top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at Interactive Dialogue with UN Special Envoy (3C of 77th UNGA)




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at Interactive Dialogue with the UNSG Special Envoy on Myanmar at the Third Committee of the 77th Session of the UN General Assembly, held on 25 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နှင့်

အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်၌ ကချင်ပြည်နယ် အနန့်ပါ (A Nang Pa) ၌ အကြမ်းဖက်စစ်တပ်က စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအများအပြား သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့၊ ထိခိုက်ဒဏ်ရာရရှိခဲ့သူများသည် အရေးပေါ်ကျန်းမာရေးကုသမှု ချက်ချင်းလိုအပ်လျက်ရှိ၊ အဆိုပါ အသက်များကို ကယ်တင်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ထိရောက်သော အရေးယူလုပ်ဆောင်ချက်များကို အချိန်မီဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်)


၁။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီတွင် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးဘာသာရပ်အောက်၌ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Dr. Noeleen Heyzer နှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်ကို ၂၅-၁၀-၂၀၂၂ ရက်နေ့၊ မွန်းလွဲပိုင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) လူမဆန်သည့် စစ်တပ်အနေဖြင့် ကြီးလေးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လျက် ရှိသည်မှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုအဆင့်သို့ပင် ရောက်နေပြီ ဖြစ်ကြောင်း၊


(ခ) ၁၆-၉-၂၀၂၂ ရက်နေ့၊ နေ့လယ်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ၌ ဖွင့်လှစ်ထားသော စာသင်ကျောင်းတစ်ကျောင်းကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ကလေးငယ် (၇) ယောက်အပါအဝင် စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသည့် ကလေးငယ်များတွင် အသက် (၇) နှစ်မျှ ငယ်ရွယ်သော ကလေးငယ်ပါဝင်ကြောင်း၊ ယင်းကလေးငယ်များ၏ ကျောပိုးအိတ်များ သွေးစွန်း၍ ၎င်းတို့ကို အဝတ်စများဖြင့်ဖုံးအုပ်လျက် သေဆုံးနေသည်ကို တွေ့မြင်ရသည်မှာ အလွန်ရင်နင့်ကြေကွဲဖွယ် ကောင်းကြောင်း၊ အဆိုပါကလေးငယ်များသည် နိုင်ငံတကာဥပဒေဖြင့် အကာအကွယ်ရရှိနိုင်သည်ကိုပင် သင်ကြားခွင့်မရရှိခဲ့ဘဲ စစ်တပ်၏သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီဖြစ်ကြောင်း၊


(ဂ) ထပ်မံ၍ ယခုလ (၂၃)ရက် နေ့၊ ညပိုင်းတွင်လည်း ကချင်ပြည်နယ်၊ ကချင်လွတ်မြောက်ရေး တပ်မတော် (Kachin Independence Army - KIA) တပ်မဟာ (၉) အနန့်ပါ (A Nang Pa) ၌ ၂၅-၂၀-၂၀၂၂ ရက်နေ့တွင် ကျရောက်မည့် (၆၂) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) နေ့ အထိမ်းအမှတ်ပွဲ အကြိုတေးဂီတ‌ဖျော်ဖြေပွဲပြုလုပ်နေစဉ် အကြမ်းဖက်စစ်တပ်က စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူအများအပြား သေဆုံးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အနုပညာရှင်များ၊ အမျိုးသမီး များနှင့် ကလေးငယ်များအပါအဝင် စုစုပေါင်း လူ (၁၀၀) ခန့် သေဆုံးခဲ့ရပြန်ကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားချိန်တွင် အမျိုးသမီးများက ပွဲစဉ်အတွက် စားသောက်ဖွယ်ရာများ ကြိုတင်ပြင်ဆင်ချက်ပြုတ်နေခြင်းဖြစ်ကြောင်း၊


(ဃ) ယင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများသည် အရေးပေါ်ကျန်းမာရေးကုသမှုချက်ချင်း လိုအပ်လျက်ရှိကြောင်း၊ အကယ်၍ အဆိုပါထောက်ပံ့ကူညီမှုများ အချိန်မီမရရှိပါက သေဆုံးမှုနှုန်းသည် မလွဲမသွေ ပိုမိုမြင့်တက်လာမည်သာဖြစ်ကြောင်း၊ အဆိုပါအသက်များကို ကယ်တင်နိုင်ရန် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ထိရောက်သောအရေးယူလုပ်ဆောင်ချက်များကို အချိန်မီဆောင်ရွက်ရန် လိုကြောင်း၊


(င) တစ်ဖက်တွင်လည်း စစ်တပ်အနေဖြင့် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း၊ ဥပဒေကြောင်းအရသော်လည်းကောင်း၊ လူထုထောက်ခံမှုအရသော်လည်းကောင်း ထောက်ခံမှုမရှိသည့် စစ်တပ်အနေဖြင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပရန် စီစဉ်နေသည့် ၎င်းတို့၏ အတုအယောင် ရွေးကောက်ပွဲကို အသုံးချကာ တရားဝင်မှုရရှိနိုင်ရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ အချို့အနေဖြင့် ထိုအတုအယောင် ရွေးကောက်ပွဲအား ယခုဖြစ်ပေါ်နေသည့် အကျပ်အတည်းမှ လွတ်မြောက်နိုင်မည့် နည်းလမ်းတစ်ခုသဖွယ် ထင်မြင်ယူဆနိုင်သော်လည်း အမှန်အားဖြင့် ယင်းသို့သော ယူဆချက်မှာ မှန်ကန်မှုမရှိကြောင်း၊


(စ) ပထမအချက်အနေဖြင့် စစ်တပ်တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရန်အတွက် ဥပဒေကြောင်းအရ အခြေခံအကြောင်းအရင်း မရှိကြောင်း၊ ဒုတိယအချက်အနေဖြင့် စစ်တပ်သည် ရွေးချယ်တင်မြှောက်ခံ ထားရသော နိုင်ငံရေးခေါင်းဆောင်များကို ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းချုပ်ထားကြောင်း၊ ထို့ကြောင့် စစ်တပ်မှ ကျင်းပမည့် မည်သည့်ရွေးကောက်ပွဲမဆို လွတ်လပ်၍ တရားမျှတမှု မရှိနိုင်ကြောင်း၊ တတိယ အချက်အနေဖြင့် စစ်တပ်သည် ပြည်တွင်းတရားဥပဒေစိုးမိုးမှုကို လုံးဝဥဿုံဖျက်ဆီးခဲ့ပြီဖြစ်ကြောင်း၊ ဤနေရာတွင် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် သတင်းမီဒီယာကဏ္ဍတို့လည်း လုံးဝဖျက်ဆီးခံထား ရကြောင်း၊ စတုတ္ထအချက်အနေဖြင့် အထူးကိုယ်စားလှယ်မှ ၎င်း၏ အစီရင်ခံစာတွင် ပြောကြားခဲ့သည့် အတိုင်း စစ်တပ်၏ ကတိကဝတ်အပေါ် ပြည်သူများက လုံးဝယုံကြည်မှုမရှိကြောင်း၊ ရိုးရှင်းစွာဆိုရမည် ဆိုလျှင် စစ်တပ်မှ ထိန်းချုပ်သည့် ရွေးကောက်ပွဲများသည် ယခုအကျပ်အတည်းအတွက် ရေတို/ရေရှည် ဖြေရှင်းနိုင်မည့် နည်းလမ်းဖြစ်လာမည် မဟုတ်သကဲ့သို့ စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ဦးတည်ပေးနိုင်မည်လည်း မဟုတ်ကြောင်း၊


(ဆ) ၎င်းတို့၏ ရွေးကောက်ပွဲသည် ပြည်တွင်းမတည်ငြိမ်မှုကိုသာ ပိုမိုဆိုးရွားလာစေနိုင်ကြောင်း၊ အကျိုးဆက်အနေဖြင့် ရိုဟင်ဂျာများ လုံခြုံစိတ်ချစွာနှင့် သိက္ခာရှိစွာ နေရပ်ပြန်လည်သွားရောက်ရေး အတွက်လည်း အာမခံချက်ရှိမည် မဟုတ်ကြောင်း၊ ပြည်သူများ အပေါ် တာဝန်ခံမှုရှိသော ပီပြင်သည့် စစ်တပ်အဖွဲ့အစည်း မထူထောင်နိုင်သရွေ့ မြန်မာပြည်သူများ၊ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုများ အနေဖြင့် ယခုစစ်တပ်၏ လူမဆန်မှုများကိုသာ ဆက်လက်ရင်ဆိုင်နေရမည်ဖြစ်ကြောင်း၊


(ဇ) ထို့ကြောင့် မြန်မာနိုင်ငံအရေးကိစ္စအတွက် ရေရှည်တည်တံ့မှုရှိစွာ ဖြေရှင်းနိုင်မည့် နည်းလမ်းမှာ ဖက်ဒရယ်ဒီမိုကရက်တစ်အနာဂတ်ကို ပြောင်းလဲဖော်ဆောင်ခြင်းပင်ဖြစ်ကြောင်း၊ ယင်းရည်မှန်းချက်အား ပြည့်မီနိုင်ရန်အတွက် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်ကို အခြေခံထားသည့် လမ်းစဉ်တစ်ရပ်ရှိကြောင်း၊ အထူးကိုယ်စားလှယ်၏ အစီရင်ခံမှုတွင် ပြောကြားခဲ့သည့်အတိုင်း ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်သည် အခြေခံအခွင့်အရေးများနှင့် အားလုံးပါဝင်မှုကို အခြေခံလျက် ဖက်ဒရယ်ဒီမိုကရေစီ အဖွဲ့အစည်းအသစ် တစ်ရပ်အား တည်ထောက်နိုင်ရေးအတွက် တာဝန်ရှိသူများအားလုံး၏ ကတိကဝတ်ကို ထင်ဟပ်ဖော်ပြ ထားကြောင်း၊


(ဈ) မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ရေးအတွက် မိမိတို့၏ အိမ်နီးချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးထံမှ တစ်နိုင်ငံတည်းဖြင့်ဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ ကူညီပေးနိုင်မည့် အောက်ပါ အချက် (၄) ချက်ကို လိုအပ်ကြောင်း၊ ပထမအချက်မှာ အကာအကွယ်ပေးမှု (Protection) ဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူများကို စစ်တပ်၏ ရက်စက် ကြမ်းကြုတ်သောလုပ်ရပ်များထံမှ ကာကွယ်ပေးရမည်ဖြစ်ကြောင်း၊ ဤနေရာတွင် စစ်တပ်၏ ဘဏ္ဍာငွေနှင့် သေစေနိုင်သော လက်နက်များကို ထိန်းချုပ်ရန်လည်း ပါဝင်ကြောင်း၊ စစ်တပ်အား လက်နက်တင်ပို့ရောင်းချ ခြင်းအပေါ် ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများချမှတ်ရေးအတွက် တောင်းဆိုထားသည်မှာ အချိန်ပင်နှောင်းနေပြီဖြစ်‌ကြောင်း၊


(ည) ဒုတိယအချက်မှာ လူသားချင်းစာနာထောက်ထားမှုအကူအညီဖြစ်ကြောင်း၊ လိုအပ်နေသော ပြည်သူများထံသို့ အဆိုပါအကူအညီများ ရောက်ရှိနိုင်မည့် နည်းလမ်းစုံကို အသုံးပြုရမည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအင်းအားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ထိရောက်မှုရှိသော ထိတွေ့ဆက်ဆံမှုများပြုလုပ်ရန်လည်း လိုအပ်ကြောင်း၊


(ဋ) တတိယအချက်မှာ စစ်တပ်မှ အကျိုးခံစားနေသော ဒဏ်ခတ်မခံရသည့် အစဉ်အလာ (Impunity) ပင် ဖြစ်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် IIMM မှ ပြုစုထားသည့် ခိုင်လုံသောသက်သေ အထောက်အထားများနှင့် အမှုတွဲများကို အသုံးပြုကာ မြန်မာနိုင်ငံအရေးကိစ္စအား နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ မဖြစ်မနေတင်သွင်းသင့်ကြောင်း၊


(ဌ) နောက်ဆုံးအနေဖြင့် ပြည်သူများနှင့် ရွေးချယ်ခံကိုယ်စားလှယ်များအတွက် ခိုင်မာသောပံ့ပိုးကူညီမှု များပေးခြင်းဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် တာဝန်ခံမှု၊ တရားမျှတမှု၊ ကာကွယ်ရေးအဖွဲ့အစည်းနှင့် အခြားအဓိကျသည့်အချက်များ ပါဝင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် ကြိုးပမ်းနေသည့် မိမိတို့၏ လုပ်ဆောင်ချက်များကို ထောက်ခံအားပေးရန် လိုအပ်ကြောင်း။


၃။ မြန်မာနိုင်ငံအရေးကိစ္စအား ထိရောက်စွာ ဖြေရှင်းနိုင်ရန်အတွက် အထူးကိုယ်စားလှယ်၏ အခန်း ကဏ္ဍသည် အလွန်အရေးပါကြောင်း၊ ထို့ကြောင့် အထူးကိုယ်စားလှယ်၏ လုပ်ပိုင်ခွင့်အာဏာ (Mandate) အား ပိုမိုထိရောက်ကာ အားကောင်းလာစေရန်အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မည်သို့ ပံ့ပိုးပေးနိုင်မည်ကို သိရှိလိုကြောင်း ပြောကြားခဲ့ပါသည်။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations,

at Interactive Dialogue with the UNSG Special Envoy on Myanmar

at the Third Committee of the 77th Session of UNGA


(New York, 25 October 2022)


Mr. Chair,


Myanmar takes note of the Secretary-General report and would like to express sincere appreciation to Special Envoy Dr. Noeleen Heyzer for her statement.


I wish to thank the Secretary-General for standing in solidarity with the people and continued support for our democratic aspirations. As the report notes, Myanmar is facing with a significant deterioration of security, humanitarian and human rights violations and worsening of socioeconomic conditions. And this multidimensional crisis demands immediate action on the part of the international community.


Taking this opportunity, I also wish to appreciate Special Envoy Dr. Heyzer for her effort to de-escalate the violence and to advance humanitarian assistance to people in need. However, we all are disappointed with the lack of any significant outcome from her meeting with the military leader in August this year. It was definitely as we all know due to the lack of goodwill of the military leader. We must remember that the military has long history of being deceptive and dishonest.


Mr. Chair,


We cannot speak about the protection of human rights with credibility when one is confronted with the lack of decisive action by the international community.


As we speak, in my country, over 2,390 people were brutally killed; more than 1.3 million people are currently displaced across the country; 14 million people are in need of humanitarian assistance. The lost and costs of illegal military coup have continued to mount. And it is well past time for the international community to hold the perpetrators, Myanmar military, accountable for its atrocities.


The inhumane military has committed serious violation of human rights amounting to crimes against humanity and war crimes. Among many, allow me to apprise you of recent two barbaric acts committed by the fascist military against innocent civilians.


In the afternoon of 16 September, 13 people including seven children have been killed by Myanmar military’s air attacks on a school in Lat Yat Kone Village, Depayin Township in Sagaing Region. Those children were as young as 7 years old. It is heartbreaking to see the dead children wrapped in cloth, and abandoned school bags in blood. These innocent children studying in school had no chance to learn that international legal protection even existed. They are killed now. They will never know.


In the evening of 23 October, the terrorist military fighter jets bombed and attacked on civilians at the music concert held in A Nang Pa, Brigade 9 of Kachin Independent Army (KIA) in Kachin State, Myanmar, to celebrate the anniversary 62nd Kachin Independent Organization (KIO) Day which falls on 25 October 2022. It reportedly resulted in death of around 100 people including artists, women and children and so many injured. It is learnt that women are the most because they were preparing and cooking for the event to be held next day. Those injured are in need of emergency medical care immediately. If they do not receive such assistance in time, the number of death toll will increase unavoidably. The international community should take decisive actions timely to save lives.


It is a crystal clear that this barbaric act was committed by the Myanmar military.


We thank the states and organizations for their statements. However some statements did not mention who committed such crimes. It is indeed disappointing for our sisters and brothers of Kachin and the Myanmar people at large because we all are working together to bring perpetrators of such crimes to justice. I wish to urge all member states to help us in this regard.


Mr. Chair,


Let me turn on to the sham elections that the military is planning to hold. The junta, which has neither legal basis nor popular support, is attempting to gain some form of legitimacy through their sham 2023 elections. There might be some who may see this attempt as an exit from the crisis. In reality, that judgment would be misguided. Let me stress as follows:


First, the military has no legal basis to organize the elections.


Second, they have been holding elected political leaders as hostages. No election dictated by the illegal junta will be free, fair and independent.


Third, they have effectively destroyed the rule of law and crushed any civic space including independent media and the civil society.


Fourth, as Special Envoy said in her report, there is no public confidence in the junta’s pledge. Simply put, any military-controlled elections would never be short-term or long-term solution to the crisis. Such elections will never lead to genuine democratic transition. Instead they will only lead to further instability in the country and beyond as well as to the permanent military control empowered by total impunity. There will be no guarantee for the safe and dignified return of the Rohingya. Furthermore, the people of Myanmar especially ethnic minorities risk a vicious cycle of military atrocities unless we have the military as a professional institution accountable to the people and subject to democratic oversight.


Therefore, the sustainable solution to the situation in Myanmar is irreversible transformative change towards a Federal Democratic future. To achieve that goal, there is a road map based on the Federal Democracy Charter. As the Special Envoy said in her report, the Federal Democracy Charter reflects the commitment of stakeholders to building a new federal democratic constitution based on fundamental rights and inclusion. And we have a process called the National Unity Consultative Council (NUCC), which serve as an inclusive collective platform towards a federal democratic Union which guarantees democracy, justice, human rights and equality among all and self-determination of ethnic minorities. The National Unity Government is part of this inclusive process and stands ready to work with all UN member states in their ongoing efforts.


Towards transition to genuine democracy in Myanmar, the people of Myanmar need three things from our neighbours, regional countries and all UN member states individually or collectively.


First, Protection. It is protection of innocent lives from further military atrocities. This also includes depriving the military junta of revenue and lethal weapons. Arms embargo and targeted sanctions against the military junta are long overdue.


Second, Humanitarian assistance. It is imperative to make sure every possible way assistance reach to the people in need. Meaningful engagement with the NUG, EROs and local CSOs and NGOs is necessary.


Third, Ending military impunity. The UN Security Council must use the admissible evidence and case files prepared by the Independent Investigative Mechanism for Myanmar to refer the situation of Myanmar to the International Criminal Court.


Last but not least, Concrete support to the people of Myanmar and their elected representatives. Support our ongoing efforts towards a Federal Democratic Union which will feature accountable, justice and security institutions among others.


Madam Special Envoy,


The challenges and sufferings the people of Myanmar face are daunting and multiple. Therefore we need effective support from the international community. The role of Special Envoy is so crucial. Provided strong collaboration between the Special Envoy and the Special Rapporteur on the situation of human rights in Myanmar, we are of the view that the mandate of the Special Envoy should be broadened in order to help the people of Myanmar in their efforts for building a federal democratic union. In this regard, what is your suggestion to the member states to make your mandate sufficient and more effective?


I thank you.


**********












bottom of page