လာ နေသော စိန်ခေါ်မှုများကို ဖြေရှင်းရန် ကြိုတင်ကာကွယ်ခြင်း၊ ဆန်းသစ်တီထွင်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် တံခါးဖွင့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ၂၀၂၁ ခုနှစ် တရားမဝင် စစ်အာဏာ သိမ်းရန် ကြိုးပမ်းခဲ့မှုနောက်ပိုင်း မြန်မာနိုင်ငံတွင် တရား ဥပဒေစိုးမိုးမှု ပြိုလဲခြင်း၊ နိုင်ငံရေးအဖွဲ့အစည်းများ ပြိုလဲခြင်း၊ အကျင့်ပျက်ခြစားမှုများ မြင့်တက်လာခြင်းနှင့် လုံခြုံမှုကင်းမဲ့လာသည့် အခြေအနေများကြောင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုလုပ်ငန်းများ ကုန်းလမ်း၊ ရေလမ်းများမှတစ်ဆင့် တိုးချဲ့ဆောင်ရွက်လာကြရန် အခြေအနေများ ဖန်တီးပေးသကဲ့သို့ ဖြစ်ပေါ်လာခဲ့၊
အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများ၊ တရားဥပဒေစိုးမိုးမှုကင်းမဲ့ခြင်း၊ စီးပွားရေး ပြိုလဲမှု၊ ဆင်းရဲမွဲတေမှု၊ နေရပ်စွန့်ခွာတိမ်းရှောင်ရခြင်း၊ အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ မူးယစ် ဆေးဝါး နှင့် လူကုန်ကူးမှုများ အစရှိသည်တို့ တိုးပွားလာခြင်း၏ အကျိုးဆက်များသည် ဒေသ တွင်း နှင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေး အပြင် ပင်လယ်ရေကြောင်းလုံခြုံရေးကိုပါ ဆိုးရွား စွာ ထိခိုက်စေလျက်ရှိ၊
လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်း၏ အချိန်နှင့် တပြေးညီ အရေးယူ ဆောင်ရွက် နိုင်မှုမရှိခြင်းသည် ယခုပဋိပက္ခကို ပိုမိုရှည်လျားစေ၊ အရေးယူဆောင်ရွက်ရန် ပျက်ကွက်နေသည့် နေ့ရက်တိုင်းအတွက် ပို၍ များပြား သောအပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးနေရ၊ လူငယ်များစွာအနေဖြင့် ၎င်းတို့၏ အနာဂတ်ကို ဆုံးရှုံး နေရ၊
ပြည်သူများနှင့် လူငယ်များ၏ မျှော်လင့်ချက်များကို နားထောင်ခြင်းမရှိဘဲ ယုံကြည်မှု တည်ဆောက်၍ မရနိုင်၊ အသွင်ကူးပြောင်းရေးကာလ တရားစီရင်ရေး ဆောင်ရွက်ခြင်း မပြုဘဲ ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်၍ မရနိုင်၊ ဥပဒေမဲ့ မတရားဖမ်းဆီး အကျဉ်းချ ခံထားရသည့် နိုင်ငံ့ ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်း မပြုဘဲ အားလုံးပါဝင်သည့် ရွေးကောက်ပွဲကျင်းပခြင်း ပြုလုပ်နိုင်မည် မဟုတ်၊ စစ်အုပ်စုက စီစဉ်လျက်ရှိသည့် အတုအယောင်ရွေးကောက်ပွဲသည် လက်ရှိဖြစ်ပေါ် နေသည့် မတည်ငြိမ်သော နိုင်ငံ၏အခြေအနေကို ပိုမိုဆိုးရွားစေမည် ဖြစ်ပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်)
၁။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ “အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းလုံခြုံရေး၏ ပေါ်ပေါက် လာ နေသော စိန်ခေါ်မှုများကို ဖြေရှင်းရန် ကြိုတင်ကာကွယ်ခြင်း၊ ဆန်းသစ်တီထွင်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာဖြင့် ပူးပေါင်း ဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် တံခါးဖွင့် အစည်းအဝေးတစ်ရပ်ကို ၁၁-၈-၂၀၂၅ ရက်နေ့တွင် နယူး ယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ တံခါးဖွင့် အစည်းအဝေး ကို ပနားမား နိုင်ငံ သမ္မတ မှ သဘာပတိအဖြစ် ဆောင်ရွက်၍ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းအဖွဲ့၏ အတွင်းရေးမှူးချုပ်၊ ပနားမားတူးမြောင်းအာဏာပိုင်အဖွဲ့၏ အမှုဆောင်အရာရှိချုပ်၊ INTERPOL ၏ အတွင်းရေးမှူးချုပ် တို့က ရှင်းလင်းပြောကြားခဲ့ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။
၂။ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်း၌ အောက်ဖော်ပြပါ အချက်များ အဓိက ပါဝင်ပါသည်-
(က) ကမ္ဘာ့ကုန်သွယ်ရေးတွင် ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေးသည် အဓိကနည်းလမ်းဖြစ်ပြီး အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု၏ ၈၀% ကျော်ကို လွှမ်းခြုံထားပါကြောင်း၊ ထို့ကြောင့် ပင်လယ် ရေကြောင်းလုံခြုံရေးကို မြှင့်တင်ခြင်းသည် အထူးသဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှု အပေါ် မှီခိုနေရသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအပါအဝင် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီး သည်ဟု မှတ်ယူပါကြောင်း၊
(ခ) သို့သော် ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှု၊ မြင့်တက်လာသော ပထဝီနိုင်ငံရေးတင်းမာမှုများ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုလှုပ်ရှားမှုများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် ၎င်းတို့၏ အကျိုး ဆက်များသည် ပင်လယ်ရေကြောင်းလုံခြုံရေးကို အခြားနယ်ပယ်များနည်းတူ ထိခိုက်စေကြောင်း၊
(ဂ) လွတ်လပ်စွာရေကြောင်းသွားလာခွင့်အပေါ် ပိတ်ပင်နှောက်ယှက်မှုများ၊ ပင်လယ်ပြင်တွင် လှုပ်ရှား နေသော ရာဇဝတ်ဂိုဏ်းများ တိုးပွားလာခြင်းတို့သည် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးနှင့် ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာ ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအနေဖြင့် "Pact for the Future" တွင် တိုက်တွန်းတောင်းဆိုခဲ့သည့် ပင်လယ်ရေကြောင်းလုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကို အပြည်ပြည်ဆိုင်ရာဥပဒေ၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (UNCLOS) တို့နှင့်အညီ တုံ့ပြန်ဖြေရှင်းရန် ဆိုသည့် အချက်ကို ထပ်လောင်း အတည်ပြုလိုပါကြောင်း၊
(ဃ) ၂၀၂၁ ခုနှစ် တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့မှုနောက်ပိုင်း မြန်မာနိုင်ငံတွင် တရား ဥပဒေစိုးမိုးမှု ပြိုလဲခြင်း၊ နိုင်ငံရေးအဖွဲ့အစည်းများ ပြိုလဲခြင်း၊ အကျင့်ပျက်ခြစားမှုများ မြင့်တက်လာခြင်းနှင့် လုံခြုံမှုကင်းမဲ့လာသည့် အခြေအနေများကြောင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုလုပ်ငန်းများ ကုန်းလမ်း၊ ရေလမ်းများမှတစ်ဆင့် တိုးချဲ့ဆောင်ရွက်လာကြရန် အခြေအနေများ ဖန်တီးပေးသကဲ့သို့ ဖြစ်ပေါ်လာခဲ့ကြောင်း၊
(င) မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာအရ တရားမဝင်စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံမှ မူးယစ်ဆေးဝါးများ သည် အရှေ့အာရှနှင့် အရှေ့တောင်အာရှဒေသများသာမက တောင်အာရှဒေသတွင်ပါ သိသိ သာသာ များပြားလာကြောင်း၊
(စ) တရားမဝင် စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း အကြမ်းဖက် စစ်ကောင်စီ၏ လက်ချက်ဖြင့် အပြစ်မဲ့ပြည်သူပေါင်း ၇,၀၀၀ ကျော် သေဆုံးခဲ့ရပြီး၊ လူဦးရေ ၂၀ သန်းကျော်သည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးတကြီးလိုအပ်နေပါကြောင်း၊ နိုင်ငံလူဦးရေ၏ တစ်ဝက်ခန့်မှာ နိုင်ငံ၏ဆင်းရဲမွဲတေမှုမျဉ်း အောက်သို့ ရောက်ရှိနေကြကြောင်း၊ ရိုဟင်ဂျာများ အပါအဝင် ပြည်တွင်း၌ စစ်ဘေးရှောင်း လူဉီးရေသည် ၃.၅ သန်းကျော် ရှိနေပြီ ဖြစ်ပါကြောင်း၊ ပြည်တွင်းရှိ စစ်ဘေးရှောင်စခန်းများရှိ အကာအကွယ်မဲ့ ပြည်သူများမှာလည်း တရားမဝင် လူကုန်ကူးသူများ၏ သားကောင်ဖြစ်လာနိုင်ခြေ ပိုမိုမြင့်မားလျက်ရှိပါကြောင်း၊
(ဆ) ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ ထုတ်ပြန်ချက်များအရ ၂၀၂၅ ခုနှစ်တွင် လှေများဖြင့် နေရပ်စွန့်ခွာထွက်ပြေးသူ အရေအတွက်မှာ ပျမ်းမျှအားဖြင့် ၁၇၄% မြင့်တက်လာခဲ့ပြီး၊ ဇန်နဝါရီလမှ မေလအတွင်း ရိုဟင်ဂျာဒုက္ခသည် ၃,၁၀၀ ဉီးခန့်သည် အန္တရာယ်များပြားသည့် ပင်လယ်နှင့်မြစ်ကြောင်းလမ်းကြောင်းများမှ နေရပ်စွန့်ခွာရမှုများကို လုပ်ဆောင်ခဲ့ရပြီး၊ မေလ၌ လူပေါင်း ၄၅၇ ဉီးတို့သည့် သေဆုံး (သို့မဟုတ်) ပျောက်ဆုံး လျက်ရှိ သည်ဟု သိရှိရကြောင်း၊ မြန်မာနိုင်ငံ၏ ပိုမို ဆိုးရွားလာနေသော အခြေအနေနှင့် ဒုက္ခသည် စခန်းများရှိ မလုံခြုံမှုတို့ကြောင့် ၂၀၂၅-၂၀၂၆ ရေကြောင်းသွားလာရေးရာသီ၌ ပင်လယ်ပြင်တွင် ရွှေ့ပြောင်းမှုနှင့် သေဆုံးမှုများ တိုးလာနေသည့် အခြေအနေကို ဆက်လက်ဖြစ်ပေါ်စေမည်ဟု ဆိုပါကြောင်း၊
(ဇ) အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများ၊ တရားဥပဒေစိုးမိုးမှုကင်းမဲ့ခြင်း၊ စီးပွားရေး ပြိုလဲမှု၊ ဆင်းရဲမွဲတေမှု၊ နေရပ်စွန့်ခွာတိမ်းရှောင်ရခြင်း၊ အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ မူးယစ် ဆေးဝါး နှင့် လူကုန်ကူးမှုများ အစရှိသည်တို့ တိုးပွားလာခြင်း၏ အကျိုးဆက်များသည် ဒေသ တွင်း နှင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပြင် ပင်လယ်ရေကြောင်းလုံခြုံရေးကိုပါ ဆိုးရွား စွာ ထိခိုက်စေလျက်ရှိပါကြောင်း၊
(ဈ) ဤကဲ့သို့သော ဒေသတွင်းနှင့် နိုင်ငံတကာငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်မှုများကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား ပိုမိုလက်တွဲညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း၊ အကြမ်းဖက်စစ်တပ်၏ ရက်စက်မှုများမှ လွတ်မြောက်ရန်အလို့ငှာ ထွက်ပြေး၍ ပင်လယ်ပြင်တွင် သောင်တင်နေသူများအနေဖြင့် ဒေသတွင်းနိုင်ငံများ၏ အပြည်ပြည်ဆိုင်ရာ ကာကွယ် စောင့်ရှောက်မှုကို ခံစားပိုင်ခွင့် ရရှိထိုက်ပြီး၊ အတင်းအကျပ် ပြန်လည်ပို့ဆောင်ခြင်း မခံရ သင့် ကြောင်း၊ အထူးသဖြင့် မြန်မာပြည်သူများအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ စိုးရိမ် ကြောင်း ပြောကြားနေခြင်း ထက် ပိုသည့် ထိရောက် ပြတ်သားသည့် အလျင်အမြန် အရေးယူ ဆောင်ရွက်မှုမျိုးဖြင့် အကာအကွယ်ပေးမှုများနှင့်ထိုက်တန်ပါကြောင်း၊
(ည) လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုက်အဝန်း၏ အချိန်နှင့် တပြေးညီ အရေးယူ ဆောင်ရွက် နိုင်မှုမရှိခြင်းသည် ယခုပဋိပက္ခကို ပိုမိုရှည်လျားစေပါကြောင်း၊ အရေးယူဆောင်ရွက်ရန် ပျက်ကွက်နေသည့် နေ့ရက်တိုင်းအတွက် ပို၍ပို၍ များပြားသောအပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးနေရပြီး၊ လူငယ်များစွာအနေဖြင့် ၎င်းတို့၏ အနာဂတ်ကို ဆုံးရှုံးနေရပါကြောင်း၊
(ဋ) ထို့ကြောင့် လုံခြုံရေးကောင်စီမှ ထိရောက်ပြတ်သားသည့် အရေးယူမှု မရှိသည့် အခြေအနေများ ကြောင့် မြန်မာပြည်သူများ၏ အသက်အိုးအိမ်များအား ကယ်တင်ရန်၊ အကြမ်းဖက်စစ်တပ်ထံ လက်နက်၊ လေယာဉ်ဆီနှင့် စစ်ဖက်၊ အရပ်ဖက်သုံးပစ္စည်းများ လက်ဝယ်ရရှိနေမှုကို ဖြတ်တောက် ပေးရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြုဆောင်ရွက်ပေးပါရန် နိုင်ငံတကာ အသိုက်အဝန်း ကို မေတ္တာရပ်ခံတိုက်တွန်းပါကြောင်း၊
(ဌ) နိဂုံးချုပ် အနေဖြင့် တရားဥပဒေစိုးမိုးမှုပြန်လည်ဆောက်ခြင်း၊ ဒီမိုကရေစီအဖွဲ့အစည်းများ ကိုပြန်လည် ရှင်သန်ခြင်း၊ ခိုင်မာအားကောင်းသော စီးပွားရေးစနစ်နှင့် ပြည်သူ့ဗဟိုပြု ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတို့သည် မြန်မာနိုင်ငံ၏ ပင်လယ်ရေကြောင်းလုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို အာမခံခြင်းသာမက လူငယ်များ၏ အနာဂတ်ကို အကာအကွယ်ပေးရာ၌လည်း အဓိကကျပါကြောင်း၊
(ဍ) အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ သက်ဆိုင်သူများ အကြား သာယာဝပြောမှု ငြိမ်းချမ်းတည်ငြိမ်မှု တရားမျှတမှု ရှိမှုတို့ကို အာမခံသည့် အနာဂတ်မြန်မာနိုင်ငံ ဖြစ်ပေါ်ရေးအတွက် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါကြောင်း၊
(ဎ) ပြည်သူများနှင့် လူငယ်များ၏ မျှော်လင့်ချက်များကို နားထောင်ခြင်းမရှိဘဲ ယုံကြည်မှု တည်ဆောက်၍ မရနိုင်ပါကြောင်း၊ အသွင်ကူးပြောင်းရေးကာလ တရားစီရင်ရေး ဆောင်ရွက်ခြင်း မပြုဘဲ ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်၍ မရနိုင်ပါကြောင်း၊ ဥပဒေမဲ့ မတရားဖမ်းဆီး အကျဉ်းချ ခံထားရသည့် နိုင်ငံ့ ခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးခြင်း မပြုဘဲ အားလုံးပါဝင်သည့် ရွေးကောက်ပွဲကျင်းပခြင်း ပြုလုပ်နိုင်မည် မဟုတ်ပါကြောင်း၊ စစ်အုပ်စုက စီစဉ်လျက်ရှိသည့် အတုအယောင်ရွေးကောက်ပွဲသည် လက်ရှိဖြစ်ပေါ် နေသည့် မတည်ငြိမ်သော နိုင်ငံ၏အခြေအနေကို ပိုမိုဆိုးရွားစေမည် ဖြစ်ပါကြောင်း၊
(ဏ) မြန်မာပြည်သူများ၏ စစ်အာဏာရှင်စနစ်အဆုံးသတ်ရန်၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန်နှင့် ၎င်းတို့၏အနာဂတ်ကို အာမခံမှုရှိရန် ကြိုးပမ်းအဖြေရှာနေမှုများကို ထောက်ခံပေးကြပါရန် နိုင်ငံတကာအသိုက်အဝန်း ကို ထပ်မံတောင်းဆိုလိုပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်အမှာစကား အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
ofthe Republic of the Union of Myanmar to the United Nations,
at the High-Level Open Debate of the United Nations Security Council
on “Maritime Security: Prevention, Innovation and International Cooperation to Address Emerging Challenges”
(New York, 11 August 2025)
Mr. President,
At the outset, I wish to congratulate Panama for assuming the UNSC Presidency of this month and thank the presidency of Panama for organizing this important debate.
I also thank the briefers for their remarks.
Mr. President,
Maritime transport is the primary mode for global trade with having over 80% of the international trade by volume. In this regard, we are of the view that the strengthening maritime security is vital for development of all countries especially developing countries which are depending on maritime trade.
Yet, the global uncertainty, escalating geopolitical tensions, transnational criminal activities, armed conflict and their consequences affect maritime security as much as any other domain.
Disruptions to the freedom of navigations and proliferation of criminal networks operating on the high seas pose a growing threat to international trade and global economic stability. Traditional and emerging challenges in the maritime domain, including piracy, drug andhuman trafficking and depletion of marine resources, have become increasingly complex and interconnected.
Against this backdrop, Myanmar reaffirms our call in the Pact for the Future to address the impact of threats to maritime security in accordance with international law, the UN Charter and the UN Convention on the Law of the Sea.
Mr. President,
In my country, Myanmar, the collapse of rule of law and political institutions, the rise of corruption and the prevalence of insecurity, after the 2021 attempted military coup, have created conditions conducive for the expansion of transnational criminal activities through overland corridors and maritime channels.
In addition, the military junta and its affiliated Border Guard Forces, are breeding safe havens for criminal syndicates by providing security for them and facilitating their illicit economies, including online scams, human and drug trafficking.
According to the recent UNODC report, flows of drugs from Myanmar have surged across not only East and Southeast Asia, but also into South Asia since the coup.
An escalating supply of methamphetamine from Myanmar has been subsequently trafficked through the Andaman Sea and South China Sea to countries in the region. Methamphetamine and ketamine manufactured in Myanmar are also trafficked through the Straits of Malacca as a major transit route.
The drugs are loaded at predetermined locations in international waters for onwards delivery to third countries, ultimately posing threats to the wider region and beyond.
Mr. President,
Since the illegal coup, over 7,000 people have been killed by the military junta. Over 20 million people are in need of humanitarian assistance. Half of the population is now living under the national poverty line.
At the same time, indiscriminate and systematic violence against civilians by the military junta has also pushed them to seek safety across the country and elsewhere outside. More than 3.5 million people including Rohingya, has been displaced.
Vulnerable populations in IDP camps also become highly exposed to being trafficked by human smugglers.
According to the UNHCR, the number of person fleeing by boat in 2025 has increased with an average of 174 percent. From January to May 2025, 3,100 Rohingya refugees embarked on dangerous sea and river journeys, and 457 persons were reported as dead or missing by the end of May.
The deteriorating situation in Myanmar and insecurity in the refugee camps will continue to keep the alarming trend of increased movements and deaths at sea for the 2025-2026 sailing season.
Mr. President,
These spillover effects of the junta’s atrocities, the lack of rule of law, the economic collapse, poverty, displacement, the rise of transnational organized crimes including online scam, drug and human trafficking in Myanmar are negatively impacting on the regional and international peace and security as well as the maritime security.
Such threats to regional and international peace and security require enhanced coordination among the UN member states; not silos.
Those escaping from the military’s atrocities and stranded in the sea deserve international protection by the wider region; not forced refoulement.
Most importantly, the people of Myanmar deserve urgent, decisive and effective actions by the UN Security Council; not mere expressions of concern.
It is unfortunate that in almost three years since its adoption, there is still no follow-up to the UNSC resolution 2669.
The lack of timely action by the Council and the international community is also contributing to prolonging the conflict.
With every passing day of no action, more civilians are being killed; more young people are losing their future. In fact, according to UNDP, nearly 300,000 to 500,000 young people have been fleeing Myanmar since the illegal coup to escape the deteriorating socioeconomic condition and forced conscription. This ongoing phenomenon poses risks of exploitation, irregular migration and the erosion of national human capital.
Therefore, in light of the inaction of the Council, I urge the international community to explore all available tools at their disposal to save the lives of the people of Myanmar by cutting the flow of weapons, jet fuel and dual-use items to the military junta.
Mr. President,
In conclusion, the restoration of rule of law, our democratic institutions, viable economy along with people-centered regional cooperation are central to achieving maritime security, peace and stability as well as safeguarding the potential of youth in Myanmar.
The National Unity Government, our allied ethnic resistance organizations and relevant stakeholders have been in talks for future Myanmar that ensures prosperity, peace and stability and justice for all.
We cannot build trust without listening to the aspirations of the people and the youth.
We cannot reconcile without addressing transitional justice.
We cannot hold an inclusive election without releasing our arbitrarily-detained political leaders and prisoners.
It is crystal clear that the planned sham election of the military junta will further exacerbate the already-volatile situation in the country.
Finally, I once again appeal to the international community to support the people of Myanmar and their resolution to end the military dictatorship, build a federal democratic union and secure their future.
I thank you.
*****







