Statement by Ambassador Kyaw Moe Tun, at the General Debate on Agenda Item 86: “Protection of Persons in the Event of Disasters” of the Sixth Committee of the 80th Session of the UN General Assembly
- Myanmar Mission To UN
- a few seconds ago
- 6 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate on Agenda Item 86: “Protection of Persons in the Event of Disasters” of the Sixth Committee of the 80th Session of the UN General Assembly, held on 15 October 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
အကြိမ် (၈၀) မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဥပဒေရေးရာကော်မတီ(ဆဋ္ဌမကော်မတီ)၏ အစီအစဉ်အမှတ် ၈၆ "ဘေးအန္တရာယ်ကြုံတွေ့ရသည့် အခြေအနေများ၌ ပြည်သူများအားအကာအကွယ်ပေးရေး" ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် အထွေထွေဆွေးနွေးပွဲ အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းက
လူပုဂ္ဂိုလ်များအား ကာကွယ်စောင့်ရှောက်ရေးနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးအကူအညီများ ပေးအပ်ဆောင်ရွက်ရာ၌ ဒုက္ခကျရောက်နေသည့်နိုင်ငံ၏ အဓိကတာဝန်ဖြစ်၊
ဒုက္ခကျရောက်နေသည့်နိုင်ငံအနေဖြင့် ဘေးဒုက္ခကျရောက်နေသည့်ပြည်သူများ၏
လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ၊ ထိရောက်စွာ၊ ခွဲခြားမှုမရှိဘဲ ဖြည့်ဆည်းပေးနိုင်စေရန်
ပြင်ပနိုင်ငံခြားအကူအညီကို ရှာဖွေတောင်းခံရန်နှင့် အကူအညီများအား
သက်ဆိုင်သူများ လွယ်ကူချောမွေ့စွာလက်ခံရရှိနိုင်ရေး ဆောင်ရွက်ပေးရမည့် တာဝန်ဖြစ်၊
အဆိုပါ တာဝန်ဝတ္တရားများကို လျစ်လျူရှုခြင်း၊ ရည်ရွယ်ချက်ရှိရှိ တားဆီးပိတ်ပင်ခြင်း သို့မဟုတ် အခွင့်အရေးယူ အမြတ်ထုတ်ခြင်းတို့ ပြုလုပ်သောအခါများ၊
အထူးသဖြင့် သဘာဝဘေးအန္တရာယ်များသည် လက်နက်ကိုင် ပဋိပက္ခများနှင့် ကျယ်ပြန့်၍ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် တစ်ပြိုင်နက် ဖြစ်ပွားနေသည့် အခြေအနေများတွင် ဖြစ်ပေါ်လာသည့်အခါ ဆင်းရဲဒုက္ခများမှာ အတိုင်းအဆမရှိ ကြီးမားကာ မကြာခဏ ဆိုသလို ပြန်လည်ကုစားရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ရောက်ရှိသွား၊
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် အဆိုပါအခြေအနေကို ပြသနိုင်သည့် အသင့်လျော်ဆုံး ဥပမာတစ်ခုဖြစ်၊ ယနေ့ မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းအဖွဲ့၏ ဥပဒေမဲ့ဆောင်ရွက်ချက်များနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်နှင့် အကျိုးစီးပွားတို့ကို ရည်ရွယ်ချက်ရှိရှိ ပစ်ပယ်ခဲ့ခြင်းတို့ကြောင့် လူဖန်တီးသည့် ဘေးအန္တရာယ်ဆိုးကြီးကို အတိအကျ ကြုံတွေ့ခံစားနေရ၊
ယခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ရစ်ချက်စတာစကေး ၇.၇ အဆင့်ရှိ ငလျင်သည် နိုင်ငံ၏နေရာဒေသအနှံ့အပြားတွင် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့၊ မြေငလျင်လှုပ်ခတ်ပြီးနောက် ရက်ပိုင်းအတွင်းမှာပင်၊ ပြည်သူများသည် သဘာဝဘေးအန္တရာယ်ကြောင့် အတိဆင်းရဲဒုက္ခရောက်နေဆဲအချိန်တွင် အကြမ်းဖက်စစ်တပ်သည် ငလျင်ဒဏ်၏ အဓိကအခံရဆုံးဖြစ်သော စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးများရှိ
လူနေကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၊
လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်း အရေးပေါ်အခြေအနေတွင် အရပ်သားများကို တမင်တကာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် အကြမ်းဖက်မှုမူဝါဒတစ်ရပ်ကို ထင်ဟပ်နေ၊
ထိုကဲ့သို့သော အလားတူအခြေအနေများတွင် ဘေးအန္တရာယ်ကြုံတွေ့ရသည့်အခါ၌
လက်ရှိဥပဒေ (မူကြမ်း) မှတစ်ဆင့် အရပ်သားများအား မည်သို့ကာကွယ်စောင့်ရှောက်ရမည်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်၊
တာဝန်ယူမှု၊ တာဝန်ခံမှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီ အုပ်ချုပ်မှုစနစ် ပြန်လည်ထူထောင်ခြင်းတို့မှတစ်ဆင့်သာလျှင် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် လူ့ဂုဏ်သိက္ခာကို
ပြန်လည်ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်)
၁။ အကြိမ် (၈၀) မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဉပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) ၏အစီအစဉ်အမှတ်(၈၆) "ဘေးအန္တရာယ်ကြုံတွေ့ရသည့်အခြေအနေများ၌ ပြည်သူများအား အကာအကွယ်ပေးရေး" ခေါင်းစဉ်အောက်မှ အထွေထွေဆွေးနွေးမှု အစည်းအဝေး ကို ၁၄-၁၀-၂၀၂၅ ရက်နေ့မှ ၁၆-၁၀-၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၇၀) ကျော်မှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီများ နိုင်ငံတကာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်တို့က မိန့်ခွန်းများ ပါဝင်ပြောကြားကြပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ၁၅-၁၀-၂၀၂၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့)၊ မနက်ပိုင်းတွင် ပြုလုပ်သည့် အဆိုပါအစည်းအဝေး၌ မိန့်ခွန်းပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားသည့်မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-
(က) သဘာဝအရသော်လည်းကောင်း၊ လူတို့၏ဆောင်ရွက်မှုကြောင့်သော်လည်းကောင်း ဖြစ်ပေါ် လာ သော ဘေးအန္တရာယ်များ၏ ကြုံတွေ့ရမှုအကြိမ်ရေနှင့် ကြီးမားပြင်းထန်မှုမြင့်တက်လာခြင်းသည် အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းအတွက် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်ပေါ်စေကြောင်း၊လက်နက်ကိုင်ပဋိပက္ခများ၊ ရာသီဥတုပြောင်းလဲမှုနှင့် အုပ်ချုပ်မှုယန္တရား ပျက်ယွင်းမှုတို့၏ ပေါင်းစပ်သက်ရောက်မှုများကြောင့် ကမ္ဘာတစ်ဝှမ်းရှိ လူ့အဖွဲ့အစည်းများ၏ ခံနိုင်ရည်ကို ထိခိုက်အားနည်းစေပြီး လူသားတို့၏ဆင်းရဲဒုက္ခများကို ပို၍ပြင်းထန်စေခဲ့ပါကြောင်း၊
(ခ) အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ သဘာဝဘေးအန္တရာယ်များကို ထိရောက်စွာတုန့်ပြန်ရာနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် လိုအပ်သောစွမ်းဆောင်ရည်၊ အခြေခံအဆောက်အအုံများနှင့် အရင်းအမြစ်များ ချို့တဲ့မှုတို့ကြောင့် အဆိုပါနိုင်ငံများရှိ ထိရှလွယ်သော ပြည်သူလူထုအနေဖြင့် အချိုးမညီစွာ ပိုမိုထိခိုက်ခံစားနေရဆဲ ဖြစ်ပါကြောင်း၊ ထိုသို့သောအခြေအနေများနှင့်စပ်လျဉ်း၍ ဥပဒေ(မူကြမ်း)ပါ ပြဋ္ဌာန်းချက်များအနေဖြင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်မြှင့်တင်ရာတွင်လည်းကောင်း၊ ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်မှုနှင့် အန္တရာယ်လျှော့ချရေးလုပ်ငန်းများတွင် လူပုဂ္ဂိုလ်များအား ကာကွယ်စောင့်ရှောက်ရေးကို အဓိကဗဟိုချက်အဖြစ်ထားရှိနိုင်ရေး ဆောင်ရွက်ရာတွင်လည်းကောင်း အရေးပါသောမူဘောင်တစ်ရပ်ဖြစ်သည်ဟု ရှုမြင်ပါကြောင်း၊
(ဂ) မြန်မာနိုင်ငံအနေဖြင့် မူကြမ်းပုဒ်မများတွင် ထည့်သွင်းဖော်ပြထားသည့်အခြေခံမူများ အထူး သဖြင့် ပုဒ်မ ၄ မှ ၇ အထိတွင်ပါရှိသော မွေးရာပါလူ့ဂုဏ်သိက္ခာကို အလေးပေးအသိအမှတ်ပြုမှု၊ လူ့အခွင့်အရေးများအပေါ် လေးစားလိုက်နာမှုနှင့် ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိကြောင်း အခိုင်အမာဖော်ပြထားသည့် အခြေခံမူများကိုလည်း အထူးသတိပြုမိပါကြောင်း၊ ယင်းအခြေခံမူများသည် ပူးပေါင်းဆောင်ရွက်ကြသည့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ၏ စံနှုန်းဆိုင်ရာ အုတ်မြစ်အခြေခံဖြစ်ပြီး သဘာဝဘေးဒဏ်ခံစားနေရသည့် နိုင်ငံများနှင့် အကူအညီပေးမည့် နိုင်ငံများအားလုံးအတွက် ၎င်းတို့၏တာဝန်များကို ထမ်းဆောင်ရာတွင် မရှိမဖြစ် လိုအပ်သည့် အဓိကလမ်းညွှန်ချက်များ ဖြစ်ပါကြောင်း၊
(ဃ) ဥပဒေမူကြမ်း၏ ပုဒ်မ ၁၀ တွင်ဖော်ပြထားသည့်အတိုင်း လူပုဂ္ဂိုလ်များအား ကာကွယ် စောင့်ရှောက်ရေး နှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေးအကူအညီများ ပေးအပ်ဆောင်ရွက်ရာ၌ ဒုက္ခကျရောက်နေသည့်နိုင်ငံ၏ အဓိကတာဝန်ဖြစ်ပြီး၊ ဒုက္ခကျရောက်နေသည့်နိုင်ငံအနေဖြင့် ဘေးဒုက္ခကျရောက်နေသည့် ပြည်သူများ၏ လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ၊ ထိရောက်စွာ၊ ခွဲခြားမှုမရှိဘဲ ဖြည့်ဆည်းပေးနိုင်စေရန် ပြင်ပနိုင်ငံခြားအကူအညီကို ရှာဖွေတောင်းခံရန်နှင့် အကူအညီများကို သက်ဆိုင်သူများ လွယ်ကူချောမွေ့စွာ လက်ခံရရှိနိုင်ရေး ဆောင်ရွက်ပေးရမည့်တာဝန်များကို ပုဒ်မ ၁၁ နှင့် ၁၅ တို့တွင် အသီးသီးထပ်မံအတည်ပြု ဖော်ပြထားပါကြောင်း၊
(င) အဆိုပါတာဝန်ဝတ္တရားများကို လျစ်လျူရှုခြင်း၊ ရည်ရွယ်ချက်ရှိရှိ တားဆီးပိတ်ပင်ခြင်း သို့မဟုတ် အခွင့်အရေးယူ အမြတ်ထုတ်ခြင်းတို့ ပြုလုပ်သောအခါများ၊ အထူးသဖြင့် သဘာဝ ဘေးအန္တရာယ်များသည် လက်နက်ကိုင်ပဋိပက္ခများနှင့် ကျယ်ပြန့်၍ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့်တစ်ပြိုင်နက် ဖြစ်ပွားနေသည့် အခြေအနေများတွင် ဖြစ်ပေါ်လာသည့်အခါ ဆင်းရဲဒုက္ခများမှာ အတိုင်းအဆမရှိ ကြီးမားကာ မကြာခဏဆိုသလို ပြန်လည်ကုစားရန် မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိသွားပါကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် အဆိုပါအခြေအနေကို ပြသနိုင်သည့် အသင့်လျော်ဆုံး ဥပမာတစ်ခု ဖြစ်ပါကြောင်း၊
(စ) လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေသည် ဥပဒေ (မူကြမ်း) ပြဋ္ဌာန်းချက်များတွင် ထည့်သွင်းထား သောအခြေခံမူများကိုလက်တွေ့တွင် လျစ်လျူရှုလိုက်သည့်အခါ ဖြစ်ပေါ်လာသည့် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ဆိုးရွားသည့်အကျိုးဆက်များကို ဖော်ပြနေပါကြောင်း၊ ယနေ့ မြန်မာ နိုင်ငံသည် စစ်အုပ်စု၏ ဥပဒေမဲ့ဆောင်ရွက်ချက်များနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်နှင့်အကျိုးစီးပွားတို့ကို ရည်ရွယ်ချက်ရှိရှိ ပစ်ပယ်ခဲ့ခြင်းတို့ကြောင့် လူဖန်တီးသည့်ဘေးအန္တရာယ်ဆိုးကြီးကို အတိအကျ ကြုံတွေ့ခံစားနေရခြင်းဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်နေသည့်အချိန်အခါ၌ ကူညီကယ်ဆယ်ရေးဆောင်ရွက်ရမည့်အစား ကိုယ်ကျိုးစီးပွားအတွက် အခွင့်ကောင်းယူအသုံးချခြင်းသည် ပြည်သူများ၏ ဆင်းရဲဒုက္ခများကို ပို၍ဆိုးရွားပြင်းထန်စေရုံသာမက ဥပဒေ
(မူကြမ်း) ပါ သဘောတရားများကို လုံးလုံးလျားလျားသွေဖည်နေခြင်းဖြစ်ကြောင်း၊
(ဆ) ယခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံကို ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ရစ်ချက်စတာ စကေး ၇.၇ အဆင့်ရှိ ငလျင်သည် နိုင်ငံ၏နေရာဒေသအနှံ့အပြားတွင် အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ပါကြောင်း၊ စစ်ကိုင်း၊ မန္တလေး တိုင်းဒေသကြီးများ နှင့် နေပြည်တော်သည် အဆိုးရွားဆုံး ထိခိုက်မှုခံခဲ့ရသည့် ဒေသများဖြစ်ကြပါကြောင်း၊ ယင်းငလျင်ကြောင့် လူပေါင်း ၄၂၀၀ နီးပါး သေဆုံးခဲ့ရပြီး၊ ၃၆၀၀ ကျော် ဒဏ်ရာရရှိခဲ့ကာ လူပေါင်း ၃.၂ သန်းကျော် ဘေးဒုက္ခ ထိခိုက်ခံစားခဲ့ရပါကြောင်း၊ လူနေအိမ်များ၊ ဘာသာရေးဆိုင်ရာ အဆောင်အဦများနှင့် အခြေခံ အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရပါကြောင်း၊
(ဇ) ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့သည့် ကုလသမဂ္ဂ ၏ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား၏ အစီရင်ခံစာ၌ အကြမ်းဖက် စစ်အုပ်စုက ကျူးလွန်နေသည့် ရာဇဝတ်မှုများပိုမို ပြင်းထန်လာလျက်ရှိကြောင်းကို စိုးရိမ်ဖွယ်ရာ အထောက်အထားများဖြင့် ဖော်ပြထားပါကြောင်း၊ မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် မြေငလျင်လှုပ်ခတ်ပြီးနောက် ရက်ပိုင်းအတွင်းမှာပင်၊ ပြည်သူများသည် သဘာဝဘေးအန္တရာယ်ကြောင့် အတိဆင်းရဲဒုက္ခရောက်နေဆဲအချိန်တွင် အကြမ်းဖက်စစ်တပ်သည် ငလျင်ဒဏ်၏ အဓိက အခံရဆုံးဖြစ်သော စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးများရှိ လူနေကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊
(ဈ) လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း အရေးပေါ်အခြေအနေတွင် အရပ်သားများကို တမင်တကာ ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် အကြမ်းဖက်မှုမူဝါဒတစ်ရပ်ကို ထင်ဟပ်ပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားရေးဥပဒေ၊ လူသားဂုဏ်သိက္ခာနှင့်လက်ရှိဥပဒေ(မူကြမ်း) ပြဋ္ဌာန်းချက်များတွင်လည်း ထင်ဟပ်ဖော်ပြထားသည့် လူသားဆန်မှု၊ ကြားနေရေးနှင့် ဘက်လိုက်မှုမရှိခြင်းစသည့် လူသားချင်းစာနာထောက်ထားရေးအခြေခံမူများကို လုံးလုံး လျားလျား လျစ်လျူရှုခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ထိုကဲ့သို့သောအလားတူ အခြေအနေများတွင် ဘေးအန္တရာယ်ကြုံတွေ့ရသည့်အခါ၌ လက်ရှိဥပဒေ (မူကြမ်း) မှတစ်ဆင့် အရပ်သားများ အား မည်သို့ကာကွယ်စောင့်ရှောက်ရ မည်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါကြောင်း၊
(ည) နိဂုံးချုပ်အားဖြင့် မြန်မာပြည်သူလူထုသည် သဘာဝဘေးအန္တရာယ်များနှင့် လူတို့ဖန်တီးသည့် ဘေးအန္တရာယ်များဖြစ်သော အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်မှုများနှင့် ဖိနှိပ်မှုများကြောင့် ပို၍ ဆိုးရွားလာသည့် ဆင်းရဲဒုက္ခများကို ဆက်လက်ခံစားနေရဆဲ ဖြစ်ပါကြောင်း၊
(ဋ) ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးနှင့် နိုင်ငံတကာ အသိုက်အဝန်း အား တရားမဝင်အာဏာသိမ်းအဖွဲ့က စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲကို တားဆီး၍၊ မြန်မာပြည်သူလူထုဘက်မှရပ်တည်၍ ၎င်းတို့၏ ကြိုးပမ်းအားထုတ်မှုများဖြစ်သော စစ်အာဏာရှင် စနစ်ကို အဆုံးသတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ရေးနှင့် နိုင်ငံတော်အတွက် ငြိမ်းချမ်း၍ တရားမျှတပြီး သာယာဝပြောသော အနာဂတ်ကို ရရှိနိုင်ရေးတို့အတွက် ခိုင်မာစွာ ရပ်တည်ထောက်ခံကြရန် တိုက်တွန်းတောင်းဆိုအပ်ပါကြောင်း၊
(ဌ) တာဝန်ယူမှု၊ တာဝန်ခံမှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီ အုပ်ချုပ်မှုစနစ် ပြန်လည်ထူထောင်ခြင်း တို့မှတစ်ဆင့်သာလျှင် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် လူ့ဂုဏ်သိက္ခာကို ပြန်လည်ရရှိနိုင်မည် ဖြစ်ပါကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against the delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate on Agenda Item 86: “Protection of Persons in the Event of Disasters” of
the Sixth Committee of the 80th Session of the UN General Assembly
(New York, 15 October 2025)
Mr. Chair,
At the outset, I wish to thank the International Law Commission for its continuous contribution to the codification and progressive development of international law, including through its work on the Draft Articles on the Protection of Persons in the Event of Disasters.
Myanmar aligns itself with the statement delivered by the ASEAN.
The growing frequency and intensity of disasters, whether natural or human made, continue to pose serious challenges to the international community. The compounded effects of conflict, climate change and governance failures have deepened human suffering and undermined the resilience of societies across the world. Myanmar shares this concern.
Vulnerable populations, particularly in developing countries, remain disproportionately affected by such crises, often lacking the capacity, infrastructure and resources necessary to respond and recover effectively. In this regard, the Draft Articles serve as an important framework for strengthening international cooperation and ensuring that the protection of persons remains at the centre of disaster response and risk reduction.
Myanmar also takes note of the underlying principles enshrined in the Draft Articles, in particular those contained in Articles 4 to 7, which affirm the inherent dignity of the human being, the respect for human rights and the duty to cooperate. These principles constitute the normative foundation of collective humanitarian action and provide essential guidance for both affected and assisting States in fulfilling their responsibilities.
Mr. Chair,
As reflected in Article 10, the Draft Articles reaffirm the primary role of the affected State in ensuring the protection of persons and the provision of disaster relief assistance. The duty of the affected State to seek and facilitate external assistance, as reflected in Articles 11 and 15, constitutes an essential safeguard to ensure that the needs of affected populations are met in a timely, effective and impartial manner.
When these responsibilities are neglected or deliberately obstructed or even exploited, particularly in situations where disasters coincide with conflict and widespread violations of human rights, the resulting human suffering is immense and often irreversible.
The current situation of my country, Myanmar, is the best example to be highlighted.
The situation in Myanmar continues to demonstrate the grave humanitarian consequences that occur when the principles embodied in the Draft Articles are disregarded in practice. Myanmar today is facing precisely such a human made disaster, created by the military’s unlawful actions and its deliberate disregard for the lives and well being of its people. Using disasters for gain instead of relief only worsens suffering and denies the spirit of the Draft Articles.
The 7.7 magnitude earthquake which struck Myanmar on 28 March this year caused catastrophic destruction across large parts of the country. Sagaing, Mandalay and Nay Pyi Taw were among the hardest hit. The earthquake claimed the lives of almost 4,200 people, injured more than 3,600, and affected over 3.2 million people.
Many homes, religious sites and essential infrastructures were destroyed.
The latest report of the Independent Investigative Mechanism for Myanmar, presented to the Human Rights Council in September 2025, provides alarming evidence of the escalating gravity of crimes committed by the military junta even in the midst of natural disasters. Within days of the 28 March 2025 earthquake, when communities were encountering immense suffering and still healing from destruction, the military has continued to launch aerial bombardments on civilian areas across the country including Mandalay and Sagaing regions.
The deliberate targeting of civilians during a period of humanitarian emergency reflects a policy of terror and a total disregard for international humanitarian law, human dignity and the core humanitarian principles of humanity, neutrality and impartiality reflected in the Draft Articles.
Therefore, we also need to consider how to protect civilians in the event of disasters under such similar situations through the Draft Articles.
Mr. Chair
In conclusion, the people of Myanmar continue to endure immense suffering as a result of both natural and human made disasters compounded by the military’s ongoing campaign of violence and repression. Myanmar therefore calls upon all Member States and the international community to stand firmly with the people of Myanmar in their efforts to stop the junta’s planned sham, scam elections, to end the military dictatorship, to build a federal democratic union and to secure a peaceful, just and prosper future for the country. Only through accountability, justice and the restoration of democratic governance can lasting peace and human dignity be achieved.
I thank you.
*****







