Statement by Ambassador Kyaw Moe Tun at the General Debate of the High-level Segment/2025 High-Level Political Forum on Sustainable Development, UN Economic and Social Council
- Myanmar Mission To UN
- Jul 22
- 5 min read





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate of the High-level Segment/2025 High-Level Political Forum on Sustainable Development, UN Economic and Social Council, held on 22 July 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၊ ၂၀၂၅ ခုနှစ်၊ စဉ်ဆက်မဖြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်နိုင်ငံရေးဖိုရမ်၊ အဆင့်မြင့်အရာရှိများအစည်းအဝေး၏ အထွေထွေဆွေးနွေးမှုကဏ္ဍတွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံ သည် ယခင်က ရရှိခဲ့သည့် ဖွံ့ဖြိုးရေးအောင်မြင်မှုများ ဆုတ်ယုတ်လာသည်ကို ကြုံတွေ့နေရ၊
အကြမ်းဖက်စစ်အုပ်စုသည် ဆေးရုံများ၊ ကျန်းမာရေးစောင့်ရှောက်မှုဌာနများကို စီးနင်းတိုက်ခိုက်ခြင်း၊ ဆေးဘက်ဆိုင်ရာအကူအညီပေး နေသည့် ကျန်းမာရေးဝန်ထမ်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းတို့ဖြင့် ကျန်းမာရေးစနစ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့၊
အကြမ်းဖက်စစ်တပ်သည် နှစ်ပေါင်းများစွာ အမျိုးသမီးများ၏ အခြေခံအခွင့်အရေးများကို ဖိနှိပ်ရန် အသုံးပြု နေကျ နည်းလမ်းတစ်ရပ် အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ နှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ နယ်ပယ်နှစ်ခုစလုံး၌ ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) နှင့် ကျားမအခြေပြုအကြမ်းဖက်မှု (GBV) ကိုကျူးလွန်ခဲ့၊
တရားမဝင် အာဏာသိမ်း ပြီးနောက် တရားဥပဒေစိုးမိုးမှု ပြိုလဲခြင်းနှင့် တာဝန်ယူမှုတာဝန်ခံမှု ကင်းမဲ့လာ၊ လူငယ်ယောက်ျားလေးများကို ပစ်မှတ်ထား လာသည့် အတင်းအကျပ်စစ်မှုထမ်းစေခြင်းတို့ကြောင့် လူငယ်အများအပြား နိုင်ငံအား စွန့်ခွာလာမှုသည် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာ၊
အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏အကြမ်းဖက် ဖျက်ဆီးရေး ယန္တရားများသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဖြေရှင်းနည်း တစ်စုံ တစ်ရာ မဟုတ်ကြောင်း ထင်ထင်ရှားရှားမြင်တွေ့နိုင်၊
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ယမန်နေ့က ပြောကြားခဲ့သည့် အတိုင်း မြန်မာနိုင်ငံရှိ အနိဋ္ဌာရုံများ နှင့် သွေးထွက်သံယိုမှုများ အဆုံးသတ်ရန် လိုအပ်နေ၊ ပြည်သူ့ ဗဟိုပြုအုပ်ချုပ်ရေး၊ အားလုံးပါဝင်သော တရားမျှတ၍ တာဝန်ယူမှုရှိသည့် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် ၂၀၃၀ မျှော်မှန်းချက်အောင်မြင်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်၊ သို့သော် လူမဆန်သော စစ်အုပ်စု ရှိနေသ၍ ဤအချက်များ ဖြစ်နိုင်ခြေမရှိသကဲ့သို့ ၎င်း ပြုလုပ်ရန် လျာထားသော အလိမ်အညာ ရွေးကောက်ပွဲသည်လဲ အလားတူဖြစ်၊
ပြည်သူများသည် စစ်အုပ်စု၏ ဤလိမ်လည်လှည်ဖြားမှုလုပ်ငန်းစဉ်ကို ကြိုတင် တားဆီးနိုင်ရန် မြေပြင်၌ ရှိသမျှ နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းအားထုတ်နေကြကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)
၁။ ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၊ ၂၀၂၅ ခုနှစ်၊ စဉ်ဆက်မဖြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဆင့်မြင့်နိုင်ငံရေးဖိုရမ်၏ အဆင့်မြင့်အရာရှိများအစည်းအဝေး တစ်ရပ်ကို ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ နယူးယောက်မြို့ရှိ၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပပြုလုပ်လျက်ရှိရာ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ အထွေထွေညီလာခံသဘာပတိ၊ စီးပွားရေးနှင့်လူ့အခွင့်အရေးကောင်စီ သဘာပတိ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့များ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ မှ ကိုယ်စားလှယ်များ တက်ရောက် မိန့်ခွန်းပြောကြားကြပါသည်။ ၂၂-၀၇-၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အဆိုပါအစည်း အဝေး ၏ အထွေထွေဆွေးနွေးမှုကဏ္ဍ၌ မြန်မာနိုင်ငံ ကိုယ်စား ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက မိန့်ခွန်းပြောကြားခဲ့ပါသည်။
၂။ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်း၌ အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-
(က) နှစ်စဉ်ကျင်းပသည့် ယခုအစည်းအဝေးအနေဖြင့် စဉ်ဆက်မဖြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်များကို အကောင်အထည်ဖော်ခြင်းနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့၏ အောင်မြင်မှုများနှင့် စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်ရန် အခွင့်အလမ်းကို ဖန်တီးပေးပါကြောင်း၊ မိမိတို့အနေဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ အဆင့်ဆင့်သော တိုးတက်မှုများအတွက် ချီးကျူးဂုဏ်ပြုလိုပါကြောင်း၊
(ခ) သို့ရာတွင် ၂၀၂၁ ခုနှစ်တရားမဝင်စစ်အာဏာသိမ်းရန် ကြိုးပမ်းသည့်အချိန်မှ စတင်၍ မြန်မာနိုင်ငံ သည် ယခင်က ရရှိခဲ့သည့် ဖွံ့ဖြိုးရေးအောင်မြင်မှုများ ဆုတ်ယုတ်လာသည်ကို ကြုံတွေ့နေရ ပါကြောင်း၊
(ဂ) ဥပမာအားဖြင့်၊ စဉ်ဆက်မဖြတ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက် (၃) နှင့်ပတ်သက်၍ အကြမ်းဖက်စစ်အုပ်စုသည် ဆေးရုံများ၊ ကျန်းမာရေးစောင့်ရှောက်မှုဌာနများကို စီးနင်းတိုက်ခိုက် ခြင်း၊ ဆေးဘက်ဆိုင်ရာအကူအညီပေးနေသည့် ကျန်းမာရေးဝန်ထမ်းများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းတို့ဖြင့် ကျန်းမာရေးစနစ်ကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ပါကြောင်း၊ အဆိုပါ အကြမ်းဖက်လုပ်ရပ်များသည် ပြည်သူများ၏ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများ ရရှိရေးအတွက် အဟန့်အတားဖြစ်စေခဲ့ပြီး၊ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်များကို ပျက်စီး သွားစေခဲ့ပါ ကြောင်း၊ ထို့ကြောင့် ငှက်ဖျား၊ HIV နှင့် တီဘီရောဂါစသည့် ကူးစက်ရောဂါများ၏ ဖြစ်ပွားနှုန်းမှာ ပြီးခဲ့သည့် နှစ်များအတွင်း သိသိသာသာ မြင့်တက်လာခဲ့ပါကြောင်း၊
(ဃ) ရည်မှန်းချက် (၅) နှင့်စပ်လျဉ်း၍ အကြမ်းဖက်စစ်တပ်သည် နှစ်ပေါင်းများစွာ အမျိုးသမီးများ၏ အခြေခံအခွင့်အရေးများကို ဖိနှိပ်ရန် အသုံးပြုနေကျ နည်းလမ်းတစ်ရပ် အနေဖြင့် ရုပ်ပိုင်း ဆိုင်ရာ နှင့် ဒစ်ဂျစ်တယ်ဆိုင်ရာ နယ်ပယ်နှစ်ခုစလုံး၌ ပဋိပက္ခနှင့်ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ (CRSV) နှင့် ကျားမအခြေပြုအကြမ်းဖက်မှုများ (GBV) ကို ကျူးလွန်ခဲ့ကြ ကြောင်း၊ တရားမဝင်ဖမ်းဆီးခံထားရသည့် အမျိုးသမီးများသည် အကြမ်းဖက်စစ်တပ်၏ ထောင်များ အတွင်း၌ စကားလုံးများဖြင့် မဖော်ပြနိုင်လောက်အောင် ဆိုးရွားလှသည့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများကို ခံစားနေရပြီး သင့်လျော်သည့် ကျန်းမာရေးစောင့်ရှောက် မှုများကို လည်း မရရှိကြပါကြောင်း၊
(င) တရားမဝင် အာဏာသိမ်း ပြီးနောက် တရားဥပဒေစိုးမိုးမှု ပြိုလဲခြင်းနှင့် တာဝန်ယူမှုတာဝန်ခံမှု ကင်းမဲ့လာခြင်းတို့ကြောင့် အွန်လိုင်းလိမ်လည်မှု၊ လူကုန်ကူးမှုနှင့် အားနည်းသည့်အသိုင်းအဝိုင်း များ မှ အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာ ခေါင်းပုံ ဖြတ်မှုများအပါအဝင် တရားမဝင်စီးပွားရေး လုပ်ငန်းများ ဒေသတွင်း ပေါ်ပေါက်လာစေခဲ့ ပါကြောင်း၊
(စ) ရည်မှန်းချက် (၈) နှင့်စပ်လျဉ်း၍ အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးလာခြင်း၊ ပညာရေး စနစ် ယိုယွင်းလာခြင်း၊ အထူးသဖြင့် လူငယ်ယောက်ျားလေးများကို ပစ်မှတ်ထား လာသည့် အတင်းအကျပ်စစ်မှုထမ်းစေခြင်းတို့ကြောင့် လူငယ်အများအပြား နိုင်ငံအား စွန့်ခွာလာမှုသည် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိလာပါကြောင်း၊ ကမ္ဘာ့ဘဏ်၏ အဆိုအရ တရားဝင် စီးပွားရေးကဏ္ဍတွင် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးလာခြင်း၊ ကျွမ်းကျင် လုပ်သားများ ပြောင်းရွှေ့ထွက်ခွာခြင်း၊ လူ့စွမ်းအားအရင်းအမြစ်များ ဆုတ်ယုတ် လာခြင်း၊ ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ ပျက်စီးသွားခြင်းတို့သည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး မျှော်မှန်းချက်များကို ခြိမ်းခြောက်လျက် ရှိပါကြောင်း၊
(ဆ) ထို့အပြင် အကြမ်းဖက်စစ်တပ်သည် နိုင်ငံသားများ၏ အသင်းအဖွဲ့ဖွဲ့စည်းခွင့် လွတ်လပ်မှုကို ချိုးဖောက်ခြင်း၊ အတင်းအကျပ် စစ်သားစုဆောင်းခြင်း အဓ္ဓမလုပ်အားရယူခြင်း အပါအဝင် အလုပ်သမားသမဂ္ဂ အဖွဲ့ဝင်များနှင့် ခေါင်းဆောင်များအား သတ်ဖြတ်ခြင်း၊ တရားမဝင် ဖမ်းဆီး ခြင်းနှင့် ခြိမ်းခြောက်ခြင်းများကို ပြုလုပ်ခဲ့ပါကြောင်း၊ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ အလုပ် သမား ညီလာခံမှ အကြမ်းဖက်စစ်တပ်အား ILO ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ (၃၃) အရ အရေးယူဆောင်ရွက်ရန် ဆုံးဖြတ်ချက်အား မြန်မာနိုင်ငံက ကြိုဆိုပါကြောင်း၊
(ဇ) ယခုနှစ်အတွက် အဆင့်မြင့်နိုင်ငံရေးဖိုရမ် (HLPF) ၏ အဓိက ဆွေးနွေးသည့် အကြောင်းအရာ တစ်ခုမှာ ၂၀၃၀ မျှော်မှန်းချက်အတွက် အထောက်အထားအခြေပြု ဖြေရှင်းနည်းများကို အရှိန် မြှင့်တင်ရန် ဖြစ်ပါကြောင်း၊ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏အကြမ်းဖက် ဖျက်ဆီးရေး ယန္တရား များသည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ဖြေရှင်းနည်း တစ်စုံ တစ်ရာ မဟုတ်ကြောင်း ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါကြောင်း၊
(ဈ) ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ယမန်နေ့က ပြောကြားခဲ့သည့် အတိုင်း မြန်မာနိုင်ငံရှိ အနိဋ္ဌာရုံ များ နှင့် သွေးထွက်သံယိုမှုများ အဆုံးသတ် ရန် လိုအပ်နေပါကြောင်း၊ ရေရှည်တည်မြဲသော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုရှိရေးတို့သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ် များ ဖြစ်ပါကြောင်း၊ ပြည်သူ့ ဗဟိုပြု အုပ်ချုပ်ရေး၊ အားလုံးပါဝင်သော တရားမျှတ၍ တာဝန် ယူမှုရှိ သည့် အဖွဲ့အစည်းများသည် မြန်မာနိုင်ငံတွင် ၂၀၃၀ မျှော်မှန်းချက်အောင်မြင်ရေးအတွက် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ သို့သော် လူမဆန်သော စစ်အုပ်စု ရှိနေသ၍ ဤအချက်များ ဖြစ်နိုင်ခြေမရှိသကဲ့သို့ ၎င်း ပြုလုပ်ရန် လျာထားသော အလိမ်အညာ ရွေးကောက် ပွဲ သည်လဲ အလားတူဖြစ်ပါကြောင်း၊ အကြမ်းဖက်စစ် အုပ်စု သည် ပြည်သူများအပေါ် သိမ်းကြုံး ပြစ်ဒဏ်ပေးမှု (Collective Punishment) ကဲ့သို့သော စစ်ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန် နေဆဲဖြစ်ပါကြောင်း၊
(ည) ပြည်သူများသည် စစ်အုပ်စု၏ ဤလိမ်လည်လှည်ဖြားမှုလုပ်ငန်းစဉ်ကို ကြိုတင် တားဆီးနိုင်ရန် မြေပြင်၌ ရှိသမျှ နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းအားထုတ်နေကြပါကြောင်း၊ ကန့်သတ် အကြမ်းဖက်မှု ကို ပိုမို ကျယ်ပြန့် သောအကြမ်းဖက်မှုဖြင့် အစားထိုး၍မရနိုင်ပါကြောင်း၊ အနှစ်မပါ အပေါ်ယံ ငြိမ်းချမ်း ရေး မျိုးဖြင့် ပြည်သူတို့၏ ပြင်းပြသောဆန္ဒ ရည်မှန်းချက်များကို ဖုံးကွယ်၍ မရနိုင်ပါကြောင်း၊ အမြစ်တွယ်နေသော ရောဂါဇာတ်မြစ်ကို မကိုင်တွယ် မဖြေရှင်းဘဲ ရေတို ကုစားမှုနည်းဖြင့် ရောဂါ ကို ပြောက်ကင်းအောင် ကုသ၍ မရနိုင်ပါကြောင်း၊ မြန်မာပြည်သူများ နှင့် ၎င်းတို့၏ စစ်အာဏာရှင်စနစ်ကို အပြီးသတ်ဖြုတ်ချကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရန် ကြိုးပမ်းနေသည့် လုံ့လဝီရိယရှိသော အားထုတ်မှုများကို အရေးတကြီးနှင့် ထိရောက်စွာ ကူညီပံ့ပိုးကြရန် နိုင်ငံတကာအသိုက်အဝန်းကို မေတ္တာရပ်ခံတိုက်တွန်းပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်း အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of
the Republic of the Union of Myanmar to the United Nations,
at the General Debate of the High-level Segment/2025 High-Level Political Forum on Sustainable Development, UN Economic and Social Council
(New York, 22 July 2025)
Mr. President,
I wish to thank you for convening the high-level segment of the forum. Myanmar aligns itself with the statements delivered on behalf of ASEAN, LDCs and G77.
Mr. President,
According to the Secretary-General’s report, only 35 percent of the SDG targets are on track or making moderate progress. Conflicts, uneven progress and gaps in gender equality continue to persist with 5 years left until the 2030 deadline. Against this backdrop, Myanmar calls on the international community to sustain and advance their multilateral efforts, including the Sevilla Commitment, for the SDGs.
Mr. President,
The yearly high-level segment provides us an opportunity to reflect on our achievements and challenges in our review of SDGs implementation.
In this regard, I wish to warmly congratulate Member States for their notable progress at national levels.
Unfortunately, my country, Myanmar, is witnessing a series of regression of our previous development achievements since the attempted 2021 military coup.
For example, on Goal 3, the military junta has deliberately attacked the healthcare system by raiding hospitals, healthcare facilities as well as targeting healthcare workers for providing medical assistance.
Civilian access to clinical services has been impeded and immunization programs have become nearly non-functional. As a result, the rate of infectious diseases from malaria, HIV to tuberculosis have surged over the past few years.
On Goal 5, the military has long perpetrated CRSV and GBV against women in both physical and digital spheres as a traditional tool to suppress women for voicing their fundamental rights.
Women, who have been arbitrarily detained, are exposed to unspeakable sexual violence in prisons with no proper medical care.
The collapse of the rule of law and the lack of accountability, after the coup, has also enabled illicit economies in the region, including online scam, trafficking and sexual exploitation of women from vulnerable communities.
On Goal 8, a lack of employment opportunities, a deteriorating education system, forced conscription, particularly targeting young men, are fueling an alarming youth exodus.
According to the World Bank, a decline in formal sector opportunities, migration of skilled workers, reduced human capital, disruptions to education and health services will threaten Myanmar’s long-term development and poverty reduction prospects.
In addition, the military junta has committed violations of freedom of association and forced labour, including killings, arbitrary arrests and threats of trade union members and leaders.
Myanmar, therefore, welcomes the recent decision by the International Labour Conference to invoke Article 33 of the ILO constitution against the military junta.
Mr. President,
Part of the theme of this year’s HLPF is advancing evidence-based solutions for the 2030 Agenda.
It is crystal clear that the military junta and its agency of destruction are not any part of the solution for Myanmar’s development or peace agenda.
As the Secretary-General said yesterday, we need an end to the horror and bloodshed in Myanmar.
Sustainable peace and stability are the foundations to sustainable development. People-centered governance, inclusive, just and accountable institutions are all critical to achieving the 2030 Agenda in Myanmar.
Unfortunately, none of this is feasible with the inhumane military junta and its planned sham election as they continue to inflict collective punishment on the civilian population.
The people are utilizing all available means on the ground to preemptively stop this deceitful process.
We cannot replace restricted violence with broader violence.
We cannot mask people’s aspirations with a facade of peace.
We simply cannot treat the symptoms without addressing the root cause.
I appeal to the international community to urgently and effectively support the people of Myanmar and their resilient efforts to end the military dictatorship and build a federal democratic union.
I thank you.
*****






