Statement by Ambassador Kyaw Moe Tun at the General Discussion under Agenda Item 17 of the Second Committee of the 80th Session of the UN General Assembly
- Myanmar Mission To UN

- Oct 10
- 4 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Discussion of the Second Committee under Agenda Item 17: Follow-up to and Implementation of the Outcomes of the International Conferences on Financing for Development at the Eightieth Session of the UN General Assembly, held on 9 October 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ (ဒုတိယကော်မတီ) ၏ ဆွေးနွေးမှု အစီအစဉ်အမှတ် ၁၇၊ “ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေထောက်ပံ့မှုဆိုင်ရာ နိုင်ငံတကာညီလာခံများ၏ ရလဒ်များကို ဆက်လက်ဆောင်ရွက်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း”ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့်အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ယိုယွင်းလာသော စီးပွားရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာမှုနှင့် နေရပ်စွန့်ခွာရမှုများကြောင့် မြန်မာပြည်သူများသည် ဘဝဖွံ့ဖြိုးတိုးတက်မှုထက် နေ့စဉ်အသက်ရှင်သန်မှု အပေါ်သာ အာရုံစိုက်နေကြရ၊
အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုသည် ပုဂ္ဂလိကကဏ္ဍတွင် အလုပ်လုပ် နေသူများအပါအဝင် လူငယ်များစွာကို ပုန်းရှောင်စေရန်နှင့် နိုင်ငံမှ ထွက်ပြေးစေရန် တွန်းပို့ခဲ့၊
အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု ပြိုလဲခြင်းနှင့် အကျင့်ပျက်ခြစားမှုများ ဆိုးရွားစွာဖြစ်ပွားခြင်း တို့သည် အွန်လိုင်းငွေလိမ်လည် မှုများ၊ လူကုန် ကူးမှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများ အပါအဝင် တရားမဝင် စီးပွားရေးနှင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ပြန့်ပွားခြင်းကို ပိုမိုဆိုးရွားစေ၊
အကြမ်းဖက်စစ်အုပ်စုက စီစဉ်နေသော အတုအယောင်၊ အလိမ်အညာရွေးကောက်ပွဲသည် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများကိုသာ ပိုမိုဖြစ်ပေါ်စေမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှု စီမံကိန်းများရှိသော အဖွဲ့ဝင်နိုင်ငံများ အပါအဝင် စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဏ္ဍာငွေဆိုင်ရာ မိတ်ဖက်များအတွက် ခိုင်မာမှု မရှိ သောအခြေအနေတစ်ခုကို ဖြစ်ပေါ်စေမည်ဖြစ်၊
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်ပြီး၊ အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို ပယ်ချရန်၊ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန်နှင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ရန် ပြည်သူတို့၏ သန္နိဋ္ဌာန်ကို ထောက်ခံအားပေးကြရန် တိုက်တွန်းပါကြောင်း
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်)
၁။ အကြိမ်(၈၀)မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ (ဒုတိယကော်မတီ)၏ ဆွေးနွေးမှုအစီအစဉ်အမှတ် ၁၇၊ “ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေထောက်ပံ့မှုဆိုင်ရာ နိုင်ငံတကာညီလာခံများ၏ရလဒ်များကို ဆက်လက်ဆောင်ရွက်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် အထွေထွေဆွေးနွေးမှုအစီအစဉ် (General Discussion) ကို ၉-၁၀-၂၀၂၅ ရက် (ကြာသပတေးနေ့) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါ အထွေထွေဆွေးနွေးမှုအစီအစဉ်သို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းတွင်အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-
(က) ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဘဏ္ဍာငွေကွာဟချက်သည် နှစ်စဉ် ဒေါ်လာ ၄ ထရီလီယံအထိ ရှိလာခဲ့ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ၏ တိုးတက်မှုသည်လည်း လမ်းကြောင်းမှန်ပေါ် မှ များစွာသွေဖည်နေဆဲဖြစ်ကြောင်း၊
(ခ) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာငွေထောက်ပံ့မှုဆိုင်ရာ စတုတ္ထအကြိမ်မြောက် နိုင်ငံတကာ ညီလာခံ (FFD4) တွင် ချမှတ်ခဲ့သော Sevilla ကတိကဝတ်သည် ဤဘဏ္ဍာငွေ ကွာဟချက်ကို လျော့ပါးစေရေးနှင့် ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို စတင်ရန် ရည်ရွယ်ကြောင်း၊
(ဂ) အသစ်ပြန်လည်ချမှတ်ထားသည့် ကတိကဝတ်များကို 2030 Agenda အချိန်မီ အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်း၏ ထိရောက်သော လုပ်ဆောင်ချက်များဖြင့် ဆက်လက်ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊
(ဃ) ၂၀၁၇ ခုနှစ်၊ ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံသည် UNDP ၏ ပံ့ပိုးမှုဖြင့် ၎င်း၏ ပထမဆုံးဖွံ့ဖြိုးတိုးတက်ရေး ဘဏ္ဍာငွေဆိုင်ရာ သုံးသပ်အကဲဖြတ်မှုကို အပြီးသတ် ပြုလုပ်ခဲ့ပြီး၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများမှ ပြည်တွင်းနှင့် နိုင်ငံတကာဘဏ္ဍာငွေများ စုစည်း ရရှိရန် ကြိုးပမ်းနိုင်ခဲ့ကြောင်း၊ ကံမကောင်းစွာဖြင့် တရားမဝင် စစ်အာဏာသိမ်းမှုသည် ယခင်က ရရှိခဲ့သည့် ဘဏ္ဍာရေးကဏ္ဍ တိုးတက်မှုများနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ၏ အကောင်အထည်ဖော်နိုင်မည့် အလားအလာများကိုပါ ဖျက်ဆီးခဲ့ကြောင်း၊
(င) ယိုယွင်းလာသော စီးပွားရေးအခြေအနေ၊ ငွေကြေးဖောင်းပွမှု၊ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာမှုနှင့် နေရပ်စွန့်ခွာရမှုများကြောင့် မြန်မာပြည်သူများသည် ဘဝဖွံ့ဖြိုးတိုးတက်မှု ထက် နေ့စဉ်အသက်ရှင်သန်မှုအပေါ်သာ အာရုံစိုက်နေကြရကြောင်း၊
(စ) ဘဏ္ဍာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများသည် ရပ်တန့်နေခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းတွင် နောက်ကြောင်းပြန်သွားမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း၊ နောက်ဆက်တွဲဖြစ်ပေါ်လာသည့် ပြည်တွင်းဘဏ်လုပ်ငန်းအကျပ်အတည်းကြောင့် အသေးစားငွေကြေးလုပ်ငန်း အဖွဲ့အစည်းများ ထိခိုက်ခဲ့ရပြီး၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSMEs) များစွာ အပါအဝင် သုံးစွဲသူ ၅ သန်းကို ထိခိုက်စေခဲ့ကြောင်း၊
(ဆ) ထို့အပြင် အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မစစ်သားစုဆောင်းမှုသည် ပုဂ္ဂလိကကဏ္ဍတွင် အလုပ် လုပ်နေသူများအပါအဝင် လူငယ်များစွာကို ပုန်းရှောင်စေရန်နှင့် နိုင်ငံမှထွက်ပြေးစေရန် တွန်းပို့ခဲ့ သဖြင့် ပြည်တွင်းလုပ်သားအင်အားနှင့် အလုပ်သမားဈေးကွက်ကို ဆိုးရွားစွာထိခိုက်စေကြောင်း၊ တစ်ချိန်တည်းမှာပင် အာဏာသိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှုပြိုလဲခြင်းနှင့် အကျင့်ပျက် ခြစားမှုများ ဆိုးရွားစွာဖြစ်ပွားခြင်းတို့သည် အွန်လိုင်းငွေလိမ်လည်မှုများ၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများအပါအဝင် တရားမဝင် စီးပွားရေးနှင့် နယ်စပ် ဖြတ်ကျော်ရာဇဝတ်မှုများ ပြန့်ပွားခြင်းကို ပိုမိုဆိုးရွားစေကြောင်း၊
(ဇ) UNODC ၏အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်တွင်မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးတရားမဝင် ဘိန်းထုတ်လုပ်သူဖြစ်ခဲ့ကြောင်း၊ UNCTAD ၏ အဆိုအရ ဘိန်းနှင့် ဘိန်းမှထုတ်လုပ်သော မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချမှုမှ ဒေါ်လာ ၁,၃၄၇ သန်းအထိရှိသော တရားမဝင် ငွေကြေးစီးဝင်မှုများ ရရှိခဲ့သည်ဟု သိရကြောင်း၊
(ဈ) ပြည်တွင်း၊ ပုဂ္ဂလိကနှင့် နိုင်ငံတကာအရင်းအမြစ်များမှ ရရှိသော ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘဏ္ဍာငွေအားလုံးသည် မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အတွက် အထောက်အကူပြုသော ပတ်ဝန်းကျင်တစ်ခုတွင် ရှိရန် လိုအပ်ကြောင်း၊
(ည) အကြမ်းဖက်စစ်အုပ်စုက စီစဉ်နေသော အတုအယောင်၊ အလိမ်အညာရွေးကောက်ပွဲသည် အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုများကိုသာ ပိုမိုဖြစ်ပေါ်စေမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံမှု စီမံကိန်းများရှိသော အဖွဲ့ဝင်နိုင်ငံများအပါအဝင် စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘဏ္ဍာငွေဆိုင်ရာ မိတ်ဖက်များအတွက် မသင့်လျော်သောအခြေအနေတစ်ခုကို ဖြစ်ပေါ်စေမည် ဖြစ်ကြောင်း၊
(ဋ) နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူလူထုနှင့်အတူ ရပ်တည်ပြီး၊ အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင်၊ အလိမ်အညာရွေးကောက်ပွဲကို ပယ်ချရန်၊ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန်နှင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ရန် ပြည်သူတို့၏ သန္နိဋ္ဌာန်ကို ထောက်ခံ အားပေးကြရန် တိုက်တွန်းပါကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to the United Nations,
at the General Discussion of the Second Committee under Agenda Item 17: Follow-up to and Implementation of the Outcomes of the International Conferences on Financing for Development
at the Eightieth Session of the UN General Assembly
(New York, 9 October 2025)
Mr. Chair,
Myanmar aligns itself with the statements of ASEAN, the LDC and the G77 and China respectively.
I thank the SG for his comprehensive reports under this agenda item.
Mr. Chair,
The financing gap in developing countries has reached $4 trillion annually and our SDG progress remains largely off track.
The Sevilla Commitment, adopted at theFourth International Conference on Financing for Development (FFD4), aims to close this financing gap and launch an ambitious package of reforms.
Our renewed pledges must be followed up with effective actions from the international community for the timely implementation of the 2030 Agenda.
Mr. Chair,
Under the elected civilian government, Myanmar finalized its first development finance assessment with support from UNDP in 2017 and undertook efforts to mobilize domestic and international finance from public and private sectors.
Unfortunately, the illegal military coup has dismantled our previous financing progress and prospects of realizing the SDGs.
Economic deteriorations, inflation, rising food costs and displacement have forced the population to focus more on survival over investment and growth.
Financial sector reforms have stagnated and are in danger of being reversed after the coup. Microfinance institutions were impacted by the subsequent domestic banking crisis, affecting 5 million customers, including many MSMEs.
In addition, the unlawful forced conscription by the military junta has pushed many youth, including those working in private sector, in hiding and fleeing the country, and thus negatively impacting the domestic workforce and labour market.
At the same time, the collapse of rule of law and rampant corruption, after the coup, have exacerbated the proliferation of underground illicit economy and transnational organized crimes, including online scam, human and drug trafficking.
UNODC reported that Myanmar was the world’s leading producer of illicitly sourced opium in 2024. According to UNCTAD, up to $1,347 million in inward illicit financial flows have been generated from the potential exports of opiates.
Mr. Chair,
Financing for development from domestic, private and international resources all requires a conducive environment to sustainable peace and stability in Myanmar.
The planned sham election by the military junta will only create more violence and instability and an unfavorable condition for our business, development and financing partners, including those Member States with investment projects in Myanmar.
Therefore, I urge the international community to support the people of Myanmar and their determination to reject the scam election, end the military dictatorship and build a federal democratic union for peace, stability and sustainable development.
I thank you.
*****











