top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at the General Debate of the Sixth Committee of the 76th UNGA



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations Agenda Item 85: The Rule of Law, at the Sixth Committee of the Seventy-Sixth session of UN General Assembly on 8 October 2021


[Below Myanmar Text]



သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဆဋ္ဌမကော်မတီ၏ မျက်နှာစုံညီအစည်းအဝေး၌ “ပြည်တွင်းနှင့်အပြည်ပြည်ဆိုင်ရာအဆင့်တွင်တရားဥပဒေစိုးမိုးရေး”

ဘာသာရပ်အစီအစဉ်အတွက် မိန့်ခွန်းပြောကြားခဲ့ခြင်း


(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဆဋ္ဌမကော်မတီ၏ မျက်နှာစုံညီအစည်းအဝေးများကို အောက်တိုဘာလ (၅) ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့ အောက်တိုဘာလ (၈) ရက်နေ့၌ ပြုလုပ် သော အစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ တက်ရောက်၍ “ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာအဆင့်တွင် တရားဥပဒေစိုးမိုးရေး” ဘာသာရပ် အစီ အစဉ်အတွက် မိန့်ခွန်းပြောကြားခဲ့ပါသည်။


သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) ငြိမ်းချမ်း၍ သာယာဝပြောသော အသိုက်အဝန်းတစ်ခုအား ထိန်းသိမ်းနိုင်ရန် တရားဥပဒေစိုးမိုးရေး သည် နိုင်ငံတိုင်းအတွက် အခြေခံကျပြီး အပြည်ပြည်ဆိုင်ရာဥပဒေအပေါ်ထားရှိရမည့် လေးစားလိုက်နာမှုကို ပိုမိုအားကောင်းလာစေရန် ပြည်တွင်းအဆင့်တွင် တရားဥပဒေစိုးမိုးမှု ကျယ်ပြန့်စွာ တည်ရှိရေးက အဓိက ကျကြောင်း၊


(ခ) ပြည်တွင်းနှင့် အပြည်ပြည်ဆိုင်ရာအဆင့်တွင် တရားဥပဒေစိုးမိုးရေးသည် အပြန်အလှန်အမှီသဟဲပြု ခြင်းနှင့် အပြန်အလှန် အားဖြည့်ပေးသည့် ဆက်သွယ်ချက်ရှိခြင်းကြောင့် ပြည်တွင်း၌ တရားဥပဒေစိုးမိုးမှု ထိခိုက်ပျက်စီးခြင်းသည် အပြည်ပြည်ဆိုင်ရာဥပဒေ၊ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ ပြစ်မှုရေးရာ၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်ရာရောက်ပြီး အပြည်ပြည်ဆိုင်ရာ တရားဥပဒေစိုးမိုးမှုကို ထင်ရှားစွာ ထိပါးခြင်းပင်ဖြစ်ကြောင်း၊


(ဂ) တရားဝင် ရွေးကောက်ခံအစိုးရတစ်ရပ်အား ဥပဒေမဲ့စွာ အာဏာရယူခြင်း ထက်ပို၍ တရားဥပဒေစိုးမိုး ရေးကို အကြွင်းမဲ့ လျစ်လျူရှုသည့် လုပ်ရပ်ဟူ၍ မရှိတော့ကြောင်း၊


(ဃ) ကုလသမဂ္ဂအဖွဲ့အစည်း၏ ပင်မရည်ရွယ်ချက်မှာ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအား ထိန်းသိမ်းရန် နှင့် တရားမျှတမှုနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့ကို ဦးစားပေးမြှင့်တင်ရန်ဖြစ်သည်နှင့်အညီ အထက် ဖော်ပြပါ လုပ်ရပ်များကို ရှုတ်ချရာတွင် တိကျပြတ်သားသင့်ကြောင်း၊


(င) မြန်မာနိုင်ငံတွင် တပ်မတော်က ရွေးကောက်ပွဲ မသာမာမှုဟူသော စွပ်စွဲချက်ဖြင့် ၁-၂-၂၀၂၁ ရက်နေ့ တွင် တရားမဝင်အာဏာသိမ်းမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး လက်ရှိသမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် အခြားလူပုဂ္ဂိုလ်ပေါင်းများစွာကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း၊


(စ) ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၌ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသူများအား အကြမ်းဖက်နေသည့်လုပ်ရပ်များအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချ၍ အစိုးရအဖွဲ့ဝင်များ အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများ အားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန်နှင့် တရားဥပဒေစိုးမိုးရေး အား ဖော်ဆောင်ရန် အလေးထားတောင်းဆိုခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊

(ဆ) သို့သော် တရားမဝင် စစ်အာဏာသိမ်းမှုအောက်တွင် တရားရေးရာယန္တရားများနှင့် အဖွဲ့အစည်းများ အားလုံးကို ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်းနှင့် ဒီမိုကရေစီဆန်သော ဥပဒေပြုရေးလုပ်ငန်းစဉ်များ အားလုံးကိုလည်း အာဏာရှင်၏ စည်းမျဉ်းများဖြင့် အစားထိုးခံထားရပြီဖြစ်ကြောင်း၊


(ဇ) စစ်ကောင်စီ၏ တရားဥပဒေစိုးမိုးရေးအဓိပ္ပါယ်ဖွင့်ဆိုချက်မှာ ၎င်းတို့၏ တရားမဝင် အာဏာသိမ်း ကြိုးပမ်းမှုအား ဆန့်ကျင်သည်ဟု ယူဆရသူများအားလုံးကို ပစ်မှတ်ထားခြင်းပင်ဖြစ်ကြောင်း၊ ၎င်းတို့၏ လက်အောက်တွင် တရားဥပဒေစိုးမိုးမှု၏ အခြေခံကျသော စည်းမျဉ်းများဖြစ်သည့် တန်းတူကျင့်သုံးမှု၊ မျှတမှုနှင့် လွတ်လပ်သော စီရင်ဆုံးဖြတ်မှု၊ တရားမျှတသော တရားစီရင်ရေး လုပ်ငန်းစဉ်ကျင့်သုံးမှု၊ ဥ‌ပဒေရေးရာ အာမခံချက်ရှိမှု၊ တာဝန်ခံမှု၊ အကြွင်းမဲ့ အာဏာရှင်ဆန်မှုအား ရှောင်ကြဉ်မှုတို့အပြင် လုပ်ထုံးလုပ်နည်းနှင့် ဥပဒေရေးရာပွင့်လင်းမြင်သာမှု စသည်တို့ကို လေးစားလိုက်နာမှုရှိမည်ဟု မည်သူကမျှ မျှော်လင့်၍ မရနိုင်ကြောင်း၊


(ဈ) ထို့ပြင် စစ်ကောင်စီ၏ တရားခွင်များတွင်လည်း အရပ်သားပြည်သူများ၏ အမှုကိစ္စများကို အပေါ်ယံ မျှသာ စစ်ဆေးပြီး ပြစ်မှုတစ်ခုချင်းစီကို သေဒဏ်ကဲ့သို့သော အပြင်းထန်ဆုံး စီရင်ဆုံးဖြတ်ချက်များ ချမှတ်လျက်ရှိကြောင်း၊ ထိုမျှမက စစ်ကောင်စီအနေဖြင့် နိုင်ငံတကာမျှတသော တရားစီရင်ရေးစံနှုန်းများကို ချိုးဖောက်လျက် ပြစ်ဒဏ်ချမှတ်ခံရသူများ၏ အယူခံလျှောက်ထားခွင့်ကို ပိတ်ပင်ထားကြောင်းနှင့် စွပ်စွဲ ခံထားရသူများအနေဖြင့် ဥပဒေကြောင်းအရ ကိုယ်စားပြုမှုလည်း မရရှိကြောင်း၊ မျက်ကွယ်တရားစီရင် မှုများ ပြုလုပ်နေကြောင်း၊


(ည) ထိုသို့ တရားဥပဒေစိုးမိုးရေးအား ချိုးဖောက်မှုနှင့် လေးစားလိုက်နာရန် ပျက်ကွက်မှုများ ဖြစ်ပေါ်ရ သည့် အဓိကရင်းမြစ်ကြောင်းခံမှာ လက်ရှိ ရှုံးနိမ့်နေသော အာဏာသိမ်းမှုအား ကျူးလွန်ထားသည့် တရားခံများအပေါ် အရေးယူဒဏ်ခတ်မှုမရှိခြင်း အလေ့အထကြောင့်ပင်ဖြစ်ကြောင်း၊


(ဋ) နိုင်ငံတကာအသိုက်အဝန်းမှ အပြည်ပြည်ဆိုင်ရာအဆင့်တွင် တရားဥပဒေစိုးမိုးမှုအား မြှင့်တင်နေ သည့် လုပ်ငန်းစဉ်အတွက် အရေးယူဒဏ်ခတ်မှုမရှိခြင်းအား ရပ်တန့်ရေးနှင့် တာဝန်ခံမှုပြဿနာအား ဖြေရှင်းရေးတို့သည် အလွန်အရေးပါသော အားထုတ်မှုများဖြစ်ကြောင်း၊


(ဌ) မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှုအား ပြန်လည်ဖော်ဆောင်နိုင်ရေးမှာ တရားမဝင် စစ်အာဏာ သိမ်းမှုအား ရပ်တန့်ခြင်းနှင့် ၎င်းတို့၏ လုပ်ရပ်များကြောင့် ဆုံးရှုံးသွားခဲ့သော ပြည်သူ့အသက်ပေါင်းများ စွာအတွက် တာဝန်ခံမှုရှိစေရေးတို့ဖြင့် စတင်ရန် လိုအပ်ကြောင်း။


အမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန့်အပြည့်အစုံအား ပူးတွဲဖော်ပြအပ်ပါသည်။


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။



*****


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations

Agenda Item 85: The Rule of Law, at the Sixth Committee of the

Seventy-Sixth session of UN General Assembly

(New York, 8 October 2021)


Madam Chair,


Let me begin by congratulating you on your election as the Chair of the Committee. I assure you and the Bureau of our full support and cooperation.


I also wish to thank the Secretary-General for his report on the state of UN rule of law activities.


Madam Chair,


The rule of law is the bedrock for every country in order to maintain a peaceful and prosperous society - no matter whatever political system and social policies it pursues. Prevalence of the rule of law at the national level is fundamental to the strengthening of respect for international law.


Myanmar continues to regard strengthening and promotion of the rule of law at the national and international levels as prerequisite to achieve the SDG 16 goal, as well as to perform it in accordance with the principles enshrined in the United Nations Charter.


Because of the interdependent and mutually reinforcing relationship between national and international rule of law, the destruction of the rule of law in a domestic setting can result in massive violations of international law, particularly international criminal, human rights and humanitarian laws, largely undermining the rule of law at the international level.


Nothing demonstrates utter disregard for the rule of law more than an illegal overthrow of a democratically elected government. We all should be deeply concerned of the recent trend of such unlawful attempts in some parts of the world. With its fundamental purpose of maintaining international peace and security and priority of promotion of justice and international law, the United Nations should be unequivocal in denouncing such actions.


Madam Chair,


In Myanmar, the military staged an illegal coup in February 2021 under the pretext of election fraud allegations, detaining Sitting President U Win Myint, State Counsellor Daw Aung San Suu Kyi, senior government members and many others. It is no question that every candidate in an election has the right to formally contest the results. That is why the election dispute mechanism is in place in the respective national laws. However, the military, even neither a participant nor a legal authority on election matters, never went through the existing constitutional and legal dispute settlement procedures. By doing so, the military blatantly violated the Constitution they themselves wrote to guarantee their interests. Unbelievably, the first charge brought by the military junta against the leader of the elected civilian government is the possession of illegal walkie-talkies, followed by a series of other bogus charges. Then, the subsequent brutalities and atrocities committed by the military forces against peaceful protestors have been widespread and systematic. The preliminary analysis of the UN Independent Investigative Mechanism for Myanmar indicates that crimes against humanity have likely been committed.


Here I wish to appreciate the UN Security Council for strongly condemning the violence against peaceful protestors in Myanmar, calling for the immediate release of all those detained arbitrarily including members of the Government as well as stressing the need to uphold the rule of law, among others. However, the calls from the international community including the Security Council, the General Assembly and the Human Rights Council have only met total disregard of the military junta. Instead, the military forces have murdered more than 1,100 civilians and continue to do so.


Under the illegal military junta, credibility of justice mechanisms and institutions has been lost. Democratic law-making processes have been replaced by rule by fiat. Their own interpretation of the rule of law is rounding up anyone perceived as opposing their illegal attempted coup. No one can expect adherence to or respect for the principles of the rule of law such as equal enforcement, fair and independent adjudication, due process, fair trial, legal certainty, accountability, avoidance of arbitrariness and procedural and legal transparency. As a result, public confidence in State institutions especially law enforcement has collapsed.


There have been widespread arbitrary arrests, extra-judicial killings, torture to death in detention and enforced disappearance. Besides, the so-called military tribunals try cases against civilians summarily and impose the harshest penalties for each crime – including death sentences – with no right of appeal, in violation of international fair trial standards. The accused persons had no legal representation. According to the UN High Commissioner for Human Rights, as of 15 July, 65 individuals including two children have received death sentences, 39 of whom were tried in absentia.


Madam Chair,


The key enabler of such violations and lack of respect for the rule of law is a culture of impunity enjoyed by the perpetrators of the failing military coup. Ending impunity and addressing accountability is a critical effort of the international community in promoting the rule of law at the international level. Under a number of contexts including the Women, Peace and Security agenda, the UN Security Council have emphasized the need to end impunity and prosecute those responsible for serious international crimes. I also thank the Secretary-General for including in his report the work of the Independent Investigative Mechanism for Myanmar as an important international accountability mechanism.


Madam Chair,


Reestablishment of the rule of law in Myanmar needs to start with the end of the illegitimate military junta and accountability for over a thousand lives lost at their hands. In this regard, we will continue to work closely with the international community including ASEAN and the United Nations, countries within the region and beyond, in order to end ongoing gross violations of domestic and international laws and restore democracy, justice and the rule of law in Myanmar.


I thank you.



*****









bottom of page