Statement by Ambassador Kyaw Moe Tun, at the Combined Briefing on Myanmar, in the Third Committee of the Eighty-first Session of the UN General Assembly






Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Combined Briefing on Myanmar, in the Third Committee of the Eighty-first Session of the UN General Assembly, held on 27 October2026
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျက်ရှိသော လူ့အခွင့်အရေးအခြေအနေများနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂမှ
အထူးလုပ်ပိုင်ခွင့် အပ်နှင်းထားသော တာဝန်ရှိသူများက စုပေါင်းရှင်းလင်းပြောကြားခြင်းနှင့် အပြန်အလှန်ဆွေးနွေးသည့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအစီရင်ခံစာများတွင်လည်း မြေပြင်၌ ဖြစ်ပေါ်နေသည့် ပကတိအခြေအနေကို ရှင်းလင်းမြင်သာစွာ ဖော်ပြ၊ ထုတ်ပြန်ထားပြီးဖြစ်၊ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပကတိအခြေအနေသည် အစီရင်ခံစာများ၌ ဖော်ပြနိုင်သည့်အခြေအနေကို ကျော်လွန်ကာ ဆိုးရွားလျက်ရှိ၊
မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခအားလုံးအတွက် အဓိကဇစ်မြစ်မှာ စစ်အုပ်စု၊ ၎င်းတို့ကျင့်သုံးသည့် စစ်အာဏာရှင်စနစ်နှင့် အကြွင်းမဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့်
ရရှိနေခြင်းတို့သာ ဖြစ်၊
တရားခံ စစ်အာဏာရှင်များသည် နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့ပြည်သူများအပေါ်တွင်
စစ်မက်များ ဆက်လက်၍ တိုးမြှင့်ကျူးလွန်နေ၊
စစ်အုပ်စုနှင့် ၎င်းတို့၏ခေါင်းဆောင်များသည် ရာဇဝတ်ကောင်များသာဖြစ်၊
၎င်းတို့အနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်
နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက် ၂၆၆၉ ကိုလည်း လိုက်နာရန် ငြင်းဆန်ခဲ့၊
စစ်အုပ်စုနှင့်ပြုလုပ်သည့် အစည်းအဝေး တစ်ခုစီ၊ လက်ဆွဲနှုတ်ဆက်မှု တစ်ခုစီတိုင်းသည် ၎င်းတို့အား အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ရန်အတွက် နိုင်ငံရေးအတွက် ကာကွယ်ပေးရာရောက်သည်ကို မိမိတို့မြင်တွေ့ခဲ့ရပြီး ဖြစ်၊ နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် မိမိတို့၏ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများအနေဖြင့် အဆိုပါ ရာဇဝတ်ကောင်တစ်သိုက်လုံးကို တရားဝင်မှု တစ်စုံတစ်ရာ ပေးအပ်ခြင်းမှ ရှောင်ကြဉ်ပေးကြရန် တိုက်တွန်း၊
ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုထံသို့
တိုက်လေယာဉ်ဆီ ရောင်းချမှု ဖြတ်တောက်ရန်၊ လက်နက်နှင့် ငွေကြေးထောက်ပံ့မှုတို့ ရပ်တန့်ရန်၊ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် မြေပြင်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများထံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုက်ရိုက်ပေးပို့ပေးရန်
မိမိ ဤနေရာမှ တောင်းဆိုလို၊
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မိမိတို့ မြန်မာပြည်သူများအပေါ်တွင်
ထပ်ခါထပ်ခါ ပျက်ကွက်ခဲ့သည်က ခါးသီးသော အမှန်တရားပင်ဖြစ်၊
မိမိတို့ ခံစားနေရသည့် ဒုက္ခဆင်းရဲများအပေါ် တွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ဆက်လက်၍ နှုတ်ဆိတ်မနေရန်နှင့် ပြည်သူများနှင့်အတူ အခိုင်အမာ ရပ်တည်ပေးကြရန်
အလေးအနက် တောင်းဆို၊
မိမိတို့အနေဖြင့် သူရဲကောင်းများကိုဖြစ်စေ အပြစ်မဲ့ပြည်သူများကိုဖြစ်စေ၊
မိမိတို့၏ ကလေးငယ်များ၊ လူငယ်များ၊ ညီအစ်ကို၊ မောင်နှမများ၊ သက်ကြီးရွယ်အိုများကို
ထပ်မံ အဆုံးရှုံးမခံနိုင်တော့၊
မြန်မာပြည်သူများသည် အံ့မခန်း သတ္တိပြည့်ဝသူများဖြစ်၍ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်သူများဖြစ်ကြ၊ ၎င်းတို့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ၊ တိုင်းရင်းသားမဟာမိတ်များနှင့်အတူ
စည်းလုံးညီညွတ်စွာ စစ်အာဏာရှင်အားတော်လှန်နေကြပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်နိုင်ရေး တက်ကြွစွာရုန်းကန်လှုပ်ရှားနေကြ၊
သို့ရာတွင် ၎င်းတို့အနေဖြင့် သင်တို့၏ အကူအညီကို လိုအပ်၊ ၎င်းတို့အပေါ် ထပ်မံ မပျက်ကွက်ကြရန် တောင်းဆိုလိုပါကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်)
၁။ ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယကော်မတီ)တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျက်ရှိသည့် လူ့အခွင့်အရေးအခြေအနေများနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂမှ အထူးလုပ်ပိုင်ခွင့် အပ်နှင်းထားသော တာဝန်ရှိသူများက စုပေါင်းရှင်းလင်းပြောကြားခြင်းနှင့် အပြန်အလှန်ဆွေးနွေးသည့် အစည်းအဝေးကို ၂၇-၁၀-၂၀၂၆ ရက် (အင်္ဂါနေ့)၊ နံနက်တွင် ကျင်းပခဲ့ပါသည်။
၂။ အဆိုပါ အစည်းအဝေးတွင် Special Envoy of the Secretary-General on Myanmar Ms. Julie BISHOP၊ Head of the Independent Investigative Mechanism for Myanmar Mr. Nicholas KOUMJIAN နှင့် Special Rapporteur on the situation of human rights in Myanmar Ms. Kelley Anne Eckels-Currie တို့က ၎င်းတို့၏ အစီရင်ခံစာများအပေါ်အခြေခံကာ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသော လူ့အခွင့်အရေး အခြေအနေ များ၊ စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှု မြင့်တက်လာနေခြင်း၊ စစ်အုပ်စု ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာပြည်သူများ ရင်ဆိုင်နေရသည့်ဆင်းရဲဒုက္ခများ၊ ရိုဟင်ဂျာများ အပါအဝင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်ချက် အလွန်မြင့်မားလာနေခြင်း၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ ပြန့်ပွားနေ ခြင်းနှင့် ယင်း၏ ဆိုးကျိုးသက်ရောက်မှုများ၊ စစ်အုပ်စုမှ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများမှ အစပြုကာ နိုင်ငံတကာဝင် တရားဝင်မှုရရှိနိုင်ရေး ကြိုးပမ်းချက်များအား သတိထားရေး၊ စစ်အုပ်စုံထံသို့ ထောက်ပံ့မှုများ ရပ်တန့်ရေး၊ အထောက်အထား ရယူခြင်းကိစ္စများအတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးရေးနှင့် သက်သေထွက်ဆိုသူများအား အကာအကွယ်ပေးရေး စသည်တို့နှင့် ဆက်စပ်၍ တွေ့ရှိချက်များ၊ သုံးသပ်ချက်များနှင့် အကြံပြုချက်များကို အလေးထား ဆွေးနွေးခဲ့ပါသည်။
၃။ အပြန်အလှန်ဆွေးနွေးသည့်ကဏ္ဍတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၂၄) နိုင်ငံခန့်ပါဝင်၍ ဆွေးနွေးခဲ့ပါသည်။
၄။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-
(က) ယနေ့အစည်းအဝေးတွင် ကုလသမဂ္ဂမှ အထူးလုပ်ပိုင်ခွင့်အပ်နှင်းထားသော တာဝန်ရှိသူများမှ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးအခြေအနေများနှင့်ပတ်သက်၍ ပြည့်ပြည့်စုံစုံ နှင့် အလေးအနက်ထား ဆွေးနွေးပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊
(ခ) မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အကျပ်အတည်းအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ နိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်း သူနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအကြီးအကဲတို့ထံမှ တစ်နေရာတည်းတွင် နားထောင်ရခြင်းက အလွန်အရေးကြီးကြောင်း၊ ဤအချက်ကို ကြည့်လျှင် မြန်မာ နိုင်ငံအရေးကိစ္စသည် ပြည်တွင်းနိုင်ငံရေး အငြင်းပွားမှုမျှသာ မဟုတ်ဘဲ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှုဆိုင်ရာ ရှင်သန်မှုနှင့် နိုင်ငံတကာ တရားမျှတမှုတို့ဖြင့် အကြောင်းအရာ အမျိုးမျိုးတို့နှင့် ဆက်နွယ်နေသော အကျပ်အတည်းဖြစ်သည့်အချက်က ထင်ရှားကြောင်း၊
(ဂ) မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အစီရင်ခံစာများတွင်လည်း မြေပြင်၌ ဖြစ်ပေါ်နေသည့် ပကတိအခြေအနေကို ရှင်းလင်းမြင်သာစွာ ဖော်ပြ၊ ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊
(ဃ) ဤနေရာတွင် မိမိအနေဖြင့် လွတ်လပ်မှုကို လိုလားသည့် မြန်မာနိုင်ငံရှိ သန်းပေါင်းများစွာသော ပြည်သူများ၏အသံကို ကိုယ်စားပြုပြောကြားခြင်းဖြစ်ကြောင်း၊ ပြီးခဲ့သော ရက်သတ္တပတ်များ အတွင်း၌လည်း မိမိအနေဖြင့် ကုလသမဂ္ဂ၏ ပင်မကော်မတီတစ်ခုချင်းစီတွင် မြန်မာ့အရေး၏ အရောအနှောကင်းသောအခြေအနေများကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ ယနေ့ မိမိပြောကြားလိုသည့် အကြောင်းအရာသည်လည်း အလားတူပင် ဖြစ်ကြောင်း၊
(င) မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပကတိအခြေအနေသည် အစီရင်ခံစာများ၌ ဖော်ပြနိုင်သည့် အခြေအနေကို ကျော်လွန်ကာ ဆိုးရွားလျက်ရှိကြောင်း၊
(စ) မြန်မာနိုင်ငံတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် ဆင်းရဲဒုက္ခအားလုံးအတွက် အဓိကဇစ်မြစ်မှာ စစ်အုပ်စု၊ ၎င်တို့ကျင့်သုံးသည့် စစ်အာဏာရှင်စနစ်နှင့် အကြွင်းမဲ့ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိ နေခြင်းတို့သာ ဖြစ်ကြောင်း၊
(ဆ) တရားခံစစ်အာဏာရှင်များသည် နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့ပြည်သူများအပေါ်တွင် စစ်မက်များ ဆက်လက်၍ တိုးမြှင့်ကျူးလွန်နေကြောင်း၊
(ဇ) ၎င်းတို့မှ ယခင်ကကျူးလွန်သည့် ပမာဏာများထက် သာလွန်သည့် အရှိန်အဟုန်များဖြင့် လေကြောင်းမှ မဆင်မခြင် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းနှင့် ကျေးရွာများကို စနစ်တကျ မီးရှို့ဖျက်ဆီးခြင်းတို့အား ကျူးလွန်နေသည်ကို မိမိတို့ တွေ့မြင် နေရကြောင်း၊
(ဈ) စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများနှင့် စစ်ဘေးရှောင်စခန်းများမှာ စစ်အုပ်စုမှ ပြည်သူများအပေါ်တွင် အကြောက်တရား သွပ်သွင်းရန်အတွက် အဓိကပစ်မှတ်ထား တိုက်ခိုက်သည့်နေရာများ ဖြစ်လာခဲ့ကြောင်း၊ လူငယ်လူရွယ်များအနေဖြင့်လည်း စစ်အုပ်စု၏ အဓမ္မတပ်သားစုဆောင်းမှုကြောင့် လူသားဒိုင်းများအဖြစ် အသုံးချခံရခြင်း၊ ငွေညှစ်ခြင်းတို့နှင့် ရင်ဆိုင်နေရကြောင်း၊
(ည) စစ်အုပ်စုမှ ကျူးလွန်လျက်ရှိသော ရာဇဝတ်မှုများသည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုတို့ဖြစ်ကြောင်း၊ ထို့ပြင် စစ်အုပ်စုအနေဖြင့် အဆိုပါ ရာဇဝတ်မှုများ အား ကျပန်းလုပ်ဆောင်ခြင်းမဟုတ်ဘဲ ၎င်းတို့၏ တရားမဝင်သောအာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊
(ဋ) မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားအနေဖြင့် စစ်အုပ်စုမှ ရိုဟင်ဂျာ များအပေါ် ကျူးလွန်သည့် ဆိုးရွားသော ရာဇဝတ်မှုများ အပါအဝင် အခြား ဖြစ်စဉ်များအတွက်ပါ လုံလောက်သည့် သက်သေအထောက်အထားများကို စုဆောင်းထားရှိပြီးဖြစ်ကြောင်း၊
(ဌ) မကြာသေးမီက စစ်အုပ်စု ပြောကြားခဲ့သည့် “ငြိမ်းချမ်းရေး ဆွေးနွေးရေး” ဟူသည်မှာ အဆန် မပါသည့် ကတိအလွတ်သာ ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်း တည်ငြိမ်ရေးအတွက် နည်းလမ်းရှာဖွေရန် ဘယ်သောအခါမျှ စစ်မှန်သော နိုင်ငံရေးဆန္ဒနှင့် ရိုးသားမှုတို့ မရှိခဲ့ကြောင်း၊
(ဍ) ၎င်းတို့သည် ပြည်သူများအပေါ် အကြောက်တရားရိုက်သွင်း၍ စစ်ရာဇဝတ်မှုနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်သော ရက်စက်ကြမ်းကြုတ်မှုများကိုသာ ကျူးလွန်ကာ တစ်ကိုယ်စာ ရှင်သန်ရေးအတွက်ကိုသာ အားသွန်ခွန်စိုက် ကြိုးစားနေခြင်း ဖြစ်ကြောင်း၊
(ဎ) စစ်အုပ်စု၏ သဘောထားသည် ၎င်း၏ “ငြိမ်းချမ်းရေးကိုယ်စားလှယ်” ဟု ဆိုသူက “ငြိမ်းချမ်းရေးအတွက် ဗုံးကျဲရမည်” ဟူသော ရန်စသည့်စကားရပ်တွင် အထင်းသားမြင်သာပါကြောင်း၊
(ဏ) ဒီစစ်အုပ်စု ဘယ်လောက်တောင် လူမဆန်လိုက်သလဲ၊ ဘယ်လောက်တောင် ယုတ်ရင်း ကြမ်းတမ်း ရက်စက်တဲ့ အတွေးအခေါ်နဲ့ စိတ်သဘောထားတွေ ရှိနေကြတာလဲ၊
(တ) လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက မိမိတို့၏ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရ သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် (၅) နှစ်ကျော်ကာလ အတွင်း သူမ၏ သားဖြစ်သူနှင့် ပထမဦးဆုံးအကြိမ် ဖုန်းတစ်ခဏ ပြောကြားခွင့် ရရှိခဲ့ကြောင်း၊ ထို့သို့ ပြောကြားပြီးနောက်တွင် သူမ၏ သားငယ်က အင်မတန် တိုတောင်းသော အပြန်အလှန် စကားပြောဆိုမှု တစ်ခုသည် လွတ်လပ်မှု မဟုတ်ဘဲ သူ၏မိခင်အနေဖြင့် ဆက်လက်၍ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ကြောင်း၊
(ထ) သို့ဖြစ်ရာ မိမိတို့အနေဖြင့် စစ်အုပ်စု၏ တွက်ချက်ထားသည့် လုပ်ဆောင်မှုများနောက် လှည့်ဖြား မခံသင့်ကြောင်း၊ မိနစ် (၂၀) မျှသာ တိုတောင်းသည် ဖုန်းပြောဆိုမှုတစ်ခုသည် သန်းပေါင်းများစွာ သော ပြည်သူများ ခံစားခဲ့ရသည့် ဒုက္ခကို မပျက်ပြယ်စေနိုင်ကြောင်း၊ မိမိတို့၏ ခေါင်းဆောင်နှင့် အခြားသော နိုင်ငံရေးအကျဉ်းသားများအားလုံးမှာ အစကနဦးကတည်းက တရားလက်လွတ် ဖမ်းဆီးထိန်းသိမ်း မခံရသင့်ကြောင်း၊
(ဒ) ယခုအခါ စစ်အုပ်စုခေါင်းဆောင်အနေဖြင့် နိုင်ငံခြား ထိတွေ့ဆက်ဆံမှုများကို အငမ်းမရ မွတ်သိပ်လျက်ရှိကြောင်း၊ အချို့သောနိုင်ငံများအနေဖြင့် ၎င်းတို့၏ထိတွေ့ဆက်ဆံမှုများအတွက် ပြန်လည် ထိတွေ့ဆက်ဆံသည့် ချဉ်းကပ်မှုပုံစံခေါင်းစဉ်အောက်မှ အကျိုးအကြောင်း ဆီလျော်စေရန် ဖန်တီးလုပ်ယူလျက်ရှိကြောင်း၊
(ဓ) စစ်အုပ်စုနှင့် ၎င်းတို့၏ ခေါင်းဆောင်များသည် ရာဇဝတ်ကောင်များသာဖြစ်ကြောင်း၊
(န) ၎င်းတို့အနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် ၂၆၆၉ ကိုလည်း လိုက်နာရန် ငြင်းဆန် ခဲ့ကြောင်း၊
(ပ) သမိုင်းကို ပြောင်းပြန်မလှည့်ကြဖို့ တောင်းဆိုလိုကြောင်း၊
(ဖ) စစ်အုပ်စုနှင့်ပြုလုပ်သည့် အစည်းအဝေး တစ်ခုစီ၊ လက်ဆွဲနှုတ်ဆက်မှု တစ်ခုစီတိုင်းသည် ၎င်းတို့ အား အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ရန်အတွက် နိုင်ငံရေးအတွက် ကာကွယ်ပေးရာရောက် သည်ကို မိမိတို့ မြင်တွေ့ခဲ့ရပြီး ဖြစ်ကြောင်း၊
(ဗ) သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် မိမိတို့၏ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများအနေဖြင့် အဆိုပါရာဇဝတ်ကောင်တစ်သိုက်လုံးကို တရားဝင်မှု တစ်စုံတစ်ရာပေးအပ်ခြင်းမှ ရှောင်ကြဉ်ပေးကြရန် တိုက်တွန်းကြောင်း၊
(ဘ) မိမိတို့ ပြည်သူများအပေါ် စစ်လေယာဉ်များဖြင့် ဗုံးများကျဲချနေပြီး နိုင်ငံရေးအကျဉ်းသားများလည်း အကျဉ်းထောင်တိုင်များနောက်ကွယ်၌ နေနေရချိန်တွင် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု မည်သို့မျှ မဖြစ်နိုင်ကြောင်း၊
(မ) မိမိတို့၏ တော်လှန်ရေးသည် စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အစဉ် အလာတို့ အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေးအတွက် ချမှတ်ထားသော သန္နိဋ္ဌာန်အတိုင်း လျှောက်လှမ်းကြမည် ဖြစ်ကြောင်း၊
(ယ) အထူးအစီရင်ခံစာတင်သွင်းသူမှ ယခင်က ပြောကြားခဲ့သည့်အတိုင်းပင် မိမိတို့၏ တော်လှန်ရေးသည် DIY တော်လှန်ရေး၊ တစ်နည်းအားဖြင့် Do-it-Yourself တော်လှန်ရေး ဖြစ်ကြောင်း၊
(ရ) သို့နှင့်တိုင် မိမိတို့အနေဖြင့် မြန်မာပြည်သူများ အဖက်ဖက်မှ ရင်ဆိုင်နေရသည့် အကျပ်အတည်းများအား ချက်ချင်း ရပ်တန့်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်းထံမှ ခိုင်မာထိရောက်သော အကူအညီများ လိုအပ်ပါကြောင်း၊
(လ) ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုထံသို့ တိုက်လေယာဉ်ဆီ ရောင်းချမှု ဖြတ်တောက်ရန်၊ လက်နက်နှင့် ငွေကြေးထောက်ပံ့မှုတို့ ရပ်တန့် ရန်၊ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများမှတစ်ဆင့် မြေပြင်ရှိ အရပ်ဘက်လူမှု အဖွဲ့အစည်းများ ထံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုက်ရိုက်ပေးပို့ပေးရန် မိမိ ဤနေရာမှ တောင်းဆိုလိုကြောင်း၊
(ဝ) တစ်ဖက်တွင်လည်း မိမိတို့အနေဖြင့် ပြတ်သားသော တာဝန်ခံမှုရှိရေးကို အလေးထားကြောင်း၊ သို့ဖြစ်ပါ၍ အပြည်ပြည်ဆိုင်ရာတရားရုံးမှ ဂမ်ဘီယာနှင့် မြန်မာအမှုကိစ္စအတွက် ချမှတ်ပေးမည့် စီရင်ချက်သည်လည်း ရိုဟင်ဂျာများနှင့် မြန်မာပြည်သူတစ်ရပ်လုံးအတွက် တရားမျှတမှု ဆောင်ယူပေးနိုင်မည်ဟု မျှော်လင့်ပါကြောင်း၊
(သ) တစ်ချိန်တည်းမှာပင် ပြည်သူများ၏ အသက်အိုးအိမ်များကို ကယ်တင်ပေးနိုင်ရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံအခြေအနေတစ်စုံလုံးကို နိုင်ငံတကာရာဇဝတ်ခုံရုံးထံသို့ လွှဲပြောင်းတင်သွင်းရန် လိုအပ်ကြောင်း၊
(ဟ) လုံခြုံရေးကောင်စီမှ အရေးယူလုပ်ဆောင်ရန် နှောင့်နှေးကြန့်ကြာနေချိန်တွင် ကုလသမဂ္ဂ အထွေထွေညီလာခံအနေဖြင့် ပိုမို ပြတ်သားသည့်လုပ်ဆောင်ချက်များ ချမှတ်သင့်ကြောင်း၊
(ဠ) မြန်မာနိုင်ငံအကျပ်အတည်းသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ အပေါ်တွင် သက်ရောက်မှုရှိသောကြောင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေဖြင့် ကုလသမဂ္ဂ ပဋိညာဉ်၏အပိုဒ် (၉၉) ကို အသုံးချနိုင်ရေး စဉ်းစားရန် တိုက်တွန်းလိုပါကြောင်း၊ သို့မှသာ မြန်မာ အရေးကိစ္စ နိုင်ငံတကာအကြောင်းအရာများအကြား တိမ်မြုပ်သွားမည့်အန္တရာယ်မှ ကာကွယ်နိုင်မည် ဖြစ်ပြီး လုံခြုံရေးကောင်စီတွင် မြန်မာအရေးကိစ္စအား အပြည့်အဝ အာရုံစိုက်မှု ရှိလာစေမည် ဖြစ်ကြောင်း၊
(အ) စင်စစ်အားဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂမှ အထူးလုပ်ပိုင်ခွင့် အပ်နှင်း ထားသော တာဝန်ရှိသူများအနေဖြင့် အရေးတကြီး တောင်းဆိုထားသော်လည်း နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မိမိတို့ မြန်မာပြည်သူများအပေါ်တွင် ထပ်ခါထပ်ခါ ပျက်ကွက်ခဲ့သည်က ခါးသီးသော အမှန်တရားပင် ဖြစ်ကြောင်း၊
(ကက) သို့ဖြစ်ပါ၍ မိမိတို့ခံစားနေရသည့်ဒုက္ခဆင်းရဲများအပေါ်တွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်ဆက်လက်၍ နှုတ်ဆိတ်မနေရန်နှင့် ပြည်သူများနှင့်အတူ အခိုင်အမာ ရပ်တည်ပေးကြရန် အလေးအနက် တောင်းဆိုကြောင်း၊
(ခခ) မိမိ၏ မိန့်ခွန်းအား နိဂုံးမချုပ်မီ ရင်နင့်ဖွယ်ရာတစ်ခုကို မျှဝေလိုပါကြောင်း၊
(ဂဂ) မိမိ၏လက်ထဲတွင် တော်လှန်ရေး မိသားစုများရဲ့ "Theatre 21" ၏ ထုတ်ကုန်တစ်ခုဖြစ်သော ပုဝါတစ်ထည် ကိုင်ဆောင်ထားကြောင်း၊ ဤပုဝါသည် အလှအပ အဆင်တန်ဆာ ပုဝါတစ်ထည် မျှသာ မဟုတ်ကြောင်း၊
(ဃဃ) ဤပုဝါပေါ်တွင် တော်လှန်ရေးကာလအတွင်း အသက်ဆုံးရှုံးသွားရသည့် မိမိတို့၏ သူရဲကောင်းများနှင့် အပြစ်မဲ့ပြည်သူများ၏ အမည်များကို ရေးထိုးထားကြောင်း၊ ၎င်းတို့သည် မိမိတို့၏ လွတ်လပ်မှုအတွက် အသက်ဆုံးရှုံးခဲ့ကြရသည့် ရဲစွမ်းသတ္တိဂုဏ်နှင့် ပြည့်ဝသော သူရဲကောင်း များနှင့် အပြစ်မဲ့ ပြည်သူများ ဖြစ်ကြောင်း၊
(ငင) မိမိအနေဖြင့် ထိုသို့ရေးထိုးထားသည့် နာမည်များအား ဖတ်ရသည်ကို ကြေကွဲခံစားရကြောင်း၊ အားလုံးလည်း ထိုနည်းတူ ကြေကွဲခံစားရကြောင်း၊
(စစ) ပုဝါကို အသေးစိတ်ကြည့်မည်ဆိုလျှင် အသက်ဆုံးရှုံးသွားရသူများ၏ အမည်များနှင့် အသက်များကို မြင်တွေ့နိုင်မည်ဖြစ်ကြောင်း၊ အငယ်ဆုံးသူရဲကောင်းမှာ (၂) လသား ရင်သွေးငယ်လေး တစ်ဦးဖြစ်၍ အကြီးဆုံးသူရဲကောင်းမှာ (၁၀၅) နှစ် ဖြစ်ကြောင်း၊ ၎င်းတို့အပြင် အခြားသော နစ်နာသူများမှာ မျိုးဆက်အလိုက် ပါဝင်နေကြောင်း၊ ၎င်းတို့အားလုံးသည် အကြမ်းဖက် လူမဆန်စွာ ရက်စက်သောစစ်အုပ်စု၏ ကျည်ဆန်များနှင့် ဗုံးများအောက်တွင် သေဆုံးခဲ့ကြသူများ ဖြစ်ကြောင်း၊
(ဆဆ) မိမိဤနေရာတွင် ရိုးရိုးနှင့် အထူးအလေးထားတောင်းဆိုလိုသည်မှာ တစ်ချက်တည်းသာ ဖြစ်ကြောင်း၊
(ဇဇ) ထိုအချက်မှာ ဤပုဝါပေါ်တွင် အမည်အသစ်များ ထပ်တိုး၍ မရေးထိုးစေလိုခြင်းပင်ဖြစ်ကြောင်း၊
(ဈဈ) မိမိတို့အနေဖြင့် သူရဲကောင်းများကိုဖြစ်စေ အပြစ်မဲ့ပြည်သူများကိုဖြစ်စေ၊ မိမိတို့၏ကလေးငယ်များ၊ လူငယ်များ၊ ညီအစ်ကို၊ မောင်နှမများ၊ သက်ကြီးရွယ်အိုများကို ထပ်မံ အဆုံးရှုံးမခံနိုင်တော့ ပါကြောင်း၊
(ညည) မြန်မာပြည်သူများသည် အံ့မခန်း သတ္တိပြည့်ဝသူများဖြစ်၍ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်သူများ ဖြစ်ကြကြောင်း၊
(ဋဋ) ၎င်းတို့အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်း ရေးဦးဆောင်ကောင်စီ၊ တိုင်းရင်းသားမဟာမိတ်များနှင့်အတူ စည်းလုံးညီညွတ်စွာ စစ်အာဏာရှင်အား တော်လှန်နေကြပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်နိုင်ရေး တက်ကြွစွာ ရုန်းကန် လှုပ်ရှားနေကြကြောင်း၊
(ဌဌ) သို့ရာတွင် ၎င်းတို့အနေဖြင့် သင်တို့၏ အကူအညီကို လိုအပ်ပါကြောင်း၊
(ဍဍ) ၎င်းတို့အပေါ် ထပ်မံ မပျက်ကွက်ကြရန် တောင်းဆိုလိုပါကြောင်း။
၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,
at the Combined Briefing on Myanmar,
in the Third Committee of the Eighty-first Session of the UN General Assembly
(New York, 27 October2026)
Mr. Chair,
I thank the briefers for their comprehensive and sobering briefings today.
Hearing from the Special Envoy, the Special Rapporteur, and the IIMM together is highly significant. It underscores that the crisis in Myanmar is not just a localized political dispute, but a multidimensional catastrophe of human rights, humanitarian survival, and international justice.
Moreover, the respective reports of the UN on Myanmar clearly reveal the heartbreaking and reflecting the prevailing situation on the ground.
I speak today for the millions of people in Myanmar who refuse to give up their freedom.
Over the past few weeks, I have gone from committee to committee to bring the raw reality of Myanmar.
Today, my message remains unchanged. The reality on the ground is far worse than any report can show.
One very clear fact is that the military junta, its dictatorship, and the absolute impunity it enjoys are the very root causes of all the suffering in Myanmar.
The perpetrating military continues to escalate its reign of terror against innocent civilians across the country.
We are witnessing an unprecedented wave of indiscriminate airstrikes, heavy artillery bombardments, and systematic village arson.
Schools, hospitals, religious buildings and displacement camps are their primary targets to instill widespread fear on the people.
Furthermore, they are forcing our youth into conscription to use them as human shields as well as for extortion.
This is an ongoing campaign of war crimes and crimes against humanity. They are not random but intentional acts for the junta to hold onto their illegitimate power.
The IIMM has collected clear evidence of this, including the terrible crimes against the Rohingya population.
Moreover, the junta’s recent offer for so-called "peace talks" is a fake promise.
No doubt, the military junta never has genuine political will and sincerity for finding a solution for sustainable peace and stability.
Instead they are doing every effort for their own survival by deceiving everyone, instilling fear on the people and conducting atrocities against civilians amounting to war crimes and crimes against humanity.
It is attested to by the recent provoking statement by the military junta’sso-called peace interlocutor. He said bomb for peace. How inhumane they are! How cruel mentality they have.
Mr. Chair,
A few days ago, our democratically elected leader, State Counsellor Daw Aung San Suu Kyi, was allowed a brief phone call with her son for the first time in over five years. Her son made a very clear plea: one short conversation is not freedom, and she remains unjustly detained.
We all must not be fooled by these calculated gestures. A 20-minute phone call does not erase the suffering of millions.
Our leader and all other political prisoners should not be unlawfully detained in the first place.
Now, the junta leader is desperately seeking foreign engagements. Certain countries justify these meetings under the guise of a "recalibrated approach" or "re-engagement."
But let us be clear.
The military junta and its leaders are CRIMINALS.
They have refused to implement the ASEAN Five Point Consensus and comply with the UN Security Council Resolution 2669.
Please do not try to rewrite history.
As we all have witnessed, every meeting and every handshake only give them political cover to keep killing innocent civilians.
We urge the international community, and especially our regional neighbors, to refrain from giving any legitimacy whatsoever to this criminal junta.
True dialogue is impossible while fighter jets drop bombs on our people, and while the political prisoners remain behind bars.
In this circumstance, we are committed to our revolution to end the military dictatorship and its culture of impunity and build a federal democratic union. As the special rapporteur rightly said before our revolution is DIY, Do It Yourself Revolution.
Yet, we need strong and effective support from the international community to immediately stop the multidimensional suffering of the people of Myanmar.
I wish to appeal to the UN member states and the international community as follow:
Cut off the jet fuel; stop the flow of arms and money to the military junta;
Deliver humanitarian aid directly to local CSOs through cross-border channels.
We count on concrete accountability. Therefore we strongly hope that the long awaited verdict of the ICJ on the case between the Gambia vs. Myanmar will bring justice to Rohingya and the people as a whole of Myanmar.
At the same time, the UN Security Council needs to refer the situation of Myanmar in its entirety to the International Criminal Court to save lives and protect civilians.
The General Assembly needs to take bold actions when the Security Council remains paralyzed.
Since the crisis of Myanmar has impacts on the regional and international peace and security, I wish to urge the UN Secretary-General to consider invoking Article 99 of the UN Charter to bring Myanmar to the attention of the UNSC to avoid from risk of Myanmar slipping off the international agenda.
Mr. Chair,
Sadly, the harsh truth is that the international community has already failed the people of Myanmar again and again regardless of the urgent calls made by the Secretary-General and the special mandate holders.
I strongly wish that the world stop silence on our suffering and the member states stand firm solidity with the people of Myanmar.
Before I conclude, allow me to share something deep.
Recently, there was an event called "Theatre 21" hosted by our revolutionary community. It was very heartwarming and meaningful indeed.
I hold in my hand a scarf, a product of our revolutionary community’s "Theatre 21". It is not just any fashion accessory.
Written on this scarf are the names of our fallen heroes and innocent civilians. The brave and innocent people who lost their lives for our freedom.
When I read those names, it breaks my heart. It breaks everyone else’s heart.
A closer look at this scarf reveals the names and ages of the fallen. The youngest was just two months old. The oldest was 105. These victims span every generation, their entire futures wiped away by the junta's bullets and bombs in the most inhumane manner.
I stand here today with a simple, desperate plea.
I do not want to read any more names added to this scarf. We cannot afford to lose any more heroes or innocent civilians, our children, our youth, our brothers and sisters, our elders.
The people of Myanmar are incredibly brave and resilience.
They are doing everything they can, resisting unitedly and, alongside the National Unity Government (NUG), the Steering Council for Emergence of a Federal Democratic Union (SCEF)and our ethnic allies, actively building a Federal Democratic Union.
But they need your help. Please do not fail them anymore.
I thank you.
*****

















