top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun at the General Debate of the Third Committee at the Eightieth Session of the UN General Assembly

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Oct 5
  • 10 min read
ree
ree
ree

Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the General Debate of the Third Committee at the Eightieth Session of the UN General Assembly, held on 6 October 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ ပင်မကော်မတီ တစ်ခုဖြစ်သော လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီ၏ အထွေထွေမူဝါဒရေးရာ ဆွေးနွေးပြောကြားမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က စစ်အုပ်စုအနေဖြင့် (၄) နှစ်ကျော်ကာလအတွင်း မရေမတွက်နိုင်သော လူ့အခွင့် အရေး ချိုးဖောက်မှုများကို နိုင်ငံတစ်ဝန်းတွင် နေ့စဉ် ကျူးလွန်လျက်ရှိပြီး၊ စစ်အုပ်စုအနေဖြင့် အရပ်သား ပြည်သူ အပေါ် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက် ကျူးလွန် လျက်ရှိ၊ စစ်အုပ်စုအနေဖြင့် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကို အသုံးပြုနေခြင်းက ရပ်တန့် သွားခြင်းမရှိ၊

လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးမှ လုံခြုံရေးကောင်စီအား မြန်မာနိုင်ငံ အခြေအနေကို နိုင်ငံတကာ ရာဇဝတ် ခုံရုံးထံသို့ မဆိုင်းမတွ လွှဲပြောင်းတင်သွင်းရန် တောင်းဆိုခဲ့သည့် တောင်းဆိုချက်အား ထပ်လောင်း ပြောဆိုလို၊

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျောင်းသူကျောင်းသားများ အန္တရယ်ကင်းစွာ ပညာ သင်ကြားနိုင်ရန်နှင့် ပြည်သူများ အန္တရာယ်ကင်းစွာ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ရရှိစေနိုင်ရန် ဘေးကင်းလုံခြုံသော စာသင်ကျောင်းများ၊ ဘေးကင် လုံခြုံသော ဆေးရုံများ လှုပ်ရှားမှု (safe schools, safe hospitals campaign) ကို စတင်လုပ်ဆောင် လျက်ရှိ၊

ယခုအချိန်သည် အကြမ်းဖက်မှု ရပ်တန့်ရေး၊ လိုအပ်နေသူများထံသို့ လူသားစာနာ အကူအညီများ ပို့ဆောင်ရေး၊ မြန်မာနိုင်ငံတစ်ဝှမ်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဖော်ဆောင်ရန်အတွက် အလွန် အရေးကြီးသည့် အချိန်ဖြစ်၊

စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲ စီစဉ်ခြင်းဖြင့် အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကို ပိုမို ဖန်တီးလျက်ရှိ၊ စစ်အုပ်စု၏ အလိမ်အညာ၊ အတုအယောင် ရွေးကောက်ပွဲသည် ပြည်သူများ၏ အသံကို ကိုယ်စားပြုမည် မဟုတ်၊ ယင်းအစား စစ်တပ်အား ပြည်သူများအပေါ် လူမဆန်သည့် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်စေနိုင်မည့် လိုင်စင်ကိုသာ ပေးအပ်ရာရောက်မည်ဖြစ်၊

စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေသည့် ရာဇဝတ်သားများ အနေဖြင့် ရွေးကောက်ပွဲကျင်းပရန်အတွက် တရားဝင်မှု စိုးစဉ်းမျှမရှိ၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်အုပ်စုမှ ပြင်ဆင်နေသည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲအား တစ်သံတည်း ညီညွတ်စွာ ဝိုင်းဝန်းကန့်ကွက်ကြရန် တောင်းဆိုပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်)


၁။        နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် (၈၀) ကြိမ်မြောက် အထွေထွေညီလာခံ၏ အထွေထွေ မူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုများ (General Debate) ကျင်းပပြီးစီးသည့်နောက် ကုလသမဂ္ဂ ပင်မကော်မတီများ၏ အစည်းအဝေးများကို ၂-၁၀-၂၀၂၅ ရက်နေ့မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိပါသည်။


၂။         လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) အစည်း အဝေးများကို ၃-၁၀-၂၀၂၅ ရက်နေ့မှစတင်၍ ကျင်းပခဲ့ပြီး အထွေထွေမူဝါဒရေးရာဆွေးနွေးမှုဖြင့် စတင် လျက်ရှိ ပါသည်။


၃။        အဆိုပါ အစီအစဉ်တွင် မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၁၁၀) ကျော်ကလည်း မိန့်ခွန်းများ ပါဝင်ပြောကြားလျက်ရှိပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၆-၁၀-၂၀၂၅ ရက် (တနင်္လာနေ့) ၌ ကျင်းပသည့် အစည်းအဝေးတွင် တက်ရောက်မိန့်ခွန်း ပြောကြား ခဲ့ပါသည်။


၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အချက်များ အဓိက ပါဝင်ပါသည်-


(က)     ကုလသမဂ္ဂတည်ထောင်မှု နှစ် (၈၀) ပြည့် အထိမ်းအမှတ်တွင် အဖွဲ့အစည်းအနေဖြင့် အဖွဲ့အစည်း ၏ အဓိက လုပ်ပိုင်ခွင့်အာဏာနှင့် နိုင်ငံပေါင်းစုံဝါဒ၏ စည်းမျဉ်းတို့နှင့်ပတ်သက်၍ စိန်ခေါ်မှုများ ရင်ဆိုင်နေရကြောင်း၊ ထို့အတူ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ဖြစ်ပေါ်နေသည့် ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းများကြောင့် ကုလသမဂ္ဂ၏ ထိရောက်မှုအပေါ်၌လည်း ပြင်းပြင်းထန်ထန် မေးခွန်းထုတ်နေကြပြီး ပြုပြင်ပြောင်းလဲရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေရကြောင်း၊


(ခ)       ယနေ့အခါတွင် နိုင်ငံများအနေဖြင့်လည်း ၎င်းတို့၏ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကဏ္ဍတို့အား ပြင်းထန်စွာ ထိခိုက်စေသည့် အမျိုးမျိုးသော အကျပ်အတည်းများကို တွေ့ကြုံနေရကြောင်း၊


(ဂ)       ကံမကောင်းစွာပင် မိမိတို့ မြန်မာနိုင်ငံသည်လည်း ထိုသို့ အကျပ်အတည်းများ ကြုံတွေ့နေရသည့် နိုင်ငံများအနက် တစ်နိုင်ငံအဖြစ် ပါဝင်နေကြောင်း၊


(ဃ)     မြန်မာနိုင်ငံတွင် စစ်အာဏာရှင်က ဆယ်စုနှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့သောကြောင့် မြန်မာ ပြည်သူများအနေဖြင့် ၎င်းတို့၏ အခြေခံလူ့အခွင့်အရေးများကို ရွေးကောက်ခံ အရပ်သားအစိုးရ လက်ထက်တွင်သာ ခံစားခွင့်ရခဲ့ကြောင်း၊ သို့ရာတွင် စစ်တပ်အနေဖြင့် ရွေးကောက်ခံ အရပ်သား အစိုးရကို ထပ်မံ ဖယ်ရှားခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား စစ်အာဏာသိမ်းမှုကို ကျူးလွန်ခဲ့ကြောင်း၊


(င)       အဆိုပါ စစ်အုပ်စုအနေဖြင့် (၄) နှစ်ကျော်ကာလအတွင်း၌ မရေမတွက်နိုင်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတစ်ဝန်းတွင် နေ့စဉ် ကျူးလွန်လျက်ရှိပြီး ပြည်သူလူထုတစ်ရပ်လုံးကို ပုံစံ အမျိုးမျိုးဖြင့် ထိပါးလျက်ရှိကြောင်း၊


(စ)       AAPP ၏ မှတ်တမ်းများအရ လူပေါင်း (၇,၃၁၈) ဦး သတ်ဖြတ်ခံခဲ့ရပြီး မိမိတို့၏ခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများ အပါအဝင် (၂၉,၇၈၀) ကျော်မှာ တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်ခံထားရကြောင်း၊ အများစုမှာ သေဒဏ်ချမှတ်ခံထားရပြီး အချို့မှာလည်း တရားလက်လွတ် ကွတ်မျက်ခံခဲ့ရပြီးဖြစ်ကြောင်း၊ အဆိုပါ ညွှန်းကိန်းများကို AAPP မှ အတည်ပြုထားပြီးဖြစ်သကဲ့သို့ ကိန်းဂဏန်းအစစ်မှာ ထို့ထက်ပို၍ မြင့်မားနိုင်ကြောင်း၊


(ဆ)     စစ်အုပ်စုအနေဖြင့် အရပ်သားပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက် ကျူးလွန် လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် အတွင်း (သြဂုတ်လကုန်အထိ) လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ် (၁၀၄) ခု ကျူးလွန်ခဲ့ပြီး လူအယောက် (၁,၀၆၉) ဦး အသက်သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများအနက် အသက် (၁၈) နှစ်အောက် ကလေးငယ် (၁၉၆) ဦး၊ အမျိုးသမီး သေဆုံးသူ (၃၁၄) ဦးတို့ ပါဝင်ကြောင်း၊


(ဇ)       ထို့ပြင် စစ်အုပ်စုမှ ၂၀၂၅ ခုနှစ်အတွင်း ၃၁-၈-၂၀၂၅ ရက်နေ့အထိ ကျူးလွန်ခဲ့သည် လူ့အခွင့် အရေး ချိုးဖောက်မှု (၅,၁၉၂) မှုကိုလည်း အထောက်အထား ရယူထားကြောင်း၊ အဆိုပါ ချိုးဖောက် မှုများ တွင် ဥပဒေမဲ့ သတ်ဖြတ်သည့် ဖြစ်စဉ် (၁,၀၆၆) ခု၊ ပစ္စည်းဥစ္စာပျက်စီးသည့် ဖြစ်စဉ် (၁,၀၄၄) ခု၊ အဓမ္မလုပ်သားခိုင်းစေမှု (၆၃၈) ခု၊ တရားလက်လွတ် ဖမ်းဆီးချုပ်နှောင်မှု (၃၅၉) ခုနှင့် အတင်း အကျပ် နေရပ်စွန့်ခွာစေမှု (၂၂၆) ခု ပါဝင်ကြောင်း၊


(ဈ)      စစ်အုပ်စုအနေဖြင့် လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်မှုများကို အသုံးပြုနေခြင်းက ရပ်တန့် သွားခြင်း မရှိကြောင်း၊ အဆိုပါ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများသည်ပင်လျှင် နိုင်ငံတစ်ဝှမ်း အရပ်သား ထိခိုက်ပျက်စီးမှုကို အများဆုံးဖြစ်ပေါ်စေသည့် အကြောင်းရင်းခံဖြစ်ကြောင်း၊


(ည)     ၁-၁-၂၀၂၃ ရက်နေ့မှ ၃၁-၈-၂၀၂၅ ရက်နေ့အထိ စစ်တပ်၏ နိုင်ငံတစ်ဝှမ်း လေကြောင်း တိုက်ခိုက်မှု (၃,၄၀၂) ကြိမ်ရှိပြီး ပြည်သူ (၃,၆၈၉) ဦး သေဆုံးခဲ့ရကြောင်း၊ ယင်းညွှန်းကိန်းများကို ကြည့်ခြင်း အားဖြင့် စစ်တပ်က အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ကြောင်း ပြသနေပြီး ၎င်းတို့ကျူးလွန်သည့် ပြစ်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုလည်းမြောက်ကြောင်း၊ ကလေးသူငယ်များနှင့် အမျိုးသမီးများ အပါအဝင် အရပ်သားပြည်သူများအား ပစ်မှတ်ထားခြင်းကို ကြည့်ခြင်းအားဖြင့် စစ်တပ်က အရပ်သားပြည်သူများအား ဖိနှိပ်ရန် အကြောက်တရားအသုံးပြုသည့် ဗျူဟာကို ကောင်းစွာ ပြသ နေကြောင်း၊ သို့ဖြစ်ရာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးမှ လုံခြုံရေးကောင်စီအား မြန်မာနိုင်ငံ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံးထံသို့ မဆိုင်းမတွ လွှဲပြောင်းတင်သွင်းရန် တောင်းဆိုခဲ့ သည့် တောင်းဆိုချက်အား ထပ်လောင်းပြောဆိုလိုကြောင်း၊


(ဋ)       တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် မတရားစစ်အာဏာသိမ်းမှုနှင့် စစ်တပ်မှ တရားဥပဒေစိုးမိုးမှုအား ဖျက်ဆီးခဲ့ခြင်းကြောင့် ပြိုလဲနေပြီဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှုများ ပြတ်တောက်နေပြီး အလုပ်သမား လျော့နည်းမှုနှင့် အခြေခံ အဆောက်အဦ ပျက်စီးမှုတို့လည်း ဖြစ်ပေါ်နေကြောင်း၊ ထို့ပြင် ငွေကြေးဖောင်းပွမှုသည်လည်း အိမ်ထောင်စုတိုင်း၊ အထူးသဖြင့် ဝင်ငွေအရနည်းမိသားစုများအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်ကြောင်း၊ လူဦးရေ၏ ထက်ဝက် သည်လည်း ဆင်းရဲနွမ်းပါးမှုသတ်မှတ်ချက်မျဉ်းအောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ ထို့ထက် အလယ်အလတ်လူတန်းစားမှာ ပျောက်ဆုံးလုနီးပါးဖြစ်နေပြီဖြစ်ကြောင်း၊


(ဌ)       ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ လာမည့် ဘဏ္ဍာနှစ် (၂၀၂၅-၂၀၂၆) တွင် မြန်မာနိုင်ငံ၏ GDP ၂.၅ ရာခိုင်နှုန်းကျဆင်းရန် ခန့်မှန်းထားကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုသည်လည်း စစ်တပ်၏ ကန့်သတ်ချက်များချမှတ်ခြင်း၊ တားမြစ်ခံရခြင်းနှင့် အမြတ်ထုတ်ခံရခြင်းတို့ကြောင့် အကျပ်အတည်းဖြစ်ပေါ်နေကြောင်း၊ ပုံမှန်ကာကွယ်ဆေးထိုး သည့် အစီအစဉ်ပင်လျှင် အတား အဆီး များ ကြုံတွေ့နေရကြောင်း၊


(ဍ)       အခြားတစ်ဖက်တွင်လည်း စာသင်ကျောင်းများကို ဗုံးကြဲခြင်းနှင့် စစ်တပ်မှ စာသင်ကျောင်းများ ကို စစ်ရေးအတွက် အသုံးချနေခြင်းတို့ကြောင့် ပညာသင်ကြားရေးပြတ်တောက်မှု ဆက်လက်ဖြစ် ပေါ် လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများ၏ စိန်ခေါ်မှုသည်လည်း သာလွန်ဆိုးရွားပါကြောင်း၊ သို့ဖြစ် ရာ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ကျောင်းသူကျောင်းသားများ အန္တရယ်ကင်းစွာ ပညာ သင်ကြားနိုင်ရန်နှင့် ပြည်သူများ အန္တရာယ်ကင်းစွာ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ရရှိစေနိုင်ရန် ဘေးကင်းလုံခြုံသော စာသင်ကျောင်းများ၊ ဘေးကင် လုံခြုံသော ဆေးရုံများ လှုပ်ရှားမှု (safe schools, safe hospitals campaign) ကို စတင်လုပ်ဆောင် လျက်ရှိကြောင်း၊


(ဎ)       သို့သော်လည်း မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုသည် ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်လာကြောင်း၊ ပြည်သူများအနေဖြင့် တစ်နေ့တာ စားဝတ်နေရေးအတွက် ရုန်းကန်နေရပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့သောကြောင့် ခိုးမှု၊ လုယက်မှု စသည့် မှုခင်းများသာ မြင့်တက်လာခဲ့ကြောင်း၊ မတရား စစ်အာဏာသိမ်းမှုကြောင့် တရားဥပဒေစိုးမိုးရေးကဏ္ဍသည်လည်း ဟာကွက်များလာပြီး ပျက်စီး နေပြီဖြစ်ကြောင်း၊ မြန်မာပြည်သူများအတွက် လူ့အခွင့်အရေးသည် ခံစားခွင့်မရနိုင်သော အခွင့် အရေးတစ်ရပ်ဖြစ်လာနေကြောင်း၊


(ဏ)     ထို့ပြင် အလှည့်ကျ လျှပ်စစ်မီးပေးခြင်းက မြန်မာပြည်သူများ၏ လူနေမှုဘဝနှင့် ရင်းနှီးကျွမ်းဝင် သည့်အသွင်ဆောင်လာပြီး အင်တာနက်အသုံးပြုခြင်းအတွက် ကြားခံ VPN များ အသုံးပြုနေရ ကြောင်း၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခြင်းသည်လည်း လုံးဝဥဿုံ ပျက်စီးခဲ့ကြောင်း၊ ပြည်သူများ၊ အထူးသဖြင့် လူငယ်အများစုမှာ စစ်တပ်၏ အတင်းအကျပ် တပ်သားစုဆောင်းမှုကြောင့် ညအချိန်များတွင် နေအိမ်များမှ ထွက်ခွာရန်ပင် ကြောက်ရွံ့နေရကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များသည်လည်း ခွဲခြားဆက်ဆံမှု၊ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှု၊ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုနှင့် ပဋိပက္ခတွင်း လိပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတို့နှင့် ရင်ဆိုင်နေရ ကြောင်း၊


(တ)     ဤမျှမကဘဲ စစ်တပ်သည် အကျဉ်းထောင်များအပါအဝင် နိုင်ငံတစ်ဝှမ်းတွင် ထိတ်လန့်ဖွယ် ကောင်းသည့် ပမာဏာဖြင့် ကြီးလေးသော၊ ကျယ်ပြန့်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျ ကျူးလွန်လျက်ရှိကြောင်း၊


(ထ)     မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းကျနေသူများသည် အကျဉ်းသားဦးရေထူပြောမှု၊ အစားအစာနှင့် သောက်သုံးရေ မလုံလောက်မှုတို့နှင့် ကြုံတွေ့နေရပြီး အခြေခံသုံးကုန်အတွက်ပင် စရိတ်ကျခံနေ ရကြောင်း၊ ထိုမျှ ဆိုးရွားသော အခြေအနေများကြောင့် ဖမ်းဆီးထိန်းသိမ်းခံ အကျဉ်းသားများ၏ အသက်နှင့် ဂုဏ်သိက္ခာတို့အား ကာကွယ်ပေးရန် နိုင်ငံတကာ၏ အလေးထားသော အာရုံစိုက်မှု နှင့် ကြားဝင်မှုကို လိုအပ်ပါကြောင်း၊


(ဒ)       ဤကာလများအတွင်း နိုင်ငံရေးအကျဉ်းသားများ ထောင်အတွင်း အသက်သေဆုံးမှုများရှိခဲ့ကြောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ကလည်း မကြာသေးမီကပင် သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှု ငြင်းပယ်ခံထားရသည့် ၎င်းအမေ၏ ကျန်းမာရေး အတွက် အထူးစိုးရိမ်သည်ဟု ထုတ်ဖော်ပြောကြားထားကြောင်း၊


(ဓ)       အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများအားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာမှ ထိရောက်သော လုပ်ဆောင်ချက်များကို မြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ ချက်ချင်းဆောင်ရွက်ပေးရန် တောင်းဆိုထားကြောင်း၊ မြန်မာနိုင်ငံအခြေအနေအား အလေးအနက် စဉ်းစားပေး ရန်နှင့် မြန်မာနိုင်ငံတွင် အလွန်အမင်း ဖိနှိပ်ခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ အား ကူညီ ပေးရန် မိမိအနေဖြင့် ဤနေရာမှ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အား မေတ္တာ ရပ်ခံလိုပါကြောင်း၊


(န)       OCHA ၏ အချက်အလက်များအရ ၃.၆ သန်းသော မြန်မာပြည်သူများမှာ နိုင်ငံတစ်ဝှမ်း နေရပ် စွန့်ခွာ နေရပြီး ၂၂ သန်းခန့်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အထူး လိုအပ် လျက်ရှိ ကြောင်း၊ ရိုဟင်ဂျာဒုက္ခသည်များအနေဖြင့်လည်း နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒ အလျောက် သိက္ခာရှိစွာ ပြန်လည်သွားရောက်နိုင်ခြင်း မရှိသေးကြောင်း၊ အခြား မြောက်များစွာ သော ဒုက္ခသည်များမှာလည်း နယ်စပ်ဒေသများ၊ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသအနှံ့အပြားတွင် ရွှေ့ပြောင်းခိုလှုံရေးအတွက် စိန်ခေါ်မှုများ ကြုံတွေ့နေရကြောင်း၊


(ပ)       ဤသည်မှာ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း ၏ အတိုင်းအဆပင်ဖြစ်ကြောင်း၊ ဤသည်မှာ မိမိတို့ ပြည်သူများ ဆက်လက် ရင်ဆိုင်နေရသည့် စိန်ခေါ်မှု ပမာဏာပင်ဖြစ်ကြောင်း၊


(ဖ)       မြန်မာနိုင်ငံအကျပ်အတည်းတွင် လူသားထိခိုက်ပျက်စီးမှုက ထင်သာမြင်သာရှိလှသည်ဟု အများစုက ဆိုလေ့ရှိကြောင်း၊ သို့သော်လည်း စစ်တပ်ကမူ အရပ်သားပြည်သူများအပေါ်၌ အကြမ်းဖက် ရက်စက်မှုများကို နေ့စဉ်နှင့်အမျှ ပြောင်ပြောင်တင်းတင်း တိုးမြှင့်လုပ်ဆောင်ကာ နိုင်ငံတကာမှ အကြမ်းဖက်မှု ရပ်တန့်ရေး တောင်းဆိုချက်နှင့် အပြည်ပြည်ဆိုင်ရာဥပဒေ လေးစား လိုက်နာရေး တောင်းဆိုချက်တို့ကိုပင် မျက်ကွယ်ပြုထားကြောင်း၊


(ဗ)       သို့ဖြစ်ရာ ထိခိုက်ပျက်စီးဆုံးရှုံးမှုသည် မြန်မာ့နယ်နိမိတ်ကို ကျော်လွန်နေပြီဖြစ်ကြောင်း၊ မြန်မာ နိုင်ငံတွင် တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် အွန်လိုင်း လိမ်လည်မှုနှင့် လူနှင့် မူးယစ်ဆေးဝါး ကုန်ကူးမှုတို့ အပါအဝင် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် မြန်မာနိုင်ငံက လုံခြုံသည့်ရပ်ဝန်း ဖန်တီးပေးလျက်ရှိကြောင်း၊ အဆိုပါ မှုခင်းများသည် ဒေသတွင်းနှင့် အခြားနေရာဒေသများအပေါ် တွင်ပါ ရိုက်ခတ်မှုကြီးမားကြောင်း၊


(ဘ)     ယခုအချိန်သည် အကြမ်းဖက်မှု ရပ်တန့်ရေး၊ လိုအပ်နေသူများထံသို့ လူသားစာနာ အကူအညီများ ပို့ဆောင်ရေးနှင့် မြန်မာနိုင်ငံတစ်ဝှမ်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ဖော်ဆောင်ရန်အတွက် အလွန် အရေးကြီးသည့် အချိန်အခါဖြစ်ကြောင်း၊


(မ)       သို့သော်လည်း စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲ စီစဉ်ခြင်းဖြင့် အကြမ်းဖက်မှုများနှင့် မတည်ငြိမ်မှုများကို ပိုမို ဖန်တီးလျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် ပြည်သူများမှ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ထုတ်ဖော်ပြသခဲ့သည့် လိုအင်ဆန္ဒများကို ဥပေက္ခာပြုကာ ရွေးကောက်ခံ အရပ်သားအစိုးရကို ဖယ်ရှား၍ မတရား အာဏာသိမ်းခဲ့ကြောင်း၊


(ယ)     ယခုအခါ မြန်မာနိုင်ငံရှိ နေရာဒေသအများစုကို တော်လှန်ရေး အင်အားစုများက ထိန်းချုပ် ထားပြီးဖြစ်ကြောင်း၊ အတုအယောင် လိမ်လည်လှည့်ဖြားသော ရွေးကောက်ပွဲသည် အကြောက် တရားနှင့် ဖိနှိပ် ချုပ်ခြယ်မှုအပေါ် အခြေခံ၍လည်းကောင်း၊ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့် ကင်းမဲ့၍လည်း ကောင်း၊ နိုင်ငံရေးခေါင်းဆောင်များနှင့် တက်ကြွလှုပ်ရှားသူများ အကျဉ်းကျ ခံနေရစဉ် တွင် လည်းကောင်း ကျင်းပမည့် အနေအထားဖြစ်ကြောင်း၊


(ရ)       ထို့ကြောင့် စစ်အုပ်စု၏ အလိမ်အညာ၊ အတုအယောင် ရွေးကောက်ပွဲသည် ပြည်သူများ၏ အသံကို ကိုယ်စားပြုမည် မဟုတ်ကြောင်း၊ ယင်းအစား စစ်တပ်အား ပြည်သူများအပေါ် လူမဆန်သည့် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်စေနိုင်မည့် လိုင်စင်ကိုသာ ပေးအပ်ရာရောက်မည်ဖြစ် ကြောင်း၊


(လ)     အချုပ်အားဖြင့်ဆိုသော် စစ်အုပ်စုသည် ပြဿနာကို ဖြေရှင်းပေးမည့်သူများ မဟုတ်ဘဲ ပြဿနာ၏ အဓိက အရင်းအမြစ် သာဖြစ်ကြောင်း၊


(၀)       သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် အကျပ်အတည်း ပိုမို မနက်နဲစေရန်နှင့် အရပ်သားဆုံးရှုံးမှု အား ကြိုတင် တားဆီးနိုင်ရန် နိုင်ငံတကာ တာဝန်ခံမှုနှင့် ကာကွယ်မှုတို့ကို အရေးပေါ် လိုအပ်နေပါ ကြောင်း၊


(သ)     အာဆီယံတစ်ဖွဲ့တည်းအနေဖြင့် ဤမျှကြီးလေးသောတာဝန်ကို ပုခုံးထမ်းနိုင်မည် မဟုတ်ကြောင်း၊ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်အားကောင်းစေရမည်ဖြစ်ကြောင်း၊ တပြိုင် တည်းမှာပင် အိမ်နီးချင်းနိုင်ငံများ၏ အပြုသောဆောင်သည့် ချဉ်းကပ်မှုများနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံတို့ ထံမှလည်း ထိရောက်သော အရေးယူဆောင်ရွက် ချက်များက အဓိကကျကြောင်း၊ ထို့ကြောင့် နိုင်ငံများအနေဖြင့် ရရာနည်းလမ်းများကို အသုံးပြုကာ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအား ရပ်တန့်ပေး၇န်၊ အရပ်သားပြည်သူများ ၏ အသက်ကို ကယ်တင်၊ ကာကွယ်ပေးရန်တောင်းဆိုကြောင်း၊


(ဟ)     စစ်တပ်ထံသို့ နိုင်ငံရေး၊ စစ်ရေးနှင့် ငွေကြေး အကူအညီများနှင့် ထောက်ပံ့မှုများ ဖြတ်တောက် ခြင်းက နည်းလမ်းတစ်ခုမျှသာမဟုတ်ဘဲ မြန်မာပြဿနာအား အပြီးတိုင် ပြေလည်စေနိုင်မည့် ပန်းတိုင်တစ်ခုဖြစ်ကြောင်း၊ စစ်တပ်အနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ခံစားခွင့် မရရှိသင့် ကြောင်း၊ ၎င်းတို့အား တာဝန်ခံမှု ရှိစေရန်နှင့် အသွင်ကူးပြောင်းရေး တရားမျှတမှု ရရှိစေရန် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားမှ စုဆောင်းရရှိထားသည့် သက်သေ အထောက်အထားများကို အသုံးပြုကာ ဥပဒေကြောင်းအရ ကောင်းစွာ အရေးယူနိုင်ကြောင်း၊


(ဠ)       စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်နေသည့် ရာဇဝတ်သားများအနေဖြင့် ရွေးကောက်ပွဲကျင်းပရန်အတွက် တရားဝင်မှု စိုးစဉ်းမျှမရှိကြောင်း၊ သို့ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုမှ ပြင်ဆင်နေသည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲအား တစ်သံတည်း ညီညွတ်စွာ ဝိုင်းဝန်းကန့်ကွက်ကြရန် တောင်းဆို ကြောင်း၊


(အ)      မိမိတို့ ပြည်သူများအနေဖြင့် ဆက်လက် ကြံ့ကြံ့ခံ ခုခံသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက် အဝန်းအနေဖြင့်လည်း ဤမျှ အရေးကြီးသော ကာလတစ်ခုတွင် မိမိတို့နှင့်အတူ ရင်ချင်း၊ ကျောချင်းကပ်ကာ ရပ်တည်၍ စစ်အာဏာရှင်စနစ် ကျဆုံးရေးနှင့် ဖက်ဒရယ်ဒီမိုရေစီ ပြည်ထောင်စု တည်ထောင်ရေးအတွက် ပံ့ပိုးပေးကြရန် တောင်းဆိုလိုကြောင်း၊ ရှေ့လမ်းခရီးသည် ကြမ်းတမ်းသော်လည်း နိုင်ငံတကာ၏ ထိရောက်သော အကူအညီများသည် မိမိတို့အတွက် တန်ဖိုးရှိမည်သာဖြစ်ကြောင်း၊ ထိုအကူအညီများကို အလွန် အလေးထားပါကြောင်း။


၅။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate of the Third Committee at the Eightieth Session of the UN General Assembly


(New York, 6 October 2025)


Mr. Chair,


At the outset, I wish to extend our warmest congratulations to you and the bureau for your well-deserved elections. We would like to assure you of our delegation’s full support and cooperation throughout the session.


Myanmar aligns itself with the statementsdelivered by ASEAN and the G-77 and China.


Mr. Chair,


The 80th anniversary of the United Nations arrives at a time of profound challenge to its core mandates and the principle of multilateralism. Rising geopolitical tension and a cascade of interconnected global crises have made the UN's effectiveness a subject of intense scrutiny and reform debate.


Today, many states face multiple, converging crises that are severely affecting their social, humanitarian, and cultural sectors. Political and security issues, social and economic instability, health concerns, environmental and climate crises, and emerging and existential risks are, in many situations, reaching unprecedented levels of urgency.


Unfortunately, my country, Myanmar, is amongst the many.


Protracted by the long decade of military rule, our people in Myanmar enjoyed their fundamental human rights only during the tenure of the elected civilian government.


The military junta yet again overthrew the elected civilian government and staged an unlawful military coup attempt in February 2021.


For over 4 years, this group have been carrying out countless human rights violationsevery day across the country and hampering the entire population in various forms.


Assistance Association for Political Prisoners (AAPP) shows a record of 7,318 people killed. 29,780 people have been arbitrarily arrested, including our leaders, politicians and activists. Many have been sentenced to death and some extrajudicially executed. These are numbers verified by AAPP, and the actual numbers are likely much higher.


The military junta continues its atrocities against civilians. It has perpetrated 104 massacre cases resulting in 1,069 deaths across Myanmar in 2025 (up to 31 August 2025). 196 children under the age of 18 were among those killed in these massacres, representing a deliberate targeting of Myanmar's most vulnerable populations. Women accounted for 314 of the deaths.


Beyond the massacres, the junta has committed 5,192 documented human rights violations across Myanmar in 2025 (up to 31 August 2025).


The violations include 1,066 cases of extrajudicial killings, 1,044 incidents of property destruction, 638 cases of forced labour, 359 arbitrary arrests, and 226 cases of forced displacement.


Moreover, the junta's use of aerial attacks against civilians is unabated. The airstrikes are accounting for the vast majority of civilian casualties across the country.


From 1 January 2023 to 31 August 2025, the junta conducted 3,402 airstrikes nationwide, killing 3,689 people.


These figures represent clear violations of international humanitarian law and constitute war crimes and crimes against humanity.


The deliberate targeting of civilians, including children and women, demonstrates the junta's strategy of using terror to suppress civilians.


Here, I wish to echo the calls on the UNSecurity Council by the UN High Commissioner for Human Rights to refer the situation of Myanmar to the International Criminal Court (ICC) without further delay.


Mr. Chair,


The economy has collapsed due the coup and the junta’s destruction of rule of law. Supply chains were disrupted. There have been labour shortages and damages to infrastructure.


High inflation is another severe challenge for every household, especially the least income families.Half of the population is living under the national poverty line with a disappearing middle class.


The World Bank’s Myanmar Economic Monitor already projecteda 2.5 percent contraction in Myanmar’s GDP for the fiscal year 2025/2026.


Moreover, healthcare is a crisis where access is restricted, hindered and exploited by the military junta. Regular immunization programme is also disturbed.


Education disruption continues as schools are bombed and used for military purposes by the junta.


Challenges of displaced population are further exacerbated.


Therefore, the National Unity Government has launched “safe schools, safe hospitals campaign” to enable students to study safely and people to get healthcare services safely.


Mr. Chair,


Development has become a luxury in Myanmar.


People are barely making their ends meet and there is an increase in theft and robbery due to the lack of rule of law.


Enforcement sector is heavily flawed and has been dismantled due to the coup.

Human rights have become unattainable rights for Myanmar people.


Rolling blackouts have become a constant feature of life and the internet requires the use of VPNs.


The state of freedom of expression has utterly collapsed.


Many people especially young people are scared to leave home during the late hour dueto forced conscription.


Women and girls continue to face discrimination, sexual harassment, gender-based violence and conflict related sexual violence.


The junta has been committing at alarming scale of systematic grave abuses and widespread violation of human rights across the country including in prisons.


Prisoners across Myanmar endure severe overcrowding, inadequate food and water that forces detainees to pay even for the most basic needs. Such inhumane conditions underscore the gravity of the crisis and demand urgent international attention and intervention to protect the lives and dignity of those arbitrarily detained.


Currently there were cases of political prisoners died in prisons.


The son of arbitrarily detained State Counsellor DawAung San SuuKyi, recently expressed his concern about the health condition of his mother who is being denied access to adequate medical care.


The National Unity Government of Myanmar also called upon the international community including the United Nations to take immediate and effective action to release of DawAung San SuuKyi and all other political prisoners in line with the aspiration of the people of Myanmar.


Here, I wish to appeal to the ICRC to consider the situation in Myanmar seriously and help distressed political prisoners in Myanmar.


Mr. Chair,


According to OCHA, more than 3.6 million people are displaced nationwide and almost 22 million people are in need of humanitarian assistance.


Rohingya refugees have not been able to make safe, voluntary and dignified returns.


Many other refugees are facing tremendous challenges in the border areas, neighbouring countries and across regions where they migrate to take refuge.


This is the gravity of the human rights and humanitarian crisis of Myanmar.


This is the scale of challenges that our people continue to face.


Many have said that human cost is evident in Myanmar in several catastrophic ways which is very true.


However, the military junta flagrantly escalates hostilities against the civilians every day and ignored calls from the international community to cease violence and adhere to the international law.


The cost has gone beyond the border of Myanmar. The destruction of rule of law in Myanmar has also created a safe haven for transnational organized crimes including online scam, human and drug trafficking.


These crimes have huge impacts on the countries in the region and beyond.


Mr. Chair,


This is the utmost important time for the cessation of violence, delivery of humanitarian assistance to all people in need and the prevalence of peace and stability across Myanmar.


Yet, the military juntais creating more violence and instability by organizing a sham and scam election.


It has ignored the people’s desire expressed through the 2020 free and fair elections by overthrowing the elected government.


The majority area of the country is being controlled by the revolutionary forces.

Such scam election will take place in a context of fear and repression and lack of freedom of expression while political leaders and activists remain arbitrarily in prisons.


Therefore, the junta’s scam, sham election will not speak for the people; instead it will extend a license to the military to commit further heinous crimes against the people.


In conclusion, Mr. Chair, the military junta is not a solution and is the source of the crisis.


There is an urgent need for international accountability and protection to prevent further deepening the crisis and civilian loss in Myanmar.


ASEAN cannot shoulder the crisis alone. Implementation of ASEAN’s 5PC must be reinvigorated.


Moreover, constructive attitude and approach from the neighbouring countries as well as effective actions from the UN Security Council and the General Assembly are pivotal.


We request member states to apply all available avenues to stop the junta’s atrocities, to save lives and to protect the civilians.


Cutting off political, military and monetary assistance and supply to the military junta are not means but an end to address Myanmar crisis.


The military junta shall not enjoy a culture of impunity. Seeking accountability and transitional justice are highly viable through several parallel mechanism by using evidencecollected by the IIMM.


I wish to stress that the perpetrators of war crimes and crimes against humanity lack the rightful legitimacy to hold any elections. We call on the international community to gather unified voices in rejecting strongly the military junta’s planned sham, scam election.


Our people remain resolute in this regard.


We, therefore, appeal to the international community to stand with us in solidarity during this critical moment and to support our efforts for ending the military dictatorship and building a federal democratic union.


The road ahead is not easy.


Effective international support will serve as a valuable asset.


Let us count on you.


I thank you.


*****

ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree

Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page