top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at Joint General Debate of Fourth Committee of the 76th UNGA



Statement delivered by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the Joint General Debate of the Fourth Committee of the 76th Session of the UN General Assembly on 25 October 2021


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္ထကော်မတီ၌

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၏ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းမှုနှင့် စေ့စပ်ဆောင်ရွက်မှုတို့ကို မြန်မာစစ်တပ်ကကြိုဆိုခြင်းမရှိကြောင်းနှင့် မြန်မာစစ်တပ်သည် ဂြိုဟ်တုသတင်းစီးဆင်းမှုနှင့် အင်တာနက်သတင်းရရှိမှုတို့ကိုဖြတ်တောက်၍ စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုတို့အား အင်တာနက်မှတစ်ဆင့် ပြန့်နှံ့မှုမဖြစ်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြား


(နယူးယောက်မြို့၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့)


၁။ နယူးယောက်မြို့၌ ကျင်းပလျက်ရှိသည့် (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ စတုတ္ထကော်မတီ၌ အထွေထွေရေးရာပူးတွဲဆွေးနွေးမှုကို ကျင်းပလျက်ရှိရာ၊ ၂၅-၁၀-၂၀၂၁ ရက်နေ့တွင် ကျင်းပခဲ့သည့် အစည်းအဝေး၌ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၏ အထူးနိုင်ငံရေးမစ်ရှင်များအပေါ် ပြန်လည်သုံးသပ်ခြင်းဘာသာရပ် (Comprehensive Review of Special Political Missions) နှင့် သတင်းအချက်အလက်ဆိုင်ရာ ဘာသာရပ် (Questions Relating to Information) တို့နှင့် ပတ်သက်သည့် မိန့်ခွန်းတစ်ရပ်အား ပါဝင်ပြောကြား ခဲ့ပါသည်။ Comprehensive Review of Special Political Missionsဘာသာရပ်နှင့်ပတ်သက်၍ အောက်ပါအချက် များကို အဓိကပြောကြားခဲ့ပါသည်။


(က) မြန်မာနိုင်ငံသည် နိုင်ငံရေးရာအထူးမစ်ရှင်များ (Special Political Missions) နှင့် မစိမ်း ကြောင်း၊ ၁၉၉၅ ခုနှစ်မှစ၍ ယနေ့အထိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ၅ ဦးအထိ ခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း၊


(ခ) မြန်မာနိုင်ငံ၏ ရွေးကောက်ခံအစိုးရသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့် ၎င်းအား မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်သည့်အချိန်မှစ၍ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊

(ဂ) ရိုဟင်ဂျာများအခွင့်အရေးနှင့်စပ်လျဉ်း၍ ထုတ်ဖော်ပြောကြားခြင်း၊ မြန်မာစစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများအပေါ် ကန့်ကွက်ရှုံ့ချခြင်းနှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးအတွက် ဒေသဆိုင်ရာနှင့် နိုင်ငံတကာမိတ်ဖက်များနှင့်အတူ အထူးကိုယ်စားလှယ်၏ ကြိုးပမ်းဆောင်ရွက်ပေးမှု တို့အပေါ် ကျေးဇူးတင်ရှိကြောင်း၊


(ဃ) အထူးကိုယ်စားလှယ်၏ ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းမှုနှင့် စေ့စပ်ဆောင်ရွက်မှုတို့ကို မြန်မာ စစ်တပ်က ကြိုဆိုခြင်းမရှိဘဲ၊ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံသို့ သွားရောက်ရန် မေတ္တာရပ်ခံချက်များ ကိုလည်း စစ်တပ်မှ အကြိမ်ကြိမ်ငြင်းပယ်ခဲ့ကြောင်း၊


(င) အထူးကိုယ်စားလှယ်များအတွက် မြန်မာနိုင်ငံသည် သံတမန်ရေးရာချဆုံးခန်း (diplomatic graveyard) နေရာတစ်ခုကဲ့သို့ဖြစ်ကြောင်း ဧရာဝတီသတင်းစာ၌ ဖော်ပြခဲ့ကြောင်း၊ ယင်းသို့ဖြစ်ခြင်းမှာ အထူးကိုယ်စားလှယ်များ၏ စွမ်းရည်မပြည့်ဝမှုကြောင့် မဟုတ်ဘဲ အထူးကိုယ်စားလှယ်တို့၏ အကြံပြုချက် များကိုစစ်တပ်မှ လက်ခံခြင်းမရှိဘဲ၊ စစ်တပ်မှ ၎င်းတို့၏ အကျိုးစီးပွားတစ်ခုတည်းကိုသာလည်းကောင်း၊ အာဏာရှင်စနစ် စိတ်သဘောထားကို လည်းကောင်း ရှေးရှုခြင်းတို့ကြောင့် ဖြစ်ကြောင်း။


၂။ Questions Relating to Information ဘာသာရပ်နှင့်ပတ်သက်၍ အောက်ဖော်ပြပါ အဓိက အချက်များကို ပြောကြားခဲ့ပါသည်။


(က) သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးသည် နိုင်ငံ၏ကြွယ်ဝမှုနှင့် ပြည်သူတို့၏ နေ့စဉ်ရှင်သန် နေထိုင်ရေးတို့အတွက် အခရာကျသောအစိတ်အပိုင်းဖြစ်သည့် အားလျော်စွာ၊ မြန်မာနိုင်ငံ၏ ရွေးကောက်ခံ ပြည်သူ့အစိုးရသည် မှန်ကန်ယုံကြည်ရသည့် သတင်းအချက်အလက်များကို ပြည်တွင်းနှင့် ပြည်ပသို့ စီးဆင်းနိုင်ရေးအတွက် တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း၊


(ခ) သို့သော် စစ်တပ်မှအာဏာသိမ်းပြီးနောက် စစ်တပ်ကိုဆန့်ကျင်သည်ဟုယူဆသည့် အင်တာနက်စာ မျက်နှာများကိုစစ်တပ်မှ ပိတ်သိမ်းခြင်း၊ ပြည်တွင်းအခြေစိုက် သတင်းဌာနများ၏ မှတ်ပုံတင်များကို ရုပ်သိမ်း ခြင်းနှင့် သတင်းထောက်များကို ဖမ်းဆီးခြင်းစသည်ဖြင့် သတင်းမီဒီယာကဏ္ဍတို့ကို ဖိနှိပ်သည့်လုပ်ရပ်များကို စစ်တပ်မှ ဆက်တိုက်ကျူးလွန်လျက်ကြောင်း၊


(ဂ) မြန်မာစစ်တပ်သည် ဂြိုဟ်တုသတင်းစီးဆင်းမှုနှင့် အင်တာနက်သတင်းရရှိမှု တို့ကို ဖြတ်တောက်၍ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများအား အင်တာနက်မှတစ်ဆင့် ပြန့်နှံ့မှုမဖြစ်ရေး ဆောင်ရွက်နေ ကြောင်း၊


(ဃ) ဆက်သွယ်ရေးအော်ပရေတာများအား ဖုန်းလိုင်း၊ အင်တာနက်လိုင်းများမှတစ်ဆင့် သတင်းအချက် အလက်များ ကြားဖြတ်ရယူရန် ဖိအားပေးလျက်ရှိကြောင်း၊


(င) စစ်တပ်၏ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာဖိနှိပ်မှုများသည် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် လွတ်လပ်စွာသတင်းစီးဆင်းခွင့်တို့အား ကြီးမားသည့် အဟန့်အတားဖြစ်စေသည်သာမက သတင်းအချက်အလက်နှင့် နည်းပညာအသုံးပြု၍ ဆောင်ရွက်ရသည့် စီးပွားရေးလုပ်ငန်းများကိုပါ ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပေါ်စေကြောင်း၊


(စ) မြန်မာနိုင်ငံသည် အခြေခံကျသည့် သတင်းအချက်အလက်ရရှိမှုနှင့် ပတ်သက်၍ ကမ္ဘာ့အဆိုးရွား ဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်လာခဲ့ကြောင်း။


၃။ မြန်မာပြည်သူများအနေဖြင့် ယခုတွေ့ဆုံနေရသည့် ကြီးမားသောကပ်ဘေးကို နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်သွားရန်၊ မြန်မာနိုင်ငံကို ယခုထက်ပိုမိုကောင်းမွန်စွာဖြစ်စေရေး ပြန်လည်တည်ဆောက်သွားရန် ခိုင်မာစွာဆုံးဖြတ်ထားကြောင်း ပြောကြားခဲ့ပါသည်။


၄။ အမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ရက်၊

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။


Please check against delivery

Statement delivered by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations At the Joint General Debate of the Fourth Committee of the 76th Session of the UN General Assembly


(New York, 25 October 2021)


Madam Chair,


Since this is the first time our delegation takes the floor, we wish to congratulate you and the bureau for the election. I would like to assure you of my delegation’s full support and cooperation for the fruitful outcome of this committee.


At this joint general debate, I will be focusing on agenda item 57 and 58.


Madam Chair,


More often than not, political issues are the root causes of conflicts worldwide. Therefore, we are of the view that special political missions (SPM) are a great asset in maintaining international peace and security by helping member states in the prevention, management and finding answers to conflicts. In partnership with many actors, these missions have assisted members in their historic times of changes. They are now all the more important due to a surge in flashpoints for tensions and stabilities in this post-pandemic world.


We wish to express our appreciations to Under-Secretary-General for Political and Peace building Affairs Ms. Rosemary DiCarlo and Under-Secretary-General for Operational Support Mr. Atul Khare for their introductory statements on special political missions on 12th October.


We welcome the Eighth Annual Dialogue on special political missions organized by the Department of Political and Peace building Affairs on 1st June 2020, focusing on how the missions are implementing their mandates in the context of the COVID-19 pandemic.


Madam Chair,


Myanmar is no stranger to special political missions. Since 1995, there have been 5 special envoys to Myanmar appointed under the good offices of the UN Secretary-General.


The elected civilian Government of Myanmar has been cooperating closely with the Secretary General’s Special Envoy Ms. Christine Schraner Burgener since she resumed her mandate. We also facilitated the opening of the office of the Special Envoy in the capital of Myanmar in January 2019, which was fully functioning until the illegal coup by the military.


We express our sincere appreciations to the special envoy for her valuable works in addressing the issue of Rohingyas including their plight and condemning the ongoing atrocities committed by the military, as well as working with regional and international partners to restore democratic reform in Myanmar.


Her efforts for an all-inclusive dialogue and peaceful solutions are not welcome by the military. The military has repeatedly rejected her requests to visit Myanmar. Whenever the Myanmar military is in absolute power, in the words of the Irrawaddy news, Myanmar is known as a “diplomatic graveyard” for UN envoys to Myanmar, who had to end their tenures in frustrations. This is certainly not because of their lack of trying or incompetence, but due to the military listening to nothing but their interests and their attitude of dictatorship only.


Madam Chair,


Let me now turn to agenda item 58. Strengthening of international peace and security and efforts to combat this pandemic is not feasible without reliable information and communications. We appreciate the important works of the Committee on Information in contributing to a new world information and communication order, and Under-Secretary-General for Global Communications Ms. Melissa Fleming for her introductory statement on 15th October.


Bearing in mind that information and communications is one of the lifelines for our survival and prosperity, the civilian government of Myanmar is committed to amplifying the free flow of reliable information and communications within and beyond our country.


Regrettably, the military coup in the early morning of 1st February has effectively inhibited our resolve to this cause. Access to websites that the junta think are against them has been blocked, license of local Medias have been revoked and dozens of journalists have been detained. It includes five independent media outlets namely, the Irrawaddy, Myanmar Now, Khit Thit Media, DVB, and Mizzima. As of 21 October, (35) national and foreign journalists have been unjustly detained and tortured. Some were released recently. The threat of arrest has driven many news media outlets to close their offices and forced journalists into exile. To further restrict access to information and reporting, the military regime has banned satellite media and imposed rolling restrictions on the internet to block access to the people.


Moreover, the military has pressured mobile carriers to intercept communications over their networks, which has also led to a forced departure of a Norwegian telecom giant from Myanmar. In addition, since the coup, many areas in Myanmar have been suffering regular internet shutdowns by the military. Such shutdowns are most pronounced in conflict areas to prevent from the surface of the military’s atrocities online.


The measures of the military have not only heavily infringed the freedoms of speech and information, but also have ruined many businesses that relied on the ICT sector to operate. Other limitation also was the access to medical information during the high of the COVID-19 pandemic.


Myanmar has become one of the world’s worst in respecting fundamental freedom to access to information.


Madam Chair,


In conclusion, over the last decade, Myanmar had been steadily building up its information and communication infrastructure critical for democratic progress and economic growth. This was toppled overnight with the coup. Even before the coup, Myanmar is already experiencing widespread digital divide, and now the divide is going to be deeper.


However, we are utterly resolute in our determination to end the current catastrophe through every possible ways and means and to build our country back better.


I thank you.


*****





















bottom of page