top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at Ministerial Level Open Debate of the UN Security Council




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Ministerial Level Open Debate of the UN Security Council on “The Rule of Law among Nations”, held on 12 January 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပြုလုပ်သည့် ‘နိုင်ငံများအကြား တရားဥပဒေစိုးမိုးမှု ရှိစေရေး’ ခေါင်းစဉ်ဖြင့် ဝန်ကြီးအဆင့် ဆွေးနွေးမှု အစည်းအဝေးတွင် ဖက်စစ်စစ်တပ်အနေဖြင့် ပြည်တွင်းတည်ငြိမ်မှုကို အာမခံဆောင်ကျဉ်းပေးနိုင်ခြင်းမရှိဘဲ ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံရေး အပေါ်တွင် ခြိမ်းခြောက်လျက်ရှိသည်မှာ လွန်စွာထင်ရှားကြောင်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ထောက်ပြခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်)


၁။ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွက် အလှည့်ကျဥက္ကဋ္ဌဖြစ်သော ဂျပန်နိုင်ငံမှ ဦးဆောင်၍ ‘နိုင်ငံများအကြား တရားဥပဒေ စိုးမိုးမှု ရှိစေရေး’ (Rule of Law among Nations) ခေါင်းစဉ်ဖြင့် ဝန်ကြီးအဆင့် ဆွေးနွေးမှု အစည်းအဝေးကို ၁၂-၁-၂၀၂၃ ရက် (ကြာသပတေးနေ့) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၊ နိုင်ငံတကာ တရားရုံး ဥက္ကဌနှင့် အောက်စဖို့တက္ကသိုလ်မှ ပါမောက္ခ Dapo Akande တို့က ဘာသာရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။


၂။ အစည်းအဝေးတွင် တက်ရောက်လာသည့် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း ကိုယ်စားလှယ်များက မိန့်ခွန်းများပြောကြားခဲ့ပါသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၃။ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) ယခုနှစ်သည် ပြည်တွင်းနှင့် နိုင်ငံတကာအဆင့်တို့တွင် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ အထွေထွေညီလာခံ အဆင့်မြင့်အရာရှိများ အစည်းအဝေး ကြေညာချက် (Declaration of the high-level meeting of the General Assembly on the Rule of Law at national and international levels) (၁၀) နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ကြောင်း၊


(ခ) ဤမျှကြာမြင့်သော ကာလအပိုင်းအခြားအတွင်း၌ နိုင်ငံများက ပိုမိုတရားမျှတမှုရှိသော နိုင်ငံတကာ ရပ်ဝန်း တည်ဆောက်ရေးအတွက် တရားဥပဒေစိုးမိုးရေးသည် အရေးပါကြောင်းနှင့် ကြေညာချက်တွင် ပြဋ္ဌာန်းထားသော အခြေခံမူများကို လိုက်နာဆောင်ရွက်သည့် နိုင်ငံများ၏ စုပေါင်းသံန္နိဋ္ဌာန်ကို အသိအမှတ်ပြုနိုင်ကြောင်း၊


(ဂ) ကုလသမဂ္ဂ ပဋိဉာဏ်စာတမ်း (United Nations Charter) သည် အပြည်ပြည်ဆိုင်ရာဥပဒေ အတွက် အခြေခံအုတ်မြစ်အဖြစ်နှင့် နိုင်ငံများအကြား ငြိမ်းချမ်းသောဆက်ဆံရေး တည်ရှိစေသည့် မူဘောင်တို့အဖြစ် ဆယ်စုနှစ် (၈) ခုခန့် ရပ်တည်ခဲ့ကြောင်း၊


(ဃ) ယနေ့အချိန်အခါတွင် ယူကရိန်းနိုင်ငံအပေါ် မတရားကျူးကျော်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားလျက် ရှိခြင်းကြောင့် ကုလသမဂ္ဂပဋိဉာဏ်စာတမ်း၏ ကြံ့ခိုင်မှုကို အခက်ခဲဆုံး အစစ်ဆေးခံနေရလင့်ကစား နိုင်ငံများ၏ အကျိုးစီးပွားကို ဆောင်ကျဉ်းပေးနိုင်မည့် အရေးပါသော နိုင်ငံတကာဆက်ဆံရေး အခြေခံမူ များကို ချမှတ်ပေးရန်အတွက် ကုလသမဂ္ဂ ပဋိဉာဏ်စာတမ်းကသာ အသင့်လျော်ဆုံးဖြစ်လျက်ရှိကြောင်း၊


(င) အပြည်ပြည်ဆိုင်ရာအဆင့်တွင် တရားဥပဒေစိုးမိုးမှုရှိရေးသည် ကုလသမဂ္ဂ၏ ပင်မအဖွဲ့အစည်း များမှ ပြဿနာများအပေါ် ကိုင်တွယ်ဖြေရှင်းသည့် လက်တွေ့လုပ်ဆောင်ချက်နှင့် ဆုံးဖြတ်ချက်တို့နှင့်အတူ အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူတို့အား အဖွဲ့ဝင်နိုင်ငံများက လိုက်နာကျင့်သုံးမှုတို့အပေါ် အဓိကမှီတည်ကြောင်း၊


(စ) ထို့ကြောင့် ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် အဓိကတာဝန်ရှိသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် နိုင်ငံများမှ ကုလသမဂ္ဂ ပဋိဉာဏ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူတို့အပေါ် စုပေါင်းလိုက်နာမှုအတွက် ကိုယ်စားပြု ပြသသင့်ကြောင်း၊ လုံခြုံရေးကောင်စီအဖွဲ့ဝင်များ အထူးသဖြင့် အမြဲတမ်း အဖွဲ့ဝင် (၅) နိုင်ငံတို့သည် နိုင်ငံတကာတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတို့အား ထိန်းသိမ်းရန်အတွက် အဖွဲ့ဝင်အားလုံးမှ ယုံကြည်စွာ အပ်နှင်းထားသည့် တာဝန်ဝတ္တရားများရှိကြောင်း၊

(ဆ) သို့ဖြစ်ရာ လုံခြုံရေးကောင်စီမှ တာဝန်ဝတ္တရားများကို ဖော်ဆောင်ရန် ပျက်ကွက်လျှင်သော် လည်းကောင်း၊ မလုပ်ဆောင်နိုင်လျှင်သော်လည်း၊ လုပ်ဆောင်ရန် မလိုလားလျှင်သော် လည်းကောင်း၊ လုပ်ပိုင်ခွင့်အာဏာအား အလွဲသုံးစားပြုလုပ်လျှင်သော် လည်းကောင်း အပြည်ပြည်ဆိုင်ရာအဆင့် တရားဥပဒေစိုးမိုးမှုကို ထိပါးစေနိုင်ကြောင်း၊


(ဇ) နိုင်ငံများအကြားတွင် အင်အားအသုံးပြုခြင်း သို့မဟုတ် အင်အားအသုံးပြုရန် ခြိမ်းခြောက်ခြင်း တို့ဖြင့် ဦးတည်လာပါက စစ်မက်များနှင့် ထိခိုက်ပျက်စီးမှုများကို ရှောင်လွှဲနိုင်မည် မဟုတ်ကြောင်း သမိုင်း တွင် သင်ခန်းစာများ ရရှိခဲ့ပြီးဖြစ်ကြောင်း၊ မျက်မှောက်ခေတ်တွင် ထိခိုက်ပျက်စီးမှုပြင်းထန်စေနိုင်သည့် နျူးကလီးယားလက်နက်များ၏ အင်အားကြောင့် ပို၍ပင် အန္တရာယ်ကြီးမားကြောင်း၊


(ဈ) တစ်ဖက်တွင်လည်း အပြည်ပြည်ဆိုင်ရာအဆင့်တွင် တရားဥပဒေစိုးမိုးမှု လျော့ပါးလာခြင်းက ပြည်တွင်းတရားဥပဒေစိုးမိုးရေးကို ပုံစံအမျိုးမျိုးဖြင့် သက်ရောက်မှုရှိစေနိုင်ကြောင်း၊ အထူးသဖြင့် အသိုက်အဝန်းများတွင် တရားဥပဒေစိုးမိုးရေး အခြေခံမူများအား အခြေခိုင်မာအောင် ရုန်းကန်ကြိုးစားနေရသည့် အသွင်ကူးပြောင်းရေးအခြေအနေမျိုးတွင် ပို၍ သက်ရောက်မှုရှိကြောင်း၊ အထူးသဖြင့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများကို ကျူးလွန်နေသူများမှ ပြစ်ဒဏ်ခတ်ခြင်းမခံရသည့် (impunity) များက တရားဥပဒေ စိုးမိုးမှုလျော့ပါးလာခြင်း၏ ထင်ရှားသောရလဒ်သာဓကပင်ဖြစ်ကြောင်း၊


(ည) မြန်မာနိုင်ငံ၌ ဖက်ဆစ်စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမဝင် စစ်အာဏာသိမ်းမှုကို ပြုလုပ်ခဲ့ပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ကြောင်း၊ တရားမဝင် အာဏာသိမ်းစစ်တပ်အနေဖြင့် တရားဥပဒေစိုးမိုးမှုကို လုံးဝဥဿုံ ဖျက်ဆီးခဲ့ပြီး ပြည်တွင်းနှင့် ဒေသတွင်း၌ ကြီးလေးသော နောက်ဆက်တွဲဖြစ်စဉ်များကို ဖြစ်ပေါ်စေခဲ့ကြောင်း၊ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကလည်း ၎င်း၏ မိန့်ခွန်းတွင် မြန်မာနိုင်ငံ၌ စစ်အာဏာ သိမ်းပြီးနောက် တရားဥပဒေစိုးမိုးမှု ပျက်သုဉ်းသွားသည်ဟု မှန်ကန်စွာ ထောက်ပြသွားခဲ့ကြောင်း၊


(ဋ) စစ်တပ်အနေဖြင့် မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ အကျဉ်းထောင်များတွင် အသက်သေဆုံး သည်အထိ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကြိမ်ဖန်များစွာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ ပြည်သူများ၏ နေအိမ်များနှင့် ကျေးရွာများကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်း၊ အရပ်သားပြည်သူ တစ်သန်းကျော်ကို နေရပ်စွန့်ခွာရသည့် အခြေအနေသို့ တွန်းပို့ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို ဥပဒေမဲ့ကွပ်မျက်စီရင်ခြင်း အစရှိသော နည်းလမ်းစုံသုံး၍ မြန်မာပြည်သူများ အပေါ် အကြမ်းဖက်မှုများ စဉ်ဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း၊


(ဌ) မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အနေဖြင့် ၎င်း စုစည်း ရရှိထားသည့် သက်သေအထောက်အထားများအား လေ့လာထားရှိမှုကို အခြေခံ၍ စစ်တပ်က အကြမ်းဖက် မှုများကို စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ထုတ်ဖော်ထားပြီးဖြစ်သကဲ့သို့ ယင်းပြစ်မှုများသည် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မြောက်သည့် အမှုများဖြစ်ကြောင်း၊


(ဍ) ထို့ပြင် ဖက်စစ်စစ်တပ်အနေဖြင့် ပြည်တွင်းတည်ငြိမ်မှုကို အာမခံဆောင်ကျဉ်းပေးနိုင်ခြင်းမရှိဘဲ ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံရေးအပေါ်တွင် ခြိမ်းခြောက်လျက်ရှိသည်မှာ လွန်စွာထင်ရှားကြောင်း၊ ဖက်ဆစ်စစ်တပ်သည် နယ်စပ်ဖြတ်ကျော်မှုခင်းများအတွက် လုံခြုံသည့်ရပ်ဝန်းတစ်ခုကို ဖန်တီးပေး လျက်ရှိကြောင်း၊


(ဎ) လတ်တလောရရှိထားသည့်သတင်းများအရ စစ်တပ်အနေဖြင့် သောင်းရင်းမြစ်တလျှောက် ကီလိုမီတာ (၄၀) ခန့်တွင် ပြစ်မှုဇုန် (၁၅) ခုကို ဖန်တီးပေးထားကြောင်း၊ ယင်းဒေသတွင် နိုင်ငံအနည်းဆုံး (၃၀) ကျော်မှ အပြစ်မဲ့ပြည်သူများ လိမ်လည်လှည့်ဖြားခြင်းခံရ၍ လူကုန်ကူးမှုများ အဓိကဖြစ်ပေါ် နေကြောင်း၊ ထို့ကြောင့် ယင်းမှာ အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများ၏ လုံခြုံရေးအတွက် စိုးရိမ်ရသည့် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ သို့ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းနှင့် သက်ဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီများအား အဆိုပါ လူကုန်ကူးမှုအကျပ်အတည်းကို အလေးအနက်ထားကာ အချိန်မီ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းပေးရန် တိုက်တွန်းလိုကြောင်း၊


(ဏ) လုံခြုံရေးကောင်စီအနေဖြင့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများအတွက် တာဝန်ခံမှုရှိစေရန် ယခင်က ကိုင်တွယ်ဖြေရှင်းပေးနိုင်ခဲ့သဖြင့် မြေပြင်အခြေအနေအတွက်လည်း အပြုသဘောဆောင်သည့် ရေရှည်အကျိုးရလဒ်များ ဖြစ်ပေါ်စေခဲ့ကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍လည်း အလားတူဆောင်ရွက်နိုင်ရန် လုံခြုံရေးကောင်စီ၌ လိုအပ်သည့် လုပ်ငန်းစဉ်များ ရှိနေကြောင်း၊


(တ) မိမိတို့အနေဖြင့် လုံခြုံရေးကောင်စီ၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ ပထမဆုံးသော ဆုံးဖြတ်ချက်အဆို အတည်ပြုချမှတ်နိုင်ခဲ့သည့်အပေါ် ကျေးဇူးတင်ရှိကြောင်း၊ ယခုအခါ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးမှု ပြန်လည်တည်ဆောက်နိုင်ရေး အတွက် ထူးခြားသည့် အခွင့်အရေး လက်ဝယ်ရှိနေပြီဖြစ်ကြောင်း၊ စစ်တပ်မှ ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်မှုများ ထပ်မံကျူးလွန်ခြင်းအား ကြိုတင်ကာကွယ်နိုင်ရေး၊ စစ်တပ်မှ အကျိုးခံစားနေသည့် ပြစ်ဒဏ်ခတ်ခြင်းမခံရသည့်ကျင့်စဉ်ကို ဖြေရှင်းပေးနိုင်ရေးတို့အတွက် ယင်းဆုံးဖြတ်ချက် အဆိုပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်‌ရွက်ရန်၊ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရန် မိမိအနေဖြင့် လုံခြုံရေးကောင်စီနှင့် အဖွဲ့ဝင်နိုင်ငံများအား တောင်းဆိုလိုပါကြောင်း။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့




Please check against delivery


Statement by Ambassador Kyaw Moe Tun,

Permanent Representative of Myanmar to the United Nations,

at the Ministerial Level Open Debate of the UN Security Council

on “The Rule of Law among Nations”


(New York, 12 January 2023)


Mr. President,


At the outset, I wish to congratulate Japan for its presidency of the United Nations Security Council for the month of January 2023, and to applaud you for convening today’s timely open debate on the Rule of Law among Nations. I also thank the Secretary-General, President Judge Donoghue and Professor Dapo Akande for their comprehensive briefings.


Myanmar aligns itself with the statement made on behalf of ASEAN.


Mr. President,


This year marks the 10th anniversary of the Declaration of the high-level meeting of the General Assembly on the Rule of Law at national and international levels. During this lengthy period, we recognize the collective affirmation made by the member states on the importance of rule of law for a more just international atmosphere, and the pursuance of basic principles as drawn in the Declaration.


For nearly eight decades, the United Nations Charter has been the foundation of international law and the framework for peaceful relations between nations. Even though it is facing probably the toughest test of endurance today, with an ongoing war of aggression in Ukraine, there is no better alternative than the Charter for laying out the principles of fundamental international relations to serve the interests of nations.


The rule of law at the international level underpinned by the Charter is largely dependent on the determination, resolve and actual conduct of this Organization’s principal organs and their member states to uphold its purposes and principles.

It is the UN Security Council especially, carrying the primary responsibility for the maintenance of international peace and security, that must represent and deliver a collective adherence to these purposes and principles. Member States of the UNSC, especially the Five Permanent Members, have shared responsibility entrusted by the entire membership to maintain international peace and security. The Council’s failure, inability or unwillingness to fulfill its responsibilities under the Charter, as well as the overstepping of its authority, can undermine the rule of law at international level. History teaches us that wars and destruction became inevitable when relations among nations were guided by the rule by force or the threat of force. This becomes far more dangerous in a world overshadowed by the destructive power of nuclear weapons.


Mr. President,


The erosion of the rule of law at the international level affects the domestic rule of law in various ways, especially in transitional situations where the principles of the rule of law are struggling to become rooted in societies. The most obvious result of this erosion is the sense of impunity gained by perpetrators of serious international crimes.


In my country Myanmar, the fascist military leaders committed treason in February 2021 by staging an illegal coup against the democratically elected government. The illegal military junta has completely dismantled the rule of law, with desperately serious consequences both in the country and across the region. The UN Secretary-General this morning rightly pointed out the breakdown of rule of law in Myanmar after the illegal military coup. The junta has been waging a campaign of violence and brutality against the people of Myanmar by all means, including arbitrary detention, torture to death in custody, repeated massacres, indiscriminate aerial bombings, wholesale torching of residential homes and villages, displacement of over a million civilians and summary execution of political prisoners. These atrocities have been committed in a manner of coordinated, widespread and systematic that the UN Independent Investigative Mechanism for Myanmar has concluded, based on its analysis of collected evidence, that they amount to crimes against humanity.


Moreover, it is vividly clear that the military does not guarantee the stability of the nation - instead it poses a threat to regional peace and security. The fascist military has created safe havens for transnational organized crimes.


According to recent news reports, the military junta has enabled some 15 criminal zones to be being built along a 40 kilometer stretch of the Thaung Yin River also known as Moei River in southeast of Myanmar where the military’s affiliated militia is in control, this just in February and March 2022. Such criminal zones present a real and serious threat to global security for neighbouring countries and for the world. Innocent people from at least 30 countries across the globe have been trafficked into this area, lured by false promises of work. These people are victims of an unjust and criminal coup in my country, a consequence of the breakdown of the rule of law and the failure to observe the principles of the United Nations. I urge the international community and relevant UN agencies to pay serious attention to this human trafficking crisis, and to address it in a timely and effective manner.


Mr. President,


In conclusion, the deteriorating situation in Myanmar shows mounting evidence of crimes against humanity and war crimes being committed by the military machine. The spillover effects of the military violence in Myanmar are now the greatest single source of instability in the region.


The Council has in the past addressed accountability for the violations of serious international crimes, which led to long-term positive impacts on the grounds. The Council has tools at its disposal to do the same with regard to Myanmar.


We thank the Security Council for adoption of the first-ever resolution on the situation in Myanmar. The Security Council now has a unique opportunity to help re-establish the rule of law in Myanmar. I urge the UN Security Council and the member states to implement the provisions in its resolution, and take the concrete and decisive actions that will prevent further military atrocities and address the pervasive military impunity.


I thank you.



****









bottom of page