top of page
Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at the event : “Rohingya in Crisis 2017-2024 – Violence, Broken promises and a future for justice” hosted by Irrawaddy Policy Exchange (IEP)


Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations,  at the event : “Rohingya in Crisis 2017-2024 – Violence, Broken promises and a future for justice” hosted by Irrawaddy Policy Exchange (IEP), held on 11 November 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


Irrawaddy Policy Exchange မှ ကမကထပြု ကျင်းပသည့် “Rohingya in Crisis 2017-2024 – Violence, Broken promises and a future for justice” ဆွေးနွေးပွဲ သို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် တရားရုံး၏ လုပ်ငန်းစဉ်များတွင် ရက်စက် ကြမ်းကြုတ်မှုများအား ကျူးလွန်လျက်ရှိသော ရာဇဝတ်သားများအား နေရာပေးခြင်းအားဖြင့် တရားရုံးမှ လုပ်ပိုင်ခွင့်အာဏာအရ ကာကွယ်ရန်လိုအပ်သည့် နိုင်ငံတကာ တရားမျှတမှုနှင့် လူသား ဂုဏ်သိက္ခာတို့၏ အခြေခံအကျဆုံး စည်းမျဉ်းများကို ထိပါးလာနိုင်စေမည့် အန္တရာယ်ကို ပြန်လည် သုံးသပ်ရမည်ဖြစ်

စစ်အုပ်စုမှ အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ ဆက်လက် ပိုးမို ကျူးလွန်နေခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်၊ ပြည်သူများ၏ အသက်ကို ကယ်တင်နိုင်ရန်နှင့် ပြည်သူများနှင့် အနာဂတ်မျိုးဆက်များ၏ ကောင်းမွန်သော တည်တံ့ခိုင်မြဲသော အနာဂတ်အား ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ပိုမို ငဲ့ညှာမှုရှိ၍ လူသားဆန်စွာဖြင့် ထိရောက်သော အရေးယူဆောင်ရွက်ချက်များကို အချိန်မှီ လုပ်ဆောင်ရန် တောင်းဆိုလိုကြောင်း ပြောကြားခဲ့


 (နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်)


၁။        Irrawaddy Policy Exchange (IPE) မှ ကမကထပြု၍ International Institute of Social Studies (ISS) မှ ပူးတွဲကြီးမှူးသည့် “Rohingya in Crisis 2017-2024 – Violence, Broken promises and a future for justice” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ၁၁-၁၁-၂၀၂၄ ရက် (တနင်္လာနေ့)၊ မွန်းလွဲ (၁၄၀၀) နာရီအချိန်တွင် နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ International Institute of Social Studies (ISS) ၌ကျင်းပပြုလုပ်ခဲ့ပါသည်။


၂။         အဆိုပါ အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်မှ လူကိုယ်တိုင်တက်ရောက်ခဲ့ပါသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က Virtual တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအရေးကိစ္စနှင့်စပ်လျဉ်း၍ နိုင်ငံတကာ ရှုထောင့်မှ အလေးပေးကာ ဆွေးနွေး ပြောကြားခဲ့ပါသည်။


၃။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-

           

(က)     မြန်မာနိုင်ငံတွင် ၁-၂-၂၀၂၁ ရက်နေ့က မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်းမှု ဖြစ်ပေါ်ခဲ့ချိန်မှ စ၍ ပြည်တွင်းမတည်ငြိမ်မှုမှာ ပို၍သာ ဆိုးရွားလာခဲ့ကြောင်း၊ ယင်းကာလ (၄) နှစ် ပြည့်လုနီးပါး တွင် စစ်ကောင်စီအနေဖြင့် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှု များ မြောက်သည့် ရက်စက်ကြမ်းကြုတ်မှုမြောက်များစွာကို ဆက်လက် ကျူးလွန်လျက်ရှိ ကြောင်း၊ ၎င်းတို့က အဆိုပါ လူ့အခွင့်အရေးနှင့် အပြည်ပြည်ဆိုင်ရာဥပဒေတို့ကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်ကာ ရက်စက်ကြမ်းကြုတ်မှုကို ကျူးလွန်နေကြောင်း၊ ထို့အတွက် ရိုဟင်ဂျာ များ နှင့် အခြားသော ဖယ်ကျဉ်ခံထားရသည့် လူနည်းစုများ အပါအဝင် မြန်မာပြည်သူများ၏ ဘဝ များ နှင့် အသက်အိုးအိမ်များကို စတေးနေရကြောင်း၊

           

(ခ)       စစ်အုပ်စုမှ နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ် ပြုလုပ်နေသည့် စစ်မက်အား အရှိန် အဟုန် မြှင့်တင်လာခြင်း၏ ဆိုးကျိုးသက်ရောက်မှုသည် တစ်စထက်တစ်စ ဆိုဖွယ်ရာမရှိသည့် အခြေအနေသို့ ရောက်ရှိလာနေကြောင်း၊

           

(ဂ)       ပြည်တွင်း တရားဥပဒေစိုးမိုးမှု လုံးဝ ကင်းမဲ့ကာ စစ်ကောင်စီ၏ မဆင်မခြင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ၊ အရပ်သားများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းများ၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်းများ၊ ညှဉ်းပန်းနှိပ်စက်ခြင်းများနှင့် လိင်ပိုင်းနှင့် ကျားမအခြေပြုသည့် အကြမ်းဖက်မှုများ၊ အတင်းအကျပ် တပ်သားစုဆောင်းခြင်းနှင့် နယ်ခြားဖြတ်ကျော်မှုခင်းတို့ကြောင့် ယခင်က မကြုံတွေ့ဖူးသော အလုံးအရင်းဖြင့် နေရပ်စွန့်ခွာမှု နှင့် ဒုက္ခသည် အကျပ်အတည်းတို့ကို ဖြစ်ပေါ်စေကြောင်း၊ ထို့အတူ ထိခိုက်ဒဏ်ရာရရှိမှု၊ အသက် ဆုံးရှုံးမှု၊ အရပ်သားပြည်သူများ၏ ပိုင်ဆိုင်မှုများနှင့် အခြေခံအဆောက်အဦများ ထိခိုက်ပျက်စီးမှု တို့မှာ ပြောပြစရာပင် မလိုတော့ကြောင်း၊ အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် ကလေးငယ် များအနေဖြင့် စစ်အုပ်စု၏ အကြမ်းဖက်မှုဒဏ်ကို အမြင့်မားဆုံး ခါးစည်းခံနေရကြောင်း၊

           

(ဃ)     တစ်ချိန်တည်းမှာပင် ရိုဟင်ဂျာများအနေဖြင့်လည်း ရှိရင်းစွဲ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာမှု ပြဿနာများအပြင် စစ်အုပ်စု၏ အတင်းအကျပ် တပ်သားစုဆောင်းမှုအောက်မှ လူ့အခွင့် အရေး ချိုးဖောက်မှုများကြောင့် ဆက်၍ပင် ထိခိုက်လွယ်လျက်ရှိကြောင်း၊ ၎င်းတို့၏ ဒုက္ခများ သည် မတရား စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် ပိုမို တိုးပွားလာခဲ့ပြီး ဒုက္ခသည် အများအပြား စီးဝင်မှုက ဘင်္ဂလားဒေ့ရှ်နှင့် အခြားသော ဒေသတွင်းနိုင်ငံများကိုပါ ထိခိုက်စေကြောင်း၊

           

(င)       ဤတွင် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာအရေးနှင့်စပ်လျဉ်း၍ ရပ်တည်ချက်မူဝါဒကို ၃-၆-၂၀၂၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ထို့အတူ လူမျိုးတုံး သတ်ဖြတ်မှုအား တားဆီးခြင်းနှင့် အပြစ်ပေးခြင်းဆိုင်ရာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များအား ချိုးဖောက်မှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအပေါ် စွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များအတွင်း စစ်ဆင်ရေးများ၌ ရိုဟင်ဂျာလူမျိုးများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုကြီး များအား အသေးစိတ် စစ်ဆေးကြားနာမှုများ ပြုလုပ်နိုင်ရန် အရေးပါသော ခြေလှမ်းအဖြစ် တရားရုံး၏ စီရင်ဆုံးဖြတ်ချက်အား ကြိုဆိုခဲ့ကြောင်း၊ ထိုသို့ လက်ခံခြင်းနှင့် ယခင်က တင်သွင်း ထားခဲ့သော ကနဦး ကန့်ကွက်ချက်များအား ရုပ်သိမ်းခြင်းတို့အတွက် အစောပိုင်း ကာလကတည်း ကပင် တရားရုံးထံသို့ တရားဝင် လမ်းကြောင်းမှတဆင့် ဆက်သွယ်ခဲ့ပြီးဖြစ်ကြောင်း၊

           

(စ)       ထို့ကြောင့် တရားရုံး၌ မြန်မာနိုင်ငံ၏ ကိုယ်စားပြုမှုနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂစနစ်တွင် ညီညွတ်မှု အစဉ်တစိုက်ရှိနေခြင်းက အထူးအရေးပါကြောင်း၊ အာဏာကို မတရားသော နည်းလမ်းဖြင့် အဓမ္မ ရယူထားသူများအား တရားရုံး ရှေ့မှောက်၌ နိုင်ငံ့ကိုယ်စား ကိုယ်စားပြုခွင့် အပါအဝင် ၎င်းတို့၏ တရားမဝင် လုပ်ရပ်များအတွက် ဥပဒေကြောင်းအရ အခွင့်အရေး မပေးအပ်ရန် အတိအလင်း တားမြစ် ထားသည့် အပြည်ပြည်ဆိုင်ရာဥပဒေ၏ အခြေခံစည်းမျဉ်းမှ သွေဖည်လျှင် မလိုလား အပ်သော အန္တရာယ်ရှိသည့် နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ 

           

(ဆ)     မိမိအနေဖြင့် ၂၉-၁၀-၂၀၂၄ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာတရားရုံး၏ အစီရင်ခံစာအပေါ် ဆွေးနွေးရာ၌ ကုလသမဂ္ဂ၏ အဓိကအင်္ဂါတစ်ခုဖြစ်သော အပြည်ပြည်ဆိုင်ရာတရားရုံးတွင် ချမှတ်သည့် မည်သည့် ဆုံးဖြတ်ချက်မဆို အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များနှင့် ကိုက်ညီမှုရှိရမည်ဟု အလေးထား ပြောကြားခဲ့ကြောင်း၊ တစ်စုံတစ်ရာ ကွဲလွဲမှုရှိပါက ကုလသမဂ္ဂစနစ်၏ ညီညွတ်မှုကို မေးခွန်းထုတ်လာစေမည်သာဖြစ်ကြောင်း၊

           

(ဇ)       ဤတွင် အပြည်ပြည်ဆိုင်ရာဥပဒေရေးရာကျင့်ထုံးတွင် တရားဝင်မှုနှင့်ဆက်စပ်၍ ဘုံဖြစ်သည့် စမ်းသပ်မှု (၃) ရပ်အား ပြန်လည်ဆွေးနွေးလိုကြောင်း -

                       

(၁)       နယ်မြေထိန်းချုပ်မှု : စစ်အုပ်စုအနေဖြင့် မြန်မာနိုင်ငံ နယ်မြေ တစ်ဝက်ထက်နည်းသော ပမာဏကိုသာ ထိန်းချုပ်ထားနိုင်ပြီး တော်လှန်ရေးအင်အားစုများကို နေ့စဉ်နှင့်အမျှ ရှုံးနိမ့်နေကြောင်း၊

                       

(၂)       မြန်မာပြည်သူများ၏ ခွင့်ပြုချက် : စစ်အုပ်စုအနေဖြင့် မြန်မာပြည်သူများ၏ သဘော တူညီမှုကိုသော်လည်းကောင်း နာခံမှုကိုသော်လည်းကောင်း လုံးဝ မရရှိထားကြောင်း၊ ယင်းအချက်မှာ အာဏာသိမ်းမှု အစောပိုင်း၌ပင် ထင်ရှားခဲ့ပြီး ယခုအခါ ပိုမို မြင်သာ လာခဲ့ကြောင်း၊

                       

(၃)       အပြည်ပြည်ဆိုင်ရာဥပဒေနှင့် စာချုပ်စာတမ်းများအား လိုက်နာမှု : စစ်အုပ်စုအနေဖြင့် အပြည်ပြည်ဆိုင်ရာဥပဒေကို နေ့စဉ် ဖောက်ဖျက်လျက်ရှိကြောင်း၊ ထို့ပြင် အပြည်ပြည် ဆိုင်ရာတရားရုံး၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးနှင့် ဓာတုလက်နက်တားမြစ်ရေးအဖွဲ့ တို့ အခြေစိုက်ရာ သည်ဟိဂ်မြို့မှ ဆင်းသက်လာသည့် ဥပဒေစံနှုန်းများကိုလည်း မထီ မဲ့မြင် ပြုလျက်ရှိကြောင်း၊ ဥပမာတစ်ခုအနေဖြင့် စစ်အုပ်စုက ပြည်သူများအပေါ်တွင် ဓာတုလက်နက်များကို အသုံးပြုလျက်ရှိနေကြောင်း၊ မိမိအနေဖြင့် အဆိုပါ အချက်ကို ကုလသမဂ္ဂ အထွေထွေညီလာခံ၌ တင်ပြခဲ့ပြီးဖြစ်ကြောင်း၊ ယခုတစ်ဖန်လည်း မိမိတို့၏ ပြည်သူများအတွက် စစ်မှန်စွာ စိုးရိမ်ပူပန်သည့်စိတ်ဖြင့် ပြောကြားခြင်းဖြစ်သကဲ့သို့ ယခု ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ကိုယ်စားလှယ်များ၊ တက်ကြွလှုပ်ရှားသူများ နှင့် သက်ဆိုင်ရာ ပြည်သူများအနေဖြင့် မြန်မာနိုင်ငံတွင် ကျူးလွန်ခံနေရသည့် ထိတ်လန့် ဖွယ်ဖြစ်စဉ်ကို ထုတ်ဖော်ပြောကြားပေးရန် မျှော်လင့်၍လည်း ထပ်မံတင်ပြရခြင်းဖြစ် ကြောင်း၊

   

(ဈ)      သို့ဖြစ်ရာ အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် တရားရုံး၏ လုပ်ငန်းစဉ်များတွင် ရက်စက် ကြမ်းကြုတ်မှုများအား ကျူးလွန်လျက်ရှိသော ရာဇဝတ်သားများအား နေရာပေးခြင်းအားဖြင့် တရားရုံးမှ လုပ်ပိုင်ခွင့်အာဏာအရ ကာကွယ်ရန်လိုအပ်သည့် နိုင်ငံတကာ တရားမျှတမှုနှင့် လူသား ဂုဏ်သိက္ခာတို့၏ အခြေခံအကျဆုံး စည်းမျဉ်းများကို ထိပါးလာနိုင်စေမည့် အန္တရာယ်ကို ပြန်လည် သုံးသပ်ရမည်ဖြစ်ကြောင်း၊ 

   

(ည)     အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနှင့် ပြည်သူများအနေ ဖြင့် အဆိုပါ စိန်ခေါ်မှုများရှိသည့်ကြားက မိမိတို့၏ အန္တိမ ပန်းတိုင်အား ရောက်ရှိရန် ဆက်လက် လုပ်ဆောင် သွား မည့် ခိုင်မာသော သန္နိဋ္ဌာန်ရှိကြောင်း၊ ရိုဟင်ဂျာအရေးသည်လည်း လက်ရှိ အကျပ်အတည်း တစ်စုံလုံးတွင် ပါဝင်နေကြောင်း၊ သို့ဖြစ်ရာ ရိုဟင်ဂျာဒုက္ခသည်များ နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်နှင့် သိက္ခာရှိစွာ ပြန်လည်သွားရောက်နိုင်ရေးအတွက် အားလုံး နှင့် အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊

   

(ဋ)       ဤတွင် ဝန်ထုပ်ဝန်ပိုးများအား မျှဝေခံစား၍ လက်ခံပေးထားသည့် အိမ်ရှင်အစိုးရများနှင့် အသိုက် အဝန်းများကို ကျေးဇူးတင်ရှိပါကြောင်း၊ တစ်ဖက်တွင်လည်း ရန်ပုံငွေ မလုံလောက်သည့် အခြေ အနေများကြောင့် အစိုးရများနှင့် မိတ်ဖက် အဖွဲ့အစည်းများအနေဖြင့် ထိရှလွယ်သော အသိုက် အဝန်းများမှ မရှိမဖြစ်လိုအပ်၍ သင့်လျော်သော လူသားချင်းစာနာထောက်ထားမှု အကူအညီ များကို အဟန့်အတားမရှိဘဲ ခံစားခွင့်ရရှိစေရန် လူသားချင်းစာနာမှုအတွက် လုပ်ဆောင်နေကြ သူများထံသို့ ထောက်ပံ့မှုများ ပေးအပ်ရန် တောင်းဆိုလိုပါကြောင်း၊

   

(ဌ)       ထို့နည်းတူ မြန်မာအကျပ်အတည်းအား အပြည့်အဝနှင့် ထိရောက်စွာ ဖြေရှင်းနိုင်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် အခြားသော လုပ်ပိုင်ခွင့်အာဏာရှိသူများအကြားတွင် မြန်မာပြည်သူများ၏ မျှော်မှန်းဆန္ဒနှင့်ကိုက်ညီသည့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် ညီညွတ်မှုရှိသော ချဉ်းကပ်မှုများ ကို ကျင့်သုံးလုပ်ဆောင်သင့်ကြောင်း၊

   

(ဍ)       လုံခြုံရေးကောင်စီအနေဖြင့် စစ်အုပ်စုက ကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၂၆၆၉ အား အကောင် အထည်ဖော်ဆောင်ရာတွင် တိုးတက်မှုတစ်စုံတစ်ရာ မရှိသည်ကို တွေ့မြင်နေရကြောင်း၊ သို့ဖြစ်ရာ လုံခြုံရေးကောင်စီအနေဖြင့် ယခုနှစ်အတွင်း လူ့အခွင့်အရေးကောင်စီတွင် အတည်ပြုခဲ့ သည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကို ကောင်းမွန်စွာ အသုံးချ၍ လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်အာဏာကို ထိရောက်စွာ ဖော်ဆောင်သင့်ကြောင်း၊ ထို့ပြင် အာဆီယံ ဘုံသဘော တူညီချက် (၅) ရပ်အား အကောင်အထည်ဖော်ရာတွင်လည်း တိုးတက်မှုမရှိကြောင်း၊ 

   

(ဎ)       ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း စကားလုံးများနှင့် ကတိကဝတ်များနှင့်အညီ အရေးယူဆောင်ရွက်ရန် လိုအပ်ကြောင်း၊ 

   

(ဏ)     အထူးသဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီနှင့် ငွေကြေးကဲ့သို့သော ပစ္စည်းများ ထောက်ပံ့ပေးနေသည့် နိုင်ငံများအနေဖြင့်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်များသည် စစ်အုပ်စု ကို သက်ဆိုးရှည်စေပြီး ပြည်သူများအအပေါ် ပိုမို ဆိုးရွားသော ရက်စက်ကြမ်းကြုတ်မှုများအား ကျူးလွန်ရန် ခွင့်ပြုနေခြင်းဖြစ်သည်ဟုသိမြင်ကာ ယင်းပံ့ပိုးမှုများအား ရပ်တန့်ရမည် ဖြစ်ကြောင်း၊ 

   

(တ)     အချို့သောနိုင်ငံများအနေဖြင့် စစ်ကောင်စီမှ ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲအား နေရာပေးလျက်ရှိကြောင်း၊ ယင်းမှာ အင်မတန် ယုတ္တိမရှိသော လုပ်ဆောင်ချက်ပင်ဖြစ်ကြောင်း၊

   

(ထ)     စစ်ကောင်စီအနေဖြင့် ကျင့်ဝတ်ပိုင်းအရဖြစ်စေ၊ တရားဝင်မှုအရဖြစ်စေ ရွေးကောက်ပွဲ ကျင်းပနိုင် သော အခွင့်အာဏာ မည်သို့မျှ မရှိကြောင်း၊ ၎င်းတို့လက်အောက်၌ ကျင်းပသည့် မည်သည့် ရွေးကောက်ပွဲမဆို ဒီမိုကရေစီစံနှုန်းအပေါ် အခြေခံသည့် လွတ်လပ်၍ မျှတသော အားလုံးပါဝင် သည့် ရွေးကောက်ပွဲဖြစ်နိုင်မည် မဟုတ်ကြောင်း၊ ယင်းအစား ပဋိပက္ခများနှင့် ပြည်သူများ၏ ဒုက္ခတို့ကိုသာ ရှည်ကြာစေမည်သာဖြစ်ကြောင်း၊

   

(ဒ)       မိမိတို့၏ ပြည်သူများအနေဖြင့် ယင်းသို့သော အတုအယောင် ရွေးကောက်ပွဲကို အတိအလင်း ငြင်းဆန်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် တစ်ဦးတစ်ယောက်ချင်းစီအနေဖြင့်လည်း မိမိတို့၏ ပြည်သူများ၏ ဆန္ဒနှင့် မျှော်မှန်းချက်တို့အပေါ် အခြေခံ၍ အလားတူ လုပ်ဆောင်ပေးရန် မေတ္တာ ရပ်ခံလိုပါကြောင်း၊

   

(ဓ)       မြန်မာ့အရေးသည် ရှုပ်ထွေးသည်ကို မငြင်းဆန်ပါကြောင်း၊ သို့သော် ယင်းအချက်က နိုင်ငံတကာ အသိုက်အဝန်းမှ မိမိတို့၏ ပြဿနာအား ဖြေရှင်းပေးမည့်အပေါ် အတားအဆီးမဖြစ်သင့်ကြောင်း၊ မိမိတို့အနေဖြင့် အတူလက်တွဲပူးပေါင်းဆောင်ရွက်ပါက ရိုဟင်ဂျာအကျပ်အတည်း အပါအဝင် မြန်မာ့အရေးကိစ္စကို ပြည့်ပြည့်ဝဝနှင့် အောင်အောင်မြင်မြင် ဖြေရှင်းနိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊

   

(န)       အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး၏ စီရင်ချက်အား လက်ခံ ကြောင်းနှင့် သက်ဆိုင်ရာများနှင့် လိုအပ်သကဲ့သို့ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း ကိုလည်း တစိုက်မတ်မတ် ပြသပြီးဖြစ်ကြောင်း၊ ထို့နည်းတူ မြန်မာ့အရေးအတွက် မြန်မာက ဦးဆောင်သည့် ချဉ်းကပ်မှုနှင့် ဒေသတွင်း လုပ်ဆောင်ချက်ဖြင့် ဖြေရှင်းရေးဟူသော နိုင်ငံတကာ ရပ်တည်ချက်ကိုလည်း ထောက်ခံပါကြောင်း၊ သို့သော် အဆိုပါ အချက်များအား လုပ်ဆောင်ရာ၌ လည်း မြန်မာပြည်သူများ၏ မျှော်မှန်းချက်များနှင့် အကျိုးစီးပွားတို့အပေါ်၌ အခြေခံရမည်ကို အလေးထား ပြောကြားလိုကြောင်း၊

   

(ပ)       သို့ရာတွင် မိမိတို့အနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အား ထိန်းသိမ်းကာကွယ် ရန်တာဝန်ရှိသော လုံခြုံရေးကောင်စီ တို့၏ အကူအညီကို အထူးလိုအပ်ပါကြောင်း၊ 

   

(ဖ)       သို့ဖြစ်ပါ၍ မိမိတို့မှ စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား ချုပ်ငြိမ်းရန်၊ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအား ကြိုးပမ်းရာတွင် နိုင်ငံတကာအသိုက်အဝန်းမှ အောက်ပါနည်းလမ်းများဖြင့် ကူညီပေးရန် တိုက်တွန်းတောင်းဆို လိုပါကြောင်း -

               

(၁)       မြန်မာ့အရေးအား အထူးအလေးထား အာရုံစိုက်ရန်၊

               

(၂)       စစ်အုပ်စုမှ ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲအား ကန့်ကွက်ရန်အပြင် စစ်ကောင်စီအား မည်သည့် တရားဝင်မှုမျှ ပေးအပ်ခြင်း မပြုရန်၊ နှစ်ဦးနှစ်ဖက် တွေ့ဆုံမှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အစည်းအဝေးများနှင့် ကွန့်ဖရင့်များ၌ စစ်အုပ်စု၏ ကိုယ်စားပြုမှုအားလုံးကို ငြင်းပယ်ရန်၊

               

(၃)       စစ်ကောင်စီနှင့် ၎င်းတို့၏ အနွယ်အပွားများအပေါ် ပစ်မှတ်ထားသည့် ပူးပေါင်းညှိနှိုင်းမှု ရှိသော အရေးယူပိတ်ဆို့မှုများ ချမှတ်ကာ ၎င်းတို့ထံသို့ မည်သည့် လက်နက်လွှဲပြောင်းမှု၊ လေယာဉ်ဆီနှင့် ငွေကြေးထောက်ပံ့မှုမျှ မရှိစေရန်၊

               

(၄)       မြန်မာအရေးနှင့်သက်ဆိုင်၍ အရပ်သားပြည်သူများအား အကာအကွယ်ပေးရေးနှင့် ပြည်သူများအား ပံ့ပိုးပေးရေး၊ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အား အကောင် အထည် ဖော်ဆောင်ရွက်ရေး တို့အတွက် အာဆီယံ အနေဖြင့် ထိရောက် ပြတ်သားစွာ လုပ်ဆောင်ရန်၊ 

               

(၅)       လုံခြုံရေးကောင်စီမှ ၎င်းတွင်ရှိသော လုပ်ပိုင်ခွင့်အာဏာကို အကျိုးရှိရှိ အသုံးချကာ ပြဿနာ၏ ဇစ်မြစ်အား ဖြေရှင်းရန်၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်အား ချုပ်ငြိမ်းရန်နှင့် ရာဇဝတ်မှု ကျူးလွန်သည့် စစ်ကောင်စီအား တာဝန်ခံမှု ရှိစေရန် တို့ကို စည်းလုံးညီညွတ်စွာဖြင့် လုပ်ဆောင်ရန်၊

               

(၆)       လုံခြုံရေးကောင်စီမှ ၎င်း၏ တာဝန်ဝတ္တရားအား ထိရောက်စွာနှင့် အချိန်မှီလုပ်ဆောင်နိုင် ရေးအတွက် အထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီတို့၏ အခန်းကဏ္ဍများအား ခိုင်မာအားကောင်းစေရေး လုပ်ဆောင်ရန်၊

               

(၇)       လုံခြုံရေးကောင်စီအနေဖြင့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အခြားသော မြန်မာ အရေးအတွက် လုပ်ပိုင်ခွင့်အာဏာ အပ်နှံခံထားရသူများ၏ အကြံပြုချက်များနှင့်အညီ မြန်မာ့အရေး တစ်စုံလုံးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးသို့ အချိန်မဆိုင်းဘဲ လွှဲပြောင်းတင်သွင်းရန်၊ 

               

(ဗ)       အထူးသဖြင့် စစ်အုပ်စုမှ အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှုများ ဆက်လက် ပိုးမို ကျူးလွန်နေခြင်းမှ ကြိုတင်ကာကွယ်နိုင်ရန်၊ ပြည်သူများ၏ အသက်ကို ကယ်တင်နိုင်ရန်နှင့် ပြည်သူများနှင့် အနာဂတ်မျိုးဆက်များ၏ ကောင်းမွန်သော တည်တံ့ခိုင်မြဲသော အနာဂတ်အား ဖော်ဆောင်နိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ပိုမို ငဲ့ညှာမှုရှိ၍ လူသားဆန်စွာဖြင့် ထိရောက်သော အရေးယူဆောင်ရွက်ချက်များကို အချိန်မှီ လုပ်ဆောင်ရန် တောင်းဆိုလိုကြောင်း။

               

(ဘ)     မြန်မာနိုင်ငံနှင့် အခြားနေရာဒေသများတွင်ပါ တရားမျှတမှု ရှိစေရမည်ဖြစ်ကြောင်း။


၄။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


 

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်                               

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations, at the event : “Rohingya in Crisis 2017-2024 – Violence, Broken promises and a future for justice” hosted by Irrawaddy Policy Exchange (IEP)

 

(Virtually - The Hague, 11 November 2024)


Good afternoon, Excellencies, distinguish guests, ladies and gentlemen.


It is my great honour to participate virtually in this event in the presence of Minister Daw Zin Mar Aung, of the National Unity Government.


I thank the Irrawaddy Policy Exchange (IPE) and the co-hosts for organizing this event and every one present here to exchange views on an important topic which needs to be adequately addressed and to have sustained attention from the international community.


My remarks will focus on the international aspect on the crisis in Myanmar.


Distinguish guests,


Today, I regret to inform you that the turmoil in Myanmar continues to worsen since the attempted illegal military coup on 1 February 2021. In almost 4 years, the military junta has been carrying out enormous atrocities that are amounting to war crimes and crimes against humanity. They have been doing so by blatantly violating human rights and the international law, and sadly in the expense of Myanmar people’s lives and well-being, including those of Rohingya people and other marginalized groups.


Gradually, the impact of the junta’s escalation of terror against innocent civilians across the country has become unspeakable.


The military junta’s indiscriminate aerial bombings, torching villages, mass killing of civilians, arbitrary arrest and detention, torture and violence in forms of sexual and gender-based, forced conscription, and other transnational organized crimes committed in the complete absence of rule of law have been resulting in the unprecedented mass displacement and refugee crisis, needless to mention the number of casualties, loss of lives, civilian properties and infrastructures, as well as the heaviest burden bear by women and girls and children.


At the same time, Rohingya continue to be vulnerable from the military’s violation of human rights under the junta’s forcible recruitment in addition to the already chaotic human rights and humanitarian disaster. Their plight has been exacerbated after the coup and affecting Bangladesh and other regional countries with the burden of the refugee influxes.


In this context, the National Unity Government published its Policy Position on the Rohingya in Rakhine State on 3 June 2021 and has welcomed ICJ’s judgment on Myanmar’s application of the Convention on the Prevention and Punishment of the Crime of Genocide as a crucial step toward substantive hearings on the atrocities perpetrated against the Rohingya during military operations in 2016 and 2017. Formal communication to the Court regarding such acceptance and withdrawal of all preliminary objections was made at the very early stage.


Therefore, it is prerequisite for the UN System to sustain coherence in terms of Myanmar’s representation at the Court. Deviating from the foundational principle of international law which explicitly prevents those who seize power through illegitimate means to claim legal rights from their unlawful actions, including the right to represent the state before international courts can produce unnecessarily harmful consequences.


On 29 October 2024, at the General Debate of the UNGA Plenary on the Report of ICJ, I stressed that any decision of ICJ, one of the main organs of the United Nations, shall be in line with decision of the General Assembly. Any contradiction will raise a question of coherence among the UN system.


Here I wish to recall the three tests of legitimacy that are common across the international legal practice:


1)    Territorial control: the junta controls less than half of the territory of Myanmar, and is losing every day to the resistance forces,

2)    The habitual consent of the people: the junta does not enjoy the consent or obedience of the people of Myanmar. This was clear at the beginning of the coup, and remains clear now,

3)    Adherence to international law and treaties: the junta flouts international law on a daily practice, and shows deep contempt of the standards of law that come from The Hague where the ICJ and the ICC as well as OPCW are located. One example that I share with you today is the credible allegations that the junta is using chemical weapons against its own people. I have raised this at the United Nations General Assembly and bring this to your attention now, both out of my genuine concern for my people but also in the hope that you, representatives and activists and concerned citizens, can raise this horror that is being perpetrated in my country.


As such, the ICJ must reflect on how rendering space to these perpetrators of atrocity crimes in its proceedings risks undermining the very principles of international justice and human dignity that the Court is mandated to protect.


Despite these existing challenges, the NUG, EROs, CSOs, HRDs and local authorities remain committed to achieving our ultimate goal. I wish to emphasize that the issue of Rohingya is part of the whole crisis and we need to work hand in hand with all to ensure the safe, voluntary, and dignified repatriation of Rohingya refugees.


At this juncture, we thank all hosting governments and communities for taking the burden sharing responsibility. Given the under-funded situation, we also would like to call on all governments and partnering organizations to support relevant humanitarian actors so that essential and adequate humanitarian aid can be enjoyed by the vulnerable communities without any hindrances.


By the same token, a coordinated and coherent approach in line with the aspiration of the people of Myanmar must also be in practice between the UN Security Council and other mandate holders to holistically and effectively address the current crisis in Myanmar.


The Council has been witnessing the lack of any progress on the implementation of both the UNSC resolution 2669 by the military junta. 


It needs to make good use of the recent HRC resolutions on Myanmar adopted this year and effectively discharge its mandate on this basis.


Moreover, the implementation of ASEAN 5PC on Myanmar has no progress.


Member states must also act on their words and commitment. The continued supply of some UN members to the junta with materials such as arms, weapons, jet fuel and financial assistance must as well stop in realization of such an act contributing to extending the life of the junta and allow further egregious atrocities against the people.


Moreover, some member states have been giving space for the military’s plan to organize sham elections. This is completely an absurd motive. The military obviously lacks such an authority including moral authority and legitimacy to conduct elections and any elections organized under the military junta will neither be free, fair nor inclusive based on democratic principles. It will rather prolong the conflict and the suffering of the people.


Our people strongly reject it, and we request all member states and individuals to act on our people’s will and aspirations.


Finally, we do not deny that Myanmar’s issue comes with complexity. But this shall not deter the international community from resolving the issue.


Myanmar is confident that the crisis in Myanmar including Rohingya crisis can be fully and successfully addressed if we work hand in hand.


On the one hand, the NUG has consistently expressed its commitment towards accepting ICJ’s judgment and stand ready for necessary cooperation with relevant authorities.


On the other hand, we support the international community’s position for a Myanmar-owned, Myanmar-led approach and reliance for regional effort. Here I do not miss to stress that any initiative including Myanmar-owned, Myanmar-led notion should be in line with the aspiration and interests of the people of Myanmar


Nevertheless, clearly we require utmost assistance and support from the international community, particularly the UN and the UN Security Council which shoulders the responsibility for maintenance of international peace and security.


To conclude, I wish to urge the international community to help our efforts to achieving the goals of ending culture of impunity, terminating the military dictatorship and building a federal democratic union as follows:


1)    To pay serious sustained attention to the issue of Myanmar,

2)    Do not extend whatsoever legitimacy to the military junta including opposition of the junta’s sham elections, rejection of any representation of the military junta at bilateral, regional and international meetings and conferences,

3)    To make sure no arms transfer, no jet fuel and financial supplies to the military junta by imposing coordinated targeted sanctions against the military and its affiliates,

4)    To take bold and effective measures by ASEAN on the implementation of 5PC related to Myanmar and the protection of civilians as well as on its support towards the people of Myanmar,

5)    To act in unity by the UN Security Council and amplify its authority using tools at its disposal to address this root cause, end impunity and bring the perpetrating military junta accountable,

6)    To strengthen the critical roles of the General Assembly and the Human Rights Council to make the Security Council to perform its responsibility effectively and timely.

7)    Finally, the Security Council shall not delay any longer in referring the full scope of Myanmar to the ICC as recommended by the OHCHR and other special mandate holders on Myanmar.


Above all, please be more considerate and more humane by taking effective and timely action to prevent the junta’s further atrocities against innocent civilians, to save lives of the people and to bring the bright and sustain future back to the people and our young generations.


Justice must prevail in Myanmar and elsewhere.


Thank you.

 

*****














 

bottom of page