Statement by Ambassador Kyaw Moe Tun, at the General Debate of the First Committee of the Eightieth Session of the UN General Assembly
- Myanmar Mission To UN
- 44 minutes ago
- 6 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate of the First Committee at the Eightieth Session of the UN General Assembly, held on 14 October 2025
သတင်းထုတ်ပြန်ချက်
အကြိမ်(၈၀)မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ) ၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က သမားရိုးကျလက်နက်များကြောင့်လူ့ အသက်ပေါင်းများစွာ ဆုံးရှုံးကြရကြောင်း၊ အဆိုပါလက်နက်များ မဟုတ်မမှန်သူများ၊ အာဏာရှင်များ လက်ထဲရောက်ရှိ၍ သုံးစွဲခြင်းကလည်း လူအများအပြား အသက်ဆုံးရှုံးခဲ့ရသော သာဓကများ ရှိကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ် နေမှုသည် သာဓကတစ်ခုပင်ဖြစ်ကြောင်း၊ စစ်အုပ်စုထံ အဖွဲ့ဝင်နိုင်ငံအချို့မှလက်နက်ခဲယမ်းများ၊ တိုက်လေယာဉ်များနှင့်အရပ်ဖက်၊ စစ်ဖက်နှစ်မျိုးသုံးပစ္စည်းများကို ရောင်းချလွှဲပြောင်းပေးခြင်းကြောင့်သာ
စစ်အုပ်စုက လူမဆန်သည့် ရက်စက်မှုများနှင့် ပြစ်မှုကြီးများကို ကျူးလွန်နိုင်နေသည်မှာ ထင်ရှား၊
စစ်အုပ်စုသည် မြေပြင်ဆုံးရှုံးမှုများကို ကုစားနိုင်ရန် လေကြောင်းတိုက်ခိုက်မှုများကို
ပိုမိုတိုးမြှင့်ပြုလုပ်လာ၊
စစ်ဖက်၊ အရပ်ဖက် နှစ်မျိုးသုံးပစ္စည်းများကို မတရားအသုံးချလာသည့် မှတ်တမ်းရှိနေသဖြင့်
စစ်ကောင်စီ၏ နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာ အသုံးပြုရေး၊ ကမ္ဘာအပြင်အာကာသအား ငြိမ်းချမ်းစွာသုံးစွဲရေးဆိုသည့် စစ်အုပ်စု၏ စကားလုံးများ၏ နောက်ကွယ်တွင်
မလျော်မကန် ရည်ရွယ်ချက်များ ရှိမည်ဖြစ်၊
မြန်မာပြည်သူများ၏အသက်ကို ကယ်တင်ရန် ၊ ဒုက္ခဆင်းရဲခံစားရမှုမှ လွတ်မြောက်စေရန် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် စစ်အုပ်စုထံသို့ စစ်လက်နက်ပစ္စည်းများ၊
တိုက်လေယာဉ်ဆီများ၊ စစ်ဖက်၊ အရပ်ဖက် နှစ်မျိုးသုံးပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း မပြုလုပ်ကြရန် တိုက်တွန်းတောင်းဆိုပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်)
၁။ အကြိမ် (၈၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ (ပထမကော်မတီ) ၏အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမှုကို ၈-၁၀-၂၀၂၅ ရက်နေ့မှ စတင်၍ ကျင်းပလျက်ရှိရာ ၁၄-၁၀-၂၀၂၅ ရက်နေ့တွင် ကျင်းပသည့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပါဝင်တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။
၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းတွင် အောက်ဖော်ပြပါအဓိကအချက်များ ပါဝင်ပါသည်-
(က) ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပတ်ဝန်းကျင်သည် ပထဝီနိုင်ငံရေးတင်းမာမှုမြင့်တက်ခြင်း၊ ပဋိပက္ခ များ ပြင်းထန်လာခြင်း၊ လုံခြုံရေးဆိုင်ရာ ဗိသုကာများ ယိုယွင်းလာခြင်း၊ နိုင်ငံပေါင်းစုံပါဝင်သည့် အဖွဲ့အစည်းများအပေါ် မယုံကြည်မှုများ မြင့်တက်လာခြင်းတို့ဖြစ်ပေါ်နေချိန်တွင် ဤပထမကော်မတီအစည်းအဝေးကို ကျင်းပနေခြင်းဖြစ်ကြောင်း၊ AI အပါအဝင် နည်းပညာများ လျင်မြန်စွာ တိုးတက်လာခြင်း၊ ပေါ်ပေါက်လာသောလက်နက်နည်းပညာများနှင့် ပေါင်းစပ်ပြုလုပ်လာခြင်းတို့က ယခုရင်ဆိုင်နေရသည့် လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများအပေါ် နောက်ထပ်ရှုထောင့်တစ်ခုမှ စိန်ခေါ်မှု တိုးပွားလာစေကြောင်း၊
(ခ) လက်ရှိကမ္ဘာတွင် နျူကလီးယားလက်နက်ပေါင်း ၁၂,၀၀၀ ကျော်တည်ရှိမှုသည် လူသားမျိုးနွယ် အပေါ် ခြိမ်းခြောက်လျက်ရှိကြောင်း၊ နျူးကလီးယားလက်နက်ကို မတော်တဆဖြစ်စေ၊ ရည်ရွယ် ချက်ရှိရှိဖြင့်ဖြစ်စေ အသုံးပြုခြင်းသည် လူသားချင်းစာနာမှုနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးရွားသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊
(ဂ) နျူကလီးယားလက်နက် အသုံးပြုခြင်း၊ အသုံးပြုမည်ဟု ခြိမ်းခြောက်ခြင်းမှ ကာကွယ်နိုင်မည့် နည်းလမ်းမှာနျူကလီးယားလက်နက်များ အလုံးစုံဖျက်သိမ်းရေးဖြစ်သည်ကို ထပ်လောင်းပြောကြား လိုပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် နှစ်စဉ် ဦးဆောင်တင်သွင်းသည့် “Nuclear Disarmament” ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းတစ်ရပ်ကို ယခုနှစ်တွင်လည်း ဆက်လက်တင်သွင်း သွားမည်ဖြစ်ကြောင်း၊ ယခင်နှစ်များနည်းတူ အဖွဲ့ဝင်နိုင်ငံများမှ ထောက်ခံမှုပေးရန် မေတ္တာရပ်ခံပါကြောင်း၊
(ဃ) နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT) သည် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်ကြောင်း၊ စာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ လာမည့်ပြန်လည်သုံးသပ်ရေးဆိုင်ရာညီလာခံတွင် ပြီးခဲ့သည့်အကြိမ်ရေများကဲ့သို့ သဘောတူညီမှုကြေညာချက်ထုတ်ပြန်နိုင်ခြင်း မရှိခဲ့ခြင်းမျိုး ထပ်မံမဖြစ်ပေါ်စေရန် မျှော်လင့်ပါကြောင်း၊ (၁၁) ကြိမ်မြောက် နျူကလီးယားလက်နက်များမပြန့်ပွားရေးစာချုပ် (NPT) ပြန်လည်သုံးသပ်ရေးညီလာခံတွင် အောင်မြင်သောရလဒ်ရရှိစေရန် အပြန်အလှန်နားလည်မှု၊ လိုက်လျော ညီထွေရှိမှုတို့ ရှိရန်လိုကြောင်း၊
(င) နျူကလီးယားလက်နက် စမ်းသပ်ပိတ်ပင်မှုဆိုင်ရာ စာချုပ် (CTBT) ကို အတည်ပြုလက်မှတ် ရေးထိုးသည့်နိုင်ငံများ တိုးပွားလာသော်လည်း စာချုပ်သည်အသက်ဝင်မှုမရှိသေးကြောင်း၊ ထို့ကြောင့် စာချုပ်၏နောက်ဆက်တွဲ(၂)တွင် ပါဝင်သည့် အတည်ပြုလက်မှတ်ရေးထိုးခြင်း မပြုရသေးသည့်နိုင်ငံများအနေဖြင့် ဆောလျင်စွာ အတည်ပြုလက်မှတ်ရေးထိုးကြရန်တိုက်တွန်းပါကြောင်း၊
(စ) မြန်မာနိုင်ငံသည် နျူကလီးယားလက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (TPNW) တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် အတည်ပြုလက်မှတ်ရေးထိုးရေးလုပ်ငန်းစဉ်သည် ရပ်တန့်ခဲ့ရကြောင်း၊
(ဆ) ဓါတုလက်နက်တားဆီးပိတ်ပင်ရေးဆိုင်ရာ စာချုပ် (CWC) နှင့် ဇီဝလက်နက် တားဆီးပိတ်ပင် ရေးဆိုင်ရာစာချုပ် (BWC) တို့၏ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ ဓါတုလက်နက် အသုံးပြုမှုကို ပြင်းထန်စွာကန့်ကွက်ပါကြောင်း၊ ကျူးလွန်သူများကို အရေးယူရမည်ဖြစ်ကြောင်း၊
(ဇ) အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ၏ အဖွဲ့ဝင်တစ်နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံက အရှေ့တောင်အာရှဒေသအား နျူကလီးယားလက်နက် ကင်းစင်သောဒေသအဖြစ် ဘန်ကောက် စာချုပ်ကို အပြည့်အဝ အကောင်အထည်ဖော်မှုမှတစ်ဆင့် ထိန်းသိမ်းထားနိုင်ရန် အရေးကြီးကြောင်း၊
(ဈ) သမားရိုးကျလက်နက်များကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးကြရကြောင်း၊ အဆိုပါ လက်နက်များ မဟုတ်မမှန်သူများ အာဏာရှင်များ လက်ထဲရောက်ရှိ၍ သုံးစွဲခြင်းကလည်း လူအများအပြားအသက်ဆုံးရှုံးခဲ့ရသော သာဓကများရှိကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေမှုသည် သာဓကတစ်ခုပင်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံအချို့မှ စစ်အုပ်စုထံ လက်နက်ခဲယမ်းများ၊ တိုက်လေယာဉ်များနှင့် အရပ်ဖက်စစ်ဖက်နှစ်မျိုးသုံးပစ္စည်းများကို ရောင်းချလွှဲပြောင်းပေးခြင်းကြောင့်သာ စစ်အုပ်စု၏ လူမဆန်သည့်ရက်စက်မှုများနှင့် ပြစ်မှုကြီးများကို ကျူးလွန်နိုင်နေသည်မှာ ထင်ရှားပါကြောင်း၊ စစ်အုပ်စုသည် မြေပြင်ဆုံးရှုံးမှုများကို ကုစားနိုင်ရန် လေကြောင်း တိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့်ပြုလုပ်လာကြောင်း၊
(ည) မြန်မာနိုင်ငံတွင် သမားရိုးကျ လက်နက်များသည် ဖျက်အားပြင်းလက်နက် (WMD) များထက် နေ့စဉ်အရပ်သားသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှုများ၏ ငြင်းစရာမရှိသော အဓိကအကြောင်းရင်း ဖြစ်ကြောင်း၊
(ဋ) Armed Conflict Location and Event Data Project (ACLED) ၏ အချက်အလက်များအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအထိ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု (၁,၁၃၄) ကြိမ် မှတ်တမ်းတင်ထားပြီး၊ ၂၀၂၄ ခုနှစ် တစ်နှစ်လုံးတွင် ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှု (၆၄၀)ကြိမ်နှင့် နှိုင်းယှဉ်လျှင် များစွာ တိုးမြှင့်ပြုလုပ်လာကြောင်း၊ ကုလသမဂ္ဂလူ့အခွင့်အရေး ဆိုင်ရာမဟာမင်းကြီးရုံး (OHCHR) ၏ အဆိုအရ ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် မေလအတွင်း အတည်ပြုထားသည့် အရပ်သားသေဆုံးမှုများ၏ တစ်ဝက်နီးပါးသည် လေကြောင်းတိုက်ခိုက်မှု များကြောင့် ဖြစ်ကြောင်း၊
(ဌ) တရားမဝင်အာဏာသိမ်းစစ်အုပ်စုက ဆက်တိုက်ဆောင်ရွက်လာသည့် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ စုစုပေါင်း (၄၅၂) ကြိမ် ရှိပြီး၊ ကလေးများ ရာချီ အပါအဝင် အရပ်သား (၄,၇၆၃) ဦးအသက်ဆုံးရှုံးခဲ့ကြောင်း၊ အရပ်သားများကိုကာကွယ်ရန်နှင့် လူသားဆန်မှုရှိရန်အလို့ငှာ၊ အဖွဲ့ဝင်နိုင်ငံ များသည် စစ်အုပ်စုနှင့် မည်သည့်ပုံစံမျိုးနှင့်မျှ ပူးပေါင်းဆောင်ရွက်မှု မလုပ်သင့်ကြောင်း၊
(ဍ) မကြာသေးမီက ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ဘာသာရေးနေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ချောင်းဦးမြို့၌ စစ်အာဏာရှင်ကိုဆန့်ကျင်သည့် ငြိမ်းချမ်းစွာ မီးထွန်းဆန္ဒပြမှုပြုလုပ်နေစဉ် လူအုပ်အပေါ်စစ်အုပ်စုမှ ပါရာမော်တာ (paramotor) အသုံးပြု ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကလေးငယ်များအပါအဝင် အရပ်သား(၂၀)ခန့် အသက်ဆုံးရှုံးခဲ့ပြီး အများအပြား ပြင်းထန်စွာဒဏ်ရာ ရရှိခဲ့ကြောင်း၊ စိတ်နှလုံးကြေကွဲဖွယ်ဖြစ်ပြီး၊ ဤကဲ့သို့ဖြစ်စဉ်သည် ဤတစ်ခုတည်းမဟုတ်ကြောင်း၊
(ဎ) စစ်ဖက်၊ အရပ်ဖက် နှစ်မျိုးသုံးပစ္စည်းများကို မတရားအသုံးချလာသည့် မှတ်တမ်းရှိနေသဖြင့် စစ်ကောင်စီ၏ နျူကလီးယားစွမ်းအင် ငြိမ်းချမ်းစွာ အသုံးပြုရေး၊ ကမ္ဘာအပြင် အာကာသအား ငြိမ်းချမ်းစွာ သုံးစွဲရေးဆိုသည့် စစ်အုပ်စု၏ စကားလုံးများနောက်ကွယ်တွင် မလျော်မကန် ရည်ရွယ်ချက်များ ရှိမည်ဖြစ်ကြောင်း၊
(ဏ) ထို့အတွက်ကြောင့် မြန်မာပြည်သူများ၏ အသက်ကိုကယ်တင်ရန်၊ ဒုက္ခဆင်းရဲခံစားရမှုမှ လွတ်မြောက်စေရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုထံသို့ စစ်လက်နက်ပစ္စည်းများ၊ တိုက်လေယာဉ်ဆီများ၊ စစ်ဖက်၊ အရပ်ဖက်နှစ်မျိုးသုံးပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ ရောင်းချခြင်း၊ လွှဲပြောင်းခြင်း မပြုလုပ်ကြရန် တိုက်တွန်းတောင်းဆိုပါကြောင်း၊
(တ) မိမိတို့၏အကျိုးအမြတ်ထက် အရပ်သားများ၏ လုံခြုံရေးကို ဦးစားပေးရမည်ဖြစ်ကြောင်း၊ ကိုယ်ကျိုးစီးပွား ရေတိုရည်မှန်းချက်ထက် ငြိမ်းချမ်းတည်ငြိမ်သည့် ရေရှည်ရည်မှန်းချက်ကို ကြည့်ရမည်ဖြစ်ကြောင်း၊ ကိုယ်ကျိုးရှာနိုင်ငံရေးထွက်ပေါက်ထက် စစ်မှန်ပြီး၊ အားလုံးပါဝင်သည့် နိုင်ငံရေးလုပ်ငန်းစဉ် ရှိရမည်ဖြစ်ကြောင်း၊
(ထ) ထို့ကြောင့် စစ်အုပ်စုက ပြုလုပ်ရန်စီစဉ်နေသည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲ သည် မတည်ငြိမ်မှုများ၊ ပဋိပက္ခများ ပိုမိုဖြစ်ပွားရှည်ကြာစေမည်ဖြစ်ကြောင်း၊ ဤစစ်အုပ်စု၏ အတုအယောင်၊ အလိမ်အညာရွေးကောက်ပွဲကို ပြတ်ပြတ်သားသားကန့်ကွက်ကြရန် နိုင်ငံတကာ အသိုက်အဝန်းကို တောင်းဆိုပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) ကို ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,
at the General Debate of the First Committee
at the Eightieth Session of the UN General Assembly
(New York, 14 October 2025)
Mr. Chair,
I wish to begin by congratulating you and other members of the Bureau on your well-deserved election. You can count on our delegation’s full support throughout this session.
Myanmar aligns itself with the statements delivered by ASEAN and NAM.
Mr. Chair,
We are gathering once again in the midst of heightened geopolitical tensions, intensified conflicts, deteriorating security architecture and growing mistrustin our multilateral institutions.
Rapid advancement in technologies, including AI, and integration of emerging technologies into weapons-based systems are also adding another dimension to the current security challenges we are facing.
Against this backdrop, our collective work and deliberations at the First Committee are critical to maintaining international norms and preventing the further erosion of security safeguardsin the area of disarmament.
Mr. Chair,
More than 12,000 nuclear weapons remain an existential threat to humanity. A single use of nuclear weapon, whether by design or accident, will bring catastrophichumanitarian and environmental consequences for generations to come. In this regard, we welcome the Secretary-General’s appointment of an independent scientific panel of experts on the effects of nuclear war and look forward to their report.
Myanmar firmly believes that the only guarantee against the use or threat of use of nuclear weapons is their total elimination.Guided by thisend goal, Myanmar will be tabling the resolution entitled “Nuclear Disarmament” at this session again. We request all Member States for their continued support of the resolution.
Mr. Chair,
NPT remains the cornerstone of nuclear disarmament, non-proliferation and peaceful use of nuclear energy. We must continue to strengthen our mutual understanding and exercise maximum flexibility towards a successful outcome at the Eleventh NPT Review Conference next year after the consecutive failures at the last two Review Conference.
Despite the growing number of ratifications to the CTBT, its entry into force is still pending. We urge all Annex II states, that have not yet ratified the treaty, to do so without delay.
We are of the view that TPNW complements NPT and contributes to advancing our shared goal of the total elimination of nuclear weapons. It is unfortunate that our subsequent plan to ratify the TPNW was delayed by the 2021 illegal military coup.
As an ASEAN member, Myanmar attaches great importance to preserving our region as a nuclear-weapon-free zone through the full implementation of the Bangkok Treaty.
As a state party to the CWC and the BWC, Myanmar reaffirms our commitment to upholding international norms against the existence and use of chemical and biological weapons. Myanmar strongly condemns the use of any chemical weapons and calls for holding all perpetrators accountable.
Mr. Chair,
Conventional weapons may not exactly possess the same mass-destructive capacity as nuclear weapons or other WMD. Yet majority of civilian casualties and destructions are attributed to conventional weapons, particularly when they are transferred or sold to bad actors in fragile and conflict settings. The situation in Myanmar is a glaring case in point.
It is no secret that the military’s atrocities and heinous crimes against the people of Myanmar have been enabled by the sales and transfers of arms, weapons, fighter jets and munitions from certain Member States to the military junta.
Since the illegal coup, the military has resorted to exponentially increasing aerial attacks to compensate their major losses on the ground.
According to ACLED, between January and May 2025, the junta conducted 1,134 airstrikes, a dramatic increase from 640 in all of 2024. The OHCHR reported that nearly half of all verified civilian deaths between April 2024 and May 2025 were caused by aerial attacks.
Around 7,400 people have been killed by the military in nearly 5 years. Protection of civilians has clearly lost its meaning to those Member States cooperating with the military junta in any shape or form.
Mr. Chair,
The military’s method of warfare against civilians is not just limited to employing conventional weapons. Even recreational paragliders are readily exploited and leveraged as a tool to perpetuate civilian harm.
For example, the military equipped a recreational paramotor with two explosives, killing at least 20 civilians, including children, on a Buddhist religious day last week during a peaceful candlelight vigil protest against the military junta in Chaung-U, Sagaing.
Given their proven records of the misuse of dual-use items, the military junta’s so-called claims over peaceful and civilian use of nuclear energy or outer space will always have an ulterior sinister motive behind.
As such, I have consistently urged all Member States to cease the sales and transfers of not only arms and weapons, but also jet fuel, other dual-use items and related technologies to the military junta.
In conclusion, Mr. Chair, protection of civilians should precede profits.
Long-term goals of peace and stability should precede short-term goals of self-interest.
Genuine and inclusive political process should precede a self-serving political exit.
It is crystal clear that planned sham election by the military junta will only prolong violence and instability in the country and beyond. Once again, I appeal to the international community to reject this deceitful process.
I thank you.
*****








