top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun at the GA Plenary Meeting on the Implementation of the Declaration of Commitment on HIV/AIDS and the political declarations on HIV/AIDS

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Jun 16
  • 6 min read

Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the GA Plenary Meeting on the Implementation of the Declaration of Commitment on HIV/AIDS and the political declarations on HIV/AIDS, held on 16 June 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေး၌ Declaration of Commitment on HIV/AIDS အကောင်အထည်ဖော်ဆောင်မှုနှင့် HIV/AIDS နိုင်ငံရေးကြေညာစာတမ်းအား ဆွေးနွေးရာတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ချိန်မှစ၍ HIV အစီအစဉ်များ အကောင်အထည်ဖော်ဆောင်မှုအတွက် နက်ရှိုင်းသော စိန်ခေါ်မှုများ ဖြစ်ပေါ်လာခဲ့၊

မြန်မာနိုင်ငံတွင် ရွေးကောက်ခံအရပ်သားအစိုးရ လက်ထက်၌ HIV/AIDS ပပျောက်ရေးအတွက် မျှော်လင့်ချက် ရှိခဲ့၊ အစီအစဉ်များကို မဟာဗျူဟာကျနစွာနှင့် ဘက်ပေါင်းစုံ ကုံလုံအောင် ချမှတ်နိုင်ခဲ့၊ အဆင့်တိုင်းတွင် ပူးပေါင်း ဆောင်ရွက်မှု ရှိရေး ကိုလည်း စီမံခန့်ခွဲနိုင်ခဲ့၊ ယင်းသို့သော အပြုသဘောဆောင်သည့် ရလဒ်များအား ဖော်ဆောင်နိုင်ခဲ့သည်နှင့်အမျှ ယခုကဲ့သို့ အဆိုးဘက် ကျဆင်းနေသည့် အခြေအနေကို တွေ့မြင်နေရခြင်းက စိတ်ပျက်ဖွယ်ဖြစ်၊

ကောင်းမွန်သော အုပ်ချုပ်မှုနှင့် ပြည်သူ့အကျိုးစီးပွားအား ရှေးရှုသော အစိုးရကောင်းတစ်ရပ် ရှိရေးတို့က ထိရောက်မှုရှိသော ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် အဓိက လိုအပ်ချက်များပင်ဖြစ်ကြောင်းပြောကြားခဲ့


 (နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်)


၁။        ၅-၆-၂၀၂၅ ရက် (ကြာသပတေးနေ့) နှင့် ၁၆-၆-၂၀၂၅ ရက် (တနင်္လာနေ့) မွန်းလွဲ (၁၅၀၀) နာရီတွင် နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် အထွေထွေညီလာခံ၏ (၇၆) ကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးတွင် “Implementation of the Declaration of Commitment on HIV/AIDS and the political declarations on HIV/AIDS” အကြောင်းအရာအောက်မှ “The urgency of now: AIDS at a crossroads – progress report on the 2025 targets and strategic directions for the future” ခေါင်းစဉ်ဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အစီရင်ခံစာကို အခြေခံ၍ ဆွေးနွေးခဲ့ပါသည်။


၂။         အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံ အပါအဝင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၃၅) နိုင်ငံမှ ကိုယ်စားလှယ် များ ပါဝင်ဆွေးနွေးခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက  ၁၆-၆-၂၀၂၅ ရက်နေ့တွင် ကျင်းပသည့် အစည်းအဝေး၌ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင် ပါသည်-


(က)     ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ “AIDS at a crossroads – progress report on the 2025 targets and strategic directions for future” အစီရင်ခံစာအတွက် ကျေးဇူးတင်ရှိပါကြောင်း၊


(ခ)       ၈-၆-၂၀၂၁ ရက်နေ့တွင် အတည်ပြုခဲ့သည့် “Political Declaration on HIV and AIDS: Ending Inequalities and Getting on Track to End AIDS by 2030” သည် ကမ္ဘာပေါ်တွင် ဖြစ်ပွားနေ သည့် HIV ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် နိုင်ငံတကာမှ ဝိုင်းဝန်းဖြေရှင်းရေးအား ထပ်လောင်းအတည်ပြုသည့် ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး ကတိကဝတ်တစ်ခုဖြစ်ကြောင်း၊ အဆိုပါ နိုင်ငံရေးကြေညာစာတမ်းတွင် အဓိက စိုးရိမ်ရသည့် နယ်ပယ်များကို သတ်မှတ်ပြဋ္ဌာန်းထား သကဲ့သို့ ကူးစက်ရောဂါဒဏ်ခံစားလျက်ရှိသည့် အသိုက်အဝန်းများအား ကြံ့ခိုင်စေရေး အစီအစဉ် များ အပါအဝင် နိုင်ငံတကာထောက်ပံ့ကူညီမှုများ ပေးအပ်နိုင်မည့် လမ်းကြောင်းများနှင့် နည်းလမ်းများကိုလည်း ဖော်ပြထားကြောင်း၊


(ဂ)       မြန်မာနိုင်ငံတွင် အဆုတ်နာရောဂါနှင့် ငှက်ဖျားရောဂါတို့အပြင် HIV အား ဦးစားပေး ပြည်သူ့ ကျန်းမာရေး ပြဿနာတစ်ရပ်အဖြစ် အသိအမှတ်ပြုထားကြောင်း၊


(ဃ)     ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် (၉၀) ရာခိုင်နှုန်းသော HIV ကူးစက်ရောဂါအသစ်များ တွေ့ရှိရ သည့် နိုင်ငံ (၃၅) နိုင်ငံတွင် မြန်မာနိုင်ငံက တစ်နိုင်ငံဖြစ်ကြောင်း၊


(င)       Joint United Nations Programme on HIV/AIDS (UNAIDS) ကလည်း Global Fast Track Strategy to End the AIDS Epidemic by 2030 တွင် မြန်မာနိုင်ငံအား အာရှဒေသ၌ ဦးစားပေး ရမည့် နိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း၊


(စ)       မြန်မာနိုင်ငံတွင် HIV/AIDS ပြန့်ပွားစေသည့် အဓိက အကြောင်းအရင်းခံမှာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှု ပြဿနာများအပေါ် အများဆုံး အခြေခံကြောင်း၊ အဆိုပါ ကူးစက်ရောဂါ လုံးဝ ကင်းစင်ပပျောက်ရေးအား လုပ်ဆောင်ရာတွင်လည်း လိင်လုပ်ငန်း (sex work)၊ လိင်တူဆက်ဆံ ခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုတို့အား ရာဇဝတ်မှုအဖြစ် သတ်မှတ်ခြင်းကလည်း အဓိက အတားအဆီးဖြစ်ကြောင်း၊


(ဆ)     သို့ဖြစ်ရာ ရွေးကောက်ခံ မြန်မာ အရပ်သားအစိုးရအနေဖြင့် ၂၀၁၆ ခုနှစ်တွင် HIV နှင့် AIDS အတွက် အမျိုးသားဆင့် မဟာဗျူဟာ အစီအစဉ်ကို ချမှတ်ခဲ့ကြောင်း၊ ယင်းအစီအစဉ်က HIV ကူးစက်ရောဂါ တိုက်ဖျက်ရေးအတွက် အမျိုးသားအဆင့်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်နှင့် ဒေသခံအဆင့်တို့တွင် လုပ်ဆောင်ရမည့် အချက်များကို ညွှန်ပြပေးကြောင်း၊ ထို့ပြင် ရင်းနှီးမြှုပ်နှံမှု များ တိုးချဲ့နိုင်ရေးနှင့် ရေရှည်တည်တံ့သော မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ထည့်သွင်း ချမှတ်ထားကြောင်း၊ ထိုစဉ်က ကြိုးပမ်းအားထုတ်မှုများကြောင့် HIV/AIDS ပြန့်ပွားမှု အား ထိန်းချုပ်နိုင်ခဲ့ပြီး ကူးစက်ရောဂါအသစ် မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်မှုများကိုလည်း လုပ်ဆောင်နိုင်ခဲ့ကြောင်း၊


(ဇ)       သို့ရာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မတရား စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ချိန်မှစ၍ HIV အစီအစဉ်များ အကောင်အထည်ဖော်ဆောင်မှုအတွက် နက်ရှိုင်းသော စိန်ခေါ်မှုများ ဖြစ်ပေါ်လာ ခဲ့ကြောင်း၊


(ဈ)      ပြီးခဲ့သော (၄) နှစ်ကျော်ကာလအတွင်း စစ်အုပ်စုမှ အရပ်သားပြည်သူအပေါ် လေကြောင်းမှ တဆင့် တိုက်ခိုက်မှုများနှင့် ဗုံးကျဲတိုက်ခိုက်မှုများ အပါအဝင် အခြားသော မဆင်မခြင် တိုက်ခိုက် မှုများ ကျူးလွန်ခဲ့ခြင်းကြောင့် ကျန်းမာရေး စောင့်ရှောက်မှု အဆောက်အအုံများ အပါအဝင် ဆေးပညာနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတို့ ဆိုးရွားစွာ ဖျက်ဆီးခံခဲ့ရကြောင်း၊


(ည)     မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အခွံမျှသာဖြစ်နေခဲ့ရပြီး HIV ကူးစက်ခံထားရ သူများအနေဖြင့် သောက်ဆေး၊ ထိုးဆေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ခံစားခွင့် ရရှိရေး အတွက် အလွန်အမင်း ရုန်းကန်နေကြရကြောင်း၊


(ဋ)       စစ်အုပ်စုမှ မတရားသဖြင့် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ မြန်မာပြည်သူများ ကြုံတွေ့လျက် ရှိသည့် ဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေး၊ စီးပွားရေးနှင့် လူမှုရေးဆုတ်ယုတ်မှုများမှာ ယခုနှစ် မတ်လ အတွင်း    ဖြစ်ပွားခဲ့သည့် ဖျက်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့်လည်း ပိုမို ဆိုးရွားလာကြောင်း၊


(ဌ)       UNDP ၏ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံးအစီရင်ခံစာအရ စီးပွားရေးဗဟိုချက်ဖြစ်သော ရန်ကုန် မြို့နေ လူဦးရေ ထက်ဝက်သည်ပင်လျှင် ဆင်းရဲနွမ်းပါးမှုနှင့် ရင်ဆိုင်နေရကြောင်း၊


(ဍ)       ယခုအခါ မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူ ၃.၅ သန်းအနေဖြင့် နေရပ်စွန့်ခွာနေကြရပြီး ပြည်သူ သန်း (၂၀) ကျော်မှာ လူသားစာနာအကူအညီများ လိုအပ်လျက်ရှိကြောင်း၊


(ဎ)       မြန်မာနိုင်ငံကဲ့သို့သော ထိရှလွယ်၍ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ပါးဆုံးဖြစ်သည့် နိုင်ငံတစ်နိုင်ငံတွင် HIV ကူးစက်ခံထားရသူများ အပါအဝင် လူနာအများစုက မိမိတို့၏ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက် များထံမှ အကူအညီများအပေါ် အကြီးမားဆုံး မှီခိုနေရကြောင်း၊ ရန်ပုံငွေဖြတ်တောက်ခြင်းက ၎င်းတို့အပေါ်တွင် ကြီးလေးသော သက်ရောက်မှု ရှိပါကြောင်း၊


(ဏ)     သို့ဖြစ်ရာ ရန်ပုံငွေ ဖြတ်တောက်မှုများကြောင့် ဝန်ဆောင်မှုများနှင့် အဆောက်အအုံများ ပိတ်နား ရခြင်း၊ ကုန်စည်စီးဆင်းမှု ထိခိုက်ခြင်းနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ လုပ်ဆောင်နေသည့် လုပ်ငန်းများနှင့် ဝန်ဆောင်မှုများ ရပ်နားရခြင်းတို့က မြန်မာနိုင်ငံတွင် HIV အစီအစဉ်များ အကောင်အထည်ဖော်ဆောင်မှုအတွက် လက်ငင်းအန္တရာယ် ဖြစ်ပေါ်စေကြောင်း၊


(တ)     ဤတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်ခြင်းနှင့် အကူအညီ လက်ခံခြင်း နှစ်ဖက်လုံးတွင် အခက်အခဲများ ဖြစ်ပေါ်နေခြင်းက မြင်သာပါကြောင်း၊


(ထ)     အရိုးရှင်းဆုံးဆိုရသော် မြန်မာနိုင်ငံတွင် ရွေးကောက်ခံအရပ်သားအစိုးရ လက်ထက်၌ HIV/AIDS ပပျောက်ရေးအတွက် မျှော်လင့်ချက် ရှိခဲ့ကြောင်း၊ အစီအစဉ်များကို မဟာဗျူဟာကျနစွာနှင့် ဘက်ပေါင်းစုံ ကုံလုံအောင် ချမှတ်နိုင်ခဲ့ကြောင်း၊ အဆင့်တိုင်းတွင် ပူးပေါင်းဆောင်ရွက်မှု ရှိရေး ကိုလည်း စီမံခန့်ခွဲနိုင်ခဲ့ကြောင်း၊


(ဒ)       ယင်းသို့သော အပြုသဘောဆောင်သည့် ရလဒ်များအား ဖော်ဆောင်နိုင်ခဲ့သည်နှင့်အမျှ ယခုကဲ့သို့ အဆိုးဘက် ကျဆင်းနေသည့် အခြေအနေကို တွေ့မြင်နေရခြင်းက စိတ်ပျက်ဖွယ်ဖြစ်ကြောင်း၊


(ဓ)       မိမိတို့နိုင်ငံ ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများအပေါ် အခြေခံလျက် ကောင်းမွန်သော အုပ်ချုပ်မှုနှင့် ပြည်သူ့အကျိုးစီးပွားအား ရှေးရှုသော အစိုးရကောင်းတစ်ရပ် ရှိရေးတို့က ထိရောက်မှုရှိသော ပြည်သူ့ကျန်းမာရေးကဏ္ဍအတွက် အဓိက လိုအပ်ချက်များပင် ဖြစ်သည်ဟု မိမိတို့ရှုမြင်ကြောင်း၊


(န)       မြန်မာနိုင်ငံတွင် HIV/AIDS အား ပြည်သူ့ကျန်းမာရေးခြိမ်းခြောက်မှုဖြစ်နေခြင်းမှ ရပ်တန့်ရန် မိမိတို့အနေဖြင့် စစ်အုပ်စုမှ လူသားချင်းစာနာထောက်ထားမှုအကူအညီများနှင့် ဆေးဝါး အထောက်အကူများအား စစ်လက်နက်သဖွယ် အသုံးပြုနေခြင်းကို ဦးစား ရပ်တန့်ရမည်ဖြစ် ကြောင်း၊ ထို့နည်းတူစွာ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်နှင့် မတရား စစ်အာဏာသိမ်းမှုတို့က မြန်မာ့အကျပ်အတည်း၏ အဓိကဇစ်မြစ်ပြဿနာဖြစ်သောကြောင့် အဆိုပါ စစ်အာဏာရှင်စနစ် နှင့် မတရား စစ်အာဏာသိမ်းမှုတို့အား လုံးဝ အပြီးသတ်ချုပ်ငြိမ်းစေရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊


(ပ)       ထိုသို့လုပ်ဆောင်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုအပေါ်တွင် ခိုင်မာသည့် အရေးယူဆောင်ရွက်ချက်များ ချမှတ်ရမည်ဖြစ်ကြောင်း၊ ယင်း အရေးယူဆောင်ရွက်ချက်များ တွင် စစ်အုပ်စုထံသို့ လက်နက်စီးဆင်းမှုနှင့် လေယာဉ်ဆီစီးဆင်းမှုတို့ ဖြတ်တောက်ရေးတို့ ပါဝင် ကြောင်း၊


(ဖ)       ထို့ပြင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ၏ အစီရင်ခံစာတွင် အကြံပြုထားသည့်အတိုင်း အကောင်အထည်ဖော်ဆောင်နိုင်ရန် မိတ်ဖက်ကောင်းများနှင့် အဓိပ္ပါယ်ရှိရှိ ထိတွေ့ဆက်ဆံပူးပေါင်းဆောင်ရွက်သင့်ကြောင်း၊

(ဗ)       အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် အခြားသော သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် လက်တွဲ ပူးပေါင်းလျက် အများပြည်သူ အသိပညာပေးရေးအား မြှင့်တင်သည့် လှုပ်ရှားမှုများ အပါအဝင် မြန်မာနိုင်ငံတွင် HIV/AIDS ပပျောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊


(ဘ)     သို့ဖြစ်ပါ၍ အသိုက်အဝန်းများမှ ဦးဆောင်နိုင်စေရန်၊ မညီမျှမှုများ ရပ်တန့်ရန်နှင့် AIDS ပပျောက် ရန် လက်တွဲညီညီ လုပ်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်လိုပါကြောင်း။


၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၆ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the GA Plenary Meeting on the Implementation of the Declaration of Commitment on HIV/AIDS and the political declarations on HIV/AIDS


(New York, 16 June 2025)


Mr. President,


I thank you for convening this plenary meeting.


I also express my appreciation to the Secretary-General for his report on the “AIDS at a crossroads – progress report on the 2025 targets and strategic directions for future”.


The “Political Declaration on HIV and AIDS: Ending Inequalities and Getting on Track to End AIDS by 2030”, adopted on 8 June 2021, serves as a global political commitment which reaffirms international resolve to end HIV infections around the world. It identifies areas of concern and offers platforms and means to provide international assistance, as well as to strengthen communities impacted by the infectious disease.


In the case of Myanmar, HIV has been recognized as one of the priority public health issues, alongside other issues such as tuberculosis and malaria.


Myanmar is one of the 35 countries that account for 90% of new HIV infections globally. The Joint United Nations Programme on HIV/AIDS (UNAIDS) had identified Myanmar as one of the six countries in Asia as a priority for the Global Fast Track Strategy to End the AIDS Epidemic by 2030.


The context of HIV/AIDS epidemic in Myanmar is highly based on development and poverty issues, and criminalization of sex work, homosexuality and drug usage are severe obstacles to its full elimination.


In this light, the elected civilian government of Myanmar adopted the National Strategic Plan on HIV and AIDS in 2016. The plan served as a guidance to respond to HIV at the national, state/regional and local levels, and articulated a strategy to optimize investments and building sustainable partnerships. Efforts then maintained to curb the spread of HIV/AIDS and prevent new infections.


However, deeper challenges in the implementation of HIV programmes have prevailed since the unlawful military coup attempt in February 2021.


Over past four years, the military junta’s indiscriminate attacks including aerial and artillery attacks against civilians have heavily destroyed the medical and health care sector including health care facilities.


The country’s health care system has been hollowed. People with HIV infections are extensively struggling for access to medication and vaccines.


Moreover, the recent devastating earthquake in March this year has further compounded the developmental, financial, economic and social regressions the people of Myanmar have been suffering since the coup. 


According to the UNDP’s latest report on Myanmar, even nearly half of the economic capital, Yangon, now lives in poverty.


Now, over 3.5 million people across Myanmar have been displaced. Over 20 million people are in need of humanitarian assistance.


For a fragile and a LDC like Myanmar, many patients including the people with HIV infections hugely rely on assistance from our development partners. Funding cuts have caused big impact on them.


Therefore, the shutdown of services and facilities, disrupted supply chain and suspension of civil society organizations in their work for advocacy and services due to funding cuts also triggered immediate risks to the implementation of HIV programmes in Myanmar.


Therefore, hardships are visible in both delivery and receiving ends.


Mr. President,


To simply put, Myanmar saw hope to ending HIV/AIDS under the elected civilian government. Plans were laid out strategically and holistically. Coordination was managed to take place at all levels. 


As much as these positive results were yield, it is regrettable to witness the current downward trend.


Based on the country’s experience, we are of the view that good governance and a government that serves for the interest of its people are key requirements to an effective public health sector.


Clearly, to end HIV/AIDS as a public health threat in Myanmar, we must first stop the military junta from weaponizing humanitarian assistance and medical aids. In the same vein, we must end the military dictatorship and the unlawful military coup in Myanmar in its entirety for it is the root cause to Myanmar’s crisis.


This can be done so by the international community taking concrete actions on the military junta. These include stop flow of weapons and jet fuel to the military junta, and meaningfully engage with right partners to implement the recommendations made by the Secretary-General in his report.


The Ministry of Health of the National Unity Government of Myanmar together with the ethnic resistance organizations and other relevant stakeholders have been working together in eliminating HIV/AIDS in Myanmar, including through raising public awareness.


Therefore, let us work hand in hand to let communities lead, end inequalities, end AIDS.


I thank you.


Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page