top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at Open Debate of UNSC on Peacebuilding and Sustaining Peace




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Open Debate of the UN Security Council on Peacebuilding and Sustaining Peace: Investment in People to Enhance Resilience against Complex Challenges, held on 26 January 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ‘ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေးတည်တံ့ခိုင်မြဲစေရေး - ရှုပ်ထွေးလှသည့်စိန်ခေါ်မှုများကို ခံနိုင်ရည်အားကောင်းစွာ ရင်ဆိုင်နိုင်ရေးအတွက် ပြည်သူများအပေါ်တွင် ရင်းနှီးမြှုပ်နှံခြင်း’ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မတရားစစ်တပ်ကြောင့် နိုင်ငံ့အဖွဲ့အစည်းများ ထိခိုက်ပျက်စီးသွားမှု၏ ဆိုးကျိုးသည် များစွာကြီးမားပြီး၊ မြန်မာနိုင်ငံအတွင်းတွင် သာမက ဒေသတွင်းနိုင်ငံများနှင့် အခြားနိုင်ငံများသို့ပါ ထိခိုက်စေကြောင်း မီးမောင်းထိုးပြခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်)


၁။ နယူးယောက်မြို့ရှိ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွက် အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော ဂျပန်နိုင်ငံမှ ဦးဆောင်၍ ‘‘ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲ စေရေး - ရှုပ်ထွေးလှသည့် စိန်ခေါ်မှုများကို ခံနိုင်ရည်အားကောင်းစွာ ရင်ဆိုင်နိုင်ရေးအတွက် ပြည်သူများ အပေါ်တွင် ရင်းနှီးမြှုပ်နှံခြင်း” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ၂၆-၁-၂၀၂၃ ရက် ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။


၂။ အဆိုပါဆွေးနွေးပွဲ၌ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်၊ ငြိမ်းချမ်းရေးတည်ဆောက်ရေး ကော်မရှင်၏ သဘာပတိနှင့် Network on Peace and Security for Women ၏ သဘာပတိတို့က ကနဦးမှတ်ချက်ပြုဆွေးနွေးခဲ့ကြပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများနှင့် လုံခြုံရေးကောင်စီ၏ အဖွဲ့ဝင် နိုင်ငံမဟုတ်သော ကုလသမဂ္ဂအဖွဲ့နိုင်ငံများနှင့် လေ့လာသည့်အဖွဲ့များက ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှလည်း ဆွေးနွေးပွဲသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) ငြိမ်းချမ်းရေးသည် ကုလသမဂ္ဂအဖွဲ့အစည်းထံမှ လူအများ လိုလားတောင့်တသည့် အဓိက မျှော်လင့်ချက်ဖြစ်ကြောင်း၊


(ခ) နိုင်ငံတကာ ငြိမ်ချမ်းရေးနှင့် လုံခြုံရေးအား ထိန်းသိမ်းသည့်နည်းတူ ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးအား ခိုင်မာအားကောင်းစေခြင်းတို့မှာ ကုလသမဂ္ဂအဖွဲ့အစည်း၏ ရည်ရွယ်ချက်ဖြစ်ပြီး၊ ဆယ်စုနှစ် (၈) ခုအကြာ ကမ္ဘာစစ် မဖြစ်ပွားစေရန်နှင့် နိုင်ငံတကာ ငြိမ်းချမ်းရေး ဖြစ်ထွန်းစေရန် ထိန်းသိမ်းနိုင်ခြင်းကိုကြည့်ခြင်းဖြင့် ကုလသမဂ္ဂအဖွဲ့အစည်း ပါဝင်သည့် multilateral structure တည်ရှိမှုကြောင့်ပင်ဖြစ်သည်ဟု မှတ်ယူနိုင်မည်ဖြစ်ကြောင်း၊


(ဂ) သို့ရာတွင် ယခုမျက်မှောက်ကာလတွင်မူ ကုလသမဂ္ဂ အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့် အခြေခံစည်းမျဉ်းတို့မှာ ယခင်ကထက်ပို၍ ခြိမ်းခြောက်ခြင်းခံနေရကြောင်း၊ ကမ္ဘာအနှံ့ ဖြစ်ပွားနေသော ပဋိပက္ခများကြောင့်လည်း လူသန်းပေါင်းများစွာ ဒုက္ခခံစားနေရကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြစ်ဒဏ်ခတ်ခြင်း မခံရသည့် အစဉ်အလာတို့ ပျက်သုဉ်းနေခြင်းအပြင် ကပ်ရောဂါနှင့် ရာသီဥတု ပြောင်းလဲခြင်း စသည့် ရှုပ်ထွေးလှသော စိန်ခေါ်မှုများကြောင့်လည်း ပဋိပက္ခများ၏ ပြဿနာအရင်းအမြစ်ကို ဖြေရှင်းရန် နှောင့်နှေးကြန့်ကြာလျက်ရှိကြောင်း၊


(ဃ) နိုင်ငံတကာနှင့် ပြည်တွင်းအဆင့်တို့တွင် ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲစေရေးအတွက် လက်နက်ကိုင် ပဋိပက္ခများအား ထိန်းချုပ်ခြင်းနှင့် ယင်းပဋိပက္ခများ ပြင်းထန်လာခြင်းမှ ကြိုတင်ကာကွယ်ရုံမျှဖြင့် မလုံလောက်တော့ကြောင်း၊ ယင်းတို့အပြင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ Agenda for Peace တွင် နျူးကလီးယားလက်နက် အသုံးမပြုရေးနှင့် နောက်ဆုံးတွင် ယင်းလက်နက်များအား အလုံးစုံဖျက်သိမ်းရေး တို့အတွက် လေးနက်သော ကတိကဝတ်ပြုမှုများ လိုအပ်သည်ဟု ဖော်ပြထားကြောင်း၊ အဓိကအားဖြင့် အင်အားကြီးနိုင်ငံများအကြားတွင် ယုံကြည်မှုလျော့ရဲလာသည်နှင့်အမျှ ယင်းကတိကဝတ်မှာ ယခင်ကထက် ပို၍ အရေးပါလာကြောင်း၊


(င) အထူးသဖြင့် အသိုက်အဝန်းတစ်ခုတွင် တရားမျှတမှုနှင့် လူမှုဘဝတည်ငြိမ်အေးချမ်းရေးတို့ကို ဖော်ဆောင်ပေးသည့် နိုင်ငံရေးအခြေအနေသည် လုံးဝဥဿုံ သို့တည်းမဟုတ် တစိတ်တဒေသ ပျက်စီးယို့ယွင်းလာခြင်းကြောင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရကြောင်း၊


(စ) သို့ဖြစ်ရာ ရေရှည်တည်တံ့ခိုင်မြဲသည့် နိုင်ငံရေးစနစ် တည်ဆောက်၍ ငြိမ်းချမ်းရေး ရရှိလိုပါက နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအဖွဲ့အစည်းများအား တည်ငြိမ်မှုရှိ၍ ခိုင်မာအားကောင်းစေနိုင်မည့် ငြိမ်းချမ်းရေးတည်ဆောက်ရေး လုပ်ဆောင်မှုများ လိုအပ်ကြောင်း၊ ဤကြိုးပန်းအားထုတ်မှုများအတွက် SDG ပန်းတိုင် (၁၆) သည် အလွန်အရေးပါကြောင်း၊


(ဆ) မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်တင်မြှောက်ထားသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့ ဦးဆောင်သော ဒီမိုကရေစီကျကျ ပြည်သူ့ရွေးကောက်ခံ အစိုးရအဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ရေးတွင် အားသွန်ခွန်စိုက် ကြိုးပမ်းတည်ဆောက်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံ့အဖွဲ့အစည်းများကို ပွင့်လင်းမြင်သာမှုရှိစေရန်နှင့် တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ခဲ့သကဲ့သို့ သတင်းမီဒီယာနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍ ရှိစေရေးကိုပါ ဖန်တီးပေးခဲ့ကြောင်း၊ အဆိုပါကြိုးပမ်း အားထုတ်မှုများကြောင့် နိုင်ငံရေးအဖွဲ့အစည်းများအပေါ် အစဉ်အဆက်ယုံကြည်မှုကျဆင်းနေသည့် ပြည်သူ့ယုံကြည်မှုကို ပြန်လည်မြှင့်တင်နိုင်ခဲ့ကြောင်း၊ မည်သို့ပင်ဆိုစေ စစ်တပ်မှ ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် စစ်တပ်ထိန်းချုပ်မှုအောက်တွင်ရှိနေသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများကို မပြောင်းလဲနိုင်ခဲ့ကြောင်း၊


(ဇ) ထို့ပြင် ၁-၂-၂၀၂၁ ရက်နေ့တွင် ရက်စက်ကြမ်းကြုတ်သော စစ်တပ်ခေါင်းဆောင်များက ၎င်းတို့အကျိုးအတွက် အဆိုပါအဖွဲ့အစည်းများကို အသုံးချကာ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရအဖွဲ့ကို ဆန့်ကျင်၍ တရားမဝင် စစ်အာဏာသိမ်းမှုကို ပြုလုပ်ခဲ့ကြောင်း၊ ဤသည်မှာ စစ်တပ်မှ ၎င်းတို့ကိုယ်တိုင်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရပင်လျှင် တရားဝင်မှုမရှိကြောင်း၊


(ဈ) ထိုအချိန်မှစတင်၍ မြန်မာပြည်သူများအနေဖြင့် တရားမဝင် စစ်အာဏာသိမ်း စစ်တပ် လက်အောက်ရှိ မည်သည့် နိုင်ငံ့အဖွဲ့အစည်းအပေါ်တွင်မဆို ယုံကြည်မှုကင်းမဲ့ခဲ့ပြီဖြစ်ကြောင်း၊ အထူးသဖြင့် စစ်တပ်၏ လုံခြုံရေးအင်အားစုများအနေဖြင့် ပြစ်ဒဏ်ခတ်ခြင်း မခံရသည့်အစဉ်အလာကို ခုတုံးလုပ်၍ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို အထပ်ထပ်အခါခါ ကျူးလွန်လျက်ရှိသောကြောင့်ဖြစ်ကြောင်း၊ အလားတူအခြားသော တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၊ တရားရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ဘဏ္ဍာရေး၊ သတင်းအချက်အလက်နှင့် နည်းပညာစသည့်ကဏ္ဍတို့ မှာလည်း တရားမဝင် အာဏာသိမ်းစစ်တပ်မှ မြန်မာပြည်သူများအပေါ် ဖိနှိပ်ရာတွင် အသုံးချခံရသည့် ကရိယာပစ္စည်းများ သက်သက်မျှသာ ဖြစ်လာခဲ့ကြောင်း၊


(ည) ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအရပ်သားအစိုးရမှ လူသားများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် ကြိုးပမ်းအားထုတ်မှုအားလုံးမှာ ဤတရားမဝင် စစ်အာဏာသိမ်းမှု (၂) နှစ် တာကာလအတွင်း၌ ဆန့်ကျင်ဘက်လားရာသို့ ပြောင်းလဲခဲ့ပြီဖြစ်ကြောင်း၊ စစ်တပ်က တရားဥပဒေစိုးမိုးရေး အစား အကျင့်ပျက်ချစားမှုဖြင့် အစားထိုးခဲ့ပြီဖြစ်ကြောင်း၊ ပိုမိုဆိုးရွားသည့်အချက်မှာ စစ်တပ်အနေဖြင့် မြန်မာနိုင်ငံတွင် နယ်ခြားဖြတ်ကျော်မှုခင်းများအတွက် လုံခြုံစိတ်ချရသည့်နေရာများ ဖန်တီးပေးလျက်ရှိပြီး နိုင်ငံ၏ သမိုင်းတလျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအား နယ်ခြားဖြတ်ကျော်မှုခင်းများ အတွက် ဦးတည်ရာနေရာအဖြစ် ပြုလုပ်ခဲ့ကြောင်း၊


(ဋ) မတရားစစ်တပ်ကြောင့် နိုင်ငံ့အဖွဲ့အစည်းများ ထိခိုက်ပျက်စီးသွားမှု၏ ဆိုးကျိုးသည် များစွာ ကြီးမားပြီး၊ မြန်မာနိုင်ငံအတွင်းတွင် သာမက ဒေသတွင်းနိုင်ငံများနှင့် အခြားနိုင်ငံများသို့ပါ ထိခိုက်စေ ကြောင်း၊


(ဌ) တရားဝင်မှု အလျဉ်းမရှိသော၊ အတိုင်းအဆမရှိ ရက်စက်ကြမ်းကြုတ်သော၊ တရားဥပဒေ စိုးမိုးရေးကို မြူမှုန်မျှပင် လေးစားလိုက်နာမှုမရှိသော စစ်အာဏာရှင်အောက်တွင် လူသားလုံခြုံရေး၊ လူ့အခွင့်အရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူအများအပေါ် ရင်းနှီးမြှုပ်နှံမှုသည် ယခုတွင် မရှိသကဲ့သို့ နောင်တွင်လည်း ရှိလာနိုင်မည် မဟုတ်ကြောင်း၊ မြန်မာစစ်အာဏာရှင်များသည် ၎င်းတို့၏ အကျိုးစီးပွားတစ်ခုတည်းအတွက် ပြည်သူများကို ဆက်လက်အန္တရာယ်ပြုရန် ဆန္ဒရှိသကဲ့သို့ လက်တွန့် တုံ့ဆိုင်းနေမည်လည်း မဟုတ်ကြောင်း၊


(ဍ) မြန်မာနိုင်ငံတွင် အဓိပ္ပါယ်ပြည့်ဝသော လုံခြုံရေးနှင့် တရားရေးရာကဏ္ဍ ပြုပြင်ပြောင်းလဲခြင်းသည် ဖက်ဆစ်စစ်တပ်အား တွန်းလှန်ဆန့်ကျင်လျက်ရှိသည့် တော်လှန်ရေးလှုပ်ရှားမှု၏ အဓိကပန်းတိုင်များတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြည်သူပြည်သားများအပေါ်တွင် တာဝန်ခံမှုရှိသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့အစည်းများ ဖွဲ့စည်းတည်ဆောက်နိုင်ခြင်းမရှိပါက ငြိမ်းချမ်းရေး တည်တံ့ခိုင်မြဲနိုင်မည်မဟုတ်သောကြောင့်ဖြစ်ကြောင်း၊


(ဎ) မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ထွန်းကားလာစေရန်နှင့် တရားဥပဒေစိုးမိုးမှုရှိစေရန် ကြိုးပမ်း အားထုတ်နေသည့် မြန်မာပြည်သူများအား ပံ့ပိုးကူညီအားပေးလျက်ရှိသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံ၊ အခြားသောကုလသမဂ္ဂအဖွဲ့အစည်းများ၊ အာဆီယံနှင့် နိုင်ငံတစ်နိုင်ငံချင်းစီအား အမျိုးသားညီညွတ်ရေးအစိုးရမှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊


(ဏ) မြန်မာနိုင်ငံတွင် လက်ရှိ တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်း များကို ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများသည် ထိရောက်မှုရှိသော၊ တာဝန်ခံမှုရှိသော၊ အားလုံးပါဝင်သော၊ ပွင့်လင်းမြင်သာမှုရှိသော နိုင်ငံ့အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သို့ အသွင်ကူးပြောင်း ထူထောင်နိုင်စေမည့် နည်းလမ်းများဖြစ်ရေးက အလွန်အရေးပါကြောင်း၊ ယင်းနိုင်ငံရေးစနစ်ကသာလျှင် မြန်မာပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုတို့ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါပန်းတိုင်သို့ ရောက်ရှိအောင်မြင်နိုင်ရန် အမျိုးသားညီညွတ်ရေး အစိုးရနှင့် မြန်မာနိုင်ငံဒီမိုကရေစီအင်အားစုများအားလုံးအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun,

Permanent Representative of Myanmar to the United Nations,

at the Open Debate of the UN Security Council

on Peacebuilding and Sustaining Peace: Investment in People to Enhance Resilience against Complex Challenges


(New York, 26 January 2023)


Mr. President,


First of all, Myanmar appreciates the Presidency of Japan for organizing this open debate. I also wish to thank DSG Amina J Mohammed and all other briefers for their insightful briefings this morning.


Mr. President,

Peace is the ultimate hope that the peoples of the United Nations expect from the Organization. As such, strengthening universal peace is one of the purposes of the United Nations along with the maintenance of international peace and security. The prevalence of international peace and absence of a world war for nearly eight decades can to a large extent be attributed to the existence of the multilateral structure underpinned by the United Nations.


But we all agree that the purposes and principles of the UN are today being threatened like never before, and millions of people are still suffering from protracted conflicts across the world. Addressing the root causes of those conflicts is hindered not only by traditional factors such as the breakdown of the rule of law and the culture of impunity, but also by the complex challenges such as pandemic diseases and climate change effects.

In order to sustain peace both at the international and national levels, it takes much more than just managing armed conflicts and preventing their escalation. To maintain peace at the international level, I wish to echo the Secretary-General’s agenda for peace, particularly the necessity to reduce strategic risks by establishing stronger commitment for the non-use of nuclear weapons and their eventual eliminations. This commitment is important more than ever before, given the eroding trust among the major powers.


Mr. President,

The outbreak of armed conflict in a society is largely due to the collapse or destruction, in whole or in part, of its political condition that guarantees justice and social stability. From our national experience, to achieve lasting peace and establish a sustainable political system requires a comprehensive set of peacebuilding efforts that restore stability and strengthen political, economic and social institutions. Building effective, accountable and inclusive institutions at all levels as stipulated in SDG Goal-16 is a key tenet of that effort. Every society needs such institutions through which investment in people can most effectively strengthen their resilience against the complex challenges.


Mr. President,

In my country Myanmar, the democratically elected government led by State Counsellor Daw Aung San Suu Kyi and President U Win Myint made concerted efforts to improve the national institutions by strengthening transparency and accountability as well as by allowing space for the press and civil society. As a result, historically low public trust in the institutions significantly increased. However, under a political condition controlled by the military-drafted constitution, security and rule of law related institutions remained unchanged under the military. Then, on 1 February 2021, the unaccountable, corrupted and brutal military generals exploited these institutions for their own interests to perpetrate an attempted coup against the elected government. This coup was and remains illegal under even the military constitution. But they corrupted this for their own ends.


Since then, the people of Myanmar have lost trust in every institution under the illegitimate junta. The reasons are obvious: the security forces have been committing repeated atrocities even crimes against humanity and war crimes against all people of Myanmar with blanket impunity. All the other institutions including of law enforcement, justice, immigration, finance and ICT have become tools of the illegal junta’s oppression machine against the people of Myanmar.

All the investment in people and elsewhere made by Daw Aung San Suu Kyi led elected government has been reversed to calamitous effect during this 2-year period through the illegal military coup. Rule of law has been annihilated and replaced by corruption. The military has even created safe havens for transnational organized crimes and made Myanmar, for the first time in its history, a destination of the transnational organized crimes.

The cost of institutional destruction by the military junta is extremely high, not only for Myanmar itself but also for the countries in the region and beyond. Under a military dictatorship defined by illegitimacy, brutality and disregard for the rule of law, there is not and will never be any investment in people for their socio-economic development, human rights and human security. The military dictatorship is willing to continue to harm the people for the sake of their ambitions.


Mr. President,

Meaningful security and justice sector reform is one of the key goals of the revolutionary movement against the fascist military in Myanmar because peace can never be sustained without making national defence and security institutions accountable to the people.

The National Unity Government of Myanmar expresses its deep appreciation to the UN Security Council, General Assembly, other UN Organs, ASEAN and individual members for their ongoing efforts to help the people of Myanmar restore democracy and the rule of law. It is of crucial importance that the approaches towards any eventual solution to the current coup-inflicted disaster must help create a transition to a federal democratic union with effective, accountable, inclusive and transparent institutions. This is the only system that can guarantee peace and justice for all people of Myanmar. The National Unity Government and all democratic forces in Myanmar stand ready to cooperate closely with the international community towards this goal.


I thank you.



*****


























bottom of page