top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at the First Regular Session of the UNICEF Executive Board




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the First Regular Session of the UNICEF Executive Board, held on 7 February 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


၂၀၂၃ ခုနှစ်အတွက် UNICEF Executive Board ၏ ပထမအကြိမ် ပုံမှန်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံရှိ အချို့ကလေးများသည် စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကျဲမှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုမှ ရှောင်ရှားနိုင်ရန် ဗုံးခိုကျင်းများ၌ စာသင်ကြားရသည့် အခြေအနေမျိုး စိတ်မကောင်းစွာ ရောက်ရှိနေ၊ စာသင်ကျောင်းများနှင့် ကလေးငယ်များသည် တိုက်ခိုက်မှုများ၏ ပစ်မှတ်လုံးဝမဖြစ်ရဟု ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်)


၁။ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၃ ခုနှစ်အတွက် UNICEF Executive Board ၏ ပထမအကြိမ် ပုံမှန်အစည်းအဝေး (First Regular Session of the UNICEF Executive Board) ကို ၇-၂-၂၀၂၃ ရက်နေ့မှ ၁၀-၂-၂၀၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပါသည်။ ထိုသို့ ကျင်းပပြုလုပ်ရာတွင် ၇-၂-၂၀၂၃ ရက် (အင်္ဂါနေ့)၊ နံနက် (၁၀၀၀) နာရီ၌ UNICEF ၏ အမှုဆောင် ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထွေထွေမိန့်ခွန်းပြောကြားသည့်အစီအစဉ်တွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပါဝင်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) UNICEF ၏ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး Ms. Catherine Russell မှ ၎င်း၏ အဖွင့် အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သော ကျန်းမာရေး၊ ပညာရေး၊ လုံခြုံဘေးကင်းရေးနှင့် ကလေးငယ် များ၏ အနာဂတ်လုံခြုံရေးတို့သည် တပြိုင်နက်တည်း ဖြစ်ပေါ်လျက်ရှိသည့် မြောက်များစွာသော အကျပ်အတည်းများ၏ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟူသောအချက်ကို ထပ်လောင်း ပြောကြားလိုကြောင်း၊


(ခ) အထူးသဖြင့် မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စဉ်ဆက်မပြတ် ရှေရည်ဖွံ့ဖြိုးတိုးတက် ရေး မျှော်မှန်းချက်ပန်းတိုင်များအတွက် ဖော်ဆောင်လျက်ရှိသည့် ကြိုးပမ်းအားထုတ်မှုများမှာ ရပ်တန့်လျက် ရှိကြောင်း၊


(ဂ) ဤနေရာတွင် ကမ္ဘာ့နေရာအနှံ့အပြား၌ ကလေးငယ်များ ရင်ဆိုင်နေရသော မြင့်တက်လာသည့် အန္တရာယ်များကို လက်ခံကာ ကြိုတင်ပြင်ဆင်မှု၊ ခွဲခြမ်းစိတ်ဖြာမှုနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းတို့အတွက် အထောက်အကူပြုပစ္စည်းများအပေါ် ရင်းနှီးမြှုပ်နှံကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုများ ကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိသော UNICEF ၏ လုပ်ဆောင်ချက်များကို ချီးမွမ်းကြောင်း၊


(ဃ) UNICEF ၏ မှတ်တမ်းများအရ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ ရေ အရင်း အမြစ်၊ အညစ်အကြေးစွန့်ပစ်မှုနှင့် ကလေးငယ်များအား အကာအကွယ်ပေးရေး ကဏ္ဍတို့သည် မြန်မာစစ်တပ်မှ တရားမဝင် စစ်အာဏာမသိမ်းမီကာလအထိ တိုးတက်ကောင်းမွန်ခဲ့ကြောင်း၊


(င) သို့သော် ဖေဖော်ဝါရီလ ၂၀၂၁ ခုနှစ်မှစတင်၍ စစ်တပ်မှ မတရားဖမ်းဆီးထိန်းချုပ်ခြင်း၊ နေရပ် စွန့်ခွာစေမှု၊ ဓားစာခံအဖြစ် ဖမ်းဆီးခြင်း၊ အချို့သောဖြစ်စဉ်များတွင် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်း စသည့်ရက်စက်ကြမ်းကြုတ်မှုများ၏ ဒဏ်ခံရသူများတွင် ကလေးငယ်များလည်း ပါဝင်ကြောင်း၊ စင်စစ် အားဖြင့် စစ်တပ်၏ အကြမ်းဖက်မှုများတွင် ကလေးငယ်များသည် မကြာခဏ ပစ်မှတ်ထားခံနေရကြောင်း၊


(စ) ဥပမာအားဖြင့် စစ်တပ်သည် စစ်ကိုင်းတိုင်းနှင့် ကရင်နီပြည်နယ်တို့အတွင်းရှိ ကိုယ်ပိုင်ကျောင်း တစ်ခုနှင့် ရခိုင်ပြည်နယ်တွင် ကလေးငယ်တစ်ဦး၏ နာမည်ပေး ကင်ပွန်းတပ် အခမ်းအနား၌ လေကြောင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် (၁၁) ဦး အသက်သေဆုံးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာပင် စစ်တပ်က ကလေးငယ် စုစုပေါင်း (၁၆၅) ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းကိန်းဂဏန်းမှာ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇၈ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ အချို့ကလေးများသည် စစ်တပ်မှ လေယာဉ်ဖြင့် ဗုံးကျဲမှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုမှ ရှောင်ရှားနိုင်ရန် ဗုံးခိုကျင်းများ၌ စာသင်ကြားရသည့် အခြေအနေမျိုး စိတ်မကောင်းစွာ ရောက်ရှိနေကြောင်း၊ စာသင်ကျောင်းများနှင့် ကလေးငယ်များသည် တိုက်ခိုက်မှုများ၏ ပစ်မှတ်လုံးဝမဖြစ်ရကြောင်း၊


(ဆ) ထို့ပြင် စစ်တပ်အနေဖြင့် ကလေးငယ်များနှင့် စာသင်ကျောင်းများအပေါ် ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်ရုံသာမက ကလေးငယ်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများကိုလည်း ငြင်းဆန်လျက်ရှိကြောင်း၊


(ဇ) OCHA ၏ အစီရင်ခံစာများအရ ၅.၆ သန်းသော ကလေးငယ်များအနေဖြင့် စားနပ်ရိက္ခာ မလုံလောက်မှု၊ သန့်ရှင်းသော သောက်ရေ သုံးရေ၊ ကာကွယ်ဆေးနှင့် ပညာသင်ကြားမှုတို့ကို အကန့်အသတ် ဖြင့်သာ ရရှိသောကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အထူးလိုအပ်လျက်ရှိကြောင်း၊


(ဈ) သို့ဖြစ်ရာ UNICEF အနေဖြင့် အဖွဲ့အစည်း၏ မျှော်မှန်းချက်နှင့်အညီ ဘက်လိုက်မှုကင်းစွာဖြင့် အခြားသော သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ခွဲခြားဆက်ဆံခြင်းမရှိဘဲ ထိရောက်မှုရှိသော၊ ဟန့်တားမှုမရှိသော ထောက်ပံ့မှုအစီအစဉ်များနှင့် နယ်ခြားဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများပေးအပ်ရန်နှင့် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရဟူသော မူနှင့်အညီ ဒေသခံများနှင့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သင့်ကြောင်း၊


(ည) စစ်တပ်အနေဖြင့် မကြာသေးမီကာလအတွင်းကပင် မြို့နယ် (၃၇) ခုကျော်တွင် Martial Law ထုတ်ပြန်ခဲ့ရာ လိုအပ်သူများထံ ထောက်ပံ့ကူညီမှုအစီအစဉ်များ ရောက်ရှိရေးမှာ ပိုမိုကန့်သတ်တားဆီး ခံရနိုင်ချေရှိကြောင်း၊ ထို့အတူ စစ်တပ်အနေဖြင့် ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်လုပ်ရပ်များကို ပိုမိုဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိသောကြောင့် ကလေးငယ်များအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်ချက်မှာလည်း မြင့်တက်နေမည်သာဖြစ်ကြောင်း၊ စစ်အာဏာရှင်အောက်တွင် မြန်မာ ကလေးငယ်များ၏ အနာဂတ်သည် မရေမရာရှိနေကြီး၊ စစ်အာဏာရှင် ချုပ်ငြိမ်းမှသာ ဤမရေမရာ ရှိမှုများမှ ကာကွယ်ပေးနိုင်မည်ဖြစ်၍ မိမိတို့ ကြိုးပမ်းအားထုတ်များကို တက်နိုင်သည့်ဘက်မှ အားလုံးဝိုင်းဝန်းကူညီရန် မေတ္တာရပ်ခံပါကြောင်း၊ အလှူရှင်နိုင်ငံများအနေဖြင့်လည်း UNICEF အတွက် လိုအပ်လျက်ရှိသော ရန်ပုံငွေ အမေရိကန်ဒေါ်လာ (၁၂၁) သန်းကို ထောက်ပံ့ပေးခြင်းအားဖြင့် အကူအညီ လိုအပ်နေသော ကလေးငယ်များ၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားနေသည့် နေရာများတွင်ရှိသော ကလေးငယ် များအား ထောက်ပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့




Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations

at the First Regular Session of the UNICEF Executive Board


(New York, 7 February 2023)


Madam President,


I wish to join previous speakers in you and the other members of the Bureau of the UNICEF Executive Board for your election. I also thank the Executive Director, Ms. Catherine Russell for her opening statement.


I wish to echo the remarks of Mdm Executive Director on the fact that health, education, safety and future security of children are facing the perils of multiple, simultaneous crises. Thus, efforts to achieve SDGs have stalled in many developing countries, including Myanmar. In this regard, I commend UNICEF on adapting to the growing risks children face all over the world by investing in key preparedness, analysis and decision-making tools to improve the humanitarian response.


According to UNICEF, Myanmar’s health care, education, water and sanitation and child protection were improving until the military junta staged an illegal coup.


Since February 2021, children have been among arbitrarily detained, displaced, held as hostages, in some cases tortured and murdered by the inhumane military across Myanmar. In fact, the children of Myanmar were often the targets of the violence. For example, the military launched airstrikes, artillery attacks and mortar shells into a self-supporting school in Sagain, a kindergarten in Karenni (Kayah) and a child’s naming ceremony in Rakhine from September to November last year, killing 11 children in total. 165 children were killed by the junta in 2022 alone, a 78 percent increase from 2021. Sadly, some children are learning inside bunkers to avoid get hit by military’s aerial bombings and artillery attacks. Schools and children must never be a target of any attacks.


In addition to indiscriminate attacks on children and educational facilities, the junta has been deliberately denying humanitarian access for children. According to OCHA, 5.6 million children are in need of humanitarian assistance, experiencing food insecurity, limited access to clean water, routine immunizations and education. It is imperative that UNICEF follows its mission, as a non-partisan agency, to cooperate with other relevant stakeholders without discrimination for effective, unimpeded aid modalities, including cross-border humanitarian aid and working through local actors and ethnic organizations, in line with the principle of no one left behind.


As the military recently imposed its illegal martial law in 37 more townships across the country, the channels for aid delivery will become more restricted and the need for humanitarian assistance for children will continue to accelerate in addition to the further possible atrocities of the military. Our children’s future under this military dictatorship is uncertain. Please help us all possible ways that you all can our efforts for saving future of Myanmar children by ending the military dictatorship. I wish to request the donor states to provide the necessary funding of USD 121 million to UNICEF to help all children in need, especially those in conflict affected area.


I thank you.



*****








bottom of page