Statement by Ambassador Kyaw Moe Tun at the High-level debate of the General Assembly on “A second chance: addressing the global prison challenge”
- Myanmar Mission To UN
- Jun 13
- 8 min read





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the High-level debate of the General Assembly on “A second chance: addressing the global prison challenge”, held on 13 June 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေးတွင် ကျင်းပပြုလုပ်သည့် “ကမ္ဘာပေါ်ရှိ အကျဉ်းထောင်များတွင် ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများအား ဖြေရှင်းခြင်း”နှင့်စပ်လျဉ်း၍ တံခါးဖွင့် ဆွေးနွေးမှု၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က Mandela Rule (1) တွင် လူ့ဂုဏ်သိက္ခာ “Dignity” ကို အလေးထား ဖော်ညွှန်းထားပြီး အကျဉ်းကျသူအားလုံးကို မွေးရာပါ ဂုဏ်သိက္ခာ၊ လူသားတစ်ဉီး အပေါ် တန်ဘိုးထားမှုနှင့် အညီ ဆက်ဆံရမည်ဖြစ်၊ စစ်အုပ်စုအနေဖြင့် အဆိုပါ စံချိန်စံညွှန်းကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ထား၊
Mandela Rule (58) ကမူ အကျဉ်းကျနေသူများ ၎င်းတို့၏ မိသားစုဝင်များနှင့် အကျဉ်းထောင် နံရံ ပြင်ပမှ ကမ္ဘာကြီး အား ဆက်သွယ်ခွင့် ရရှိသင့်သည်ဟု အခိုင်အမာရပ်တည်ထား၊ မြန်မာ နိုင်ငံတွင် ယင်းအခွင့်အရေး မရှိ၊
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ပင် လျှင် ပြင်ပနှင့်ထိတွေ့ဆက်သွယ်ခွင့်အား နှစ်ရှည်လများ ပိတ်ပင်ခံထားခံရ၊ ၎င်းတို့အတွက် ဥပဒေကြောင်းအရ ကိုယ်စားပြုခွင့် ဖြုတ်ချခံထားရပြီး ၎င်းတို့ ချစ်မြတ်နိုးသူများ ဆက်သွယ်ခွင့် ငြင်းပယ်ခံထားရ၊
လာမည့် သီတင်းပတ်တွင် ဒေါ်အောင်ဆန်းစုကြည် သည် အသက် (၈၀) ပြည့်မည်ဖြစ်၊ အနယ်နယ် အရပ်ရပ်၌ ရှိ သော မြန်မာပြည်သူများအနေဖြင့် ၎င်း၏ အသက် (၈၀) ပြည့်မွေးနေ့အား ဆင်နွှဲနိုင်ရန် နည်းလမ်းပေါင်းစုံ စီစဉ် နေကြပြီး ၎င်း အမြန်ဆုံး ပြန်လည် လွတ်မြောက်စေရန် ကျန်းမာရေးကောင်းစေရန် ဆုတောင်း မေတ္တာ ပို့သနေ၊
စစ်အုပ်စု လက်အောက်ရှိ အကျဉ်းချခြင်း လုပ်ငန်းစဉ်သည် ဥပဒေပြုရေးအာဏာတစ်ရပ် မဟုတ်ဘဲ လွှမ်းမိုး ကြီးစိုးခြင်း မျှသာဖြစ်၊ ထို့ကြောင့် မြန်မာနိုင်ငံရှိ အကျဉ်းထောင်များကို ကုလသမဂ္ဂနှင့် ICRC တို့မှ အကန့်အသတ် မရှိ ဝင်ရောက်ခွင့် ရရှိစေရေး တောင်းဆိုရန်၊ နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချက်ချင်း ပြန်လည်လွှတ်ပေးရန် အတွက် ခိုင်ခိုင် မာမာ တောင်းဆိုရန်၊ စစ်အုပ်စုအပေါ်၌ ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန်၊ အသက်ရှင်ကျန်ရစ်သူများ ပြန်လည် ကုစားရေးတွင် ရင်းနှီးမြှုပ်နှံရန် တို့ကို တောင်းဆိုလို၊
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အာဏာရှင်စနစ်နှင့် မတရား စစ်အာဏာသိမ်းမှုတို့ ချုပ်ငြိမ်းရေး အတွက် အားထုတ်နေသည့် မိမိတို့၏ ကြိုးပမ်းမှုများကို ကူညီ အားဖြည့်ပေးကြရန် တိုက်တွန်းလို ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ ရက်)
၁။ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ “High-level debate of the Assembly on “A second chance: addressing the global prison challenge” အစည်းအဝေးကို ၁၃-၆-၂၀၂၅ ရက် (သောကြာနေ့)၊ နံနက် (၁၀၀၀) နာရီတွင် ကျင်းပခဲ့ပါသည်။
၂။ အစည်းအဝေးတွင် မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၃၀) ကျော်မှ ကိုယ်စားလှယ်များ ပါဝင် ဆွေးနွေးခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင် ပါသည်-
(က) Nelson Mandela က “ထောင်ထဲရောက်ဘူးသူသာ အဲ့နိုင်ငံအကြောင်း ကို တကယ်သိတာ” (No one truly knows a nation until one has been inside its jails) ဟူ၍ ပြောကြားခဲ့ကြောင်း၊
(ခ) ယနေ့ မြန်မာနိုင်ငံအခြေအနေအား ကောင်းစွာ သိနားလည်လိုပါက တရားမျှတမှုအတွက် အချက် အချာကျသည့် နေရာများဖြစ်ရမည့်အစား ဖိနှိပ်ချုပ်ခြယ်မှုများဖြစ်ပွားရာနေရာများဖြစ်နေသည့် အကျဉ်းထောင်များအား ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊
(ဂ) မြန်မာနိုင်ငံတွင် စစ်အာဏာရှင် အစဉ်အဆက် လက်အောက်၌ မတရား အကျဉ်းချခြင်းနှင့် ညှင်းပန်းနှိပ်စက်ခြင်းတို့က တရားဥပဒေစိုးမိုးမှုကို အချိန်ကြာမြင့်စွာ ဖျက်ဆီးထားခဲ့ကြောင်း၊ ယခုအခါ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်မှ မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု စတင်ဖြစ်ပေါ်ချိန်ကတည်းက ယင်းသို့သော ဖိနှိပ်ချုပ်ခြယ်မှုများက အလွန်အမင်းစိုးရိမ်ရေမှတ် သို့ ရောက်ရှိလာခဲ့ကြောင်း၊
(ဃ) သို့ဖြစ်ရာ Mandela Rules (၁၀) နှစ်ပြည့် အထိမ်းအမှတ်ကို အောက်မေ့ဖွယ် အခမ်းအနားတစ်ခု အဖြစ် သဘောထားခြင်းအစား မိမိတို့၏ အသိစိတ်ကို ပြန်လည်နိုးကြားစေသည့် အခမ်းအနား တစ်ခု ဖြစ်သင့်ကြောင်း၊ အဆိုပါ စည်းမျဉ်းများနှင့်အညီ စောင့်ရှောက်ပေးရမည့် ပြည်သူများကို မိမိတို့က ခုခံကာကွယ်ပေးရမည့် တာဝန်ရှိကြောင်း၊
(င) မြန်မာနိုင်ငံတွင် ကျောင်းသူကျောင်းသားများ၊ ဆရာဝန်များ၊ သတင်းထောက်များ၊ ရွေးကောက်ခံ လွှတ်တော်အမတ်များနှင့် ကလေးများအထိ ပါဝင်လျက် ပြည်သူ အယောက်ပေါင်း (၂၉,၀၀၀) ကျော်မှာ နိုင်ငံရေးရပ်တည်ချက်များကြောင့် ဖမ်းဆီးထိန်းချုပ်ခံထားရကြောင်း၊ အများစုမှာ တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခံရခြင်းဖြစ်ပြီး စစ်တပ်မှ ငွေညှစ်လိုသည့် ရည်ရွယ်ချက်ဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသူများဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရသူများအနက် (၂၂,၀၀၀) ကျော်မှာ ဆက်လက် ထိန်းသိမ်းခံထားရပြီး ထောင်ဒဏ်များ ချမှတ်ခံထားရကြောင်း၊ သို့ရာတွင် အဆိုပါ ဖမ်းဆီးထိန်းချုပ်ခံထားရသူများအနေဖြင့် တရားမျှတမှုရှိသော တရားခွင်ဆုံးဖြတ်မှုကို တစ်ကြိမ် တစ်ခါမျှ ခံစားခွင့် မရခဲ့ကြကြောင်း၊
(စ) ၂၀၂၂ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသည့် ကိုဖြိုးဇေယျာသော်၊ ကိုကျော်မင်းယု (ခ) ကိုဂျင်မီ၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အနေဖြင့် တံခါးပိတ် တရားခွင်များဖြင့် မတရား ကွပ်မျက်စီရင်ခြင်းကို ခံခဲ့ကြရကြောင်း၊ ထို့နောက် နှစ် နှစ် အကြာ ၂၀၂၄ ခုနှစ်တွင်လည်း စစ်အုပ်စုက ကိုကောင်းထက်နှင့် လူငယ် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ မချမ်းမြေ့သူတို့ကို ထပ်မံ၍ မတရား ကွပ်မျက်စီရင်ခဲ့ကြောင်း၊
(ဆ) စစ်တပ်မှ ကျူးလွန်ခဲ့သည့် ရက်စက်မှုများမှာ ထိုမျှမကကြောင်း၊ ၎င်းတို့အနေဖြင့် ပြည်သူများ၏ ဆန့်ကျင်တော်လှန်မှုကို ဖိနှိပ်ရန်၊ မျှော်လင့်ချက်များ ဆိတ်သုဉ်းစေရန်နှင့် မကျေနပ်မှုများအား ငြိမ်သက်စေရန် အလားတူ စစ်မက်များကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်လျက်ရှိကြောင်း၊
(ဇ) Mandela Rule (1) တွင် လူ့ဂုဏ်သိက္ခာ “Dignity” ကို အလေးထား ဖော်ညွှန်းထားပြီး အကျဉ်းကျသူအားလုံးကို မွေးရာပါ ဂုဏ်သိက္ခာ၊ လူသားတစ်ဉီးအပေါ် တန်ဘိုးထားမှု အညီ ဆက်ဆံရမည် (All prisoners shall be treated with the respect due to their inherent dignity and value as human beings.) ဟု ဖော်ပြထားကြောင်း၊
(ဈ) စစ်အုပ်စုအနေဖြင့် အဆိုပါ စံချိန်စံညွှန်းကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားကြောင်း၊ AAPP (Burma) တွင် စစ်ကောင်စီမှ ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများနှင့် အကျဉ်းသားများအား မလျော်ကန်စွာ ဆက်ဆံခြင်းတို့ကို မှတ်တမ်းသိမ်းဆည်းထားကြောင်း၊ ယင်းလုပ်ရပ်များတွင် လျှပ်စစ်ရှော့ခ်များ အသုံးပြု၍ ညှဉ်းပန်းခြင်း၊ ရိုက်နှက်ခြင်း၊ အသက်ရှူကြပ်စေခြင်း၊ အမျိုးသား၊ အမျိုးသမီးတို့အား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများအား ထိန်းချုပ်ထားခြင်းတို့ပါဝင်ကြောင်း၊
(ည) အချို့သောဖြစ်စဉ်များတွင် စစ်အုပ်စု အနေဖြင့် နိုင်ငံရေးအကျဉ်းသားများအား လွတ်မြောက်ခွင့် ပေးခြင်းကို လက်နက်သဖွယ် အသုံးပြုလျက်ရှိကြောင်း၊ အကျဉ်းထောင်မှ လွှတ်ပေးလိုက်သည့် အကျဉ်းသားဟောင်းများကို နောက်ယောင်ခံခြင်း၊ ပညာသင်ကြားခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် တို့အား ငြင်းပယ်ခြင်းနှင့် ရက်ပိုင်းအတွင်း ပြန်လည်ဖမ်းဆီးချုပ်နှောင်ခြင်းတို့မှာ မကြာခဏ စစ်အုပ်စုမှ လုပ်ဆောင်လေ့ရှိသည့် လုပ်ရပ်များဖြစ်ကြောင်း၊ အဆိုပါလုပ်ရပ်ကို အသက်ရှင် ကျန်ရစ်သူတစ်ဦးက ဘဝများ စောင့်ကြည့်ခံနေရခြင်းဖြင့် လွတ်လပ်မှုနှင့် အနာဂတ်တို့ ဆုံးရှုံး ပျောက်ကွယ်နေသည့် “အကျဉ်းချမှု ပုံစံအသစ်” ဟု တင်စားပြောဆိုထားကြောင်း၊ ယင်းမှာ ညှဉ်းပန်းမှုတစ်မျိုးပင်ဖြစ်ကြောင်း၊
(ဋ) Mandela Rule (58) ကမူ အကျဉ်းကျနေသူများ ၎င်းတို့၏ မိသားစုဝင်များနှင့် အကျဉ်းထောင် နံရံ ပြင်ပမှကမ္ဘာကြီးအား ဆက်သွယ်ခွင့် ရရှိသင့်သည်ဟု အခိုင်အမာရပ်တည်ထားကြောင်း၊ မြန်မာ နိုင်ငံတွင် ယင်းအခွင့်အရေး မရှိကြောင်း၊
(ဌ) အကျဉ်းချထားခံရသူများအနေဖြင့် ဖုန်းခေါ်ဆို/လက်ခံခွင့်၊ စာပေးပို့/လက်ခံခွင့်တို့အား တင်းကြပ် စွာ စိစစ်၊ ဖြတ်တောက်ခံထားရကြောင်း၊ ထို့ပြင် ထောင်ဝင်စာများကို ကြိုတင် အသိပေးခြင်း မရှိဘဲ ဖျက်သိမ်းခံရပြီး ရှေ့နေများသည်ပင်လျှင် ထောင်ဝင်စာတွေ့ခြင်းမှ တားမြစ် ခံထားရ ကြောင်း၊ ယင်းသို့သော ရက်စက်မှုကို စစ်တပ်က မဟာဗျူဟာကျကျ လုပ်ဆောင်နေ ကြောင်း၊
(ဍ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ပင် လျှင် ပြင်ပနှင့်ထိတွေ့ဆက်သွယ်ခွင့်အား နှစ်ရှည်လများ ပိတ်ပင်ခံထားရကြောင်း၊ ၎င်းတို့အတွက် ဥပဒေကြောင်းအရ ကိုယ်စားပြုခွင့် ဖြုတ်ချခံထားရပြီး ၎င်းတို့ ချစ်မြတ်နိုးသူများနှင့် သာမက ၎င်းတို့အား ရွေးကောက်တင်မြှောက်ထားသည့် ပြည်သူများနှင့်ပါ ဆက်သွယ်ခွင့် ငြင်းပယ်ခံထား ရကြောင်း၊
(ဎ) လာမည့် သီတင်းပတ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အသက် (၈၀) ပြည့်မည်ဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်၌ရှိသော မြန်မာပြည်သူများအနေဖြင့် ၎င်း၏ အသက် (၈၀) ပြည့်မွေးနေ့အား ဆင်နွှဲနိုင်ရန် နည်းလမ်းပေါင်းစုံ စီစဉ်နေကြပြီး ၎င်း အမြန်ဆုံး ပြန်လည် လွတ်မြောက်စေရန် ကျန်းမာရေးကောင်းစေရန် ဆုတောင်းမေတ္တာပို့သနေကြကြောင်း၊
(ဏ) တစ်ဖက်တွင်လည်း အကျဉ်းထောင်အတွေ့အကြုံများနှင့်ဆက်စပ်၍ အကျဉ်းသားဟောင်းတစ်ဦး က “အကျဉ်းထောင်များတွင် ရိုက်နှက်ခံရခြင်းကြောင့် ၎င်းအနေဖြင့် မနာကျင်ရကြောင်း၊ စင်စစ် တွင် ၎င်း၏မိခင်က ၎င်းသေဆုံးပြီဟူ၍ ထင်မှတ်မှားနေခြင်းကသာ ၎င်အား စို့နင့်ကြေကွဲစေ သည်” ဟု ပြောကြားဖူးကြောင်း၊
(တ) ဤနေရာတွင် စစ်အုပ်စု၏ အယူအဆမှာ အကျဉ်းသားများကို သီးခြားဖယ်ထုတ်၍ ပျောက်ကွယ် အောင် ဖယ်ရှားပစ်ရန်နှင့် ရွေးကောက်ခံ ခေါင်းဆောင်များကို ဖယ်ထုတ်ခြင်းဖြင့် ဒီမိုကရေစီကို ဆိတ်သုဉ်းစေရန်မျှသာဖြစ်သည်မှာ မြင်သာပါကြောင်း၊
(ထ) စစ်အုပ်စု လက်အောက်ရှိ အကျဉ်းချခြင်း လုပ်ငန်းစဉ်သည် ဥပဒေပြုရေးအာဏာတစ်ရပ် မဟုတ်ဘဲ လွှမ်းမိုးကြီးစိုးခြင်းမျှသာဖြစ်ကြောင်း၊
(ဒ) စစ်တပ်လက်အောက်ခံ တရားရုံးများသည် လျှို့ဝှက်စွာ လှုပ်ရှားပြီး သေဒဏ်စီရင်ချက်များကို မိနစ်ပိုင်းအတွင်း ချမှတ်နေကြောင်း၊ ၂၀၂၃ ခုနှစ် တစ်နှစ်တည်း၌ပင် ဒီမိုကရေစီ ထောက်ခံ အားပေးသူ အယောက် (၁၆၀) ခန့် သေဒဏ်ချမှတ်ခံခဲ့ရကြောင်း၊ အခြားတစ်ဖက်တွင်လည်း အကျဉ်းထောင်အသစ်များ တည်ဆောက်လျက်ရှိပြီး ယင်းအဆောက်အအုံများမှာ တရားမျှတမှု အား ကိုင်စွဲရန်အတွက်မဟုတ်ဘဲ တရားမျှတမှုကို အကျဉ်းချရန်အတွက်ဖြစ်ကြောင်း၊
(ဓ) Mandela Rule များသည် စိတ်ခွန်အား ရရှိစေရန်အတွက်သာ ရည်ရွယ်ခြင်း မဟုတ်ကြောင်း၊ Mandela Rule များသည် နေရာအနှံ့အပြားရှိ အကျဉ်းသားများအတွက် လူ့ကျင့်ဝတ်နှင့် အနိမ့်ဆုံး ဥပဒေဆိုင်ရာ အခြေခံမျဉ်းဖြစ်ကြောင်း၊
(န) နိုင်ငံတစ်နိုင်ငံက Mandela Rule များကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်နေစဉ် ကမ္ဘာကြီးက နှုတ်ဆိတ်နေမည်ဆိုပါက စင်စစ် တရားရင်ဆိုင်နေရသည်မှာ နိုင်ငံတကာလူ့အခွင့်အရေး များပင် ဖြစ်ကြောင်း၊ ယင်းမှာ မြန်မာအရေးတစ်ခုတည်းပင် မဟုတ်တော့ဘဲ မိမိတို့အားလုံး၏ သည်းခံ နိုင်မှုနှင့် ဆက်စပ်လာပြီဖြစ်ကြောင်း၊
(ပ) သို့ဖြစ်ရာ အောက်ပါအချက်များကို အလေးထားပြောကြားလိုပါကြောင်း :-
(၁) မြန်မာနိုင်ငံရှိ အကျဉ်းထောင်များကို ကုလသမဂ္ဂနှင့် ICRC တို့မှ အကန့်အသတ်မရှိ ဝင်ရောက်ခွင့် ရရှိစေရေး တောင်းဆိုရန် - အထူးသဖြင့် အဆိုပါ အဖွဲ့အစည်းများအနေဖြင့် အကျဉ်းသားများ အမှန်တကယ် ရင်ဆိုင်နေရသည့် အခြေအနေများကို မှန်ကန်စွာ သိရှိ နားလည်ရန် လိုအပ်ကြောင်း၊ အကျဉ်းသားများအနေဖြင့် မည်သည့် အကြောင်းပြချက် ဖြင့် ဖမ်းဆီးခံရစေကာမူ တရားရုံးရှေ့မှောက်၌ တရားမျှတမှုရှိစွာ တရားရင်ဆိုင်ခွင့် ရှိသင့် ကြောင်း၊ ထို့အတူ မိသားစုဝင်များအနေဖြင့်လည်း အကျဉ်းသားများ၏ အခြေအနေကို သိရှိပိုင်ခွင့်ရှိသောကြောင့် ၎င်းတို့အကြားတွင် အဆက်အသွယ်ပြုခွင့် ရှိရမည်ဖြစ်ကြောင်း၊ ဖော်ပြပါ အချက်များအားလုံးသည် အထူး အရေးပါကြောင်း၊
(၂) နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချက်ချင်း ပြန်လည်လွှတ်ပေးရန်အတွက် ခိုင်ခိုင် မာမာ တောင်းဆိုရန် - အထူးသဖြင့် ပြန်လည်လွှတ်ပေးခြင်းနှင့် ပြန်လည်ဖမ်းဆီးခြင်း ကျင့်စဉ်ကို ရပ်တန့်ရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီအနေဖြင့် ကနဦး ကတည်းက ယင်းသို့ လုပ်ကိုင်နိုင်သည့် တရားဝင်မှု အလျဉ်း မရှိပါကြောင်း၊ ထို့ပြင် ပြန်လည်လွှတ်ပေးခြင်းနှင့် ပြန်လည်ဖမ်းဆီးခြင်းကျင့်စဉ်မှာလည်း သံသယဖြစ်ဖွယ်ကောင်းပြီး အများအားဖြင့် စစ်တပ်မှ ငွေညှစ်လိုသည့် ရည်ရွယ်ချက်နှင့် ဆက်နွယ်နေကြောင်း၊
(၃) စစ်အုပ်စုအပေါ်၌ ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် - ကမ္ဘာလုံးဆိုင်ရာ လက်နက်ပိတ်ဆို့မှု ချမှတ်ခြင်းနှင့် သက်သေအထောက်အထားများ စုစည်းထိန်းသိမ်း ခြင်းကို အားဖြည့်ပေးခြင်းဖြင့် ညီညွတ်သော ဖိအားပေးမှုများ လုပ်ဆောင်းရမည်ဖြစ် ကြောင်း၊
(၄) အသက်ရှင်ကျန်ရစ်သူများ ပြန်လည် ကုစားရေးတွင် ရင်းနှီးမြှုပ်နှံရန် - အကျဉ်းထောင် စနစ်မှ လူမှုအသိုက်အဝန်းသို့ ပြန်လည်ပါဝင်မည့်သူများအား စိတ်အခြေအနေဆိုင်ရာ စောင့်ရှောက်မှု၊ ဆေးပညာဆိုင်ရာ ထောက်ပံ့မှုနှင့် ပြန်လည် ပေါင်းစည်းမှုတို့ကို လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း၊
(ဖ) မန်ဒဲလားအနေဖြင့် (၂၇) နှစ်တာ အကျဉ်းကျမှုကြောင့် ပြိုလဲခြင်း မရှိဘဲ ထွန်းပေါက်လာခဲ့ပြီး ၎င်း၏နိုင်ငံအား ပိုမို ကောင်းမွန်သည့် အနာဂတ်ဆောင်ကြဉ်းပေးရန် အဆင်သင့်ဖြစ်နေခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ အကျဉ်းသားအများစု၏ အခွင့်အရေးများကို ခုခံကာကွယ်ပေး၍ တရားမျှတမှုဆီ သို့ ခြေလှမ်းနိုင်မည်ဆိုလျှင် မြန်မာနိုင်ငံရှိ အကျဉ်းသားအများစုအနေဖြင့်လည်း အလားတူ စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊
(ဗ) မိမိတို့အနေဖြင့် Mandela Rule များကို အမှတ်ရရုံမျှသာ မဟုတ်ဘဲ လက်တွေ့ ကိုင်ဆောင် ကျင့်သုံးခြင်းဖြင့် အထွဋ်မြတ်ထားကြရန်နှင့် မြန်မာအကျဉ်းထောင်များကို မျှော်လင့်ချက်များ ဆိတ်သုဉ်းစေသည့် ရပ်ဝန်းများအဖြစ်မှ မန်ဒဲလားကိုယ်တိုင်ပြောကြားခဲ့သည့် “schools of freedom” များအဖြစ်သို့ အတူတကွ ဝိုင်းဝန်းပြောင်းလဲကြရန် တောင်းဆိုလိုပါကြောင်း၊
(ဘ) မြန်မာနိုင်ငံတွင် စစ်အုပ်စုက လက်ရှိ တိုင်းပြည်ကြုံတွေ့နေရသည့် အကျပ်အတည်း၏ ဇစ်မြစ် ဖြစ်ကြောင်း၊
(မ) စစ်အုပ်စုအနေဖြင့် ပြည်တွင်းတရားဥပဒေစိုးမိုးမှုကို ချိုးဖောက်သည့်အပြင် အရပ်သားပြည်သူ များအပေါ် စစ်မက်ကျူးလွန်နေခြင်းကြောင့် အကျဉ်းကျနေသူများသာမက နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နေရပ်စွန့်ခွာမှုပြဿနာနှင့် လူသားစာနာအကျပ်အတည်း ဒုက္ခ တို့ကို ရင်ဆိုင်နေရကြောင်း၊
(ယ) တစ်ပြိုင်တည်းမှာပင် စစ်အုပ်စုက ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ခံစားနေပြီး နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိကြောင်း၊ စစ်အုပ်စုသည် စစ်ရာဇဝတ်နှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၏ တစ်ဦးတည်းသော တရားခံများပင်ဖြစ်ကြောင်း၊
(ရ) ၎င်းတို့အား မဖြစ်မနေ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရမည်ဖြစ်ကြောင်း၊
(လ) ထို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ မတရား စစ်အာဏာသိမ်းမှုတို့ ချုပ်ငြိမ်းရေးအတွက် အားထုတ်နေသည့် မိမိတို့၏ ကြိုးပမ်းမှုများကို ကူညီ အားဖြည့်ပေးကြရန် တိုက်တွန်းတောင်းဆိုလိုပါကြောင်း၊
(ဝ) မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်နိုင်မှသာလျှင် Mandela Rule များကို လေးလေးနက်နက် ကျင့်သုံးနိုင်မည်ဖြစ်ပြီး အကျဉ်းကျနေသူများနှင့် မြန်မာ ပြည်သူ တစ်ရပ်လုံးအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၃ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the High-level debate of the General Assembly on “A second chance: addressing the global prison challenge”
(New York, 13 June 2025)
Mr. President,
I wish to thank you for convening this meeting.
Nelson Mandela once said: “No one truly knows a nation until one has been inside its jails.”
To know Myanmar today is to confront a nation where prisons are not tools of justice—but instruments of oppression.
Under successive military regimes, arbitrary detention and torture have long disfigured the rule of law. But since the unlawful military coup attempt in February 2021, this repression has reached horrifying new heights.
Therefore, the 10th anniversary of the Mandela Rules must not be a moment of ceremony—but one of conscience. We are called to act in defence of the people these rules were meant to protect.
Mr. President,
In Myanmar, more than 29,000 people, from students, doctors, journalists, elected lawmakers to children, have been arrested on political grounds. But in most cases, people are arbitrarily arrested, and many for extortion purposes.
Out of those arrested, over 22,000 people remain detained and sentenced in prisons. But these detainees had never received fair trials.
Notably in 2022, four political prisoners—Phyo Zeya Thaw, Kyaw Min Yu (known as Ko Jimmy), Hla Myo Aung, and Aung Thura Zaw—were executed after closed-door trials.
Two years following in 2024, the junta hanged Kaung Htet and Chan Myae Thu—a young woman, and the first known female political prisoner executed.
These are not isolated atrocities. They are deliberate acts of terror, designed to suppress opposition from the people, extinguish hope and silence dissent.
Mr. President,
Rule One of Mandela is clear and signifies “Dignity”. It stated that “All prisoners shall be treated with the respect due to their inherent dignity and value as human beings.”
Myanmar’s military junta is in open defiance of this standard.
The Assistance Association for Political Prisoners (AAPP) Burma has documented numerous forms of atrocities committed by the military junta and their mistreatment to prisoners. These include torture using electric shocks, beatings, waterboarding, sexual violence against both men and women and withholding of medical care as a form of coercion.
On some occasions, the junta has been practicing release of political prisoners as a weapon. Former detainees are tracked, denied jobs and education, often rearrested within days. One survivor described release as “a new version of imprisonment”— life under surveillance, with no freedom and no future.
This, too, is a form of torture.
Again, Rule 58 of Mandela affirms that prisoners must be allowed contact with their families and the world beyond prison walls, which is certainly not the case in Myanmar where that right is almost entirely denied.
Phone calls and letters are rare, heavily censored, and arbitrarily cut off. Visits are cancelled without notice. Even lawyers are frequently barred from access.
This cruelty is strategic.
Even Myanmar’s most high-profile detainees—President U Win Myint and State Counsellor Daw Aung San Suu Kyi—have been held incommunicado for years. They have been stripped of legal counsel, denied contact with loved ones, and cut off from the very people who elected them.
Taking this opportunity, I wish to inform you that our leader Daw Aung San Suu Kyi will turn 80th year-old next week. Many people of Myanmar are now organizing various activities to celebrate her 80th Birthday and pray her for good health and immediate release.
Mr. President,
One former prisoner said: “It wasn’t the beatings that broke me - it was knowing my mother thought I was dead.”
Here, the concept of the heinous military junta is obvious. They mean to isolate a prisoner by erasing them and isolate elected leaders to erase democracy itself.
Detention in Myanmar is not about law enforcement—it is about domination.
Military courts operate in secret, issuing death sentences in minutes. At least 163 pro-democracy supporters were sentenced to death in 2023 alone.
New prison wings are being built—not to uphold justice, but to detain it.
Mr. President,
The Mandela Rules are not aspirational. They are a baseline; a moral and legal minimum for all prisoners, everywhere.
When one state defies those rules so blatantly—and the world stays silent—the credibility of international human rights is what’s truly on trial.
This is not only about Myanmar. It is about what we are willing to tolerate.
Therefore, I wish to underscore the following points: -
1. Demand unrestricted access for the UN and the ICRC to all detention facilities in Myanmar. These actors must be able to comprehend the actual situations that prisoners are facing. For whatever reasons detainees been arrested, they shall have the right to enjoy fair trial and justice before law. Contacts must also be allowed where families know conditions of their loved ones. All these measures are prerequisite.
2. Insist on the immediate release of all political prisoners—and an end to the practice of release-and-rearrest. The military junta clearly lacks legitimacy for such detention in the first place. Moreover, the latter practice is dubious which involves political manipulation and largely relates to extortion.
3. Apply coordinated pressure on the military junta through targeted sanctions, a global arms embargo, and support for evidence-gathering.
4. Invest in survivor recovery: psychological care, medical support, and reintegration for those returning from the prison system.
To conclude, Mr. President, Mandela emerged from 27 years in prison not broken—but ready to lead his country to a better future.
So too might many of Myanmar’s prisoners - if we defend their rights now and unlock the doors to justice.
Let us honour the Mandela Rules not just with remembrance, but with resolve.
Let Myanmar’s prisons no longer destroy hope - but, in Mandela’s own words, become “schools of freedom.”
The military junta in Myanmar is the root cause of the current crisis in our country.
Not only those in prisons, but also the entire population have been suffering through displacement and humanitarian settings due to the military junta’s flagrant disregard of the rule of law and hostilities against the civilians.
Meanwhile, this junta has been enjoying impunity and blatantly violating the international law, international humanitarian law and international human rights law. It is the sole perpetrator for crimes that are amounting to war crimes and crimes against humanity.
They must be held accountable.
In this regard, I would like to urge the international community to help us in our effort to ending the military dictatorship and it unlawful military coup.
Only by establishing a federal democratic union, can Myanmar observe the Mandela Rules earnestly and bring justice both to the prisoners and people across the country.
I thank you.
*****









