Statement by Ambassador Kyaw Moe Tun at the General Debate of the Second Committee at the Eightieth Session of the UN General Assembly
- Myanmar Mission To UN
- Oct 5
- 5 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate of the Second Committee at the Eightieth Session of the UN General Assembly, held on 6 October 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
အကြိမ် (၈၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ (ဒုတိယကော်မတီ) ၏ အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် ယခုအခါ နိုင်ငံ၏ ဆင်းရဲမွဲတေမှုမျဉ်း အောက်၌ နေထိုင်နေရပြီး လူလတ်တန်းစားများ ပျောက်ကွယ်လုနီးပါး ဖြစ်နေကာ မြို့ပြဆင်းရဲ မွဲတေမှုနှုန်းလည်း မြင့်တက်လာခဲ့၊ လူဦးရေ ၃.၆ သန်းသည် ပြည်တွင်း နေရပ်စွန့်ခွာ နေရ၊ လူဦးရေ ၂၂ သန်း နီးပါးသည် လူသားချင်း စာနာမှု အကူအညီများ လိုအပ်နေ၊
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုသည် ရေရှည် မတည်တံ့ နိုင်၊ မိမိတို့ ပြည်သူများအတွက် အကျိုး မရှိလျှင် ပူးပေါင်းဆောင်ရွက်မှုများသည် အပြန်အလှန် အကျိုး ရှိသည်ဟု မမည်၊ ဒေသခံများ၏ ထောက်ခံမှုမရှိသော ရင်းနှီးမြှုပ်နှံမှုများနှင့် အခြေခံ အဆောက်အအုံ စီမံကိန်းများ သည် ရေရှည်မခိုင်မြဲနိုင်၊ ဒီမိုကရေစီနှင့် ပြည်သူဗဟိုပြု အုပ်ချုပ်ရေးကို ပြန်လည် မဖော်ဆောင်နိုင်ဘဲ စီးပွားရေး ပြန်လည်ဦးမော့လာရန် မဖြစ်နိုင်၊
အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲသည် ရေရှည် အကျိုးကျေးဇူး၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု တို့အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ယူဆောင်လာနိုင်မည် မဟုတ်၊ ယင်းအတုအယောင်ရွေးကောက်ပွဲသည် စစ်တပ်က မြန်မာပြည်သူများအပေါ် ရက်စက် ကြမ်းကြုတ်မှုများ ပိုမိုကျူးလွန်နိုင်စေမည့် လုပ်ဆောင်ခွင့် လိုင်စင် ပေးလိုက် သကဲ့သို့ ဖြစ်မည်ဖြစ်၊ ပြည်သူလူထုကလည်း စစ်အုပ်စု၏ လိမ်လည် လှည့်ဖြားသည့် လုပ်ငန်းစဉ် ကို ရနိုင်သမျှ နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကန့်ကွက်နေကြ၊
စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ခိုင်မာစွာဆုံးဖြတ်ထားသည့် မြန်မာ ပြည်သူလူထုကို ပံ့ပိုးကူညီပေးကြပါရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းလိုကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်)
၁။ အကြိမ် (၈၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ (ဒုတိယကော်မတီ) ၏ အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမှုအစီအစဉ် (General Debate) ကို ၆-၁၀-၂၀၂၅ ရက် (တနင်္လာနေ့) မှ စတင် ကျင်းပပြုလုပ်လျက်ရှိပါသည်။
၂။ ၆-၁၀-၂၀၂၅ ရက် (တနင်္လာနေ့) တွင် အဆိုပါ အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမှုအစီအစဉ်သို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းတွင်အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင် ပါ သည်-
(က) မညီမျှမှု ကြီးထွားလာခြင်း၊ ဖွံ့ဖြိုးရေးအကူအညီများ လျော့ပါးလာခြင်း၊ ကြွေးမြီမြင့်မားလာခြင်း၊ ဒစ်ဂျစ်တယ်နည်းပညာ ကွာဟမှု ကြီးမားလာခြင်းနှင့် ခန့်မှန်းမရသော ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များသည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များကို အချိန်နှင့်တစ်ပြေးညီ အကောင်အထည်ဖော်ရာတွင် သိသာထင်ရှားသောခြိမ်းခြောက်မှုများဖြစ်လာနေကြောင်း၊ 2030 Agenda ပြည့်မီရမည့် နောက်ဆုံးသတ်မှတ်ရက် နီးကပ်လာသည်နှင့်အမျှ နိုင်ငံအချို့သည် မည်မျှ အထိ နောက်ကျကျန်ရစ်နေသည်ကို မိမိတို့မျက်မြင်တွေ့ရှိနေရကြောင်း၊
(ခ) ဘက်စုံဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှု အပေါ် မိမိတို့၏ ကတိကဝတ်များသည် နိုင်ငံရေး ကြေညာချက်များနှင့် စာတမ်းများပေါ်မှ စကားလုံးများ သက်သက်မဟုတ်ဘဲ ထိုကတိကဝတ် များကို နိုင်ငံရေးဆန္ဒမှန်ဖြင့် အားဖြည့်ရန်၊ မြေပြင်အခြေအနေမှန်များနှင့် လိုက်လျောညီထွေ ဖြစ်ရေး လုပ်ဆောင်ရန်နှင့် သင့်လျော်သောဘဏ္ဍာငွေကြေးများ ပံ့ပိုးပေးရန်လိုအပ်ကြောင်း၊
(ဂ) Sevilla ကတိကဝတ်သည် 2030 Agenda ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မိမိတို့၏ ကတိကဝတ်များကို ပြန်လည်အသက်သွင်းရန် လမ်းကြောင်းမှန်ပေါ်သို့ လှမ်းသော ခြေလှမ်း တစ်ရပ်ဖြစ် ပါကြောင်း၊
(ဃ) မြန်မာနိုင်ငံတွင် ရွေးကောက်ခံအရပ်သားအစိုးရသည် ၎င်း၏ သက်တမ်းအတွင်း လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက် အားလုံး ပါဝင်နိုင်သော၊ ရေရှည်မျှော်မှန်းသော၊ ပြည်သူကို ဗဟိုပြုသော မူဝါဒများကို အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း၊ ရလဒ်အဖြစ် မြန်မာနိုင်ငံသည် လျင်မြန်သော စီးပွားရေး တိုးတက်မှုနှင့် အထိုက်အလျောက် တည်ငြိမ်မှုကိုရရှိခဲ့ကြောင်း၊
(င) ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီ (CDP) ၏ ၂၀၁၈ ခုနှစ် ပြန်လည်သုံးသပ်မှုတွင် မြန်မာနိုင်ငံ သည် ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံအဆင့်မှ လွတ်မြောက်ရန် စံသတ်မှတ်ချက် (၃) ခုလုံးနှင့် ပထမဆုံး အကြိမ် ပြည့်မီခဲ့ကြောင်း၊ ထိုသို့ ခန့်မှန်းထားခဲ့သော်လည်း ၂၀၂၁ ခုနှစ်တွင် တရားမဝင် စစ်အာဏာ သိမ်းရန် ကြိုးပမ်းမှုကြောင့် မြန်မာနိုင်ငံသည် စီးပွားရေး၊ ဘဏ္ဍာရေးနှင့် လူမှုရေး ကဏ္ဍ များတွင် ဘက်ပေါင်းစုံမှ ယိုယွင်းပျက်စီးမှု တွေကြုံတွေ့ခဲ့ရကြောင်း၊
(စ) UNDP ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် ယခုအခါ နိုင်ငံ၏ ဆင်းရဲမွဲတေမှုမျဉ်း အောက်၌ နေထိုင်နေရပြီး လူလတ်တန်းစားများ ပျောက်ကွယ်လုနီးပါး ဖြစ်နေကာ မြို့ပြဆင်းရဲ မွဲတေမှုနှုန်းလည်း မြင့်တက်လာခဲ့ကြောင်း၊ လူဦးရေ ၃.၆ သန်းသည် ပြည်တွင်း နေရပ်စွန့်ခွာ နေရကြောင်းနှင့် လူဦးရေ ၂၂ သန်း နီးပါးသည် လူသားချင်း စာနာမှု အကူအညီများ လိုအပ်နေကြောင်း၊
(ဆ) အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်း၊ လုပ်ခလစာ လုံလောက်မှုမရှိခြင်း၊ အထူးသဖြင့် လူငယ် အမျိုးသားများကို ပစ်မှတ်ထားပြီး အဓမ္မစစ်မှုထမ်းစေခြင်း တို့သည် လူငယ်များ အလုံးအရင်းဖြင့် ပြည်ပသို့ ထွက်ခွာနေမှုကို တွန်းအားပေးနေကြောင်း၊
(ဇ) ကမ္ဘာ့ဘဏ်၏ အဆိုအရ တရားဝင် အလုပ်အကိုင် အခွင့်အလမ်းများ ကင်းမဲ့လာခြင်း၊ ကျွမ်းကျင် လုပ်သားများ ပြည်ပသို့ထွက်ခွာနေခြင်း၊ လူ့စွမ်းအားအရင်းအမြစ် လျော့နည်းလာခြင်း၊ ပညာရေး နှင့် ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖျက်ဆီးခံရခြင်းတို့သည် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှုလျှော့ချရေး အလားအလာများကို ခြိမ်းခြောက် နေပါကြောင်း၊
(ဈ) ထို့အပြင် ယခုနှစ် မတ်လက လှုပ်ခတ်ခဲ့သည့် မြေငလျင်များကြောင့် ဘေးသင့် ဒေသများရှိ ပြည်သူများ၏ ဒုက္ခနှင့် အသက်မွေးဝမ်းကျောင်းမှုများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့နေရချိန်မှာပင် အကြမ်းဖက်စစ်အုပ်စု သည် အရပ်သားများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့ကာ ငလျင်ဒဏ်သင့် ဒေသများသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ဝင်ရောက်ခွင့်ကိုလည်း ပိတ်ပင် တားဆီး ခဲ့ကြောင်း၊
(ည) ထိုစိန်ခေါ်မှုများအကြားကပင် အမျိုးသားညီညွတ်ရေးအစိုးရ သည် လူကြောင့်ဖြစ်ရသည့် ဘေးအန္တရာယ်များ သာမက သဘာဝဘေးအန္တရာယ်များကြောင့်ပါ ထိခိုက်ခံစားနေရသူများကို လူသားချင်းစာနာမှုနှင့် အသက်ဘေး ကယ်ဆယ်ရေး အကူအညီများ အပါအဝင် မရှိမဖြစ် လိုအပ်သော ပြည်သူ့ဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ သည် မည်သူ တစ်ဉီးတစ်ယောက်မျှ မကျန်ရှိရေး ဆိုသည့် မူ နှင့် အညီ လူသားချင်းစာနာမှု အကူအညီများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေး အတွက် နိုင်ငံတကာအသိုက်အဝန်း နှင့် ပိုမိုပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိနေကြောင်း၊
(ဋ) ဖွံ့ဖြိုးတိုးတက်မှုမှ ရရှိလာသော အကျိုးအမြတ်များသည် သိမ်မွေ့ပြီး ပျက်စီးလွယ်ကြောင်း၊ ခက်ခဲစွာ ရယူရသော်လည်း အလွယ်တကူဆုံးရှုံးသွားနိုင်ကြောင်း၊
(ဌ) မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုမရှိဘဲ ဖွံ့ဖြိုးတိုးတက်မှုသည် ရေရှည် မတည်တံ့ နိုင်ကြောင်း၊
(ဍ) မိမိတို့ပြည်သူများအတွက် အကျိုး မရှိလျှင် ပူးပေါင်းဆောင်ရွက်မှုများသည် အပြန်အလှန် အကျိုး ရှိသည်ဟု မမည်ကြောင်း၊
(ဎ) ဒေသခံများ၏ ထောက်ခံမှုမရှိသော ရင်းနှီးမြှုပ်နှံမှုများနှင့် အခြေခံ အဆောက်အအုံ စီမံကိန်းများ သည် ရေရှည်မခိုင်မြဲနိုင်ကြောင်း၊ ဒီမိုကရေစီနှင့် ပြည်သူဗဟိုပြု အုပ်ချုပ်ရေးကို ပြန်လည် မဖော်ဆောင်နိုင်ဘဲ စီးပွားရေးပြန်လည်ဦးမော့လာရန် မဖြစ်နိုင်ကြောင်း၊
(ဏ) အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲသည် ရေရှည် အကျိုးကျေးဇူး၊ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု တို့အတွက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ယူဆောင်လာနိုင်မည် မဟုတ်သည်မှာ လွန်စွာ ထင်ရှားကြောင်း၊ ယင်းအတုအယောင်ရွေးကောက်ပွဲသည် စစ်တပ်က မြန်မာပြည်သူများအပေါ် ရက်စက် ကြမ်းကြုတ်မှုများ ပိုမိုကျူးလွန်နိုင်စေမည့် လုပ်ဆောင်ခွင့် လိုင်စင် ပေးလိုက် သကဲ့သို့ ဖြစ်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုကလည်း စစ်အုပ်စု၏ လိမ်လည် လှည့်ဖြားသည့် လုပ်ငန်းစဉ် ကို ရနိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ကန့်ကွက်နေကြကြောင်း၊
(တ) ထို့ကြောင့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ခိုင်မာစွာဆုံးဖြတ်ထားသည့် မြန်မာ ပြည်သူလူထုကို ပံ့ပိုးကူညီပေးကြပါရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းလိုကြောင်း၊
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
ofthe Republic of the Union of Myanmar to the United Nations,
at the General Debate of the Second Committee
at the Eightieth Session of the UN General Assembly
(New York, 6 October 2025)
Mr. Chair,
At the outset, I wish to congratulate you and other members of the Bureau on your well-deserved election. You can count on our delegation’s full support for the work of the Committee.
Myanmar aligns itself with the statements delivered by ASEAN, the LDC and the G77 and China respectively.
Mr. Chair,
Growing inequality, shrinking development assistance, escalating debt distress, widening digital divide and unpredictable climate shocks continue to pose major threats to our timely implementation of the sustainable development goals. As the deadline of the 2030 Agenda quickly approaches, we are witnessing how much further some countries are being left behind.
Our commitment to multilateral development cooperation cannot simply become empty words on our political declarations and documents. They need to be galvanized by political will, contextualized by realities on the ground and supported by appropriate financing.
The Sevilla Commitment is a step in the right direction to reinvigorate our commitments for the effective implementation of the 2030 Agenda.
Mr. Chair,
In my country, Myanmar, the elected civilian government implemented inclusive, forward-looking and people-centered policies for socio-economic development during its term. As a result, Myanmar experienced rapid economic growth and relative stability.
According to the 2018 Triennial Review by the Committee on Development Policy, Myanmar met all three criteria to graduate from the LDC status for the first time. Despite this projection, Myanmar has undergone multidimensional deteriorations in economic, financial and social sectors following the attempted military coup in 2021.
UNDP reported that nearly half of Myanmar's population is now living below the national poverty line with a disappearing middle class, and the scale of urban poverty hasalso surged.
3.6 million people are internally displaced. Almost 22 million people are in need of humanitarian assistance.
A lack of employment opportunities, stagnant wages, forced conscription, particularly targeting young men, are fueling an alarming youth exodus.
According to the World Bank, a decline in formal sector opportunities, migration of skilled workers, reduced human capital, disruptions to education and health services will threaten Myanmar’s long-term development and poverty reduction prospects.
In addition, the earthquakes in March this year have further compounded the suffering and livelihoods of people in affected areas. Even in the midst of natural disasters, the military junta continued to employ indiscriminate airstrikes against civilians and impeded humanitarian access in earthquake-affected regions.
Mr. Chair,
Despite these challenges, the National Unity Government (NUG) has been providing essential public services, including humanitarian and life-saving assistance to those affected by both man-made and natural disasters. The NUG stands ready to cooperate with the international community to scale up their assistance and leave no one behind.
Mr. Chair,
Development gains are fragile. They are hard earned but can easily be lost.
For Myanmar, development is not sustainable without peace and stability.
Cooperation is not mutual without the benefits for our people.
Investment and infrastructure projects are not durable without the local support.
Economic recovery is not attainable without the restoration of democracy and people-centered governance.
It is crystal clear that the sham, scam election by the military junta will not bring either peace or stability for long-term benefits, mutual cooperation and sustainable development. Such scam election will extend a license to the military to commit more atrocities against the people of Myanmar.
The people are using all available means to reject this deceitful process.
Therefore, I urge the international community to support the people of Myanmar and their determination to end the military dictatorship and build a federal democratic union forjustice, peace, stability and sustainable development.
I thank you.
*****








