top of page
  • Facebook Social Icon

Statement by Ambassador Kyaw Moe Tun, at the Combined Briefing on Myanmar, in the Third Committee, at the Eightieth Session of the UN General Assembly

  • Writer: Myanmar Mission To UN
    Myanmar Mission To UN
  • Oct 29
  • 12 min read

ree
ree
ree

Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Combined Briefing on Myanmar, in the Third Committee, at the Eightieth Session of the UN General Assembly held on 28 October 2025


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုကော်မတီတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျက်ရှိသော လူ့အခွင့်အရေးအခြေအနေများနှင့် စပ်လျဉ်း၍ သက်ဆိုင်သူများမှ စုပေါင်းရှင်းလင်းခြင်းနှင့် အပြန်အလှန် ဆွေးနွေးသည့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာပြည်သူများအနေဖြင့် ဒုက္ခဆင်းရဲ မျိုးစုံ၊ စိန်ခေါ်မှုမျိုးစုံနှင့် ရင်ဆိုင်နေကြရ၊

တရားဥပဒေစိုးမိုးမှုပြိုလဲခြင်း၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ခံစားနေခြင်းနှင့် စစ်အုပ်စုနှင့် ၎င်း၏ နယ်ခြားစောင့်တပ်များက ရာဇဝတ်ဂိုဏ်းများအတွက် လုံခြုံသည့်ရပ်ဝန်းများကို ရည်ရွယ်ချက် ရှိရှိ ဖန်တီးပေးထားခြင်းကြောင့် မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် မှုခင်းများအတွက် ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်တစ်ခုဖြစ်လာစေခဲ့ပြီး ဒေသတွင်းနှင့် အခြားနေရာအနှံ့အပြားသို့ပါ ကြီးမားသော စိန်ခေါ်မှုများကို ဖြစ်ပေါ်စေလျက်ရှိ၊

ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများ၏ ဇစ်မြစ်အား ဖြေရှင်းနိုင်မှု မရှိခြင်းကြောင့် လက်ရှိဆောင်ရွက်မှုများသည် ရေတိုအတွက်သာ သက်သာရာ ရရှိနိုင်သည့် ရလဒ်ကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ သို့ဖြစ်ရာ လိမ်လည်သည့်စခန်းများသည် မြန်မာနိုင်ငံ အနောက်မြောက်ဘက်အခြမ်း နယ်စပ်မှသည် အရှေ့တောင်ဘက်အခြမ်းနယ်စပ်ဒေသသို့ ကူးပြောင်းခဲ့ကြောင်း၊ စစ်အုပ်စုကိုယ်တိုင် ဤဆိုက်ဘာ လိမ်လည်မှုလုပ်ငန်းများတွင် ပါဝင်နေခြင်းကြောင့် ဤပြဿနာကို ဖြေရှင်းရန် စစ်အုပ်စုသည် မည်သို့ မျှ ရေရှည်ခံမည့် အဖြေတစ်ခု၏ အစိတ်အပိုင်း မဟုတ်၊

နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုးပွားပျံ့နှံ့လာခြင်းအား ရပ်တန့်ရန်နှင့် ယင်းမှုခင်းများ၏ သားကောင်များအား ကယ်တင်ရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းထံမှ ညှိနှိုင်း ပူးပေါင်းမှုနှင့် ထိရောက်မှုရှိသော အရေးယူဆောင်ရွက်ချက်များ လိုအပ်၊ မိမိတို့ အနေဖြင့် နိုင်ငံတကာ၏ အကူအညီကို လေးလေးနက်နက် လိုအပ်လျက်ရှိ၊

အခြားတစ်ဖက်တွင်လည်း စစ်အုပ်စုမှ ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲက လုံးဝဥဿုံ ယုတ္တိကင်းမဲ့သဖြင့် တခဲနက် ဝိုင်းဝန်းကန့်ကွက်ကြရမည်သာဖြစ်သည်ဟု ရှင်းလင်းစွာ ပြောကြားလို၊

စစ်အုပ်စုသည် ရွေးကောက်ခံအရပ်သားအစိုးရကို တရားမဝင် ဖယ်ရှားကာ မတရား စစ်အာဏာသိမ်းခဲ့ခြင်းဖြစ်၊ ဥပဒေကြောင်းအရဖြစ်စေ၊ ကျင့်ဝတ်သိက္ခာအရဖြစ်စေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်သည့် တရားဝင် အခွင့်အာဏာ မရှိ၊

စစ်အုပ်စုသည် ပြည်သူများအပေါ်တွင် လူမဆန်စွာ စစ်မက်ပြုနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို စနစ်တကျ၊ လွန်လွန်ကျူးကျူး၊ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေ၊ ၎င်းတို့၏ ရွေးကောက်ပွဲဟု ခေါ်တွင်သော နည်းလမ်းမှာ တရားဝင် နိုင်ငံရေး လုပ်ငန်းစဉ် မဟုတ်သကဲ့သို့ မှန်ကန်သည့် ဖြေရှင်းနည်းလည်း မဟုတ်၊

လွတ်လပ်၍ တရားမျှတသော မဲပေးရွေးချယ်မှုအတွက် အခြေခံကျသည့်အခြေအနေများ မရှိ၊ နိုင်ငံရေးပါတီ အများစုမှာလည်း ဖျက်သိမ်းခံထားရ၊ လူအလုံးအရင်းဖြင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေခြင်း၊ နေရာအနှံ့ပဋိပက္ခများ ဖြစ်ပွားနေခြင်း၊ စစ်အုပ်စုမှ အကြောက်တရားဖြင့် ထိန်းချုပ်နေခြင်းနှင့် နိုင်ငံသားများ၏ နိုင်ငံရေး အခွင့်အရေးအား ကန့်သတ်ခံထားရပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်အား ထိန်းချုပ်ထားခြင်းတို့လည်း ဆက်လက်ဖြစ်ပေါ်နေ၊ စစ်အုပ်စုအနေဖြင့် နိုင်ငံ၏ နယ်မြေ ၃၀ ရာခိုင်နှုန်းအောက်ကိုသာ ထိန်းချုပ်ထားနိုင်၊

လက်ရှိ အခြေအနေ အောက်တွင် ကျင်းပသည့် ရွေးကောက်ပွဲသည် မည်သို့မျှ လွတ်လပ်၊ မျှတ၍ အားလုံးပါဝင်မှု ရှိနိုင်မည် မဟုတ်ဘဲ လိမ်ညာလှည့်ဖြားသည့် လုပ်ငန်းစဉ်မျှသာဖြစ်၊ ထို့ကြောင့် မိမိတို့ အနေဖြင့် စစ်အုပ်စု၏ ကျော့ကွင်းထောက်ချောက်အတွင်းသို့ မည်သို့မျှ ကျရောက်၍ မရ၊ ထို့အတူ ၎င်းတို့၏ ဝါဒမှိုင်းတိုက်ခြင်း၊ သတင်းအမှား နှင့် ယုတ္တိယုတ္တန် မရှိသော အချက်အလက်များ ဖြန့်ဝေခြင်းအောက်တွင် ဦးတည်ချက် မပျောက်ဆုံးသင့်၊

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်း တစ်ခုလုံးအနေဖြင့်လည်း စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအား ကန့်ကွက်ကြောင်းကို အထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်များနှင့် လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်များတွင် ထည့်သွင်းခြင်းအားဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်းကို ခိုင်ခိုင်မာမာ ပြသသင့်၊

မြန်မာအရေးကိစ္စအား ဖြေရှင်းရန်အတွက် နစ်နာသူများအတွက် တရားမျှတမှု ဖော်ဆောင်ကာ တရားခံများ၏ ပြစ်ဒဏ်ကင်းလွတ်နေမှုအား အပြီးတိုင်း ချုပ်ငြိမ်းရမည်ဖြစ်၊

လူ့အခွင့်အရေးမဟာမင်းကြီးမှ တောင်းဆိုထားသည့်အတိုင်း လုံခြုံရေးကောင်စီအနေဖြင့် မြန်မာ အရေးကိစ္စတစ်စုံလုံးကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းတင်သွင်းရန် ထပ်လောင်း တောင်းဆိုလို၊

နိုင်ငံတကာ ရာဇဝတ်ခုံရုံး အစိုးရရှေ့နေမှ မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် ၂၀၂၄ ခုနှစ်က တောင်းဆိုခဲ့သည့်အပေါ်လည်း ကြိုဆိုထောက်ခံ၊ နိုင်ငံတကာရာဇဝတ်ခုံရုံးအနေဖြင့် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန်အချိန်အခါ ကျသင့်နေပြီဖြစ်၊ ဤနည်းအားဖြင့် ရာဇဝတ်သားများအနေဖြင့် ၎င်းတို့ကျူးလွန်သည့် လူမဆန်သော ရာဇဝတ်မှုများအတွက် လွတ်လမ်းမရှိကြောင်းကို ပြတ်သားစွာ သတင်းစကားပါးနိုင်မည်ဖြစ်၊

မြန်မာအရေးကိစ္စအား ဖြေရှင်းရန် ပြည်သူ့ဆန္ဒနှင့်အညီ လုပ်ဆောင်ခြင်းကသာလျှင်

ပြည့်စုံကုံလုံသည့် နိုင်ငံရေးနည်းလမ်းဖြစ်၊ သို့ဖြစ်ရာ စစ်အာဏာရှင်စနစ်နှင့် မတရားစစ်အာဏာသိမ်းမှုတို့ ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် အားထုတ်ကြိုးပမ်းကြရမည်ဖြစ်၊

နိုင်ငံတဝှမ်း၌ အကြမ်းဖက်မှုများ ချုပ်ငြိမ်းစေရန်၊ လိုအပ်နေသူများ၊ အထူးသဖြင့်

ပဋိပက္ခဒဏ်သင့်နေရာများထံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဟန့်အတားမရှိ ပို့ဆောင်နိုင်ရန်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချက်ချင်းပြန်လည်လွှတ်ပေးရန်၊ မြန်မာနိုင်ငံရှိ ပြည်သူအားလုံး အခြေခံ လူ့အခွင့်အရေးများ ခံစားခွင့်ရနိုင်မည့် အခြေအနေများ ဖန်တီးပေးရန် တောင်းဆိုလို၊ သို့မှသာ အားလုံးပါဝင်မှုရှိသည့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုဆီသို့ ဦးတည်သွားရောက်နိုင်မည်ဖြစ်၊ မြန်မာနိုင်ငံအား ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုလမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်နိုင်မည်ဟု ယုံကြည်၊

မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ သိက္ခာရှိမှုနှင့် စစ်မှန်သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် နိုင်ငံတကာ၏ စည်းလုံးညီညွတ်သော အကူအညီများကို မြန်မာပြည်သူများက အားထားပါကြောင်း၊ အဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံရေးဆန္ဒရှိမှုနှင့် လူသားဆန်မှုအပေါ် ထားရှိသည့် မှန်ကန်သော မူ တို့ကသာလျှင် မြန်မာပြည်သူ များ၏ အသက်အိုးအိမ်နှင့် အနာဂတ်တို့အား ကယ်တင်နိုင်မည့် သော့ချက်ဖြစ်ပါကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၂၈ရက်)


၁။ ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယ ကော်မတီ) တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လျက်ရှိသော လူ့အခွင့်အရေးအခြေအနေများနှင့် စပ်လျဉ်း၍ သက်ဆိုင်သူ များမှ စုပေါင်းရှင်းလင်းပြောကြားခြင်းနှင့် အပြန်အလှန် ဆွေးနွေးသည့် အစည်းအဝေးအား ၂၈-၁၀-၂၀၂၅ ရက် (အင်္ဂါနေ့)၊ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ပါသည်။


၂။ အဆိုပါ အစည်းအဝေးတွင် Special Envoy of the Secretary-General on Myanmar Ms. Julie BISHOP က Pre-recorded ပုံစံနှင့် Head of the Independent Investigative Mechanism for Myanmar Mr. Nicholas KOUMJIAN နှင့် Special Rapporteur on the situation of human rights in Myanmar Mr. Thomas ANDREWS တို့က လူကိုယ်တိုင်ဖြင့် ၎င်းတို့၏ အစီရင်ခံစာများအပေါ် အဓိကအခြေခံကာ မြန်မာနိုင်ငံ တွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးအခြေအနေများ၊ စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်အုပ်စု ၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် ဒုက္ခများနှင့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ လိုအပ်ချက် မြင့်မားနေမှုနှင့် စစ်အုပ်စုမှ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေခြင်းနှင့် ဆက်စပ် သုံးသပ်ချက်များ၊ အကြံပြုချက်များကို အလေးထား ဆွေးနွေးခဲ့ပါသည်။


၃။ အပြန်အလှန်ဆွေးနွေးသည့်ကဏ္ဍတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၂၀) ကျော်မှ ပါဝင်၍ ဆွေးနွေးခဲ့ရာ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း လည်း သက်ဆိုင်ရာနိုင်ငံ၏ ကိုယ်စားလှယ်အနေဖြင့် ပါဝင်ဆွေးနွေးခဲ့ပါသည်။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်ဆွေးနွေးမှုတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-


(က) ဆွေးနွေးသူများအနေဖြင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် အခြေအနေများနှင့်စပ်လျဉ်း၍ စေ့စေ့ စပ်စပ် ဆွေးနွေးပြောကြားပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မြေပြင်တွင် ပကတိ ဖြစ် ပေါ် နေသည့် အခြေအနေများက အစီရင်ခံစာများတွင် ဖော်ပြထားသည်ထက် သာလွန် ဆိုးရွားပါ ကြောင်း၊

(ခ) စစ်အုပ်စုမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ စတင် မတရား အာဏာသိမ်းခဲ့ပြီးသည့်နောက် ယခုအခါ (၅) နှစ်အတွင်းသို့ ချီးနှီးဝင်ရောက်လာချိန်တွင် စစ်အုပ်စုနှင့် ၎င်းတို့လက်ပါးစေများအနေဖြင့် ပြည်သူများအပေါ်တွင် စစ်မက်ကျူးလွန်ခြင်းအား ပိုမို တိုးချဲ့လုပ်ဆောင်လာနေသဖြင့် ပြည်သူများ ဒုက္ခကြီးစွာ ခံစားနေရကြောင်း၊

(ဂ) ပြီးခဲ့သည့်နှစ်များအတွင်း၌ စစ်အုပ်စုမှ နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အအုံများ အပါအဝင် အရပ်သားပြည်သူ နေထိုင်ရာနေရာများအပေါ်သို့ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်းများ ဆတိုး လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း ကျူးလွန်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအရေအတွက်မှာ ၂၀၂၄ ခုနှစ်ကထက် (၂) ဆ မြင့်တက်လာခဲ့ကြောင်း၊

(ဃ) မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားက စစ်အုပ်စုမှ ကျူးလွန်သည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်များအတွက် သက်သေ အထောက်အထားများ စုဆောင်းရရှိထားပြီးဖြစ်ကြောင်း၊ အဆိုပါ သက်သေအထောက်အထားများတွင် အရပ်သားပြည်သူများနှင့် အထိန်းသိမ်းခံ တိုက်ခိုက်ရေးအင်အားစုများအား သတ်ဖြတ်ခြင်းများ၊ ထိန်းသိမ်းရေးစင်တာများ၌ ဖမ်းဆီးထားသူများအား လျှပ်စက်ရှော့ခ်များ အသုံးပြုခြင်းနှင့် လည်ပင်းညှစ်ခြင်းတို့ အပါအဝင် စနစ်တကျ ညှဉ်းပန်းနှိပ်စက်ခြင်းများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြုရာဇဝတ်မှုများ ကျူးလွန်ခြင်းတို့ ပါဝင်ကြောင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူများ ၏ ပြောကြားချက်များအရ အဆိုပါအကြမ်းဖက်မှုများကြောင့် နောက်ဆက်တွဲ ရင်ဆိုင်ရသည့် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာဒဏ်ရာများက ပြင်းထန်သည်ဟု သိရှိရကြောင်း၊

(င) လူသားချင်းစာနာထောက်ထားမှု အခြေအနေများအား ဖော်ပြသည့် ကုလသမဂ္ဂ အစီရင်ခံစာများ တွင်လည်း မြန်မာနိုင်ငံတစ်ဝန်းတွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ ၃.၆ သန်းကျော်နှင့် လူသားစာနာအကူအညီ အရေးတကြီးလိုအပ်သူ ၂၂ သန်းခန့်ရှိသည်ဟု တွေ့ရှိရကြောင်း၊ အကျပ်အတည်း ၏ ဒဏ်ကို ၆.၉ သန်းသော ကလေးသူငယ်များနှင့် ၁၀.၄ သန်းသော အမျိုးသမီးများက ဆက်လက် ခါးစည်းခံနေရကြောင်း၊ ထို့ပြင် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ငလျင် ဘေးဒဏ်ကြောင့်လည်း ပြည်သူ ၃,၈၀၀ ကျော်သေဆုံးခဲ့ပြီး နေအိမ်အလုံးပေါင်း ၅၅,၀၀၀ ကျော် ပျက်စီးခဲ့ရကြောင်း၊ စစ်အုပ်စုကမူ ငလျင်ဘေးဖြစ်ပေါ်ပြီးသည့်နောက်တွင်လည်း အရပ်သား ပြည်သူ နေထိုင်ရာနေရာများသို့ ဗုံးကြဲတိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ကြောင်း၊

(စ) ထို့ပြင် စစ်အုပ်စု၏ အဓမ္မ တပ်သားစုဆောင်းမှုအား ရှောင်တိမ်းနိုင်ရန် လူငယ်များစွာအနေဖြင့် လည်း သမရိုးကျမဟုတ်သော လမ်းကြောင်းများကတဆင့် နေရပ်စွန့်ခွာနေကြကြောင်း၊ ထို့ကြောင့် လူကုန်ကူးခြင်း၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနှင့် ကလေးလုပ်သား စသည့်အန္တရာယ်များနှင့် ရင်ဆိုင်နိုင်ရခြေ မြင့်မားလျက်ရှိကြောင်း၊ အသက် ၆ လမှ ၂၃ လသား မွေးကင်းစ ကလေးငယ် ၄၀ ရာခိုင်နှုန်းအနေဖြင့်လည်း လိုအပ်သည့် အာဟာရများ ရရှိရေးအတွက် ရုန်းကန်နေရကြောင်း၊

(ဆ) တစ်ဖက်တွင်လည်း မကြာသေးမီက ကျင်းပခဲ့သော မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားလူနည်းစုများ၏အခြေအနေဆိုင်ရာအဆင့်မြင့်ကွန်းဖရင့်၌ ရခိုင်ဒေသတွင် ပိုမိုဆိုးရွားနေသည့် အခြေအနေ၊ စစ်အုပ်စု၏ ဖမ်းဆီးထိန်းချုပ်ခြင်း၊ ခွဲခြားဆက်ဆံမှုနှင့် အတင်းအကျပ် တပ်သားစုဆောင်းခံရခြင်း စသည်တို့ကြောင့် ၎င်းတို့အနေဖြင့် အလွန် ထိရှလွယ်နေခြင်း၊ အရပ်သားပြည်သူလူထုတစ်ရပ်လုံးအပေါ်တွင် စစ်အုပ်စုက ရက်စက်ကြမ်းကြုတ်မှုများကျူးလွန် နေသဖြင့် ၎င်းတို့နေရပ်သို့ ဘေးကင်းလုံခြုံစွာ၊ သိက္ခာရှိစွာနှင့် ဆန္ဒအလျောက် ပြန်လည် သွားရောက်နိုင်ရေးအတွက် အလားအလာမရှိကြောင်း၊

(ဇ) မြန်မာပြည်သူများအနေဖြင့် ဒုက္ခဆင်းရဲ မျိုးစုံ၊ စိန်ခေါ်မှုမျိုးစုံနှင့် ရင်ဆိုင်နေကြရကြောင်း၊ သို့သော် ယနေ့အစည်းအဝေးတွင် နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုးပွားလာခြင်း၊ စစ်အုပ်စုမှ ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲကိစ္စ၊  ပြစ်ဒဏ်ကင်းလွတ်ခွင့် ချုပ်ငြိမ်းစေရေး နှင့် မြန်မာနိုင်ငံ ၏ အနာဂတ်အား ဖော်ဆောင်နိုင်ရေး စသည်တို့ကို မိမိအနေဖြင့် မီးမောင်းထိုး ဆွေးနွေးလိုကြောင်း၊

(ဈ) တရားဥပဒေစိုးမိုးမှုပြိုလဲခြင်း၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ခံစားနေခြင်းနှင့် စစ်အုပ်စုနှင့် ၎င်း၏ နယ်ခြားစောင့်တပ်များက ရာဇဝတ်ဂိုဏ်းများအတွက် လုံခြုံသည့်ရပ်ဝန်းများကို ရည်ရွယ်ချက် ရှိရှိ ဖန်တီးပေးထားခြင်းကြောင့် မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်တစ်ခု ဖြစ်လာစေခဲ့ပြီး ဒေသတွင်းနှင့် အခြားနေရာအနှံ့အပြားသို့ပါ ကြီးမားသော စိန်ခေါ်မှုများကို ဖြစ်ပေါ်စေလျက်ရှိကြောင်း၊

(ည) နယ်စပ်ဒေသများတွင် ဖွင့်လှစ်ထားလေ့ရှိသည့် ရာဇဝတ်ကွန်ရက်များသည် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်များထိန်းချုပ်ထားသော နေရာများတွင် အွန်လိုင်းလိမ်လည်မှုစခန်းကြီးများကို ဖွင့်လှစ်ထားကြောင်း၊ ယင်းစခန်းများအနေဖြင့် အတင်းအကျပ် ရာဇဝတ်ကျူးလွန်စေခြင်းအတွက် လူကုန်ကူးခြင်းကို မှီခိုထားပြီး ကမ္ဘာတစ်ဝှမ်းမှ သားကောင် သိန်းနှင့်ချီ၍ ရှိကြောင်း၊

(ဋ) အဆိုပါ အွန်လိုင်းလိမ်လည်မှု သားကောင်များသည် ဒစ်ဂျစ်တယ် ကျွန်ပြုမှု၊ အွန်လိုင်း လိမ်လည်လှည့်ဖြားခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အချို့သောအခြေအနေများတွင် အသက်သေစေခြင်း၊ အတင်းအကျပ် လုပ်သားခိုင်းစေမှုနှင့် လူကုန်ကူးခြင်းတို့ကို ခံရလေ့ရှိကြောင်း၊ လူငယ် အမျိုးသား၊​ အမျိုးသမီး တစ်သိန်းခန့်အနေဖြင့် အဆိုပါ အွန်လိုင်းလိမ်လည်မှု ကျူးလွန်သည့် စခန်းများသို့ လူကုန်ကူးခံထားရပြီး အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်စေရန် အတင်းအကျပ် ခိုင်းစေခံရကြောင်း၊ ယင်းလိမ်လည်မှုများသည် အများအားဖြင့် အဆင့်မြင့် ဉာဏ်ရည်တု နည်းပညာများကို အသုံးချကာ လိမ်လည်လေ့ရှိပြီး နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ (၄၀) ခန့်ကို အမြတ်ထုတ်လျက်ရှိကြောင်း၊

(ဌ) မြန်မာနိုင်ငံတွင် အခြေပြုသည့် အွန်လိုင်းလိမ်လည်မှုများသည် ယခုအခါ ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အပေါ်၌ပါ ကြီးလေးသော ရိုက်ခတ်မှုများရှိလာခဲ့ပြီဖြစ် ကြောင်း၊

(ဍ) ဤဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများ၏ ဇစ်မြစ်အား ဖြေရှင်းနိုင်မှု မရှိခြင်းကြောင့် လက်ရှိ ဆောင်ရွက်မှုများသည် ရေတိုအတွက်သာ သက်သာရာ ရရှိနိုင်သည့် ရလဒ်ကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ သို့ဖြစ်ရာ လိမ်လည်သည့်စခန်းများသည် မြန်မာနိုင်ငံ အနောက်မြောက်ဘက်အခြမ်း နယ်စပ်မှသည် အရှေ့တောင်ဘက်အခြမ်းနယ်စပ်ဒေသသို့ ကူးပြောင်းခဲ့ကြောင်း၊ စစ်အုပ်စု ကိုယ်တိုင် ဤဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများတွင်ပါဝင်နေခြင်းကြောင့် ဤပြဿနာကိုဖြေရှင်းရန် စစ်အုပ်စုသည် မည်သို့မျှ ရေရှည်ခံမည့်အဖြေတစ်ခု၏ အစိတ်အပိုင်း မဟုတ်ကြောင်း၊

(ဎ) ထို့အပြင် ထိုသို့သောတရားမဝင်စီးပွားရေးလုပ်ငန်းများသည် မူးယစ်ဆေးဝါးများထုတ်လုပ်ခြင်း နှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ကိုလည်း ပိုမိုအားဖြည့်ပေးလျက်ရှိပြီး မြန်မာနိုင်ငံအား ကမ္ဘာ့အကြီးမားဆုံး ဘိန်းနှင့် မက်သာအဖက်တမင်း ထုတ်လုပ်သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိစေကာ ဒေသတွင်း ငြိမ်းချမ်းသာယာဝပြောရေးအား ခြိမ်းခြောက်မှုပြုလျက်ရှိကြောင်း၊

(ဏ) သို့ဖြစ်ရာ နယ်စပ်ဖြတ်ကျော်မှုခင်းများ တိုးပွားပျံ့နှံ့လာခြင်းအား ရပ်တန့်ရန်နှင့် ယင်းမှုခင်းများ ၏ သားကောင်များအား ကယ်တင်ရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းထံမှ ညှိနှိုင်း ပူးပေါင်းမှုနှင့် ထိရောက်မှုရှိသော အရေးယူဆောင်ရွက်ချက်များ လိုအပ်ပါကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာ၏ အကူအညီကို လေးလေးနက်နက် လိုအပ်လျက်ရှိကြောင်း၊

(တ) အခြားတစ်ဖက်တွင်လည်း စစ်အုပ်စုမှ ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲက လုံးဝဥဿုံ ယုတ္တိကင်းမဲ့သဖြင့် တခဲနက် ဝိုင်းဝန်းကန့်ကွက်ကြရမည်သာဖြစ်သည်ဟု ရှင်းလင်းစွာ ပြောကြားလိုကြောင်း၊

(ထ) အဆိုပါ အတုအယောင် ရွေးကောက်ပွဲသည် နိုင်ငံရေးထောင်ချောက်တစ်ခုဖြစ်ပြီး စစ်မှန်သော ထွက်ပေါက်ဗျူဟာတစ်ခု မဟုတ်ပါကြောင်း၊

(ဒ) ပထမအချက်အနေဖြင့် စစ်အုပ်စုသည် ရွေးကောက်ခံ အရပ်သားအစိုးရကို တရားမဝင် ဖယ်ရှား ကာ မတရားစစ်အာဏာသိမ်းခဲ့ခြင်းဖြစ်သောကြောင့် ဥပဒေကြောင်းအရဖြစ်စေ၊ ကျင့်ဝတ်သိက္ခာအရ ဖြစ်စေ ရွေးကောက်ပွဲ ကျင်းပပြုလုပ်နိုင်သည့် တရားဝင် အခွင့်အာဏာ မရှိကြောင်း၊

(ဓ) ဒုတိယအချက်အနေဖြင့် စစ်အုပ်စုသည် ပြည်သူများအပေါ်တွင် လူမဆန်စွာ စစ်မက်ပြုနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများကို စနစ်တကျ၊ လွန်လွန်ကျူးကျူး၊ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေသောကြောင့် ၎င်းတို့၏ရွေးကောက်ပွဲဟုခေါ်တွင်သောနည်းလမ်းမှာ တရားဝင်နိုင်ငံရေး လုပ်ငန်းစဉ် မဟုတ်သကဲ့သို့ မှန်ကန်သည့် ဖြေရှင်းနည်းလည်း မဟုတ်ကြောင်း၊

(န) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ အပါအဝင် ရွေးကောက်ခံခေါင်းဆောင်များနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများမှာ ထောင်တိုင်များအနောက်၌ ဆက်လက် မတရားဖမ်းဆီးထိန်းသိမ်းချုပ်နှောင်ခံထားရသောကြောင့် လွတ်လပ်၍ တရားမျှတသော မဲပေးရွေးချယ်မှုအတွက် အခြေခံကျသည့် အခြေအနေများလည်း မရှိကြောင်း၊ နိုင်ငံရေးပါတီ အများစုမှာလည်း ဖျက်သိမ်းခံထားရကြောင်း၊

(ပ) လူအလုံးအရင်းဖြင့် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေခြင်း၊ နေရာအနှံ့ ပဋိပက္ခများ ဖြစ်ပွားနေခြင်း၊ စစ်အုပ်စုမှ အကြောက်တရားဖြင့် ထိန်းချုပ်နေခြင်းနှင့် နိုင်ငံသားများ၏ နိုင်ငံရေး အခွင့်အရေးအား ကန့်သတ်ခံထားရပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်အား ထိန်းချုပ်ထားခြင်းတို့လည်း ဆက်လက်ဖြစ်ပေါ်နေကြောင်း၊

(ဖ) စစ်အုပ်စုအနေဖြင့် နိုင်ငံ၏ နယ်မြေ ၃၀ ရာခိုင်နှုန်းအောက်ကိုသာ ထိန်းချုပ်ထားနိုင်တော့သဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲရုံများကို စီမံခန့်ခွဲရန် လက်တွေ့ကျကျ မဖြစ်နိုင်သော အခြေအနေကို ဖြစ်ပေါ်စေပြီး မဟာဗျူဟာအရလည်း အဓိပ္ပာယ်မဲ့စေပါကြောင်း၊ လက်ရှိ အခြေအနေအောက်တွင် ကျင်းပသည့် ရွေးကောက်ပွဲသည် မည်သို့မျှ လွတ်လပ်၊ မျှတ၍ အားလုံးပါဝင်မှု ရှိနိုင်မည် မဟုတ်ဘဲ လိမ်ညာလှည့်ဖြားသည့် လုပ်ငန်းစဉ်မျှသာဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် စစ်အုပ်စု၏ ကျော့ကွင်းထောက်ချောက်အတွင်းသို့ မည်သို့မျှ ကျရောက်၍ မရကြောင်း၊ ထို့အတူ ၎င်းတို့၏ ဝါဒမှိုင်းတိုက်ခြင်း၊ သတင်းအမှားနှင့် ယုတ္တိယုတ္တန် မရှိသော အချက်အလက်များ ဖြန့်ဝေခြင်းအောက်တွင်လည်း ဦးတည်ချက် မပျောက်ဆုံးသင့် ကြောင်း၊

(ဗ) စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများ ကျူးလွန်နေသည့် ရာဇဝတ်သားများအား လက်ခံအားပေးခြင်းက စစ်အုပ်စုအား အပြစ်မဲ့ အရပ်သားပြည်သူများကို ပိုမို သတ်ဖြတ်ခွင့်ရစေနိုင်သည့် လိုင်စင်တစ်ခု ပေးအပ်ရာရောက်မည်ဖြစ်ကြောင်း၊ ထို့နည်းတူ ပဋိပက္ခများကိုလည်း ပိုမိုရှည်ကြာစေနိုင်ပြီး ပြည်သူများ၏ ဒုက္ခများကိုပါ နက်သည်ထက် နက်စေမည် ဖြစ်ကြောင်း၊

(ဘ) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း စစ်အုပ်စု၏ ဤအစီအမံမှာ နိုင်ငံတကာ ထောက်ခံမှု ရယူလိုသည့် ကြိုးပမ်းမှုဖြစ်သည်ဟု ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ စစ်အုပ်စု လက်အောက် ကျင်းပသည့် မည်သည့် ရွေးကောက်ပွဲမဆို အကျပ်အတည်းအား ရှည်ကြာစေမည် ဟုလည်း ရှင်းလင်းထားပြီးဖြစ်ကြောင်း၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများအနေဖြင့်လည်း စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ အား ပြင်းထန်စွာ ကန့်ကွက်ထားပြီး နိုင်ငံတကာအသိုက်အဝန်းမှလည်း အလားတူ လုပ်ဆောင် ရန် တောင်းဆိုထားကြောင်း၊

(မ) ဤတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ လူ့အခွင့်အရေးမဟာမင်းကြီးနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်း သူတို့မှ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအပေါ် ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်များအတွက် ကျေးဇူးတင်ရှိလိုပါကြောင်း၊ အထူးအားဖြင့် အထူးအစီရင်ခံစာတင်သွင်းသူမှ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအား ကန့်ကွက်ရန် တစ်စိုက်မတ်မတ် တောင်းဆိုပေးနေသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်း တစ်ခုလုံးအနေဖြင့်လည်း စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအား ကန့်ကွက်ကြောင်းကို အထွေထွေညီလာခံ နှင့် လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် များနှင့် လုံခြုံရေးကောင်စီ ထုတ်ပြန်ချက်များတွင် ထည့်သွင်းခြင်းအားဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်းကို ခိုင်ခိုင်မာမာ ပြသသင့်ကြောင်း၊

(ယ) မြန်မာအရေးကိစ္စအား ဖြေရှင်းရန်အတွက် နစ်နာသူများအတွက် တရားမျှတမှု ဖော်ဆောင်ကာ တရားခံများ၏ ပြစ်ဒဏ်ကင်းလွတ်နေမှုအား အပြီးတိုင်း ချုပ်ငြိမ်းရမည်ဖြစ်ကြောင်း၊

(ရ) လူ့အခွင့်အရေးမဟာမင်းကြီးမှ တောင်းဆိုထားသည့်အတိုင်း လုံခြုံရေးကောင်စီအနေဖြင့် မြန်မာအရေးကိစ္စတစ်စုံလုံးကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းတင်သွင်းရန် ထပ်လောင်း တောင်းဆိုလိုကြောင်း၊ ဤနေရာတွင် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအနေဖြင့် မြန်မာ့အရေးအတွက် အပတ်တကုပ်ကြိုးစားပေးပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး၊ နိုင်ငံတကာရာဇဝတ်ခုံရုံးနှင့် အာဂျင်တီးနားရှိ အစိုးရရှေ့နေချုပ်ရုံး အမှတ်(၉) တို့ထံ သက်သေအထောက်အထားများ မျှဝေပေးသည့်အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး အစိုးရရှေ့နေမှ မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ရန် ၂၀၂၄ ခုနှစ်က တောင်းဆိုခဲ့သည့်အပေါ်လည်း ကြိုဆိုထောက်ခံပါကြောင်း၊ နိုင်ငံတကာရာဇဝတ်ခုံရုံးအနေဖြင့် မင်းအောင်လှိုင်အား ဖမ်းဝရမ်း ထုတ်ရန် အချိန်အခါ ကျသင့်နေပြီဖြစ်ကြောင်း၊ ဤနည်းအားဖြင့် ရာဇဝတ်သားများအနေဖြင့် ၎င်းတို့ကျူးလွန်သည့် လူမဆန်သော ရာဇဝတ်မှုများအတွက် လွတ်လမ်းမရှိကြောင်းကို ပြတ်သားစွာ သတင်းစကားပါးနိုင်မည်ဖြစ်ကြောင်း၊

(လ) ထို့ထက် မြန်မာအရေးကိစ္စအားဖြေရှင်းရန် ပြည်သူ့ဆန္ဒနှင့်အညီ လုပ်ဆောင်ခြင်းကသာလျှင်

ပြည့်စုံကုံလုံသည့် နိုင်ငံရေးနည်းလမ်းဖြစ်ကြောင်း၊ သို့ဖြစ်ရာ စစ်အာဏာရှင်စနစ်နှင့် မတရား စစ်အာဏာသိမ်းမှုတို့ ကျရှုံးရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် အားထုတ်ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊

(ဝ) ထို့အတူ မြန်မာပြည်သူများ၏ဆန္ဒနှင့် မြန်မာနိုင်ငံ ဦးဆောင်သည့် နည်းလမ်းကသာ ပြဿနာ အား အဓိကဖြေရှင်းနိုင်မည်ကိုလည်း လက်ခံကြောင်း၊ ထို့ကြောင့် မိမိတို့၏ ဒီမိုကရေစီ အင်အားစုများနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများအကြား ဆွေးနွေးမှုများ စတင် ဆောင်ရွက်နေကြပြီဖြစ်ပြီး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် အုတ်မြစ်ချလမ်းခင်းနေသည့်နည်းတူ အမျိုးသားစည်းလုံးညီညွတ်မှုရရှိရေးအတွက် အသွင်ကူးပြောင်းမှုဆိုင်ရာ ပြန်လည်သင့်မြတ်ရေးလမ်းကြောင်းပေါ်သို့ ဦးတည်သွားနေပါကြောင်း၊

(သ) သို့ဖြစ်ပါ၍ နိုင်ငံတဝှမ်း၌ အကြမ်းဖက်မှုများ ချုပ်ငြိမ်းစေရန်၊ လိုအပ်နေသူများ၊ အထူးသဖြင့် ပဋိပက္ခဒဏ်သင့် နေရာများထံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ အဟန့်အတား မရှိ ပို့ဆောင်နိုင်ရန်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချက်ချင်းပြန်လည်လွှတ်ပေးရန်၊ မြန်မာနိုင်ငံရှိ ပြည်သူအားလုံး အခြေခံလူ့အခွင့်အရေးများ ခံစားခွင့်ရနိုင်မည့် အခြေအနေများ ဖန်တီးပေးရန် တောင်းဆိုလိုပါကြောင်း၊ သို့မှသာ အားလုံးပါဝင်မှုရှိသည့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုဆီသို့ ဦးတည်သွားရောက်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံအား ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု လမ်းကြောင်းမှန်ပေါ်သို့ ပို့ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊

(ဟ) နိုင်ငံတကာအသိုက်အဝန်း၊ ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများနှင့် အာဆီယံတို့အနေဖြင့် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်အားဖြည့်ပေးနိုင်ကြောင်း၊ ဤတွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံအား မြန်မာပြည်သူများအပေါ် စဉ်ဆက်မပြတ် အားပေးကူညီသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊

(ဠ) နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ၊ အခြားသော စစ်ဘက်၊ အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများနှင့် ဆက်စပ်နည်းပညာများ စီးဆင်းနေမှုအား ဖြတ်တောက်နိုင်မည့် နည်းလမ်းများကို အတူတကွ ညီညွတ်စွာ ချမှတ်ဖော်ဆောင်ရန် တောင်းဆိုလိုပါကြောင်း၊ ဤသည်မှာ အရပ်သားပြည်သူများအား ကယ်တင်ကာကွယ်ပေးခြင်းပင်ဖြစ်ကြောင်း၊

(အ) စစ်အုပ်စုသည်ပင်လျှင် မြန်မာ့အကျပ်အတည်း၏ ဇစ်မြစ်ဖြစ်ကြောင်း၊ ယင်းအား ဖြေရှင်းရန်၊ မြန်မာ့အကျပ်အတည်း ပိုမိုဆိုးရွားလာခြင်းမှ ကာကွယ်ရန်နှင့် အရပ်သားဆုံးရှုံးမှုအား တားဆီးရန် နိုင်ငံတကာထံမှ အရေးပေါ်လုပ်ဆောင်ချက်များ လိုအပ်ပါကြောင်း၊ မိမိတို့တွင် အာဆီယံဘုံသဘော တူညီချက် (၅) ရပ်၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် (၂၆၆၉) နှင့် အထွေထွေညီလာခံ၊ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်များ အခြေခံရှိထားပြီးဖြစ်ကြောင်း၊ အဆိုပါ ထုတ်ပြန် ချက်များအား စစ်အုပ်စုမှ အကောင်အထည်ဖော်ဆောင်ရွက်ရန် အသံတစ်သံတည်းဖြင့် တောင်းဆိုကာ ပြည်သူ့အသက်များကို ကယ်တင်ရမည်ဖြစ်ကြောင်း၊

(ကက) မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ သိက္ခာရှိမှုနှင့် စစ်မှန်သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် နိုင်ငံတကာ၏ စည်းလုံးညီညွတ်သော အကူအညီများကို မြန်မာပြည်သူများက အားထားပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံရေးဆန္ဒရှိမှုနှင့် လူသားဆန်မှုအပေါ် ထားရှိသည့် မှန်ကန်သောမူ တို့ကသာလျှင် မြန်မာပြည်သူများ၏ အသက်အိုးအိမ်နှင့် အနာဂတ်တို့အား ကယ်တင်နိုင်မည့် သော့ချက်ဖြစ်ပါကြောင်း။


၅။        မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,

at the Combined Briefing on Myanmar,

in the Third Committee, at the Eightieth Session of the UN General Assembly


(New York, 28 October 2025)

Mr. Chair,

I wish to express my profound gratitude to the briefers for illuminating the dire situation in Myanmar. The accounts from the IIMM, the Secretary-General's report, and the Special Rapporteur confirm clearly a grim picture that is far more tragic on the ground than we can convey.

The situation continues to deteriorate alarmingly due to the unlawful military coup attempt of February 2021. Now approaching entering its fifth year, the military junta and its affiliates have escalated their campaign of terror, resulting in immense suffering.

Mr. Chair,

In recent years, the military junta has intensified further its aerial bombardments and artillery attacks on civilian areas including schools, hospitals, and religious sites across the country. Civilian deaths resulting from these aerial attacks and artillery shelling in 2025 so far have reportedly nearly doubled compared to 2024.

The IIMM continues to uncover evidence of an escalating number of war crimes and crimes against humanity, which we strongly agree with. This includes evidence of the killings of civilians and detained combatants, systematic torture, including electric shocks and strangulation, and sexual and gender-based crimes within detention facilities. The terrorizing effects of these actions, including the mental trauma described by displaced civilians, are deeply concerning.

Humanitarian reports of the UN have captured almost 3.6 million people as displaced nationwide, with nearly 22 million people requiring humanitarian assistance. 6.9 million children and 10.4 million women and girls continue to bear a disproportionate burden of the crisis. This already dire situation was exacerbated by the powerful earthquakes in March 2025, which killed at least 3,800 people and destroyed over 55,000 homes. Yet, the junta further intensified aerial bombardments in the civilian areas including the earthquake affected areas in the aftermath.

The junta's forced conscription has also led to the fleeing of thousands of youths from the country through irregular channels to avoid forced recruitment. This has heightened their exposure to severe protection risks, including human trafficking, sexual exploitation, and child labor, with over 40% of children aged 6–23 months struggling to access diverse and nutritious meals.

Mr. Chair,

As we have heard during the recent High-level Conference on the Situation of Rohingya Muslims and Other Minorities in Myanmar, conditions have worsened in Rakhine State. Rohingya Muslims and other vulnerable communities are in an especially vulnerable position, subjected to forced recruitment, discrimination, and persecution by the junta. Moreover, the prospect for safe, dignified, and voluntary return is not viable under the junta’s continued atrocities against civilians.

Mr.  Chair,

At this time our people are encountering various sufferings and challenges and making our utmost efforts to build new Myanmar. At today’s discussion, I wish to focus on the following four areas, proliferation of transnational organized crimes, the junta’s planned sham and scam election, addressing impunity and way forward for future Myanmar.

The collapse of rule of law, enjoyment of impunity and intentionally creation of safe havens for criminal syndicates by the military junta and its Border Guard Forces (BGF)have made Myanmar to become a global epicenter for transnational organized crimes, posing a severe challenge to the region and beyond.

Criminal networks, often operating in border areas, are running massive online scam compounds, notably in areas controlled by the junta’s BGFs in Kayin and Shan states. These compounds rely on human trafficking for forced criminality, with hundreds of thousands of victims from countries across the world.

The victims of this online scam are subjected to digital slavery, online fraud, torture, sometime even to death, forced labor and human trafficking.

Up to 100,000 young men and women have been trafficked to the scam compounds and forced to commit online scams, generating nearly US $40 billion annually, often utilizing advanced AI tools for fraud.

The online scam originated in Myanmar sadly has big impacts on the regional and international peace and security.

Failures to address the root causes of these highly-adaptive cyber-scam operations has only resulted in short-term respite, after which scam centers from the northeast border of Myanmar shifted to its southeast border.

It is crystal clear that the military junta is not part of any sustainable solution to the branching of these cyber scam centers that are rooted in the junta itself.

Moreover, this illicit economy also fuels the production and trafficking of synthetic drugs, making Myanmar the world's largest producer of opium and methamphetamine, thereby threatening regional prosperity and instability.

Clearly, a coordinated and effective action of the international community including the UN is needed now to stop proliferation of transnational organized crimes, and save and prevent the victims of TOCs. We need your serious support.

Mr. Chair,

Let me be straight forward, the military junta's planned sham election is completely absurd and must be unequivocally rejected.

This election is a political trap, not a genuine exit strategy.

First and foremost, the military junta, which illegally overthrew the elected government by staging a military coup, has no legal and moral authority to organize such election.

It cannot serve as a viable resolution because a legitimate political process is impossible while the junta is fighting a heinous war against its own people and systematically and seriously committing widespread violation of human rights.

Fundamental conditions for a free and fair poll are non-existent. The elected leaders, including State Counsellor Daw Aung San Suu Kyi, and President U Win Myint and human rights defenders remain arbitrarily detained or imprisoned. Many political parties were unjustly dissolved.

Massive internal displacement, widespread conflict, the military’s campaign of intimidation and no freedom of expression mean citizens cannot freely exercise their political rights.

The junta currently controls less than 30% of the country's territory, making nationwide polling logistically impossible and strategically meaningless.

An election in the current context will neither be free, fair, nor inclusive, and it is a deceitful process.

There is no way we can fall into the junta’s trap or be misguided by their propaganda, misinformation, and disinformation.

We must always be mindful that accommodating the perpetrators of war crimes and crimes against humanity will not only give license for the military junta to kill more innocent people but also protract conflicts and deepen the suffering of our people.

The National Unity Government has rightfully denounced this plan as a desperate attempt by the military junta to secure international recognition. It has also made clear that any election held under the junta, amid ongoing conflict and severe repression, will only prolong the crisis.

Similarly, the Ethnic Resistance Organizations, CSOs have strongly rejected the junta’s planned scam election and called for the international community to do the same.

Thus, we thank the UN Secretary General, the Special Envoy, the UN High Commissioner for Human Rights, and the Special Rapporteur on Myanmar for their statements on this sham election, in particular the persistent call by the Special Rapporteur to reject this sham election.

In my view, it is not enough to stop this deceitful and dangerous process.

Therefore, the UN as a whole including member states should be bold and express their solidarity with the people of Myanmar by rejecting the junta’s planned sham election through resolutions of the UN General Assembly and the Human Rights Council as well as the UN Security Council’s statements.

The UN should not fail again the people of Myanmar.

Mr. Chair,

To have a sustainable solution to the crisis in Myanmar, we have to bring justice to the victims and end the culture of impunity.

We echo the repeated calls by the High Commissioner for Human Rights to the Security Council to refer the situation of Myanmar as a whole to the International Criminal Court.

We thank the IIMM for its hard work and for sharing unprecedentedly high volume of evidence and analysis with the International Court of Justice (ICJ), the International Criminal Court (ICC), and Federal Prosecutor's Office No. 9 in Argentina.

We welcome the request for an arrest warrant of Senior General Min Aung Hlaing by the ICC Prosecutor in November 2024. It is already time for the ICC to issue such arrest warrant for Min Aung Hlaing.

This sends a strong message that there is no place for perpetrators of heinous crimes.

Mr. Chair,

The only legitimate way forward is through a comprehensive political solution that aligns with the will of the people. We must step up our effort to ending the military dictatorship and its unlawful coup and establish a Federal Democratic Union.

Of course, ultimately a solution lines on the people of Myanmar, a Myanmar-owned and Myanmar-led solution.

Therefore, internal-talks among our democratic forces and relevant stakeholders have already started to gain a transformational reconciliatory path toward national unity while laying the groundwork for a federal democratic union.

Following are our demands:

Cease the violence across the country.

Allow unimpeded access of humanitarian assistance to all people in need especially to the conflict affected area.

Release immediately all political prisoners including State Counsellor Aung San Suu Kyi and President Win Myint.

Create conditions where all fundamental human rights can be enjoyed by all people in Myanmar.

We believe that these will lead to a genuine and inclusive dialogue, and thereby bring Myanmar to a right path towards a federal democratic union.

In this regard, the international community, the UN and its member states, the ASEAN can play a positive role to make it happened.

Accordingly, I thank Malaysia, as Chair of ASEAN for its continued efforts supporting the people of Myanmar.

To bring Myanmar to a right path, I wish to appeal to the member states to work together in a coordinated manner tostop the flow of arms, weapons, jet fuel, other dual-use items and related technologies to the military junta. It will also save and protect civilians.

Mr. Chair,

In conclusion, the military junta is the root cause to Myanmar’s crisis. Addressing it require urgent actions from the international community to prevent further deepening the crisis and civilian loss in Myanmar.

Therefore, we should base on what we already have, ASEAN 5 PC, UN SC Resolution 2669, relevant UN GA and HRC resolutions on Myanmar.

For sake of saving lives, we all have to be one voice in urging the military junta forcefully to implement relevant provisions of the resolutions related to Myanmar. Such action would show that the UN and its member states care the people of Myanmar who are indeed helpless now.

The people of Myanmar are counting on the unified support of the international community to realize our legitimate aspirations for peace, dignity, and a genuine democratic transition.

The political will of the member states and their principle position of humanity are the key to save the people of Myanmar and their future.

I thank you.

*****

ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree
ree

ree
ree
ree
ree
ree
ree
ree

Permanent Mission of the Republic of the Union of Myanmar to the United Nations, New York

10 East, 77th Street, New York, NY. 10075

+1 (212) 744-1271, (212) 744 -1275

myanmarmission@verizon.net

Consular Matters

10 East, 77th Street, New York, NY. 10075

+1 (212) 744-1279

myanmarconsulateny@verizon.net

Official website of the Permanent Mission of the Republic of the Union of Myanmar to the United Nations.

bottom of page