Intervention by Ambassador Kyaw Moe Tun, in the Third Committee Interactive Discussion with the UN High Commissioner for Refugees, at the Eighty-first Session of the UN General Assembly




Intervention by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, in the Third Committee Interactive Discussion with the UN High Commissioner for Refugees, at the Eighty-first Session of the UN General Assembly, held on 4 November 2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့်အပြန်အလှန်ဆွေးနွေးသည့်အစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က စစ်အုပ်စုအနေဖြင့်အကြွင်းမဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ခုတုံးလုပ်ကာ အလွန်အကျည်းတန် ဆိုးရွားသော ချိုးဖောက်မှုများကိုဆက်လက် ကျူးလွန်နေဆဲဖြစ်၊ မကြာသေးမီက စစ်အုပ်စုမှကျူးလွန်သည့် မဆင်မခြင်လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်ကလေးများ သေဆုံးခဲ့ရပြီး ရခိုင်ပြည်နယ်တွင်လည်း ယာယီသားဖွားမီးယပ်ဆေးရုံတို့လည်း ပျက်စီးခဲ့ရပြီး
အပြစ်မဲ့ပြည်သူများအသက်ဆုံးရှုံးခဲ့ရ၊
စစ်အုပ်စုမှ နေ့စဉ်ကျူးလွန်လျက်ရှိသော အကြမ်းဖက်မှုအင်အားသည် အလွန်ကြီးထွားလျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် ရွေးချယ်စရာမရှိဘဲ ၎င်းတို့နေထိုင်ရာဒေသများအား စွန့်ခွာကာ နယ်စပ်ဒေသတစ်လျှောက် ထွက်ပြေးတိမ်းရှောင်နေရ၊
ဒုက္ခသည်များ နေရပ်ပြန်လည်သွားရောက်နိုင်ရေးအတွက် ပြဿနာ၏ အဓိကဇစ်မြစ်ဖြစ်သော စစ်အာဏာရှင်စနစ်၊ ၎င်းတို့ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများနှင့် အကျိုးခံစားခွင့်ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်နှင့်တကွ နယ်စပ်ဖြတ်ကျော်ရာဇဝတ်ကွန်ရက်များ ချဲ့ထွင်လာခြင်းတို့အား ဖြေရှင်းနိုင်မည့် ခိုင်မာထိရောက်သော နည်းလမ်းကို လိုအပ်၊
မိမိတို့ ဒုက္ခသည်များအား လက်ခံပေးထားကြသည့် အိမ်ရှင်နိုင်ငံများအပေါ် အလွန်ကျေးဇူးတင်ရှိ၊ တစ်ဖက်တွင်လည်း ဒုက္ခသည်များအနေဖြင့် နေရပ်များသို့ အတင်းအကျပ်
ပြန်လည်ပို့ဆောင်ခံရပါက ၎င်းတို့၏ အသက်ဘေးအတွက် တိုက်ရိုက်အန္တရာယ်ရှိသောကြောင့် အိမ်ရှင်နိုင်ငံများမှ ဒုက္ခသည်များ၏ အခွင့်အရေးများ၊ အကာအကွယ် ဆက်လက်ရရှိနိုင်ရေးနှင့် နေရပ်သို့ အတင်းအကျပ် ပြန်လည်မပို့ဆောင်ရေးမူတို့အား လေးစားလိုက်နာပေးပါရန်လည်း
အလေးထားတိုက်တွန်း တောင်းဆိုလို၊
အခြားတစ်ဖက်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ တိုက်လေယာဉ်ဆီ၊ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းများနှင့် ငွေကြေးထောက်ပံ့မှုတို့အား ချက်ချင်းရပ်တန့်ပေးရမည် ဖြစ်၊
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မိမိတို့ ဒီမိုကရေစီအင်အားစုများနှင့်
တရားဝင် ပူးပေါင်းဆောင်ရွက်ခြင်းက အလွန်အရေးကြီးကြောင်းပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်)
၁။ ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ) တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးနှင့် အပြန်အလှန်ဆွေးနွေးသည့်အစီအစဉ်အား ၄-၁၁-၂၀၂၆ ရက် (ဗုဒ္ဓဟူးနေ့)၊ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ၏ ကိုယ်စားလှယ်များက ပါဝင်၍ ဆွေးနွေးခဲ့ကြပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် ဆွေးနွေးချက်တွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-
(က) ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာနှင့် UNHCR အနေဖြင့် ရန်ပုံငွေများနည်းပါးမှု ဖြစ်ပေါ်လျက်ရှိသည့်ကြားက ဒုက္ခသည်များဆိုင်ရာကိစ္စရပ်များအတွက် မဆုတ်မနစ် စွမ်းဆောင်ပေးလျက်ရှိသည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊
(ခ) မြန်မာနိုင်ငံတွင် လူအလုံးအရင်းဖြင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ပြဿနာ ၏အဓိကဇစ်မြစ်မှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ တရားမဝင်စစ်အာဏာသိမ်းမှုပင် ဖြစ်လျက်ရှိ ကြောင်း၊
(ဂ) စစ်အုပ်စုအနေဖြင့် အကြွင်းမဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ခုတုံးလုပ်ကာ အလွန် အကျည်းတန် ဆိုးရွားသောချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်နေဆဲဖြစ်ကြောင်း၊ မကြာသေးမီက စစ်အုပ်စုမှ ကျူးလွန်သည့် မဆင်မခြင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင်ကလေးများ သေဆုံးခဲ့ရပြီး ရခိုင်ပြည်နယ်တွင်လည်း ယာယီသားဖွား မီးယပ်ဆေးရုံတို့လည်း ပျက်စီးခဲ့ရပြီး အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခဲ့ရကြောင်း၊
(ဃ) စစ်အုပ်စုမှ နေ့စဉ်ကျူးလွန်လျက်ရှိသော အကြမ်းဖက်မှုအင်အားသည် အလွန်ကြီးထွားလျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် ရွေးချယ်စရာမရှိဘဲ ၎င်းတို့နေထိုင်ရာဒေသများအား စွန့်ခွာကာ နယ်စပ်ဒေသတစ်လျှောက် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊
(င) ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာတွင် တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် ဒုက္ခသည်များ နေရပ်ပြန်လည်သွားရောက်သည့် အရေအတွက် မြင့်တက်လျက်ရှိသည်ဟု ဖော်ပြထားကြောင်း၊
(စ) သို့ရာတွင် မြန်မာနိုင်ငံ၌ စစ်အုပ်စု ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများက ဆက်လက် မြင့်တက်လျက်ရှိရာ လက်ရှိအခြေအနေတွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများအတွက် နေရပ်များသို့ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်၊ သိက္ခာရှိရှိ ပြန်လည်သွားရောက်ရန် မဖြစ်နိုင်ကြောင်း၊
(ဆ) ထို့ပြင် စစ်အုပ်စုအနေဖြင့် ရခိုင်ပြည်နယ်အား ဆက်လက် ပစ်မှတ်ထားလျက် အခြားနေရာဒေသအနှံ့အပြားကိုပါတိုက်ခိုက်ကာ အဓမ္မတပ်သားစုဆောင်းမှုများကို ပြုလုပ်လျက်ရှိသဖြင့် ရိုဟင်ဂျာဒုက္ခသည်များအတွက်လည်း နေရပ်သို့ ပြန်လည်သွားရောက်နိုင်မည့်အခွင့်အလမ်း မတွေ့မြင်ရကြောင်း၊
(ဇ) စင်စစ်အားဖြင့် မြန်မာဒုက္ခသည်များက ၎င်းတို့၏နေရပ်များသို့ ပြန်လည်သွားရောက်လိုသည့် ဆန္ဒ ပြင်းပြကြကြောင်း၊
(ဈ) သို့ရာတွင် ဒုက္ခသည်များ နေရပ်ပြန်လည်သွားရောက်နိုင်ရေးအတွက် ပြဿနာ၏ အဓိကဇစ်မြစ်ဖြစ်သော စစ်အာဏာရှင်စနစ်၊ ၎င်းတို့ကျူးလွန်သည့် စစ်ရာဇဝတ်မှုများနှင့် အကျိုးခံစားခွင့်ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်နှင့်တကွ နယ်စပ်ဖြတ်ကျော် ရာဇဝတ်ကွန်ရက်များချဲ့ထွင်လာ ခြင်းတို့အား ဖြေရှင်းနိုင်မည့် ခိုင်မာထိရောက်သော နည်းလမ်းကို လိုအပ်ပါကြောင်း၊
(ည) မိမိတို့ဒီမိုကရေစီအင်အားစုများအနေဖြင့်မူ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတွင် အုတ်မြစ်ချနိုင်ရန် ကြိုးပမ်းဖော်ဆောင်လျက်ရှိကြောင်း၊ အထူးသဖြင့် အနာဂတ် နေရပ်ပြန်လည်သွားရောက်ရေးလုပ်ငန်းစဉ်များသည် ဘေးကင်းလုံခြုံ၍ ဆန္ဒအလျောက်နှင့် သိက္ခာရှိစေရန် ကတိကဝတ်ပြုကြောင်း၊
(ဋ) ထို့နည်းတူ မိမိတို့၏ ရည်မှန်းချက်များသည် နိုင်ငံသားအကျိုးခံစားခွင့်၊ စနစ်တကျ ခွဲခြားဆက်ဆံမှုများပပျောက်ရေးနှင့် စစ်အုပ်စုကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တရား မျှတမှုနှင့် တာဝန်ခံမှုရှိရေးတို့အား အာမခံပေးကြောင်း၊
(ဌ) အဆိုပါရည်မှန်းချက် ပြည့်ဝအောင်မြင်စေရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ပေါင်းစည်း ညီညွတ်စွာ လုပ်ဆောင်ပေးရန် တိုက်တွန်း၊ တောင်းဆိုလိုကြောင်း၊
(ဍ) မိမိတို့အနေဖြင့် မိမိတို့ ဒုက္ခသည်များအား လက်ခံပေးထားကြသည့် အိမ်ရှင်နိုင်ငံများအပေါ် အလွန်ကျေးဇူးတင်ရှိရကြောင်း၊ တစ်ဖက်တွင်လည်း ဒုက္ခသည်များအနေဖြင့် နေရပ်များသို့ အတင်းအကျပ် ပြန်လည်ပို့ဆောင်ခံရပါက ၎င်းတို့၏ အသက်ဘေးအတွက် တိုက်ရိုက်အန္တရာယ် ရှိသောကြောင့် အိမ်ရှင်နိုင်ငံများမှ ဒုက္ခသည်များ၏ အခွင့်အရေးများ၊ အကာအကွယ် ဆက်လက် ရရှိနိုင်ရေးနှင့် နေရပ်သို့ အတင်းအကျပ် ပြန်လည်မပို့ဆောင်ရေးမူတို့အား လေးစားလိုက်နာပေးပါရန်လည်း အလေးထား တိုက်တွန်း၊ တောင်းဆိုလိုကြောင်း၊
(ဎ) အခြားတစ်ဖက်တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ တိုက်လေယာဉ်ဆီ၊ အရပ်ဘက်၊ စစ်ဘက်နှ စ်မျိုးသုံးပစ္စည်းများနှင့် ငွေကြေးထောက်ပံ့မှုတို့အား ချက်ချင်းရပ်တန့်ပေးရမည်ဖြစ်ကြောင်း၊
(ဏ) အထူးသဖြင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မိမိတို့ ဒီမိုကရေစီအင်အားစုများနှင့် တရားဝင် ပူးပေါင်းဆောင်ရွက်ခြင်းက အလွန်အရေးကြီးကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်ဆွေးနွေးချက် အပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Intervention by Ambassador Kyaw Moe Tun, Permanent Representative
of the Republic of the Union of Myanmar to United Nations, in the Third Committee Interactive Discussion with the UN High Commissioner for Refugees, at the Eighty-first Session of the UN General Assembly
(New York, 4 November 2026)
Mr. Chair,
I thank the High Commissioner for his report and commend UNHCR’s dedication amidst global funding shortfalls.
In Myanmar, the root cause of our mass displacement remains the illegal military coup of February 2021.
The junta continues to commit horrific abuses with absolute impunity. Recent indiscriminate airstrikes killed displaced children in Karenni (Kayah) State and destroyed among other a maternity clinic in Rakhine State killing innocent civilians. With people trapped by daily hostilities, the scale of violence leaves many no alternative but forced displacement across borders.
While the High Commissioner's report notes a global increase in returns, the sharp rise in atrocities in Myanmar makes the safe, voluntary, and dignified return of displaced persons impossible at this time. We see no potential for the repatriation of Rohingya refugees while the junta’s attacks and forced conscription continue to target Rakhine State, alongside other areas.
Mr. Chair,
Myanmar's refugees desperately want to go home. But a durable solution requires addressing the root cause: the military dictatorship, its war crimes, its enjoyment of impunity and its expanding transnational criminal networks must end.
Meanwhile, Myanmar’s democratic forces are laying the groundwork for a federal democratic union. We are fundamentally committed to ensuring that any future repatriation is safe, voluntary, and dignified. Our vision guarantees equal citizenship rights, ends systemic discrimination, and ensures justice and accountability for all military atrocities.
To realize this vision, we urge the international community to take unified action.
First, we remain deeply indebted to host countries and urge you to uphold refugee rights, ensure continued access to protection, and strictly adhere to non-refoulement, as forced returns under these conditions pose a direct threat to life.
Second, States must immediately cease the transfer of arms, jet fuel, dual-use items, and financial support to the junta.
Finally, it is utmost imperative for member states and international organizations to cooperate formally with our democratic forces.
I thank you.
*****









