Statement by Ambassador Kyaw Moe Tun, at the General Debate on Agenda Item73: “Report of the International Court of Justice”in the Plenary Meeting of the 80th Session of the UN General Assembly
- Myanmar Mission To UN
- 5 days ago
- 6 min read




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate on Agenda Item73: “Report of the International Court of Justice” in the Plenary Meeting of the 80th Session of the UN General Assembly, held on 31 October 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
(၈၀) ကြိမ်မြောက်၊ ကုလသမဂ္ဂ အထွေထွေညီလာခံ၊ မျက်နှာစုံညီအစည်းအဝေးတွင် အစီအစဉ်အမှတ် ၇၃: "အပြည်ပြည်ဆိုင်ရာ တရားရုံး၏ အစီအရင်ခံစာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ
မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံတွင် ရွေးကောက်တင်မြှောက်ခံ အစိုးရကို ဖြုတ်ချ၍ တရားမဝင် အာဏာသိမ်းယူခဲ့ပြီး အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်ကာ အဆိုးရွားဆုံးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအတွက် တာဝန်ရှိနေသည့် အကြမ်းဖက် စစ်အာဏာရှင်အုပ်စုအား အပြည်ပြည်ဆိုင်ရာတရားရုံးက မြန်မာနိုင်ငံအတွက် ကိုယ်စားပြုခွင့် ဆက်လက်ပေးနေခြင်းမှာ အလွန်စိုးရိမ်ဖွယ်ရာ ကိစ္စတစ်ရပ်ဖြစ်၊
မြန်မာပြည်သူများအတွက် အပြည်ပြည်ဆိုင်ရာဥပဒေသည် ဘာသာရပ်ဆိုင်ရာ သီအိုရီအဖြစ် သာတည်ရှိနေသည့် အယူအဆတစ်ရပ်မဟုတ်ဘဲ ထိန်းချုပ်မှုကင်းမဲ့သော ရက်စက်ကြမ်းကြုတ်မှုနှင့် လူ့ဂုဏ်သိက္ခာပျက်ပြားမှုများကို ကာကွယ်ပေးရန် လိုအပ်နေသည့်အကာအကွယ်တစ်ခုဖြစ်၊
မြန်မာစစ်တပ်အတွင်း အမြစ်တွယ်နေသော အပြစ်ပေးအရေးယူခြင်းမှ လွတ်ကင်းနေမှုသည် အကြမ်းဖက်မှုနှင့် ဆင်းရဲဒုက္ခများ၏ သံသရာကို ဆက်လက်ဖြစ်ပေါ်စေပြီး ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုကျူးလွန်သူများ အနေဖြင့် အဆိုပါ ရာဇဝတ်မှုများ၏ အကျိုးဆက်များကို ကြောက်ရွံ့နေစရာမလိုဘဲ ဆက်လက်လုပ်ဆောင်နိုင်စေ၊
ဤပြစ်ဒဏ်မှ ကင်းလွတ်နေ သည့် သံသရာကို ချိုးဖျက်ရန် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ မူဝါဒများကို ခိုင်မာစွာ အသုံးချကာ တရားမျှတမှုကို ထိန်းသိမ်းနိုင်ရန် နိုင်ငံတကာအသိုက်အဝန်း၏ စုပေါင်းပြီး ထိရောက်သော လုပ်ဆောင်မှုများ လိုအပ်လျက်ရှိ၊
အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို မြန်မာပြည်သူများနှင့် အတူ လက်တွဲ၍ ခိုင်မာစွာ ပယ်ချ ရန် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးအား တိုက်တွန်းပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်)
၁။ အကြိမ် (၈၀) မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ မျက်နှာစုံညီ အစည်းအဝေးတွင် အစီအစဉ်အမှတ် (၇၃) "အပြည်ပြည်ဆိုင်ရာ တရားရုံး၏ အစီအရင်ခံစာ" ခေါင်းစဉ်အောက်မှ အထွေထွေဆွေးနွေးမှု ကို ၃၀-၁၀-၂၀၂၅ ရက်နေ့မှ ၃၁-၁၀-၂၀၂၅ ရက်နေ့အထိကျင်းပပြုလုပ်ခဲ့ပြီး၊ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၇၀) ကျော်မှ ကိုယ်စားလှယ်တို့က မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၃၁-၁၀-၂၀၂၅ ရက်နေ့ (သောကြာနေ့)၊ မွန်းလွဲပိုင်းတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားသည့် မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိကပါဝင်ပါသည်-
(က) အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် ကုလသမဂ္ဂ၏ အဓိကတရားစီရင်ရေးဆိုင်ရာ အဖွဲ့အစည်း တစ်ရပ်အနေဖြင့် နိုင်ငံတကာဆက်ဆံရေးတွင် တရားဥပဒေစိုးမိုးမှုကို ထိန်းသိမ်းကာကွယ်ရန်နှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် အပြည်ပြည်ဆိုင်ရာဥပဒေများနှင့်အညီ နိုင်ငံများအကြား အငြင်းပွားမှုများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးအတွက် ပံ့ပိုးကူညီရန် တာဝန်အပ်နှင်းခြင်းခံရသည့် တရားရုံး၏ ဆက်လက်ကြိုးပမ်းအားထုတ်မှုများအတွက် ချီးကျူးပါကြောင်း၊
(ခ) “ရာသီဥတုပြောင်းလဲမှုအတွက် နိုင်ငံများ၏ တာဝန်ဝတ္တရားများ" နှင့်စပ်လျဉ်းသည့် တရားရုံး၏ အကြံပြုဆုံးဖြတ်ချက်သည် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၏ အကျိုးဆက်များမှ လက်ရှိနှင့် အနာဂတ်မျိုးဆက်များကို ကာကွယ်ရန် နိုင်ငံများ၏ဥပဒေအရ တာဝန်ဝတ္တရားများကို ရှင်းလင်းဖော်ပြပေးရာတွင် အထင်ကရမှတ်တိုင်တစ်ခုပင်ဖြစ်ပါကြောင်း၊ တရားရုံးချုပ်၏ အစီရင်ခံစာနှင့်ပတ်သက်၍ ပြီးခဲ့သည့်နှစ်က မိမိတို့ကိုယ်စားလှယ်အဖွဲ့၏ ဆွေးနွေးချက်အတိုင်း မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး၏ အခွင့်အာဏာကို လေးစားကြောင်း ထပ်မံအတည်ပြုကာ၊ တရားရုံး၏ ဥပဒေရေးရာဆောင်ရွက်ချက်များအနေဖြင့် ကုလသမဂ္ဂစနစ်တစ်ခုလုံးတွင် အတည်ပြုလက်ခံထားသည့် တရားဝင်မှုနှင့်ဥပဒေများနှင့်ကိုက်ညီစေရန် အရေးကြီးပါကြောင်းကို အလေးပေးပြောကြားလိုပါကြောင်း၊
(ဂ) အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ လူမျိုးတုံးသတ်ဖြတ်မှုမှ တားဆီးကာကွယ်ရေးနှင့် အပြစ်ပေးရေးဆိုင်ရာသဘောတူစာချုပ်နှင့်စပ်လျဉ်း ပေါ်ပေါက်လာသည့် မြန်မာနိုင်ငံနှင့် ဂမ်ဘီယာနိုင်ငံတို့အကြားရှိ အမှု၏ ဆက်လက်ဖြစ်ပေါ်တိုးတက်မှုများအပေါ် မှတ်သားထားရှိပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားညီညွတ်ရေးအစိုးရသည် အပြည်ပြည်ဆိုင်ရာတရားရုံး၏စီရင်ပိုင်ခွင့်အာဏာကို လက်ခံပြီး အမှုအား ထိထိရောက်ရောက် ဆက်လက်စစ်ဆေးနိုင်စေရန် ကနဦး ကန့်ကွက်မှုအားလုံးကို ရုပ်သိမ်းခဲ့ခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ တရားမျှတမှုနှင့် တာဝန်ခံမှုအပေါ် မိမိတို့၏ကတိကဝတ်ကို အပြည့်အဝ သက်သေပြခဲ့ခြင်းဖြစ်ပါကြောင်း၊ တရားရုံး၏ ဆုံးဖြတ်ချက်နှင့်အညီ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အစီရင်ခံစာများကို တရားရုံးသို့ အချိန်မီ ပုံမှန် တင်သွင်းလျက် ရှိပါကြောင်း၊
(ဃ) တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံတွင် ရွေးကောက်တင်မြှောက်ခံအစိုးရကို ဖြုတ်ချ၍ တရားမဝင် အာဏာသိမ်းယူခဲ့ပြီး အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်ကာ အဆိုးရွားဆုံးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုများအတွက် တာဝန်ရှိနေသည့် အကြမ်းဖက် စစ်အာဏာရှင်အုပ်စုအား အပြည်ပြည်ဆိုင်ရာတရားရုံးက မြန်မာနိုင်ငံအတွက် ကိုယ်စားပြုခွင့် ဆက်လက်ပေးနေခြင်းမှာ အလွန်စိုးရိမ်ဖွယ်ရာ ကိစ္စတစ်ရပ်ဖြစ်ပါကြောင်း၊ အပြည်ပြည်ဆိုင်ရာ တရားရုံး၏ တရားရေးလုပ်ငန်းစဉ်များအနေဖြင့် အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များနှင့် ကိုက်ညီရန်သည် လွန်စွာအရေးကြီးပါကြောင်း၊ ကုလသမဂ္ဂအထွေထွေညီလာခံအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ မြန်မာနိုင်ငံကိုယ်စားပြုရန် ကြိုးပမ်းမှုများကို တစိုက်မတ်မတ် လက်ခံခြင်း မရှိဘဲ၊ ကုလသမဂ္ဂတွင် မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုအခြေအနေကို ယခင်အတိုင်း မပြောင်းမလဲ ဆက်လက်ထိန်းသိမ်းထားရှိပါကြောင်း၊
(င) ထိုသို့သောအခြေအနေတွင် ဥပဒေကြောင်းအရ တရားဝင်မှုမရှိသည့် အကြမ်းဖက်စစ်အုပ်စုက အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ကိုယ်စားပြုခြင်းသည် ကုလသမဂ္ဂ၏ သတ်မှတ်လက်ခံထားသော ရပ်တည်ချက်နှင့် ကိုက်ညီမှု မရှိသည်သာမက ‘ဥပဒေမဲ့လုပ်ရပ်များဖြင့် ဥပဒေဆိုင်ရာ အခွင့်အရေးများ ခံစားခွင့်မရှိ’ ‘ex injuria jus non oritur’ ဆိုသည့် အခြေခံကျသည့် ဥပဒေမူကိုပင် ချိုးဖောက်နေခြင်း ဖြစ်ပါကြောင်း၊
(စ) ထို့ကြောင့် ဆိုးရွားလှသည့်နိုင်ငံတကာရာဇဝတ်မှုကြီးများကျူးလွန်သူများက တရားဝင်မှုရှိသည်ဟု မှားယွင်းစွာ ရှုမြင်စေရန် သို့မဟုတ် ရိုဟင်ဂျာများအပါအဝင် မြန်မာပြည်သူများအတွက် တရားမျှတမှုရှာဖွေမှုကို ဟန့်တားရန် အပြည်ပြည်ဆိုင်ရာတရားရုံး၏ တရားစွဲဆိုမှုများကို အလွဲသုံးစား မပြုနိုင်စေရေးအတွက် တရားရုံးအား တိုက်တွန်းအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုသည် ခွဲခြားမှုမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ဥပဒေမဲ့ ဖမ်းဆီးမှုများ၊ နှိပ်စက်ညှဉ်းပန်းမှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် နေအိမ်များ၊ ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေး အဆောက် အအုံများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးကာ အရပ်သားပြည်သူများအပေါ် ကြောက်မက်ဖွယ် ဆက်လက်တိုက်ခိုက်လျက်ရှိပါကြောင်း၊
(ဆ) အဆိုပါအကြမ်းဖက်တိုက်ခိုက်မှုများကြောင့် သန်းနှင့်ချီသောပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး၊ လူပေါင်း ၂၂ သန်းနီးပါးသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်လျက်ရှိပါကြောင်း၊ ဤတိုက်ခိုက်မှုများမှာ ကျပန်းလုပ်ဆောင်ချက်များမဟုတ်ဘဲ မြန်မာပြည်သူများကို ဖျက်ဆီးမှုများဖြင့် ကြောက်ရွံ့ကာ ဖိနှိပ်ချုပ်ချယ်ရန်ရည်ရွယ်၍ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် မူဝါဒတစ်ခုပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ် သော စုံစမ်းစစ်ဆေးရေးယန္တရား၏ ၂၀၂၅ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာ (A/HRC/60/18) က အကြမ်းဖက်စစ်တပ်၏ လုပ်ရပ်များသည် အရပ်သားပြည်သူများအပေါ် ကျယ်ပြန့်ပြီး စနစ်တကျ တိုက်ခိုက်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်းကို အတည်ပြုထားပါကြောင်း၊
(ဇ) မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာ (A/80/490) က အကြမ်းဖက်စစ်အုပ်စု၏ ဆက်လက်ဖိနှိပ်မှုများနှင့် လူသားချင်းစာနာထောက် ထားမှုအကျပ်အတည်းများကို လက်နက်အဖြစ်အသုံးပြုလျက် ၎င်းတို့စီစဉ်ထားသည့် အတုအယောင်ရွေးကောက်ပွဲများမှတစ်ဆင့် တရားဝင်မှုကိုဖန်တီးရန် ကြိုးစားမှုများကို ထပ်မံ ဖော်ပြထားပါကြောင်း၊ အဆိုပါတွေ့ရှိချက်များကမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသောလူ့အခွင့်အရေး ချိုးဖောက်မှုများသည် သီးခြားဖြစ်ရပ်များ သို့မဟုတ် မတော်တဆဖြစ်ပွားမှုများ မဟုတ်ဘဲ ကျယ်ပြန့်ပြီး စနစ်တကျလုပ်ဆောင်နေသည့် ဆိုးရွားသောချိုးဖောက်မှုများဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားပါကြောင်း၊ အဆိုပါ လုပ်ရပ်များအတွက် ညီညွတ်ပြီး ထိရောက်၍ အချိန်နှင့်တပြေးညီ အပြည်ပြည်ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုတစ်ရပ် လိုအပ်လျက်ရှိပါကြောင်း၊
(ဈ) မြန်မာပြည်သူများအတွက် အပြည်ပြည်ဆိုင်ရာဥပဒေသည် ဘာသာရပ်ဆိုင်ရာ သီအိုရီအဖြစ် သာတည်ရှိနေသည့် အယူအဆတစ်ရပ်မဟုတ်ဘဲ ထိန်းချုပ်မှုကင်းမဲ့သော ရက်စက် ကြမ်းကြုတ် မှုနှင့် လူ့ဂုဏ်သိက္ခာ ပျက်ပြားမှုများကို ကာကွယ်ပေးရန် လိုအပ်နေသည့် အကာအကွယ်တစ်ခု ဖြစ်ပါကြောင်း၊ ဆယ်စုနှစ်များစွာ အကြမ်းဖက်စစ်တပ်သည် အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှုဥပဒေနှင့် လူ့အခွင့်အရေးဥပဒေတို့ကို စနစ်တကျ ဆိုးရွားစွာ ချိုးဖောက်မှုများအတွက် အပြစ်ပေးအရေးယူခြင်းမှ လွတ်ကင်းခွင့်ရနေခဲ့ပါကြောင်း၊ ဤသို့သော အခြေအနေ၌ အပြည်ပြည်ဆိုင်ရာ တရားမျှတမှုယန္တရားများသည် အပြစ်ပေးအရေးယူခြင်းမှ ကင်းလွတ်နေမှုနေရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှုက အစားထိုးရမည်ဖြစ်ပြီး တရားဥပဒေ စိုးမိုးမှုကို ခြွင်းချက်မရှိ ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊
(ည) မြန်မာစစ်တပ်အတွင်း အမြစ်တွယ်နေသော အပြစ်ပေးအရေးယူခြင်းမှ လွတ်ကင်းနေမှုသည် အကြမ်းဖက်မှုနှင့် ဆင်းရဲဒုက္ခများ၏သံသရာကို ဆက်လက်ဖြစ်ပေါ်စေပြီး ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုကျူးလွန်သူများအနေဖြင့် အဆိုပါရာဇဝတ်မှုများ၏ အကျိုးဆက်များကို ကြောက်ရွံ့ နေစရာမလိုဘဲ ဆက်လက်လုပ်ဆောင်နိုင်စေပါကြောင်း၊ ဤပြစ်ဒဏ်မှ ကင်းလွတ်နေ သည့် သံသရာကို ချိုးဖျက်ရန် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာ မူဝါဒများကို ခိုင်မာစွာ အသုံးချကာ တရားမျှတမှုကို ထိန်းသိမ်းနိုင်ရန် နိုင်ငံတကာအသိုက်အဝန်း၏ စုပေါင်းပြီး ထိရောက်သော လုပ်ဆောင်မှုများ လိုအပ်လျက်ရှိပါကြောင်း၊ ဤမူဝါဒများအပေါ် စဉ်ဆက်မပြတ် လိုက်နာဆောင်ရွက်မှသာ မြန်မာပြည်သူများ၏ ဆင်းရဲဒုက္ခများကို သတိမူ၍ အင်အားသုံး အုပ်ချုပ်မှုနေရာတွင် တရားဥပဒေစိုးမိုးမှုကသာ မြန်မာပြည်သူတို့၏ အနာဂတ်ကို ပုံဖော်နိုင်မည့် အာမခံချက်ကို ရရှိနိုင်မည် ဖြစ်ပါကြောင်း၊
(ဋ) အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို မြန်မာပြည်သူများနှင့်အတူ လက်တွဲ၍ ခိုင်မာစွာပယ်ချရန် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးအား မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် တိုက်တွန်းပါကြောင်း၊ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး၊ စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးနှင့် မြန်မာနိုင်ငံနှင့် ပြည်သူများအတွက် ငြိမ်းချမ်းပြီး တရားမျှတသောအနာဂတ်ကို ရရှိစေရန် တွန်းလှန်နေသည့် မြန်မာ ပြည်သူများနှင့်အတူ ခိုင်မာစွာ ရပ်တည်ပေးကြရန် မေတ္တာရပ်ခံအပ်ပါကြောင်း၊ တာဝန်ခံမှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီအုပ်ချုပ်မှု ပြန်လည်ထူထောင်ရေးမှတစ်ဆင့်သာ မြန်မာနိုင်ငံတွင် တည်မြဲသော ငြိမ်းချမ်းရေးနှင့် လူ့ဂုဏ်သိက္ခာကို ရရှိနိုင်မည်ဖြစ်ပါကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against the delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate on Agenda Item73: “Report of the International Court of Justice”
in the Plenary Meeting of the 80th Session of the UN General Assembly
(New York, 31 October 2025)
Madam President,
Myanmar wishes to extend its warm congratulations to His Excellency Judge Yuji Iwasawa on his election as President of the International Court of Justice and expresses appreciation to the Court for its comprehensive report on its activities. We commend the Court for its continued dedication as the principal judicial organ of the United Nations, entrusted with upholding the rule of law in international relations and contributing to the peaceful settlement of disputes among States in accordance with the Charter of the United Nations and international law.
The Court’s advisory opinion on the “Obligations of States in respect of Climate Change” represents a milestone in clarifying the legal responsibilities of States to protect present and future generations from the consequences of environmental degradation.
In recalling our statement at last year’s debate on the report of the Court, Myanmar reaffirms its respect for the ICJ’s mandate and emphasizes the importance of ensuring that its proceedings remain consistent with the principles of legitimacy and legality upheld across the United Nations system.
In this regard, Myanmar takes note of the continued progress in the case concerning The Gambia v. Myanmar relating to the application of the Convention on the Prevention and Punishment of the Crime of Genocide. The National Unity Government (NUG) of Myanmar has accepted the jurisdiction of the Court and withdrawn all preliminary objections to allow the case to proceed substantively, demonstrating our full commitment to international justice and accountability. The NUG has submitted its reports to the Court regularly and timely in line with the Court’s decision.
At the same time, it remains a matter of grave concern that the Court continues to permit representation by the military junta who seized power in Myanmar by throwing out the elected government and are responsible for ongoing atrocity crimes against the civilian population.
Moreover, coherence between the Court’s proceedings and the decisions of the General Assembly remains crucial.
Madam President,
The General Assembly has consistently not recognized the credentials of the military junta, and it has maintained the status quo of the representation of Myanmar to the United Nations.
In this regard, representation of the illegitimate military junta before the Court is not only inconsistent with the established position of the United Nations but also undermines the principle of ex injuria jus non oritur — that rights cannot arise from illegal acts. We therefore urge the Court to ensure that its proceedings are not misused by the perpetrators of serious international crimes to falsely project legitimacy or to obstruct the pursuit of justice for the people of Myanmar including Rohingya.
Madam President,
In Myanmar, the military junta continues to wage a campaign of terror against the civilian population through indiscriminate aerial and artillery attacks, mass killings, arbitrary arrests, torture, sexual violence, and the deliberate destruction of homes, schools, hospitals, and places of worship.
These atrocities have displaced millions, devastated entire communities and made almost 22 million people in need of humanitarian assistance. They are not random acts of violence, but a coordinated policy aimed at subjugating the people of Myanmar through fear and destruction.
This grim reality is confirmed by the 2025 Annual Report of the Independent Investigative Mechanism for Myanmar (A/HRC/60/18), which finds that the military’s actions constitute war crimes and crimes against humanity as part of a widespread and systematic attack on the civilian population.
The Report of the Special Rapporteur on the situation of human rights in Myanmar (A/80/490) further exposes the junta’s ongoing repression and its attempts to manufacture legitimacy through the junta’s planned sham elections while weaponizing humanitarian crises.
These findings make clear that the violations in Myanmar are neither isolated nor accidental, they are systematic, widespread and grave.
They demand international effective and timely response in a coherent manner.
For the people of Myanmar, international law is not an abstract concept but a shield of protection against unchecked brutality and the erosion of human dignity. For decades, the military has enjoyed impunity for its systematic and grave violations of international humanitarian and human rights law.
In this context, international justice mechanisms embody the principle that accountability must replace impunity and that the rule of law must be upheld without exception. The entrenched impunity within Myanmar’s military has perpetuated cycles of violence and suffering, allowing perpetrators of atrocity crimes to act without fear of consequence.
Breaking this cycle requires the firm application of international legal principles and the collective and effective actions of the international community to uphold justice.
Only through sustained commitment to these principles can the people of Myanmar be assured that their suffering will not be forgotten and that the rule of law, not the rule of force, will shape their future.
In conclusion, Madam President, my delegation therefore appeals to the international community and all Member States to join the people of Myanmar for rejecting steadfastly the junta’s planned sham election and to stand firmly with the people of Myanmar in their struggle to end military dictatorship, establish a genuine federal democratic union, and secure a peaceful and just future for our nation and people.
Only through accountability, justice, and the restoration of democratic governance can lasting peace and human dignity be achieved in Myanmar.
I thank you.
*****










