top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun at the General Debate on Agenda Item 81: “Crimes Against Humanity” of the Sixth Committee of the 80th Session of the UN General Assembly

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Oct 14
  • 7 min read
ree
ree
ree

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate on Agenda Item 81: “Crimes Against Humanity” of the Sixth Committee of the 80th Session of the UN General Assembly, held on 13 October 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


အကြိမ် (၈၀) မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ)၏ အထွေထွေဆွေးနွေးပွဲအစီအစဉ်အမှတ် ၈၁ "လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ" ခေါင်းစဉ်ဖြင့်  အထွေထွေဆွေးနွေးမှုအတွင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်း က မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာ အနှံ့တွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဆက်လက်ဖြစ်ပေါ် နေလျက်ရှိ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းက ပြတ်သားစွာ တုန့်ပြန်အရေးယူဆောင်ရွက်ရန်  ပျက်ကွက်နေခြင်း၏ ကြောက်မက်ဖွယ်ရာ နောက်ဆက်တွဲ အကျိုးဆက်များကို မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေက ထင်ရှားစွာ လှစ်ဟ ပြသနေ၊


၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့သည့် မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား၏ အစီရင်ခံစာ၌ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် ရာဇဝတ်မှုများ ပိုမိုပြင်းထန်လာလျက်ရှိကြောင်းကို  စိုးရိမ်ဖွယ်ရာ အထောက်အထားများဖြင့် ဖော်ပြထား၊


အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို တာဝန်ခံမှုမှ ရှောင်လွှဲရန် ကြံစည်၍ တရားမဝင် အာဏာသိမ်းမှုကို တရားဝင်စေရန် ရည်ရွယ်ချက်ဖြင့် အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို စီစဉ်နေ၊


တရားဝင်မှုကို အတုအယောင် ဖန်တီးရန် ကြိုးပမ်းမှုများသည် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှု ကျူးလွန်သူများကို အပြစ်ပေးအရေးယူခံရမှုမှ ကာကွယ်ပေးနိုင်မည်လည်း မဟုတ်သလို   အကာအကွယ်လည်း မပေးသင့်သည်ကို သတိပြုရန်လို၊


လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးနှင့် အခြားသော သက်ဆိုင်ရာ တရားစီရင်ရေးယန္တရားများ၏ သင့်လျော်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များမှတစ်ဆင့် အပါအဝင် အပြစ်ပေးအရေးယူရမည်ဖြစ်၊


အကြမ်းဖက်စစ်အုပ်စုက စီစဉ်နေသော အတုအယောင်ရွေးကောက်ပွဲကို ပြတ်သားစွာပယ်ချပစ်ရန်နှင့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး၊ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီးမျှတသောအနာဂတ်ကိုရရှိစေရေးတို့အတွက်

မြန်မာပြည်သူများ၏ ကြိုးပမ်းမှုများတွင် ခိုင်ခိုင်မာမာ အတူတကွ နည်းလမ်းအားလုံးကို အသုံးပြု၍ ရပ်တည်ပေးကြရန် အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းနှင့်

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးအား တောင်းဆိုလိုပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်)


၁။ အကြိမ် (၈၀) မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) ၏ အထွေထွေဆွေးနွေးပွဲ အစီအစဉ်အမှတ် ၈၁ "လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ" ခေါင်းစဉ် ဖြင့်  ဆွေးနွေးမှုကို ၁၃-၁၀-၂၀၂၅ ရက်နေ့မှ စတင်ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ (၉၀) ကျော်မှ ကိုယ်စားလှယ်များနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီအဖွဲ့၏ ကိုယ်စားလှယ်တို့က မိန့်ခွန်း များ ပါဝင်ပြောကြားကြမည် ဖြစ်ပါသည်။  

၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၁၃-၁၀-၂၀၂၅ ရက်နေ့ (တနင်္လာနေ့)၊ မွန်းလွဲပိုင်းတွင် မိန့်ခွန်းပြောကြားခဲ့ပြီး မြန်မာအမြဲတမ်းကိုယ်စားလှယ် ၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-


(က) မြန်မာနိုင်ငံသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား တားဆီး ကာကွယ် ရေးနှင့် အပြစ်ပေးရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍  အပြည်ပြည် ဆိုင်ရာ ဥပဒေကော်မရှင်၏ ဆက်လက် ဆောင်ရွက်နေမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊

(ခ) မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့တွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု များ ဆက်လက်ဖြစ်ပေါ် နေလျက်ရှိပါကြောင်း၊

(ဂ) လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ရာဇဝတ်မှုများဆိုင်ရာအယူအဆသည် ခေတ်သစ်အပြည်ပြည်ဆိုင်ရာဥပဒေ၏ ဖွံ့ဖြိုးတိုးတက်မှုများအနက်မှ အထင်ရှားဆုံးသောအောင်မြင်မှုတစ်ရပ်အဖြစ် ယနေ့တိုင်ရပ်တည်နေဆဲဖြစ်ပါကြောင်း၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများသည် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေ၌ အခိုင်အမာအသိအမှတ်ပြုထားပြီးဖြစ်သော်လည်း သီးခြား သဘောတူစာချုပ်/ ကွန်ဗင်းရှင်းတစ်ရပ်ဖြင့် သတ်မှတ်ပြဋ္ဌာန်းခြင်း မခံရသေးသည့် အရေးကြီးသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတစ်ရပ် ဖြစ်ပါကြောင်း၊ ထို ဥပဒေရေးရာ ဟာကွက်သည် ရာဇဝတ်မှုများကို တစိုက်မတ်မတ် တားဆီးကာကွယ်ရေး၊ အပြစ်ပေးရေးနှင့် နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်ရာ၌  အဟန့်အတားဖြစ်စေပါကြောင်း၊


(ဃ)    အပြည်ပြည်ဆိုင်ရာ ဥပဒေကော်မရှင်၏ မူကြမ်းပြန်ဋ္ဌာန်းချက်များအပေါ် အခြေခံ၍ သီးသန့် အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်တစ်ရပ် ရေးဆွဲခြင်းသည် လိုအပ်လျက်ရှိသော ဥပဒေ ရေးရာခိုင်မာမှုကို ဖန်တီးပေးနိုင်မည့်အပြင် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ကာကွယ်တားဆီးမှု ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ဥပဒေမူဘောင်ကိုလည်း ပိုမိုခိုင်မာ အားကောင်းစေမည် ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လက်ရှိ မူကြမ်းပါ ပြဋ္ဌာန်းချက်များအနေဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ စုစည်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အကြား ဟန်ချက်ညီမျှစေသည်ဟု ရှုမြင်ပါကြောင်း၊

(င) ၎င်းပြဋ္ဌာန်းချက်များသည် လူတစ်ဦးတစ်ယောက်ချင်းစီ၏ ရာဇဝတ်မှုများအပေါ် တာဝန်ရှိမှု၊ ပူးပေါင်းဆောင်ရွက်ရန် တာဝန်ဝတ္တရားနှင့် တားဆီးကာကွယ်၍ အပြစ်ပေးအရေးယူရန် တာဝန် ဝတ္တရားများအပါအဝင် မရှိမဖြစ်အရေးကြီးသော အခြေခံမူများကို အတည်ပြုပေးပါကြောင်း၊ ယခုသဘောတရားများကို အခြေခံ၍ ပြဋ္ဌာန်းမည့် သဘောတူစာချုပ်ကို လက်ခံကျင့်သုံးခြင်းဖြင့် အပြည်ပြည်ဆိုင်ရာ တရားမျှတမှုကို ပို၍ခိုင်မာအားကောင်းစေရုံသာမက လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်ရန်နှင့် ယခုမျိုးဆက်များ၊ လာမည့်မျိုးဆက်များကို ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ၏ ဘေးဒဏ်မှ ကာကွယ်စောင့်ရှောက်ရန် ကုလသမဂ္ဂပဋိညာဉ်စာတမ်းတွင် ပါရှိသော ကိုယ်ကျင့်တရားဆိုင်ရာ တာဝန်ဝတ္တရားကိုလည်း ပိုမိုအားကောင်းစေနိုင်မည် ဖြစ်ပါကြောင်း၊


(စ) လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အပြည်ပြည်ဆိုင်ရာ အသိုက်အဝန်းက ပြတ်သားစွာ တုန့်ပြန်အရေးယူဆောင်ရွက်ရန်  ပျက်ကွက်နေခြင်း၏ ကြောက်မက်ဖွယ်ရာ နောက်ဆက်တွဲအကျိုးဆက်များကို မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေက ထင်ရှားစွာ လှစ်ဟပြသနေပါကြောင်း၊ တရားမဝင် အာဏာသိမ်းပြီး လေးနှစ်ကျော်ကာလအတွင်း အကြမ်းဖက် စစ်တပ်သည်  ခွဲခြားမှုမရှိ လေကြောင်းတိုက်ခိုက်မှုပေါင်း  ၃,၇၄၄ ကြိမ် ကျူးလွန်ခဲ့ပြီး၊  အပြစ်မဲ့ ပြည်သူပေါင်း  ၄,၁၃၅ ဦး ဆုံးရှုံးခဲ့ရကာ ကျောင်း၊ ဆေးခန်းနှင့် ဘာသာရေးအဆောက်အအုံ တစ်ထောင်ကျော်အပါအဝင် ပုဂ္ဂလိကအဆောက်အဉီပေါင်း ၁၀၀,၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရပြီးဖြစ်ပါကြောင်း၊


(ဆ)    လက်ရှိအချိန်ထိ မှတ်တမ်းတင်အတည်ပြုထားနိုင်သော  အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၄၅၂ ကြိမ်ကျူးလွန်ခဲ့ပြီး၊ ကလေးငယ် ရာဂဏန်းအပါအဝင် အရပ်သား ၄,၇၆၃ ဦး သေဆုံးခဲ့ရပါ ကြောင်း၊ အကြမ်းဖက်စစ်တပ်သည် တရားမဝင်အတင်းအကြပ် စစ်သားစုဆောင်းမှုပေါင်း  ၁,၆၁၈ ကိုလည်းကျူးလွန်ခဲ့ပြီး အရွယ်မရောက်သေးသူများအပါအဝင် လူပေါင်း ၃၀,၀၀၀ ကျော် ကို အတင်းအကျပ်စစ်သားစုဆောင်းခဲ့ပါကြောင်း၊  ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်နေ့တွင်ပင် အကြမ်းဖက်စစ်တပ်သည် စစ်ကိုင်းတိုင်းဒေသ ကြီး၊ ချောင်းဦးမြို့နယ်တွင် လူစုလူဝေးအတွင်းသို့ လူမဆန်စွာ လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး ကလေးငယ်များအပါအဝင် အရပ်သား ၂၀ ခန့် အသက်ဆုံးရှုံးခဲ့ရကာ လူပေါင်းများစွာ ဒဏ်ရာ ရရှိခဲ့ကြပါကြောင်း၊


(ဇ) ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့သည့် မြန်မာနိုင်ငံ ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား၏အစီရင်ခံစာ၌ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေသည့် ရာဇဝတ်မှုများ ပိုမိုပြင်းထန်လာလျက်ရှိကြောင်းကို  စိုးရိမ်ဖွယ်ရာအထောက်အထားများဖြင့် ဖော်ပြထားပါကြောင်း၊ စုံစမ်းစစ်ဆေးရေးယန္တရားက အကြမ်းဖက် စစ်တပ်၏ အဆိုပါလုပ်ရပ်များသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ချင်း၊ ကချင်၊ ကရင်နီ (ကယား)၊ ကရင်၊ ရခိုင်၊ ရှမ်း၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများရှိ အရပ်သားများအပေါ် ခွဲခြားမှုမရှိဘဲ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုများ သိသိသာသာ များပြားလာခြင်း၊ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ကလေးသူငယ်များအပါအဝင် လူထောင်ပေါင်းများစွာကို ဥပဒေမဲ့အကျဉ်းချမှုများ ရှိနေကြောင်းကို ဖော်ပြထားပါကြောင်း၊

(ဈ) မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက် မြေငလျင်လှုပ်ခတ်ပြီးနောက်ရက်ပိုင်းအတွင်းမှာပင်၊ ပြည်သူများသည် သဘာဝဘေးအန္တရာယ်ကြောင့် အတိဆင်းရဲဒုက္ခရောက်နေဆဲအချိန်တွင် အကြမ်းဖက်စစ်တပ်သည် ငလျင်၏ဗဟိုချက်ဖြစ်သော မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများ ရှိ အရပ်သားရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ဤကဲ့သို့သော အခြေအနေများတွင် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်းသည် အကြောက် တရားဖြစ်စေရန် ဆောင်ရွက်နေသည့် ၎င်းတို့၏ မူဝါဒကို ထင်ဟပ်စေပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေသများကို လုံးဝလျစ်လျူရှုထားသည်မှာ မြင်သာပါကြောင်း၊


(ည) အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများကို တာဝန်ခံမှု မှ ရှောင်လွှဲရန်ကြံစည်၍ တရားမဝင်အာဏာသိမ်းမှုကို တရားဝင်စေရန် ရည်ရွယ်ချက်ဖြင့် အတုအယောင် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို စီစဉ်နေခြင်းဖြစ်ပါကြောင်း၊  မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံ့နယ်မြေ၏ သုံးဆယ်ရာခိုင်နှုန်းထက်နည်းသော နယ်မြေကိုသာ ထိန်းချုပ်နိုင်ခြင်း၊ တရားစီရင်ရေးစနစ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်စီးပစ်ခြင်း၊ ဥပဒေများကို ၎င်းတို့အလိုရှိသလို ထုတ်ပြန်ခြင်း၊ နိုင်ငံ့ခေါင်းဆောင်များ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် အရပ်သားများကို ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းခြင်း သို့မဟုတ် ကွပ်မျက်မှုများ ပြုလုပ်ခြင်း၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် စုဝေးခွင့်တို့ကို လုံးဝနှိမ်နင်းထားခြင်းတို့ကို ပြုလုပ်လျက်ရှိရာ ဤကဲ့သို့သော အခြေအနေများအောက်တွင် အကြမ်းဖက်စစ်အုပ်စုကကျင်းပသည့် မည်သည့်ရွေးကောက်ပွဲသည်မျှ လွတ်လပ်၍ မျှတနိုင်မည်မဟုတ်သကဲ့သို့ ပြည်သူလူထု၏ စစ်မှန်သောဆန္ဒကိုလည်း ကိုယ်စားပြုနိုင်မည် မဟုတ်ပါကြောင်း၊


(ဋ) တရားဝင်မှုကို အတုအယောင်ဖန်တီးရန် ကြိုးပမ်းမှုများသည် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုကျူးလွန်သူများကို အပြစ်ပေးအရေးယူခံရမှုမှ ကာကွယ်ပေးနိုင်မည်လည်း မဟုတ် သလို အကာအကွယ်လည်း မပေးသင့်သည်ကို သတိပြုရန်လိုအပ်ပါကြောင်း၊  တရားမျှတမှု၊ အမှန်တရားနှင့် ပြန်လည်ကုစားပေးမှုတို့သည် စစ်မှန်သော ငြိမ်းချမ်းရေးနှင့် အမျိုးသားရေး သင့်မြတ်ရေးအတွက် မရှိမဖြစ်လိုအပ်သော အခြေခံအုတ်မြစ်များဖြစ်ပါကြောင်း၊ ရာဇဝတ်မှုများကို အပြစ်ပေးခြင်းမရှိ လျစ်လျူရှုမည်ဆိုပါက ကျူးလွန်သူများအနေဖြင့် နောက်ထပ် ရက်စက်ကြမ်းကြုတ်မှုများကို ပို၍ ရဲတင်းစွာ ကျူးလွန်လာကြမည် ဖြစ်ပါကြောင်း၊


(ဌ) ဤကဲ့သို့ အပြစ်ဒဏ်မှ လွတ်ကင်းခွင့်ရနေသည့် သံသရာကို ရပ်တန့်နိုင်ရန်  မိမိတို့အားလုံးတွင် ရေရှည်ခိုင်မြဲသော နိုင်ငံရေးဆန္ဒထက်သန်မှု ရှိရမည်ဖြစ်ပါကြောင်း၊  အပြစ်ဒဏ်မှ လွတ်ကင်းခွင့် ပေးသည့် ထုံးတမ်းစဉ်လာကို အဆုံးသတ်ရမည်ဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက်တာဝန်ရှိသူများကို အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးနှင့် အခြားသော သက်ဆိုင်ရာတရားစီရင်ရေး ယန္တရားများ၏ သင့်လျော်သည့်တရားစီရင်ရေး လုပ်ငန်းစဉ်များမှတစ်ဆင့် အပါအဝင် အပြစ်ပေးအရေးယူရမည်ဖြစ်ပါကြောင်း၊


(ဍ) ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုကစီစဉ်နေသော အတုအယောင်ရွေးကောက်ပွဲကို ပြတ်သားစွာ ပယ်ချပစ်ရန်နှင့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းပြီး မျှတသောအနာဂတ်ကို ရရှိစေရေးတို့အတွက် မြန်မာပြည်သူများ၏ ကြိုးပမ်းမှုများတွင် ခိုင်ခိုင်မာမာ အတူတကွ နည်းလမ်းအားလုံးကို အသုံးပြု၍ ရပ်တည်ပေးကြရန် အပြည်ပြည်ဆိုင်ရာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံးအား တောင်းဆိုလိုပါကြောင်း၊


(ဎ) တာဝန်ယူမှု၊ တာဝန်ခံမှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ် ပြန်လည်ထူထောင်မှု တို့မှ တစ်ဆင့်သာလျှင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် လူ့ဂုဏ်သိက္ခာ တန်ဖိုးထားသည့် လူမှုအသိုက်အဝန်းတစ်ရပ်ကို အောင်မြင်စွာ ရရှိနိုင်မည်ဖြစ်ပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against the delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,

at the General Debate on Agenda Item 81: “Crimes Against Humanity” of the Sixth Committee of the 80th Session of the UN General Assembly


(New York, 13 October 2025)

Mr. Chair,

Myanmar thanks the International Law Commission for its continued work on the draft articles on the prevention and punishment of crimes against humanity and acknowledges the substantive discussions held during the resumed session of the Seventy Ninth session of the UN General Assembly.


We commend the sustained commitment of Member States to advancing this important initiative, which aims to close the existing gaps in the international legal framework and to strengthen accountability for the most serious crimes of concern to the international community.


We also note with appreciation that, at its seventy ninth session, the General Assembly decided to convene a Preparatory Committee for the United Nations Conference of Plenipotentiaries on the Prevention and Punishment of Crimes against Humanity. This milestone decision marks a decisive step toward the negotiation of a comprehensive international convention, reaffirming the global resolve to end impunity for perpetrators of such heinous crimes.


Myanmar aligns itself with the statements delivered by the ASEAN and the Non-Aligned Movement (NAM).


Myanmar is conscious of the ongoing commission of crimes against humanity in many parts of the world, including in our own country, Myanmar.


Mr. Chair,

The concept of crimes against humanity remains one of the most significant achievements in the development of modern international law.

Despite its established status as customary international law, crimes against humanity remain the only category of core international crimes not yet governed by a specific international convention. This legal gap continues to impede global efforts to ensure consistent prevention, punishment and inter State cooperation.


The elaboration of a dedicated convention, based on the draft articles of the International Law Commission, would therefore provide the necessary legal certainty and reinforce the international framework for accountability and deterrence.

Myanmar believes that the draft articles strike a careful balance between codification and progressive development of international law. They reaffirm essential principles, including individual criminal responsibility, the duty to cooperate and the obligation to prevent and punish.

The adoption of a convention founded on these principles would not only strengthen international justice but also give tangible expression to the collective moral responsibility enshrined in the Charter of the United Nations to uphold human dignity and protect present and future generations from the scourge of atrocity crimes.


Mr. Chair,

The situation in Myanmar continues to exemplify the catastrophic consequences of the international community’s failure to act decisively against crimes against humanity. For over four years since the illegal coup, the military has conducted 3,744 indiscriminate aerial attacks, resulting in 4,135 deaths and the destruction of more than 100,000 private properties including over one thousand schools, clinics and religious buildings. There have been 452 documented massacres, claiming the lives of 4,763 civilians, including hundreds of children. The junta has also carried out 1,618 cases of unlawful conscription, forcing more than 30,000 persons, among them minors, into its ranks.

Even on 6 October 2025, a Buddhist religious day, the military junta inhumanely conducted aerial attacks on a crowd gathered in Chaung U Township, Sagaing Region, killing about 20 civilians including children and severely injured many.


Mr. Chair,

The latest report of the Independent Investigative Mechanism for Myanmar, presented to the Human Rights Council in September 2025, provides alarming evidence of the escalating gravity of crimes committed by the military junta. The Mechanism confirmed that these acts constitute crimes against humanity and war crimes, noting a sharp increase in indiscriminate air and artillery attacks on civilians across Chin, Kachin, Karenni (Kayah), Kayin, Rakhine, Shan, Sagaing and Magway Regions, as well as systematic torture, sexual violence and the unlawful imprisonment of thousands, including children.

Within days of the 28 March 2025 earthquake, when people were still reeling from a natural disaster, the military launched aerial bombardments on civilian villages in Mandalay and Sagaing Regions.

The deliberate targeting of civilians in such circumstances reflects a policy of terror and a total disregard for international humanitarian law.


Mr. Chair,

The military junta is seeking to evade accountability for its atrocities by organizing a sham election process aimed at legitimizing its unlawful seizure of power. In Myanmar, the junta exercises control over less than thirty percent of the national territory; the judiciary has been dismantled; laws are arbitrarily promulgated; political leaders, human rights defenders and civilians are unlawfully detained or executed; and freedom of expression and assembly have been entirely suppressed. Under these conditions, any election conducted by the military junta can neither be free nor fair, nor can it represent the genuine will of the people.


Such attempts to manufacture legitimacy cannot and must not shield the perpetrators of atrocity crimes from accountability.

Justice, truth and redress are indispensable foundations for genuine peace and national reconciliation. If crimes remain ignored and unpunished, perpetrators will be emboldened to commit further atrocities.


To break this cycle of impunity, we must have sustained political will. The culture of impunity must end, and those responsible for crimes against humanity must be held to account, including through appropriate proceedings before the International Criminal Court and other competent judicial mechanisms.


As such, I appeal to the international community and all Member States to use all available avenues to categorically reject the junta’s planned scam election and to stand firmly with the people of Myanmar in their efforts to end military dictatorship, build a federal democratic union, and secure a peaceful and just future for Myanmar.


Only through accountability, justice and the restoration of democratic governance lasting peace and human dignity can be achieved.

I thank you.

*****

ree
ree
ree
ree
ree
ree
ree
ree
ree
ree

Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

This is the only official website of the Permanent Mission of  the Republic of the Union of Myanmar to the United Nations in New York.

The Mission is not affiliated with any other websites using similar names or domains.

bottom of page