top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun at the General Debate on Agenda Item 84: “Rule of Law at the National and International Level” at the Eightieth Session of the UN General Assembly

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Oct 10
  • 7 min read
ree
ree
ree

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,

at the Sixth Committee General Debate on Agenda Item 84: “Rule of Law at the National and International Level” at the Eightieth Session of the UN General Assembly, held on 9 October 2025

[Below Myanmar Text]

သတင်းအဖြစ်ထုတ်ပြန်ချက်

အကြိမ် (၈၀)မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဥပဒေရေးရာဆိုင်ရာကော်မတီ

(ဆဋ္ဌမကော်မတီ) ၏ အစီအစဉ်အမှတ် ၈၄ " ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်များ၌ တရားဥပဒေစိုးမိုးရေး " ခေါင်းစဉ်ဖြင့်  အထွေထွေဆွေးနွေးမှုတွင်ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ကျော်မိုးထွန်း က

တရားဥပဒေစိုးမိုးရေး ထွန်းကားပါက ငြိမ်းချမ်းမှုနှင့် ယုံကြည်မှုများ  ခိုင်မာတည်တံ့၍ တရားဥပဒေစိုးမိုးရေး ပြိုလဲသည့်အခါ ယနေ့ မြန်မာနိုင်ငံ၌ ကျွန်ုပ်တို့အားလုံး မျက်ဝါးထင်ထင် မြင်တွေ့နေရသည့်အတိုင်း အာဏာရှင် စနစ်နှင့် ကျူးလွန်သည့် အပြစ်ဒဏ်များမှ ကင်းလွတ်သည့် ဓလေ့တို့ အမြစ်တွယ်လာ၊

တရားမဝင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေး လုံးလုံးလျားလျား ပြိုလဲ ပျက်စီးခဲ့သည့် အခြေအနေသို့ ရောက်ရှိခဲ့၊ အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတစ်ဝှမ်းရှိ အရပ်သားပြည်သူများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ မရေမတွက်နိုင်အောင် ကျူးလွန်လျက်ရှိ၊

တရားဥပဒေစိုးမိုးရေး ပြိုလဲမှုကြောင့် မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းငွေလိမ် ဂိုဏ်းများ၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ အခြေပြု ပေါက်ပွားရာနေရာဒေသ ဖြစ်လာစေခဲ့၊

တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတို့သည် ခွဲခြား၍မရနိုင်သည့် အရာများဖြစ်၊

စစ်အုပ်စုက စီစဉ်နေသည့် အတုအယောင်၊ အလိမ်အညာရွေးကောက်ပွဲသည် ပြစ်ချက်များရှိနေသည့် ရွေးကောက်ပွဲတစ်ခုသာ မဟုတ်ဘဲ ယုတ္တိမတန်၍  ဥပဒေကြောင်းအရလည်း  အစကနဉီးကတည်းကပင် တရားဝင်မှုမရှိသော ရွေးကောက်ပွဲသာဖြစ်၊ အဆိုပါ ရွေးကောက်ပွဲသည် ၎င်းတို့၏ ရာဇဝတ်မှုများကို တရားဝင်စေရန် လုပ်ဆောင်နေခြင်းသာဖြစ်၊ ၎င်းသည် ဒီမိုကရေစီကို ကျင့်သုံးခြင်းမဟုတ်ဘဲ ချိုးဖောက်ခြင်းသာဖြစ်

အကြမ်းဖက် စစ်အုပ်စုက စီစဉ်လျက်ရှိသည့် အလိမ်အညာရွေးကောက်ပွဲကို နည်းလမ်းအားလုံးဖြင့် ပြတ်ပြတ် သားသား ပယ်ချရန်နှင့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန်၊ တရားမျှတပြီး ငြိမ်းချမ်းသော မြန်မာနိုင်ငံ၏ အနာဂတ်သစ်ကို ရယူရန် ကြိုးပမ်းနေကြသည့် မြန်မာပြည်သူများနှင့်အတူတကွ ရပ်တည်ပေးရန် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းပါကြောင်း ပြောကြားခဲ့

 (နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်)

၁။        အကြိမ် (၈၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဥပဒေရေးရာဆိုင်ရာကော်မတီ (ဆဋ္ဌမကော်မတီ) ၏ အစီအစဉ်အမှတ် (၈၄) ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်များ၌ တရားဥပဒေစိုးမိုးရေး" (The Rule of Law at the National and International Levels )" ခေါင်းစဉ်အောက်မှအထွေထွေ ဆွေးနွေးမှု ကို ၈-၁၀-၂၀၂၅ ရက်နေ့မှ ၁၀-၁၀-၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၁၀၀) ခန့်မှ ကိုယ်စားလှယ်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်တို့က မိန့်ခွန်းများ ပါဝင် ပြောကြားခဲ့ကြပါသည်။


၂။         ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၉-၁၀-၂၀၂၅ ရက်နေ့ (ကြာသာပတေးနေ့)၊ မနက်ပိုင်းတွင် မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်း တွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-


(က)     ကုလသမဂ္ဂအဖွဲ့ကြီးတည်ထောင်သည့်   နှစ် (၈၀) မြောက်တွင် တရားဥပဒေစိုးမိုးရေးဆွေးနွေးမှုများသည် ယခင်နှစ်များကထက်ပို၍ အရေးပါလာပါကြောင်း၊ လက်ရှိအစီအရင်ခံစာအနေဖြင့်  တရားဥပဒေစိုးမိုးရေးသည် နိုင်ငံပေါင်းစုံဝါဒ၏ အခြေခံအုတ်မြစ်ဖြစ်ပြီး၊   ငြိမ်းချမ်း၍ တရား မျှတပြီး လူတိုင်းပါဝင်နိုင်သည့် လူ့အဖွဲ့အစည်းများ၏ အခြေခံအုတ်မြစ် ဖြစ်သည်ကိုလည်း မီးမောင်းထိုးပြထားပါကြောင်း၊


(ခ)      ထို့အပြင် Pact for the Future တွင်ချမှတ်ထားသည့် မျှော်မှန်းချက်များနှင့်အညီ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ရာတွင် ဥပဒေစိုးမိုး ရေးကို ထိန်းသိမ်းရန် နိုင်ငံအားလုံး၏ စုပေါင်းတာဝန်ဝတ္တရားကိုလည်း ထပ်လောင်း အတည်ပြု ဖော်ပြထားသည်ကိုတွေ့ရှိရပါကြောင်း၊


(ဂ)      မိမိတို့ကိုယ်စားလှယ်အဖွဲ့အနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် တရားမျှတ မှု၊ တရားမျှတမှုခံစားခွင့်ရရှိရေးနှင့် ပြစ်မှုကျူးလွန်ခြင်းခံရသူများအား  အကာအကွယ်ပေးရေး တို့အပေါ် လက်ရှိ အစီရင်ခံစာက အလေးပေးဖော်ပြထားပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း၊


(ဃ)    အဆိုပါ ဦးစားပေးကိစ္စရပ်များသည် တရားဥပဒေစိုးမိုးရေးအတွက် အဓိကအကြောင်းအရာများ ဖြစ်သကဲ့သို့ တရားမဝင်စစ်အာဏာသိမ်းမှုနှင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ် များကြောင့် အရပ်သားပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၊ ကလေး သူငယ်များက အဓိကထိခိုက်နစ်နာနေရသည့် မြန်မာနိုင်ငံနှင့်လည်း ဆက်စပ်လျက်ရှိပါကြောင်း၊


(င)      ဥပဒေစိုးမိုးရေးဆိုသည်မှာ တရားရေးဆိုင်ရာ မူဝါဒမျှသာ မဟုတ်ဘဲ ၎င်းသည် တရားမျှတမှု၊ ငြိမ်းချမ်းရေးနှင့် လူ့ဂုဏ်သိက္ခာတို့၏ အခြေခံအုတ်မြစ်ပင် ဖြစ်ပါကြောင်း၊  အင်္ဂလိပ်ဒဿန ပညာရှင် John Locke က "တရားဥပဒေ အဆုံးသတ်သည့်အခါ အာဏာရှင်စနစ် စတင်သည်" ဟု မှန်ကန်စွာ ထောက်ပြပြောဆိုခဲ့ပါကြောင်း၊ တရားဥပဒေစိုးမိုးရေးကို လိုအပ်ရခြင်းသည် အာဏာကို သတ်မှတ်ထားသည့် ကန့်သတ်ချက်များနှင့်အညီသာ ကျင့်သုံးစေရန်၊ တရားမျှတမှု ကို ဘက်လိုက်မှုမရှိ စီမံဆောင်ရွက်ကာ အခွင့်အရေးများကို ခွဲခြားမှုမရှိဘဲ ကာကွယ်နိုင်စေရန်တို့ အတွက် ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေး ထွန်းကားပါက ငြိမ်းချမ်းမှုနှင့် ယုံကြည်မှုများ  ခိုင်မာတည်တံ့၍ တရားဥပဒေစိုးမိုးရေး ပြိုလဲသည့်အခါ ယနေ့ မြန်မာနိုင်ငံ၌ ကျွန်ုပ်တို့အားလုံး မျက်ဝါးထင်ထင် မြင်တွေ့နေရသည့်အတိုင်း အာဏာရှင်စနစ်နှင့် ကျူးလွန်သည့် အပြစ်ဒဏ် များမှ ကင်းလွတ်သည့် ဓလေ့တို့ အမြစ်တွယ်လာပါကြောင်း၊


(စ) တရားမဝင် စစ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေး လုံးလုံး လျားလျား ပြိုလဲ ပျက်စီးခဲ့သည့် အခြေအနေသို့ ရောက်ရှိခဲ့ပါကြောင်း၊  အကြမ်းဖက်စစ်တပ်သည် လွတ်လပ်သော အဖွဲ့အစည်းများကို ဖြိုဖျက်ခဲ့ပြီး တရားရုံးများကို လက်နက်သဖွယ် အသုံးချကာ ၎င်းတို့  အကြမ်းဖက်မှုများဆောင်ရွက်နိုင်ရန် အမိန့်၊ ဥပဒေများကို ထုတ်ပြန်ခဲ့ပါကြောင်း၊ ပြီးခဲ့သည့် ၄ နှစ်ကျော်ကာလအတွင်း အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံတစ်ဝှမ်းရှိ အရပ်သားပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို နေ့စဉ် နှင့် အမျှ မရေမတွက်နိုင်အောင် ကျူးလွန်လျက်ရှိပါကြောင်း၊


(ဆ)    အရပ်သားပြည်သူများအပေါ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ခွဲခြားမှုမရှိတိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ တရားမဲ့သတ်ဖြတ်ခြင်း၊ ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အအုံများကို ဖျက်ဆီးခြင်း၊ ဆန္ဒပြသူများအား အကြမ်းဖက် ဖမ်းဆီးခြင်း၊ အတင်းအကျပ် ခိုင်းစေခြင်း၊ အတင်းအကျပ် စစ်သားစုဆောင်းခြင်း နှင့် အတင်းအကျပ် နေရပ်စွန့်ခွာစေခြင်းတို့ ပါဝင်ပါကြောင်း၊ ၎င်းတို့ ကျူးလွန်လျက်ရှိသည့် ရာဇဝတ်မှုများသည် ပြောမကုန်နိုင်‌အောင်ပင် ဖြစ်ပါကြောင်း၊


(ဇ)     တရားမဝင် အာဏာသိမ်းပြီးချိန်မှ ယနေ့အထိ အကြမ်းဖက် စစ်အုပ်စုသည် လူပေါင်း ၇,၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး၊  လူပေါင်း ၂၉,၀၀၀ ကျော်ကို ဥပဒေမဲ့ ဖမ်းစီးခဲ့ပါကြောင်း၊ လူပေါင်း ၃.၆ သန်းကျော်သည် နေရပ်စွန့်ခွာထွက်ပြေးနေရပါကြောင်း၊ လူပေါင်း ၂၂ သန်းနီးပါးသည်လည်း လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကို လိုအပ်လျက်ရှိပါကြောင်း၊ ထိုကဲ့သို့ ကြီးလေးသော ဥပဒေချိုးဖောက်မှုများမှာ ကိန်းဂဏန်းများ သက်သက်မျှသာ မဟုတ်ဘဲ ယင်းတို့ သည် တရားမျှတမှုနှင့် တရားဥပဒေ၏ ကာကွယ်စောင့်ရှောက်မှု လုံးဝကင်းမဲ့နေသည့် မြန်မာ ပြည်သူလူထု၏ နိစ္စဓူဝ လက်တွေ့ဘဝများပင် ဖြစ်ပါကြောင်း၊


(ဈ) မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးရေး ပြိုလဲမှုကို အသိသာဆုံး ထင်ဟပ်စေသည်မှာ အကြမ်းဖက် စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု များပင် ဖြစ်ပါကြောင်း၊  မြန်မာပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်မှုများ၊ ရွာများကို မီးရှို့ဖျက်ဆီးမှုများနှင့် အတင်းအကြပ် နေရပ်စွန့်ခွာစေမှုများဖြင့် စစ်ပွဲနှင့် သက်ဆိုင်ခြင်း မရှိသည့် အရပ်သားပြည်သူများအပေါ် စုပေါင်းပြစ်ဒဏ်ပေးသည့် ပုံစံမျိုးဖြင့် ပြုလုပ်နေကြောင်း၊


(ည)    ဥပမာတစ်ရပ်အနေဖြင့် မကြာသေးမီက ပေါ်ပေါက်ခဲ့သည့် ဝမ်းနည်းဖွယ်ရာ အဖြစ်ဆိုးအား  မျှဝေလိုပါကြောင်း၊ ပြီးခဲ့သော အောက်တိုဘာလ ၆ ရက်နေ့ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် နေ့၌ပင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ အတင်းအကျပ် စစ်သားစုဆောင်းမှုနှင့် အကြမ်းဖက်စစ်အုပ်စု၏ အလိမ်အညာရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ဆီမီးပူဇော်၍ ကန့်ကွက် ဆန္ဒထုတ်ဖော်ရန်  စုဝေးနေကြသည့် ပြည်သူများအား အကြမ်းဖက်စစ်တပ်က လူမဆန်စွာ လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့ အရပ်သားပြည်သူပေါင်း ၂၀ ခန့် အသက်ဆုံးရှုံး ခဲ့ရပါကြောင်း၊ 


(ဋ)      ဤကဲ့သို့လုပ်ရပ်များ များစွာပြုလုပ်နေပြီး ဤသည်မှာ ပြည်သူလူထု၏ခုခံတွန်းလှန်စိတ်ကို ဖိနှိပ် ပိတ်ပင်ရန် ရည်ရွယ်ချက်ရှိရှိဖြင့်ပြုလုပ်နေသည့် စနစ်တကျအကြောက်တရားမွေးမြူရေးဗျူဟာ ၏အစိတ်အပိုင်းများဖြစ်ပါကြောင်း၊ အဆိုပါရက်စက်ကြမ်းကြုတ်မှုများသည် စစ်ရာဇဝတ်မှု နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၏အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊


(ဌ)      ထို့အပြင် တရားဥပဒေစိုးမိုးရေး ပြိုလဲမှုကြောင့် မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းငွေလိမ် ဂိုဏ်းများ၊ လူကုန်ကူးမှုနှင့် မူးယစ်ဆေးဝါးကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ အခြေပြုပေါက်ပွားရာနေရာဒေသ ဖြစ်လာစေခဲ့ပါကြောင်း၊ ဤရာဇဝတ်မှုများ၏သားကောင်များ မှာ မြန်မာနိုင်ငံရှိ ပြည်သူများသာမက ဒေသတွင်းနှင့် ကမ္ဘာအနှံ့ရှိ အဖွဲ့ဝင်နိုင်ငံများမှ ပြည်သူ များပါ ပါဝင်ကြပါကြောင်း၊


(ဍ)      မြန်မာနိုင်ငံ၌ တရားဥပဒေစိုးမိုးရေး ပျက်သုန်းမှုသည် ဒေသတွင်း တည်ငြိမ်ရေး၊ ဒစ်ဂျစ်တယ် လုံခြုံရေးနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အတွက် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ တရားဥပဒေစိုးမိုးရေး ပျက်စီးခြင်းသည် နိုင်ငံအားလုံး၏ စုပေါင်း လုံခြုံရေးကို ထိခိုက်စေသည်မှာ ထင်ရှားပါကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် လက်ရှိအခြေအနေမှန်ကို ဆက်လက်လျစ်လျူရှု၍ အရေးယူရန် ပျက်ကွက်နေမည်ဆိုပါက အပြစ်ဒဏ်ကင်းလွတ်မှုနှင့် ရာဇဝတ်မှုများသည် မိမိတို့ဒေသကို ကျော်လွန်ပြီး ကူးစက်ရောဂါ သဖွယ်ပျံ့နှံ့သွားမည် ဖြစ်ပါကြောင်း၊


(ဎ)      တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲတို့သည် ခွဲခြား၍ မရနိုင် သည့်အရာများ ဖြစ်သည်ကို အလေးထား ပြောကြားလိုပါကြောင်း၊ တရားဥပဒေစိုးမိုးရေးသည် ဥပဒေရှေ့မှောက်၌ တန်းတူညီမျှမှု၊ နိုင်ငံရေးအခွင့်အရေးများ အကာကွယ်ပေးရေး၊ သမမျှတ သည့် နိုင်ငံသားဆိုင်ရာလွတ်လပ်ခွင့်နှင့် ကြောက်ရွံ့မှုကင်းစွာ အကျပ်ကိုင်ခြင်းမှ ကင်းလွတ်သော နိုင်ငံရေးပတ်ဝန်းကျင်တို့ကို အာမခံပေးနိုင်မှသာလျှင် လွတ်လပ်၍ တရားမျှတမှုရှိသော  ရွေးကောက်ပွဲကို ကျင်းပနိုင်မည် ဖြစ်ပါကြောင်း၊  အဆိုပါ အခြေခံအုတ်မြစ်များ မရှိပါက ရွေးကောက်ပွဲများ၏ အနှစ်သာရသည် လုံးဝဥသုံကင်းမဲ့သွားလိမ့်မည် ဖြစ်ပါကြောင်း၊


(ဏ)   လက်ရှိ မြန်မာနိုင်ငံအခြေအနေသည် စစ်အုပ်စုသည် နိုင်ငံ၏ နယ်မြေ ၃၀ ရာခိုင်နှုန်း အောက်သာ စိုးမိုးနိုင်တော့ပြီး၊ တရားစီရင်ရေးစနစ်အား ဖျက်ဆီးခဲ့ကာ၊ ဥပဒေများကိုလည်း  ၎င်းတို့ အလိုရှိ သလို ထုတ်ပြန်၍ နိုင်ငံ့ခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများကိုလည်း ဥပဒေမဲ့ အကျဉ်းချခြင်း  သို့မဟုတ် သေဒဏ်များ ချမှတ်လျက်ရှိပါကြောင်း၊ နိုင်ငံသားတို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့သည်လည်း မရှိတော့ကြောင်း၊ ထိုသို့သော အခြေအနေမျိုးများ ဖြစ်နေသည့် မြန်မာနိုင်ငံတွင်ကျင်းပမည့် ရွေးကောက်ပွဲအနေဖြင့် မည်သို့မျှ လွတ်လပ်၍ တရားမျှတပြီး အားလုံးပါဝင်နိုင်မည် မဟုတ်ပါကြောင်း၊


(တ)    တစ်နည်းအားဖြင့် ပြောရပါလျှင် ယခုကဲ့သို့သော အခြေအနေတွင် ကျင်းပမည့် ရွေးကောက်ပွဲ သည် ပြည်သူတို့၏ ဆန္ဒကို ထင်ဟပ်စေနိုင်မည်မဟုတ်ကြောင်း၊  ထို့ကြောင့် အကြမ်းဖက် စစ်အုပ်စုက စီစဉ်နေသည့် အတုအယောင်၊ အလိမ်အညာရွေးကောက်ပွဲသည် ပြစ်ချက်များရှိနေသည့် ရွေးကောက်ပွဲတစ်ခုသာ မဟုတ်ဘဲ ယုတ္တိမတန်၍  ဥပဒေကြောင်းအရလည်း  အစကနဉီး ကတည်းကပင် တရားဝင်မှုမရှိသော ရွေးကောက်ပွဲသာ ဖြစ်ပါကြောင်း၊ အဆိုပါ ရွေးကောက်ပွဲ သည် ၎င်းတို့၏ ရာဇဝတ်မှုများကို တရားဝင်စေရန် လုပ်ဆောင်နေခြင်းသာ ဖြစ်ပါကြောင်း၊ ၎င်းသည် ဒီမိုကရေစီကို ကျင့်သုံးခြင်း မဟုတ်ဘဲ ချိုးဖောက်ခြင်းသာ ဖြစ်ပါကြောင်း၊


(ထ)    ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား အကြမ်းဖက် စစ်အုပ်စုက စီစဉ်လျက်ရှိသည့် အလိမ်အညာရွေးကောက်ပွဲကို နည်းလမ်းအားလုံးဖြင့် ပြတ်ပြတ် သားသား ပယ်ချရန်နှင့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန်၊ တရားမျှတပြီး ငြိမ်းချမ်းသော မြန်မာနိုင်ငံ၏ အနာဂတ်သစ်ကို ရယူရန် ကြိုးပမ်းနေကြသည့် မြန်မာပြည်သူများနှင့်အတူတကွ ရပ်တည်ပေးရန် တိုက်တွန်းပါကြောင်း။


၃။      မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against the delivery

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,

at the Sixth Committee General Debate on Agenda Item 84: “Rule of Law at the National and International Level”

at the Eightieth Session of the UN General Assembly

 

(New York, 9 October 2024)

Mr. Chair,

I wish to extend our warmest congratulations to you and the bureau for your well-deserved election. I wish to assure you of our delegation’s full support for the work of this committee.

Myanmar aligns itself with the statements delivered by the ASEAN and the Non-Aligned Movement (NAM).


I would like to thank the Secretary-General for his report contained in document A/80/99 on Strengthening and coordinating United Nations rule of law activities.


As the United Nations marks its eightieth anniversary, this year’s discussion on the rule of law carries renewed significance. The current report highlights the centrality of the rule of law as the bedrock of multilateralism and the foundation of peaceful, just and inclusive societies. It also reaffirms the collective responsibility of all States to uphold it in advancing peace, justice and sustainable development, in accordance with the vision set out in the Pact for the Future.


My delegation also notes with appreciation the report’s focus on justice for women and girls, access to justice, and the protection of victims. These priorities remain vital to the rule of law and hold particular relevance for Myanmar, where civilians, especially women and girls and children, bear the brunt of the illegal military coup and the junta’s atrocities.


Mr. Chair,

At the conceptual level, the rule of law is not merely a legal doctrine; it is the foundation of justice, peace, and human dignity. English philosopher John Locke rightly pointed out that “Wherever law ends, tyranny begins.”


The rule of law exists to ensure that power is exercised within limits, that justice is administered impartially, and that rights are protected without discrimination. Where it prevails, peace and trust endure; where it collapses, tyranny and impunity take root, as we all witnessed today in Myanmar.


Since the illegal military coup, the rule of law in Myanmar has entirely collapsed. The military has dismantled independent institutions, weaponized the courts, and used arbitrary decrees to justify its violence.


For over 4 years, this military junta has been carrying out countless human rights violations and atrocities against its own people every day across the country. These include aerial and heavy artillery attacks on civilians, massacres, extrajudicial killings, property destruction including schools, hospitals and religious buildings, arbitrary arrests, forced labour, forced conscription and forced displacement. The list goes on.


Since the coup, the military junta has killed over 7,300 people and arbitrarily arrested over 29,000. Over 3.6 million people are displaced. Almost 22 million people are in need of humanitarian assistance.


Mr. Chair,

These grave violations are not abstract statistics. They represent the lived reality of a people stripped of justice and protection.


The collapse of the rule of law in Myanmar is most clearly reflected in the widespread and systematic violations of human rights committed by the military. Entire communities have been collectively punished through airstrikes, burnings down the villages, and forced displacement. Here let me share the recent heartbreaking tragic incident. On 6 October, a Buddhist religious day, the military junta inhumanely conducted aerial attacks on a crowd gathered in Chaung U Township, Sagaing Region, to hold a candle light vigil as part of peaceful protest against the forced conscription and the junta’s planned scam election. It killed about 20 innocent civilians, including women and children and severely injured many.


These acts are not isolated incidents but form part of a systematic strategy of terror aimed at suppressing the will of the people and silencing all forms of dissent.


These atrocities are amounting to the war crimes and crimes against humanity.

Moreover, the breakdown of the rule of law has turned Myanmar into a breeding ground for transnational organized crimes including online scam, human and drug trafficking. Victims of these crimes are not only from Myanmar but also from member states in the region and beyond.

This destruction of rule of law in Myanmar poses a threat to regional stability, digital security, and international peace and security.


Clearly the destruction of the rule of law in one country undermines the collective security of all.


If the international community continues to overlook this reality, the contagion of impunity and criminality will spread beyond our region.


Mr. Chair,

I wish to emphasize that the rule of law and free and fair elections are inseparable.


An election can take place only when the rule of law guarantees equality before the law, protection of political rights, a proper civic space and an environment free from fear and coercion.

When those foundations are absent, elections lose all meaning.


At present in Myanmar, the military junta controls only less than 30% of the country territory; the judiciary has been dismantled; laws are arbitrarily issued; political leaders and activists are imprisoned or executed; and freedom of expression has been taken away. Under these very conditions, any elections of the military junta will never be free, fair and inclusive.


On other word, an election held under such circumstances cannot express the will of the people. Therefore, the military junta’s planned sham, scam election is not merely “flawed.” Logically and legally, it is void ab initio. It constitutes the legitimization of a crime. It is a violation, not an exercise of democratic principle.


As such I appeal to the international community and the member states to use all avenues to strongly reject the junta’s planned scam election and to stand with the people of Myanmar in their efforts to end military dictatorship, build a federal democratic union, and secure a just and peaceful future Myanmar.

I thank you.

*****

ree
ree
ree
ree
ree
ree
ree
ree
ree

Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page