top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at the First Regular Session of the Executive Board of UNICEF



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the First Regular Session of the Executive Board of UNICEF, held on 8 February 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) အမှုဆောင်ဘုတ်အဖွဲ့၏ ၂၀၂၂ ခုနှစ် ပထမအကြိမ် ပုံမှန်အစည်းအဝေး၌ စစ်တပ်မှ ပြည်သူလူထုအပေါ် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်သော အကြမ်းဖက်မှုများကြောင့် ကလေးသူငယ်သေဆုံးမှုအရေအတွက်များ နေ့စဉ်နှင့်အမျှ မြင့်တက်လျက်ရှိပြီး ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ကလေးအများအပြားအတွက် လိုအပ်သော လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဖြည့်ဆည်းပေးနိုင်ရေး နယ်စပ်ဖြတ်ကျော် လူသားချင်း စာနာမှုအကူအညီများအပါအဝင် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြု၍ ပံ့ပိုးပေးရန် တောင်းဆိုပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်)


၁။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ပြုလုပ်သော ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) အမှုဆောင် ဘုတ်အဖွဲ့၏ ၂၀၂၂ ခုနှစ် ပထမအကြိမ် ပုံမှန်အစည်းအဝေး (Virtual) သို့ တက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) ကမ္ဘာပေါ်ရှိ ကလေးများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ကလေးများအား ကာကွယ်ပေးရေး၊ ကလေးသူငယ်အခွင့်အရေး မြှင့်တင်ပေးရေးလုပ်ငန်းများတွင် ကောင်းမွန်စွာ ဆောင်ရွက်ပေးနေသည့် UNICEF ကို ကျေးဇူးတင်ရှိပါကြောင်း၊ UNICEF ၏ မြန်မာနိုင်ငံ လူသားချင်းစာနာမှု အကူအညီပေး ရေး မဟာဗျူဟာတွင် အသက်ကယ်တင်ရေး လူသားချင်းစာနာမှု အကူအညီပေးရေး၊ အရေးကြီးသည့် ဝန်ဆောင်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ရှိစေရေးတို့ကို အလေးထားသည်ကို သိရှိရ၍ ဝမ်းသာပါကြောင်း၊


(ခ) ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်တပ်က တရားမဝင် အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်ကာ အသက် ၃ နှစ်မှ ၁၇ နှစ် အကြား ကလေးငယ် ၁၁၄ ဦးထက်မနည်း စစ်တပ်၏ သတ်ဖြတ်ခြင်းခံခဲ့ရပြီး ပြီးခဲ့သောလအတွင်းမှာပင် ကလေး ၁၈ ဦး သေဆုံးခဲ့ပါကြောင်း၊


(ဂ) ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) ၏ ပဏာမလေ့လာဆန်းစစ်ချက်များအရ မြန်မာစစ်တပ်မှ ပြည်သူလူထုအပေါ် ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ် တကျ ကျူးလွန်သော အကြမ်းဖက်မှုများတွင် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ဖြစ်သည့် ပညာရေးနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို တိုက်ခိုက်ခြင်း၊ မတရားချုပ်နှောင်ထားသူ များအား သေသည်အထိ ညှင်းပန်းနှိပ်စက်ခြင်း၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပိတ်ဆို့ခြင်း၊ အိမ်များနှင့် ဘာသာရေး အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ အမျိုးသမီးများနှင့် ကလေးသူငယ်များအပါအဝင် အရပ်သားများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများ ပါဝင်ပါကြောင်း၊


(ဃ) ကရင်နီပြည်နယ် (ကယားပြည်နယ်) ၌ ခရစ္စမတ်အကြိုကာလ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့ တွင် ဖြစ်ပွားခဲ့သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် စစ်တပ်က ကျူးလွန်ခဲ့သော ရက်စက် ကြမ်းကြုတ်မှုများစွာအနက် တစ်ခုဖြစ်ပြီး၊ အဆိုပါဖြစ်ရပ်တွင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သော Save the Children ၏ ဝန်ထမ်းနှစ်ဦးအပါအဝင် အမျိုးသမီး၊ ကလေးများနှင့် အရပ်သား ၃၅ ဦးထက်မနည်းကို စစ်တပ်က လူမဆန်စွာ သတ်ဖြတ်မီးရှို့ခဲ့ ပါကြောင်း၊


(င) မြန်မာနိုင်ငံရှိ ဒေသများ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ ကလေးအများအပြားသည် လူသားချင်းစာနာထောက်ထားမှုအကူအညီများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးဝန်ဆောင်မှုများ လိုအပ်နေပါကြောင်း၊ ထို့ကြောင့် ယင်းကလေးများအား လိုအပ်သောအကူအညီများ ဖြည့်ဆည်းပေးနိုင်ရေး နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာမှု အကူအညီများ အပါအဝင် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို ရှာဖွေ၍ ပံ့ပိုးပေးရန် မိမိအနေဖြင့် UNICEF အား မေတ္တာရပ်ခံပါကြောင်း၊


(စ) ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကလေးသူငယ်များ၏ ကဏ္ဍစုံလူသားချင်းစာနာထောက်ထားမှု လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် UNICEF မှ လိုအပ်လျက်ရှိသော ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၅၁.၄ သန်း ကို UNICEF ထံသို့ ကူညီထောက်ပံ့ပေးပါရန် အလှူရှင်နိုင်ငံများအား မေတ္တာရပ်ခံပါကြောင်း၊


(ဆ) အကူအညီလိုအပ်နေသော ကလေးငယ်များဆီ အကူအညီများ အမှန်အကန်ရောက်ရှိစေရန်မှာ အရေးအကြီးဆုံးကိစ္စရပ်တစ်ခုဖြစ်သည့်အတွက် ယင်းအချက်ကို မိမိအနေဖြင့် အလေးပေးပြောကြားလို ပါကြောင်း၊


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။



၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။




Please check against delivery


Statement by Ambassador Kyaw Moe Tun,

Permanent Representative of Myanmar to the United Nations

at the First Regular Session of the Executive Board of UNICEF


(New York, 8 February 2022)



Mr. President,


Myanmar wishes to congratulate you for your election as the President of the Executive Board of UNICEF. I would like to commend you for your able leadership.


I also wish to congratulate Ms. Catherine M. Russell for her appointment as the Executive Director of UNICEF and thank her for the comprehensive report. I look forward to working closely with the Executive Director and her team in the work of UNICEF.


I wish to join the previous speakers in expressing our deep appreciation to UNICEF for its outstanding work in many areas in particular protection of children and promotion of their rights and addressing many challenges children all over the world are facing.


On my country, Myanmar, we are happy to learn that UNICEF’s humanitarian strategy focuses on delivery of life-saving humanitarian assistance, to ensure continuity of critical services at scale and promoting durable solutions. We thank UNICEF for its assistance even in the time of crisis situation.


According to UNICEF, since the illegal military coup in Myanmar on 1 February 2021, at least 114 children between ages 3 and 17 have been killed by the military, 18 children in last month alone. The military junta’s widespread and systematic violence against the population, which as per the preliminary analysis by the UN Independent Investigative Mechanism for Myanmar (IIMM) could amount to crimes against humanity, includes, among others, attacks on education and medical personnel, torture of arbitrary detainees to death, blockage of life-saving humanitarian assistance, burning houses and religious facilities and massacres of civilians including women and children.


The Christmas Eve massacre in Karenni State (Kayah State) on 24 December 2021 is one of the many atrocities committed by the military. In the incident, at least 35 civilians including women, children and two humanitarian response staff members of Save the Children were inhumanely killed and burnt by the military forces.


Many children all over the country especially in conflict affected areas need live-saving humanitarian assistance, health care and education services. Therefore, I wish to request the UNICEF to find all possible ways including cross border humanitarian assistance to provide necessary assistance to those children in need.


We would like to request the donor states to help UNICEF by providing necessary funding of USD 151.4 million required by UNICEF in order to respond ably to the multi-sectoral humanitarian needs of children in Myanmar in 2022.


Here, I wish to stress that it is critically important to make sure that the assistance reaches to the children in need.


I thank you.



*****










bottom of page