Statement by Ambassador Kyaw Moe Tun, at the General Debate of the Fourth Committee under Agenda Item 50: Comprehensive Review of Special Political Missions at the 81st Session of the UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate of the Fourth Committee under Agenda Item 50: Comprehensive Review of Special Political Missions at the Eighty-first Session of the UN General Assembly, held on 11 November 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
(၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္ထကော်မတီ၏ အထူးနိုင်ငံရေးမစ်ရှင်များအား ဘက်စုံပြန်လည်သုံးသပ်ခြင်း၊ ဘာသာရပ်အစီအစဉ် (၅၀)တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တရားမဝင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူများသည် စစ်တပ်၏ ခွဲခြားမှု မရှိသော လေကြောင်းတိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများ၊ စီးပွားရေးပြိုလဲမှု၊ စားနပ်ရိက္ခာ မလုံခြုံမှု၊ သဘာဝဘေးအန္တရာယ်များနှင့် နိုင်ငံဖြတ်ကျော် ကျူးလွန်သော ရာဇဝတ်မှုများ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဘက်ပေါင်းစုံမှ ဆင်းရဲဒုက္ခများကို ရင်ဆိုင်ခံစားနေရ၊
မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော အဖြေတစ်ရပ် ရရှိရေးအတွက် စဉ်ဆက်မပြတ်၊ အနှစ်သာရရှိရှိ၊ အားလုံးပါဝင်နိုင်သည့် ထိတွေ့ ဆက်ဆံဆောင်ရွက်မှုများပြုလုပ်ရန် အလွန်အရေးကြီး၊ မြန်မာကိုယ်တိုင် မြန်မာဦးဆောင်သည့် မည်သည့်နိုင်ငံရေးလုပ်ငန်းစဉ်မဆို မြန်မာပြည်သူများ၏ ဆန္ဒ၊ မျှော်မှန်းချက်များနှင့်အညီ ဖြစ်ရမည်ဖြစ်၊
မြန်မာပြည်သူများသည် စစ်တပ်၏ အကြမ်းဖက်မှုများရပ်တန့်ရေး၊ ဒီမိုကရေစီပြန်လည်ထူထောင်ရေး၊ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အပေါ် ၎င်းတို့၏ မယိမ်းယိုင်သော ရပ်တည်ချက်ကို ကြိမ်ဖန်များစွာ ဖော်ပြခဲ့ပြီးဖြစ်၊
လုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်ရန် ပျက်ကွက်နေမှု (သို့မဟုတ်) ဒေသတွင်းအဖွဲ့အစည်း၏ လုပ်ငန်း ဆောင်ရွက်မှုများ ရှေ့မဆက်နိုင်ဘဲ ရပ်တန့်နေမှု၊ အထူးသဖြင့် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို စစ်အုပ်စုက အကောင်အထည်ဖော်ရာတွင် မြင်သာထင်သာသော တိုးတက်မှု မရှိခြင်းတို့အား ကုလသမဂ္ဂနှင့် အထူးနိုင်ငံရေးရာမစ်ရှင်များအနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ အချိန်မီပြုလုပ်ရန် ပိုမိုတွန်းအားဖြစ်စေသင့်၊
အထူးနိုင်ငံရေးရာမစ်ရှင်များနှင့် လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံ၊ လူ့အခွင့်အရေးကောင်စီနှင့် အပြည်ပြည်ဆိုင်ရာတရားရုံးတို့အပါအဝင် ကုလသမဂ္ဂစနစ်တစ်ခုလုံးတွင် မူဝါဒနှင့် လုပ်ငန်းဆောင်ရွက်မှုများ လိုက်လျောညီထွေဖြစ်မှုသည် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကွာဟချက်များကို လျှော့ချရန်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုထိရောက်စေရန် အရေးပါလျက်ရှိပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်)
၁။ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္တကော်မတီ၏ ဘာသာရပ်ခေါင်းစဉ်(၅၀)၊ အထူးနိုင်ငံရေးမစ်ရှင်များအား ဘက်စုံပြန်လည်သုံးသပ်ခြင်း (Comprehensive Review of Special Political Missions) ဆွေးနွေးမှုအား၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါဆွေးနွေးပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ပါဝင်မိန့်ခွန်းပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-
(က) အထူးနိုင်ငံရေးမစ်ရှင်များ (Special Political Missions – SPMs) သည် ပဋိပက္ခများ မဖြစ်ပေါ်ရန် ကာကွယ်ခြင်း၊ စေ့စပ်ညှိနှိုင်းပေးခြင်းများ ဆောင်ရွက်နိုင်သည့် အခွင့်အာဏာကို အသုံးပြု၍ဖြေရှင်းခြင်း၊ ငြိမ်းချမ်းရေးထိန်းသိမ်းခြင်းမှသည် တည်ဆောက်ခြင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိစေရန် ဆောင်ရွက်ခြင်းအထိ လုပ်ငန်းစဉ်တစ်စုံလုံး အရေးပါသည့် ယန္တရားတစ်ရပ်ဖြစ်ကြောင်း၊ ထို့အပြင် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရာတွင်လည်း အထောက်အကူပြုလျက်ရှိကြောင်း၊
(ခ) ပြောင်းလဲလာသော ပထဝီနိုင်ငံရေးအခြေအနေများ၊ ဘဏ္ဍာရေးဆိုင်ရာ အကန့်အသတ်များ၊ အသစ်ပေါ်ပေါက်လာသော ခြိမ်းခြောက်မှုများနှင့် မြေပြင်အခြေအနေ အပြောင်းအလဲများကြောင့် အထူးနိုင်ငံရေးမစ်ရှင်များအနေဖြင့် ၎င်းတို့အား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်တာဝန်များကို ရည်ရွယ်ချက်နှင့်အညီ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပြောင်းလဲနေသော အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊
(ဂ) မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ၎င်းတို့အား အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိကြသော ကုလသမဂ္ဂဝန်ထမ်းများနှင့် ၎င်းတို့၏ အဖွဲ့ဝင်များ အားလုံးကို ကျေးဇူးတင်ရှိ ချီးကျူးပါကြောင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်ရုံးကို ၂၀၁၇ ခုနှစ်တွင် ကုလသမဂ္ဂအထွေထွေညီလာခံက အပ်နှင်းခဲ့သည့် လုပ်ပိုင်ခွင့်တာဝန်အရ ဖွဲ့စည်းတည်ထောင်ခဲ့ရာ ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်တွင် အထူးကိုယ်စားလှယ်ရုံးသည် နေပြည်တော်တွင် အခြေစိုက်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း၌ ဘန်ကောက်မြို့သို့ ပြောင်းရွှေ့ခဲ့ရကြောင်း၊
(ဃ) တရားမဝင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူများသည် စစ်တပ်၏ ခွဲခြားမှုမရှိ သော လေကြောင်းတိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများ၊ စီးပွားရေးပြိုလဲမှု၊ စားနပ်ရိက္ခာ မလုံခြုံမှု၊ သဘာဝဘေးအန္တရာယ်များနှင့် နိုင်ငံဖြတ်ကျော် ကျူးလွန်သောရာဇဝတ်မှုများ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဘက်ပေါင်းစုံမှ ဆင်းရဲဒုက္ခများကို ရင်ဆိုင်ခံစားနေရပြီး အပစ်မဲ့ပြည်သူ (၈,၆၀၀) ကျော် အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်း၊ လူပေါင်း (၂၂,၀၀၀)ကျော် ဥပဒေမဲ့ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၎င်းတို့အနက် (၁၅,၁၆၉) ဦးကို အတည်ပြုထားပြီး ဖြစ်ကြောင်း၊ လူပေါင်း (၄) သန်းကျော်သည် နိုင်ငံအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေရပြီး၊ (၁၆.၂) သန်း မှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ အရေးပေါ် လိုအပ်လျက် ရှိကြောင်း၊
(င) ယင်းသို့သော အခြေအနေများအောက်တွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရုံးအပါအဝင် အထူးနိုင်ငံရေးရာမစ်ရှင်များအနေဖြင့် ၎င်းတို့အားအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်တာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စွမ်းဆောင်ရည်များ ပိုမိုမြှင့်တင်ပေးရန် အရေးကြီးကြောင်း၊ ယင်းကိစ္စနှင့်စပ်လျဉ်း၍ အချက်(၃) ချက်ကို အလေးထား တင်ပြလိုကြောင်း-
- ပထမအချက်မှာ အားလုံးပါဝင်နိုင်မှု (Inclusivity)၊ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ ခိုင်မြဲသော အဖြေတစ်ရပ် ရရှိရေးအတွက် စဉ်ဆက်မပြတ်၊ အနှစ်သာရရှိရှိ၊ အားလုံးပါဝင်နိုင်သည့် ထိတွေ့ဆက်ဆံဆောင်ရွက်မှုများပြုလုပ်ရန် အလွန်အရေးကြီးကြောင်း၊ မြန်မာကိုယ်တိုင် မြန်မာဦးဆောင်သည့် မည်သည့်နိုင်ငံရေးလုပ်ငန်းစဉ်မဆို မြန်မာပြည်သူများ၏ ဆန္ဒ၊ မျှော်မှန်းချက်များနှင့်အညီ ဖြစ်ရမည်ဖြစ်ကြောင်း၊
- မြန်မာပြည်သူများ၏ ဆန္ဒနှင့် မျှော်မှန်းချက်များကို ဖြည့်ဆည်းပေးခြင်းမရှိဘဲ ရေရှည် တည်တံ့ခိုင်မြဲသော အဖြေတစ်ရပ်ကို ရရှိနိုင်မည် မဟုတ်ကြောင်း၊ မြန်မာပြည်သူများသည် စစ်တပ် ၏ အကြမ်းဖက်မှုများ ရပ်တန့်ရေး၊ ဒီမိုကရေစီပြန်လည်ထူထောင်ရေး၊ စစ်အာဏာရှင်စနစ်အဆုံး သတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးတို့အပေါ် ၎င်းတို့၏မယိမ်းယိုင်သော ရပ်တည်ချက်ကို ကြိမ်ဖန်များစွာ ဖော်ပြခဲ့ပြီး ဖြစ်ကြောင်း၊
- သို့ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ပံ့ပိုးကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းလိုကြောင်း၊
- ဒုတိယအချက်မှာ ထိရောက်မှု (Effectiveness)၊ လုံခြုံရေးကောင်စီမှ အရေးယူ ဆောင်ရွက်ရန် ပျက်ကွက်နေမှု (သို့မဟုတ်) ဒေသတွင်း အဖွဲ့အစည်း၏ လုပ်ငန်း ဆောင်ရွက်မှုများ ရှေ့မဆက်နိုင်ဘဲ ရပ်တန့်နေမှု၊ အထူးသဖြင့် အာဆီယံဘုံသဘောတူညီချက်(၅) ရပ်ကို စစ်အုပ်စုက အကောင်အထည်ဖော်ရာတွင် မြင်သာထင်သာသော တိုးတက်မှုမရှိခြင်းတို့အား ကုလသမဂ္ဂနှင့် အထူးနိုင်ငံရေးရာမစ်ရှင်များအနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ အချိန်မီပြုလုပ်ရန် ပိုမိုတွန်းအားဖြစ်စေ သင့်ကြောင်း၊
- အထူးသဖြင့် အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရေးနှင့်စပ်လျဉ်း၍ အာဆီယံဘုံသဘော တူညီချက် (၅) ရပ် အကောင်အထည်ဖော်မှုဆိုင်ရာ တိုးတက်မှုများကို အကဲဖြတ်နိုင်ရန် စံသတ်မှတ်ချက်များချမှတ်ရေးကို ကုလသမဂ္ဂအထူးကိုယ်စားလှယ်မှ ထောက်ခံအားပေးလျက်ရှိသည်ကို မှတ်သားထားရှိကြောင်း၊
- ကုလသမဂ္ဂအထူးကိုယ်စားလှယ်အနေဖြင့် စစ်အုပ်စုမှ ကျူးလွန်နေသည့် ရက်စက် ကြမ်းကြုတ်မှုများနှင့် အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် လေကြောင်း တိုက်ခိုက်မှုများ ရပ်တန့်ရန် တောင်းဆိုရေး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လည် လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းဖော်ပြရေးတို့အတွက် အခြား ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ ဒေသတွင်း အရေးပါသော အဖွဲ့အစည်းများနှင့် နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် အပြုသဘောဆောင်သော ထိတွေ့မှုများ ဆက်လက် လုပ်ဆောင်သွားရန် တိုက်တွန်းအပ်ပါကြောင်း၊
- တတိယအချက်မှာ မူဝါဒနှင့် လုပ်ငန်းဆောင်ရွက်မှုများ အချင်းချင်း လိုက်လျောညီထွေ ဖြစ်မှု (Coherence)၊ အထူးနိုင်ငံရေးရာမစ်ရှင်များနှင့် လုံခြုံရေးကောင်စီ၊ အထွေထွေ ညီလာခံ၊ လူ့အခွင့်အရေးကောင်စီနှင့် အပြည်ပြည်ဆိုင်ရာတရားရုံးတို့ အပါအဝင် ကုလသမဂ္ဂစနစ်တစ်ခုလုံးတွင် မူဝါဒနှင့် လုပ်ငန်းဆောင်ရွက်မှုများ လိုက်လျောညီထွေ ဖြစ်မှုသည် လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကွာဟချက်များကို လျှော့ချရန်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှုများကို ပိုမိုထိရောက်စေရန် အရေးပါလျက် ရှိကြောင်း၊
- နိုင်ငံတကာအသိုက်အဝန်းမှ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၏ စီရင်ချက် ထွက်ပေါ်လာမည်ကို စောင့်ဆိုင်းနေကြသည့်အချိန်တွင် အဆိုပါ စီရင်ချက် အကောင်အထည်ဖော်နိုင်ရေးအတွက် ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အဖွဲ့ဝင်နိုင်ငံများနှင့် သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းများအကြား ထိရောက်သော ပူးပေါင်းဆောင်ရွက်မှုသည် အဓိက ကျမည်ဖြစ်ကြောင်း၊
- အလားတူပင် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် (၂၆၆၉)၊ လက်နက်များ စီးဆင်း ရောက်ရှိမှု တားဆီးရန် တိုက်တွန်းထားသည့် အထွေထွေညီလာခံ ဆုံးဖြတ်ချက် (၇၅/၂၈၇) နှင့် စစ်တပ်ထံသို့ လေယာဉ်ဆီ၊ စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာ ပစ္စည်းများနှင့် နည်းပညာများတင်ပို့ခြင်း၊ ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းပေးအပ်ခြင်းတို့ မလုပ်ဆောင်ကြရန် တောင်းဆိုထားသည့် လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက် (၅၅/၂၀) တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကုလသမဂ္ဂစနစ်တစ်ခုလုံးအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်သည့် ချဉ်းကပ်မှုတစ်ရပ် ကျင့်သုံးရန် တိုက်တွန်း လိုကြောင်း၊
(စ) မြန်မာပြည်သူများအား အကာအကွယ်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၏အခန်းကဏ္ဍသည် အလွန်အရေးကြီးပါကြောင်း၊ မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် သက်ဆိုင်ရာဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရန် နိုင်ငံရေးဆန္ဒနှင့် လက်တွေ့အကောင်အထည်ဖော်မည့် ယန္တရားများ မရှိခြင်းသည် မြန်မာပြည်သူများ ခံစားနေရသည့် ဘက်ပေါင်းစုံမှ ဆင်းရဲဒုက္ခများပိုမိုကြာရှည်စေမည်သာ ဖြစ်ကြောင်း၊
(ဆ) ကုလသမဂ္ဂစနစ် တစ်ခုလုံးအတွင်း အထူးနိုင်ငံရေး မစ်ရှင်များ၏ အားလုံးပါဝင်နိုင်မှု၊ ထိရောက်မှုနှင့် မူဝါဒ၊ လုပ်ငန်းဆောင်ရွက်မှုများ အချင်းချင်း လိုက်လျောညီထွေဖြစ်မှုတို့သည် မြန်မာ နိုင်ငံနှင့်စပ်လျဉ်း၍ အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်တာဝန်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် စွမ်းဆောင်ရည်များ ပိုမိုမြှင့်တင်ပေးနိုင်မည်ဟု ရှုမြင်သည်ကို ထပ်လောင်း ပြောကြားလိုကြောင်း၊
(ဇ) မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နှင့် ၎င်း၏ရုံးတို့နှင့် ထိတွေ့ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့် ဆောင်ရွက် သွားမည်ဖြစ်ပြီး မြန်မာပြည်သူများ၏ဆန္ဒ၊ မျှော်မှန်းချက်များနှင့်အညီ မြန်မာနိုင်ငံ၏ အခြေအနေကို ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းသော အဖြေတစ်ရပ် ရရှိရေးအတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to the United Nations,
at the General Debate of the Fourth Committee under
Agenda Item 50: Comprehensive Review of Special Political Missions
at the Eighty-first Session of the UN General Assembly
(New York, 11 November 2026)
Mr. Chair,
Myanmar aligns itself with the statements delivered by ASEAN and NAM.
I thank the Secretary-General for his report under this agenda item,which includes a brief description of the work of the UN Special Envoy on Myanmar.
Mr. Chair,
Special political missions (SPMs) serve as a flexible tool in advancing the peace continuum, from prevention, mediation, the use of good offices, conflict resolution and peacekeeping, to peacebuilding and sustaining peace, and ultimately contribute to the maintenance of international peace and security.
At the same time, shifting geopolitics, financial constraints, emerging threats and evolving realities on the ground call for their adaptability to ensure SPMs remain fit for purpose in delivering their mandates.
Mr. Chair,
Myanmar expressesour gratitude to all UN staff and their team, and commend their efforts in discharging their mandates around the world, including my country, Myanmar.
Office of the Special Envoy of the Secretary-General on Myanmar was established on the basis of mandate from the General Assembly in 2017.
Under the elected civilian government, the Special Envoy’s office was operating in Nay Pyi Taw. However, after the 2021 military coup, it was relocated to Bangkok.
Since the coup, the people of Myanmar are facing multidimensial suffering due to indiscriminate airstrikes and violence by the military, economic collapse, food insecurity, natural disasters and transnational organized crimes among others.
Over 8,600 people have been killed by the military junta.
More than 22,000 (15,169 are verified) are still arbitrarily and unjustly detained.
Over 4 million people are internally displaced.
16.2 million people are in immediate need of humanitarian assistance.
Against this backdrop, we underscore the importance of strengthening the ability of special political missions to deliver on their mandates, including the Office of the UN Special Envoy on Myanmar.
In this regard, I wish to highlight the following three points.
First, inclusivity – sustained, meaningful and inclusive engagement with relevant stakeholders in Myanmar is critical in paving the way for a sustainable solution.
Any Myanmar-owned and Myanmar-led political process must be in line with the will and aspiration of the people of Myanmar.
There is no path to a sustainable solution without fulfilling the will and aspirations of the people of Myanmar. They have repeatedly reaffirmed their unwavering position on the cessation of violence by the military, the restoration of democracy, ending the military dictatorship and building a federal democratic union.
I appeal to the international community to support them in their efforts.
Second, effectiveness –inaction by the Security Council or paralysis in the regional organization, including the tangible lack of progress on the ASEAN 5 Point Consensus by the military junta, should galvanize the UN and the SPM into taking timely and effective actions.
We note that the UN Special Envoy is supportive of the establishment of benchmarks to measure progress on the ASEAN 5PC, particularly on an immediate cessation of violence.
I urge the UN Special Envoy to continue her constructive engagement with other Member States, regional players and neighboring countries in demanding the military junta to cease atrocities and targeted airstikes against civilians, and reiterating the call for an unconditional release of all political prisoners, including State Counsellor Daw Aung San Suu Kyi.
Third, coherence – system-wide coherence between the SPM and the UN system, including the Security Council, the General Assembly, the Human Rights Council and the International Court of Justice, remains integral in bridging the gap and enhancing their respective work.
As the international community anticipates the delivery of the ICJ judgement on 19 November, we are of the view that effective coordination among the UN Special Envoy, Member States and relevant UN bodies will be key to enforcing the verdict.
In the same vein, we call for a coordinated approach among the UN system to implement the SC resolution 2669; the GA resolution 75/287, which calls upon all Member States to prevent the flow of arms; and the HRC resolution 55/20, which calls for all states to refrain from the export, sale or transfer of jet fuel, surveillance goods and technologies to the military.
In conclusion, Mr. Chair, the role of the Special Envoy of the UN Secretary-General on Myanmar is critical in ensuring the protection of civilians in Myanmar.
Lack of political will and enforcement mechanisms to implement relevant resolutions on Myanmar will only prolong multidimensional suffering of the people of Myanmar.
I wish to reiterate our view that inclusivity, effectiveness and coherence of the SPM across the UN system will contribute to strengthening its ability to deliver its mandate on Myanmar.
As such, our delegation will continue to extend our engagement and collaboration with the Special Envoy and her Office, and work towards bringing a sustainable, peaceful solution to the situation in Myanmar in line with the aspirations of our people.
I thank you.
*****













