top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the General Debate on “The scope and application of the principle of universal jurisdiction” of the Sixth Committee at the 80th Session of the UNGA

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • 1 day ago
  • 6 min read
ree
ree
ree

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate on Agenda Item 85: “The scope and application of the principle of universal jurisdiction” of the Sixth Committee at the 80th Session of the UN General Assembly, held on 22 October 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


အကြိမ် (၈၀) မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) ၏ အစီအစဉ်အမှတ် ၈၅ "ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သဘောတရား၏ အကျုံးဝင်သည့်နယ်ပယ်နှင့် ကျင့်သုံးမှု" နှင့်စပ်လျဉ်းသည့် အထွေထွေဆွေးနွေးမှု၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အား အဓိပ္ပာယ်ဖွင့်ဆိုမှုများသည် နိုင်ငံများအကြား ကွဲပြားနိုင်သော်လည်း မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ၎င်းကို တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ကောင်းမွန်စွာအသုံးချမည်ဆိုပါက အပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုများကို တွန်းလှန်ရန် ကြိုးပမ်းမှုကို အထောက်အကူပြုပြီး အပြည်ပြည်ဆိုင်ရာ တရားမျှတမှုစနစ်ကို ပိုမိုခိုင်မာ အားကောင်းစေသည်ဟု ယုံကြည်၊


လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေသည် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သဘောတရား၏

အရေးပါမှုနှင့် လိုအပ်ချက်ကို ရှင်းလင်းစွာ သက်သေပြနေ၊


မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား၏ အစီရင်ခံစာအရ အကြမ်းဖက် မြန်မာစစ်တပ် သည် နိုင်ငံတစ်ဝန်းတွင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို မကြာခဏ ဆိုသလို ပိုမိုရက်စက်စွာ ဆက်လက်ကျူးလွန်လျက်ရှိ၊


ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၏အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ပြည်သူလူထုက တရားစီရင်ရေးစနစ်အပေါ် ယုံကြည်မှုပြိုလဲသွားပြီး၊ မြန်မာပြည်သူအများစုအတွက် ရဲတပ်ဖွဲ့နှင့် တရားရုံးများသည်ဘေးကင်းလုံခြုံရေးနှင့်တရားမျှတမှု ဖော်ဆောင်ပေးနိုင်သည့်နေရာများ မဟုတ်ဟု ရှု့မြင်နေကြ၊


မြန်မာနိုင်ငံ၏ ပြည်တွင်းတရားစီရင်ရေး ယန္တရားများအနေဖြင့် တရားမျှတမှု ဖော်ဆောင်ပေးရန် ဆန္ဒမရှိခြင်း သို့မဟုတ် စွမ်းဆောင်နိုင်စွမ်း မရှိသည့် ယခုကဲ့သို့သော အခြေအနေမျိုးတွင် နိုင်ငံတကာ အသိုက်အဝန်းသည် လည်းမြန်မာပြည်သူများ၏အသက်များနှင့် အနာဂတ်များကို ကယ်တင်ရန် ဆောင်ရွက်ရမည့်တာဝန်ရှိ၊


၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး၊  ပဇီကြီးကျေးရွာ၌ ဖြစ်ပွားခဲ့ပြီး အမျိုးသမီးများနှင့် ကလေးများအပါအဝင် အရပ်သား ၁၅၅ ဦးကျော် သေဆုံးစေခဲ့သော ပဇီကြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပါအဝင် အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သော အခြားသော ရာဇဝတ်မှုများနှင့်စပ်လျဉ်းသည့် သက်သေအထောက်အထားများကို

အမျိုးသားညီညွတ်ရေးအစိုးရသည် မကြာသေးမီက တူရကီနိုင်ငံရှိ တရားရုံးသို့ တင်သွင်းခဲ့၊


တရားမျှတမှု၊ အမှန်တရားနှင့် ပြန်လည်ကုစားမှုတို့သည်သာ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် မရှိမဖြစ်လိုအပ်သော အုတ်မြစ်များဖြစ်ကြောင်း

ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်)


၁။ အကြိမ် (၈၀) မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) ၏ အစီအစဉ်အမှတ် (၈၅) "ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် သဘောတရား၏ အကျုံးဝင်သည့်နယ်ပယ်နှင့် ကျင့်သုံးမှု" ခေါင်းစဉ်အောက်မှ အထွေထွေဆွေးနွေးမှုကို ၂၁-၁၀-၂၀၂၅ ရက်နေ့မှ ၂၂-၁၀-၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၅၀) ကျော်မှ ကိုယ်စားလှယ်များနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့၏ ကိုယ်စားလှယ်တို့က မိန့်ခွန်းများ ပါဝင်ပြောကြားခဲ့ကြပါသည်။


၂။ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက၂၂-၁၀-၂၀၂၅ ရက်(ဗုဒ္ဓဟူးနေ့)၊ နံနက်ပိုင်းတွင် မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-


(က) ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သဘောတရားသည် ပြည်တွင်းတရားစီရင်ရေးယန္တရားက ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စွမ်း ကင်းမဲ့နေသည့်အခြေအနေ သို့မဟုတ် တရားမျှတမှု ဖော်ဆောင်ပေးနိုင်စွမ်း မရှိသည့် အခြေအနေမျိုးများတွင် ရက်စက်ကြမ်းကြုတ်သော ပြစ်မှုကြီးများအတွက် တာဝန်ခံမှုရှိစေရေးကို အားပေးမြှင့်တင်ရာ၌ အရေးပါသော နည်းလမ်းတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပါကြောင်း၊


(ခ) ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သည် တရားစီရင်ရေးအာဏာကို နိုင်ငံ နယ်နိမိတ် များကို ကျော်လွန်၍ ကျင့်သုံးနိုင်သည်ဟူသော အယူအဆကို ဖော်ကျူးထားပြီး တရားမျှတမှုကို အကာအကွယ်ပေးရန်နှင့် အပြစ်ဒဏ်ကင်းလွတ်ခွင့်များ မဖြစ်ပေါ်စေရန် နိုင်ငံတကာအသိုက် အဝန်း၏ စုပေါင်းတာဝန်ရှိမှုကို ထင်ဟပ်စေပါကြောင်း၊  နိုင်ငံတကာဥပဒေနှင့်အညီ သဘောရိုးဖြင့် မှန်ကန်စွာကျင့်သုံးပါက ဤသဘောတရားသည် ကမ္ဘာ့တရားဥပဒေစိုးမိုးရေးကို အားဖြည့်ပေး၍  နိုင်ငံတကာအသိုက်အဝန်း တစ်ခုလုံးက စိုးရိမ်ပူပန်နေရသည့် အလွန်ဆိုးရွားသည့် ပြစ်မှုကြီးများကို တရားစွဲဆိုအရေးယူရာတွင် နိုင်ငံများအကြားပူးပေါင်းဆောင်ရွက်ရေးကို ဆောင်ရွက်နိုင်ပါကြောင်း၊


(ဂ) ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် သဘောတရားသည် အချို့သော ရာဇဝတ်မှုများမှာ ဆိုးရွား ပြင်းထန်လွန်းသည့်အတွက် လူသားမျိုးနွယ်တစ်ရပ်လုံးကို ထိခိုက်စေသည်ဟူသော သဘော တရားအပေါ် အခြေခံပါကြောင်း၊ အဆိုပါ သဘောတရားသည့် အချို့သော ရာဇဝတ်မှုများမှာ အလွန်ဆိုးရွားပြီး နိုင်ငံအားလုံး နှစ်ပေါင်းများစွာ မျှဝေလက်ခံကျင့်သုံးနေသော အခြေခံမူများကို ချိုးဖောက်သည်ဟူသော သဘောတရား၏ တိုးတက်လာမှုဖြစ်ပါကြောင်း၊ ထိုသို့သော အလွန် ဆိုးရွားသည့် ရာဇဝတ်မှုများတွင် လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးစုလိုက် ရှင်းလင်းမှု၊ စစ်ရာဇဝတ် မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ပါဝင်ပါကြောင်း၊


(ဃ) ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အား အဓိပ္ပာယ်ဖွင့်ဆိုမှုများသည် နိုင်ငံများအကြား ကွဲပြား နိုင်သော်လည်း မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ၎င်းကို တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ကောင်းမွန်စွာ အသုံးချမည်ဆိုပါက အပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေမှုများကို တွန်းလှန်ရန် ကြိုးပမ်းမှုကို အထောက်အကူပြုပြီး အပြည်ပြည်ဆိုင်ရာ တရားမျှတမှုစနစ်ကို ပိုမိုခိုင်မာ အားကောင်းစေသည်ဟု ယုံကြည်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့်အညီ သမမျှတစွာ ကျင့်သုံးသည့်အခါ ဤသဘောတရားသည် နိုင်ငံအဆင့် ကြိုးပမ်းအားထုတ်မှုများကို ဖြည့်စွက်၍ အလွန်ဆိုးရွားသော ပြစ်မှုကြီးများအား ရင်ဆိုင်ဖြေရှင်းရန် ကောင်းမွန်သော စုပေါင်း ဆောင်ရွက်ချက်များအပေါ် အားဖြည့်ပေးနိုင်ပါကြောင်း၊


(င) ဤသဘောတရားသည် ထိုကဲ့သို့ဆိုးရွားသော ရာဇဝတ်မှုများကို အချုပ်အခြာအာဏာ ထိခိုက်မှု မရှိစေဘဲ အပြစ်ဒဏ် ကင်းလွတ်ခွင့်မရရှိစေရန် ဆောင်ရွက်သည့် နိုင်ငံများ၏ အပြန်အလှန် တာဝန်ဝတ္တရားကို ထင်ဟပ်စေပါကြောင်း၊  ၎င်းသည် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ အနှစ်သာရဖြစ်သော တရားမျှတမှု၊ တာဝန်ခံမှု၊ တရားဥပဒေစိုးမိုးမှုနှင့် အခြားသော စံတန်ဖိုးများအပေါ် စုပေါင်းကတိကဝတ်ပြုမှုကို ပိုမိုခိုင်မာအားကောင်းစေပါကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၏အခြေအနေသည် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သဘောတရား၏ အရေးပါမှုနှင့် လိုအပ်ချက်ကို ရှင်းလင်းစွာ သက်သေပြနေပါကြောင်း၊


(စ) မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ၏ ၂၀၂၅ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ (A/HRC/60/18) အရ အကြမ်းဖက်မြန်မာစစ်တပ်သည် နိုင်ငံတစ်ဝန်း တွင် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများကို မကြာခဏ ဆိုသလို ပိုမိုရက်စက်စွာ ဆက်လက်ကျူးလွန်လျက်ရှိကြောင်း၊  အဆိုပါ အစီရင်ခံစာ၌ အရပ် သားများအပေါ် ခွဲခြားမှုမရှိ လေကြောင်း၊  လက်နက်ကြီးဖြင့် တိုက်ခိုက်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများ၊ ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများ အပါအဝင် အရပ်သားပိုင်အဆောက်အဦများကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးမှုများကို အသေးစိတ်ဖော်ပြထားပါကြောင်း၊ ထို့အပြင် အဆိုပါလုပ်ရပ်များသည် အရပ်သားပြည်သူများအပေါ် ကျယ်ကျယ် ပြန့်ပြန့်နှင့် စနစ်တကျတိုက်ခိုက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး အဆိုပါရာဇဝတ်မှုများကို အပြစ်ပေးအရေးယူခံရခြင်းအလျဉ်းမရှိဘဲ ကျူးလွန်လျက်ရှိကြောင်း မီးမောင်းထိုးပြထားပါကြောင်း၊


(ဆ) IIMM ၏တွေ့ရှိချက်များအရ အဆိုပါလုပ်ရပ်များအနေဖြင့် နိုင်ငံတကာ ဓလေ့ထုံးတမ်းဥပဒေ အရ ကြီးလေးသော အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုများ ဖြစ်ကြောင်းနှင့် ထိုရာဇဝတ်မှုများသည် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်သဘောတရားအရ တရားစွဲဆိုခြင်းခံရနိုင်ကြောင်း ရှင်းလင်းစွာ သက်သေပြလျက်ရှိပါကြောင်း၊ မကြာသေးမီက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ပြည်သူလူထုက တရားစီရင်ရေးစနစ် အပေါ် ယုံကြည်မှု ပြိုလဲသွားပြီး၊ ရာဇဝတ်မှုကျုးလွန်ခံခဲ့ရသည့် လူငယ်များ၏ ၈၀ ရာခိုင်နှုန်းကျော်သည် တရားစီရင်ရေးစနစ်အပေါ် ယုံကြည်မှုကင်းမဲ့ခြင်းကြောင့်  ၎င်းတို့၏ မိသားစုများကို အသိပေးခြင်းမှအပ မည်သည့်အခါမျှ တိုင်ကြားခြင်း မပြုတော့ကြောင်းကို ဖော်ပြထားပါကြောင်း၊  မြန်မာပြည်သူအများစုအတွက် ရဲတပ်ဖွဲ့နှင့် တရားရုံးများသည် ဘေးကင်းလုံခြုံရေးနှင့် တရားမျှတမှု ဖော်ဆောင်ပေးနိုင်သည့်နေရာများမဟုတ်ဟု ရှု့မြင်ကြကြောင်း၊


(ဇ) ပြည်သူလူထု၏ ယုံကြည်မှု ပျက်ပြားခြင်းသည် တရားဥပဒေစိုးမိုးမှု လုံးဝပျက်စီးခြင်းကို ထင်ဟပ်စေပြီး ဆက်လက်ဖြစ်ပွားနေသော ရက်စက်ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်ရာတွင် ပြစ်မှုကျူးလွန်ခံရသူများကို အထီးကျန်ဖြစ်စေကာ ၎င်းတို့ကို နှုတ်ဆိတ်စေခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းတရားစီရင်ရေး ယန္တရားများအနေဖြင့် တရားမျှတမှု ဖော်ဆောင်ပေးရန် ဆန္ဒမရှိခြင်း သို့မဟုတ် စွမ်းဆောင်နိုင်စွမ်း မရှိသည့် ယခုကဲ့သို့သော အခြေအနေမျိုးတွင် နိုင်ငံတကာ အသိုက်အဝန်းသည်လည်း မြန်မာပြည်သူများ၏ အသက်များနှင့် ၎င်းတို့၏ အနာဂတ်များကို ကယ်တင်ရန် ဆောင်ရွက်ရမည့် တာဝန်ရှိပါကြောင်း၊


(ဈ) ၂၀၂၃ ခုနှစ်၊ ဧပြီလအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး၊  ပဇီကြီးကျေးရွာ၌ ဖြစ်ပွားခဲ့ပြီး အမျိုးသမီးများနှင့် ကလေးများအပါအဝင် အရပ်သား ၁၅၅ ဦးကျော် သေဆုံးစေခဲ့သော ပဇီကြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအပါအဝင် အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သော အခြားသော ရာဇဝတ်မှုများနှင့်စပ်လျဉ်းသည့် သက်သေအထောက်အထားများကို အမျိုးသား ညီညွတ်ရေးအစိုးရသည် မကြာသေးမီက တူရကီနိုင်ငံရှိ တရားရုံးသို့ တင်သွင်းခဲ့ပါကြောင်း၊ ဤဆောင်ရွက်ချက်သည် ပြစ်မှုကျူးလွန် ခံရသူများ တရားမျှတမှု ပြန်လည်ရရှိစေရေးနှင့် စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကတိကဝတ်နှင့် မြန်မာပြည်သူများအတွက် တရားမျှတမှုနှင့် တရားဥပဒေစိုးမိုးရေးကို ပြန်လည်ထူထောင်ရန် ခိုင်မာသောဆုံးဖြတ်ချက်ကို ထင်ဟပ်စေပါကြောင်း၊


(ည) တရားမျှတမှု၊ အမှန်တရားနှင့် ပြန်လည်ကုစားမှုတို့သည်သာ စစ်မှန်သော ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် မရှိမဖြစ်လိုအပ်သော အုတ်မြစ်များ ဖြစ်ပါကြောင်း၊  ရာဇဝတ်မှုများကို လျစ်လျူရှု၍ အပြစ်ဒဏ် မပေးဘဲ မျက်ကွယ်ပြုခဲ့မည်ဆိုပါက ကျူးလွန်သူ များသည် နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုများကို ပိုမို လက်ရဲဇာတ်ရဲ ကျူးလွန်လာကြမည် ဖြစ်ပါကြောင်း၊ အပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရရှိနေသည့် ယဉ်ကျေးမှုကို အဆုံးသတ်ရမည်ဖြစ်ပြီး၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်မှုကျူးလွန်သူများကို ယုံကြည် စိတ်ချရသော နိုင်ငံတကာတရားစီရင်ရေးယန္တရားများမှတစ်ဆင့် တာဝန်ခံစေရမည် ဖြစ်ပါကြောင်း၊ အကြမ်းဖက်စစ်အုပ်စုက စီစဉ်ထားသော အတုအယောင်ရွေးကောက်ပွဲသည် အကြမ်းဖက် စစ်တပ်အား အပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ရရှိစေကာ ပြည်သူများအပေါ် ပိုမို ဆိုးရွားသော ရာဇဝတ်မှုများ ကျူးလွန်ရန် အာမခံချက်ပေးသကဲ့သို့ ဖြစ်စေမည် ဖြစ်ကြောင်း၊


(ဋ) ထို့ကြောင့် မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးအား အကြမ်းဖက်စစ်အုပ်စုက စီစဉ်ထားသော အလိမ်အညာရွေးကောက်ပွဲကို ပယ်ချရန်နှင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး တရားမျှတသော အနာဂတ်ကို ရရှိစေရေးအတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများနှင့်အတူ ခိုင်မာစွာ ရပ်တည်ပေးကြပါရန် တိုက်တွန်းပါကြောင်း၊ တာဝန်ခံမှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ပြန်လည်ထူထောင်ခြင်းသာလျှင် မြန်မာနိုင်ငံတွင် ခိုင်မာသော ငြိမ်းချမ်းရေးနှင့် လူ့ဂုဏ်သိက္ခာကို ရရှိနိုင်မည်ဖြစ်ပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against the delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate on Agenda Item 85: “The scope and application of the principle of universal jurisdiction” of the Sixth Committe at the 80th Session of the UN General Assembly


(New York, 22 October 2025)

Mr. Chair,

My delegation wishes to commend the work of the Sixth Committee for continuing discussions on the scope and application of the principle of universal jurisdiction, which have generated both convergent and divergent views.

This principle continues to serve as an important means to advance accountability for heinous crimes, particularly in situations where effective domestic mechanisms are absent or unable to deliver justice.

In this context, Universal jurisdiction embodies the conceptual idea that jurisdiction can extend beyond borders, reflecting the shared responsibility of the international community to uphold justice and prevent impunity. When applied in good faith and consistent with international law, this principle reinforces the global rule of law and embodies the spirit of cooperation among States to prosecute the most serious crimes of concern to the international community as a whole.


Mr. Chair,

The principle of universal jurisdiction is grounded in the understanding that certain crimes are so grave that they offend the conscience of all humanity. It has evolved from the longstanding recognition that certain acts are so serious that they violate the fundamental principles shared by all nations.

These acts include genocide, ethnic cleansing, war crimes, and crimes against humanity.

While interpretations of universal jurisdiction may vary among States, my delegation believes that its responsible application contributes to the broader fight against impunity and strengthens international justice. When applied in good faith and in conformity with international law, this principle complements national efforts and reinforces the collective resolve to the most serious crimes.

Rather than undermining sovereignty, this principle reflects the shared responsibility of States to ensure that such crimes do not go unpunished. It reinforces the collective commitment to justice, accountability, rule of law, and values that lie at the heart of the United Nations Charter.


Mr. Chair,

In this context, the situation in Myanmar clearly demonstrates the continuing relevance and necessity of this principle.

According to the 2025 Annual Report of the Independent Investigative Mechanism for Myanmar (A/HRC/60/18), the Myanmar military continues to perpetrate war crimes and crimes against humanity with increasing frequency and brutality across the country. The report details indiscriminate aerial and artillery attacks on civilians, massacre, torture, sexual and gender-based violence, and deliberate destruction of civilian property, including schools, hospitals, and religious buildings.

It further highlights that these acts are part of a widespread and systematic attack against the civilian population, carried out with full impunity.

The IIMM’s findings clearly demonstrate that these constitute serious international crimes under customary international law and are therefore subject to prosecution under the principle of universal jurisdiction.

According to a recent report by the United Nations Development Programme (UNDP), trust in the justice system has collapsed in Myanmar, with over 80 percent of young crime victims never reporting incidents beyond their families, citing a lack of trust in authorities as the main reason. Police and courts are no longer seen as guardians of safety and justice.

This collapse of public confidence reflects a complete erosion of the rule of law and leaves victims isolated and voiceless in the face of ongoing atrocities.

In such circumstances, where domestic mechanisms are neither willing nor able to deliver justice, the international community bears a shared responsibility to act for saving lives of the people and their future.

The principle of universal jurisdiction provides a lawful and moral avenue to ensure that those responsible for the most serious international crimes do not escape accountability.


Mr. Chair,

The National Unity Government of Myanmar recently submitted evidence to the Turkish court concerning the Pa Zi Gyi massacre which took place in April 2023 in Pa Zi Gyi Village, Sagaing Region, killing over 155 civilians including women and children, and other atrocities committed by the military junta.

This step reflects the NUG’s unwavering commitment to accountability and its determination to restore justice and the rule of law for the people of Myanmar.

Justice, truth and remedy are indispensable foundations for genuine peace and national reconciliation. If crimes are left ignored and unpunished, perpetrators will only be emboldened to commit further atrocities. The culture of impunity must end, and those responsible for crimes against humanity must be held to account through credible international judicial mechanisms.

In this regard, the military junta’s planned scam election will assure further the military to enjoin added culture of impunity and commit more heinous crimes against the people.

My delegation therefore appeals to the international community and all Member States to reject the junta’s planned sham election and to stand firmly with the people of Myanmar in our efforts to end military dictatorship, build a federal democratic union, and secure a peaceful and just future for our nation and people.

Only through accountability, justice and the restoration of democratic governance can lasting peace and human dignity be achieved in Myanmar.


I thank you.

*****

ree
ree
ree
ree
ree
ree
ree
ree
ree

Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page