top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at Interactive Dialogue with Special Rapporteur-3C of 78th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Interactive Dialogue with the Special Rapporteur on extrajudicial, summary, or arbitrary executions of the Third Committee of the 78th Session of the UN General Assembly, held on 20 October 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ကွပ်မျက်ခြင်းဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်တပ်မှ ထပ်တလဲလဲ ကျူးလွန်နေသည့် ထိတ်လန့်ဖွယ်ကောင်းသော လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် ဥပဒေမဲ့ ကွပ်မျက်စီရင်ခြင်းများ အပါအဝင် နိုင်ငံတကာပြစ်မှုများကို ကုလသမဂ္ဂယန္တရားမှ သက်သေအထောက်အထား အခိုင်အလုံဖြင့် မှတ်တမ်းပြုစုထားပြီးဖြစ်သည်ကိုထောက်ပြခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်)


၁။ နယူးယောက်မြို့၌ ကျင်းပလျက်ရှိသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ) ၌ ၂၀-၁၀-၂၀၂၃ ရက် (သောကြာနေ့)၊ မွန်းလွဲပိုင်းတွင် တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ကွပ်မျက်ခြင်းဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်အား ကျင်းပပြုလုပ်ခဲ့ပါသည်။


၂။ အဆိုပါ အစီအစဉ်တွင် Special Rapporteur on extrajudicial, summary or arbitrary executions Mr. Morris TIDBALL-BINZ က ၎င်း၏ အစီရင်ခံစာကို အဓိကဆွေးနွေးတင်ဆက်ခဲ့ပြီး နိုင်ငံအများအပြားမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ ဆွေးနွေးပြောကြားမှုတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-

(က) လိင်ပိုင်းဆိုင်ရာ ပစ်မှတ်ထား သတ်ဖြတ်ခြင်း (Femicide) သည် လိင်ဖြစ်တည်မှုအပေါ် အခြေခံ၍ အကြမ်းဖက်မှုပုံစံတစ်ခုဖြစ်ပြီး အသက်ရှင်ခွင့် အပါအဝင် အခြေခံ အခွင့်အရေးများကို ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း၊

(ခ) လွန်ခဲ့သော (၃၂) လအတွင်း၌ စစ်တပ်သည် တရားလက်လွတ် သတ်ဖြတ်ခြင်းများ၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် လူ့အခွင့်အရေးအား အလွန်အမင်းနှင့် စနစ်တကျ ချိုးဖောက်ခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ဒီမိုကရေစီအရေး တက်ကြွစွာ လှုပ်ရှားသူများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် လူငယ်လူရွယ်များကို ဥပဒေမဲ့ ကွပ်မျက်ခဲ့ကြောင်း၊ ထိုသို့ စစ်တပ်မှ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ အတင်းအကြပ် ပျောက်ကွယ်စေခြင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို စဉ်ဆက်မပြတ် ကျူးလွန်လျက်ရှိရာ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် သတင်းထောက်များ၏ အသံများလည်း ဆိတ်သုဉ်းနေရကြောင်း၊

(ဂ) ထို့ပြင် စစ်တပ်သည် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် အရပ်သားပြည်သူများ အပေါ် လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုများကို အရှိန်မြှင့်တင်၍ ဆောင်ရွက်လျက်ရှိကြောင်း၊ အောက်တိုဘာလ (၉) ရက်နေ့ ညဉ့်ဦးပိုင်းတွင်လည်း လူမဆန်သည့် စစ်တပ်သည် ကချင်ပြည်နယ်၊ လိုင်ဇာဒေသရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ များပြားပြီး ကလေးငယ် (၁၃) ဦး အပါအဝင် လူပေါင်း (၃၀) သေဆုံးခဲ့ရကြောင်း၊

(ဃ) စစ်တပ်အနေဖြင့် အမျိုးသမီးများနှင့် ကလေးငယ်များ အပါအဝင် အရပ်သားလူထုအား ဆက်လက် ပစ်မှတ်ထားတိုက်ခိုက် သတ်ဖြတ်နေခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း နှင့် ထောင်ပေါင်းများစွာသော ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အကျဉ်းချခြင်း စသည်တို့ကို အဆက်မပြတ် ကျူးလွန်လျက်ရှိကြောင်း၊

(င) အထူးသဖြင့် စစ်တပ်မှ ထပ်တလဲလဲ ကျူးလွန်နေသည့် ထိတ်လန့်ဖွယ်ကောင်းသော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများနှင့် ဥပဒေမဲ့ကွပ်မျက်စီရင်ခြင်းများ အပါအဝင် နိုင်ငံတကာပြစ်မှုများကို ကုလသမဂ္ဂယန္တရားမှ သက်သေအထောက်အထား အခိုင်အလုံဖြင့် မှတ်တမ်းပြုစုထားပြီး ဖြစ်ကြောင်း၊

(စ) ဤနေရာတွင် စစ်တပ်၏ ရည်ရွယ်ချက်သည် ထင်ရှားကြောင်း၊ ၎င်းတို့ ကျူးလွန်လျက်ရှိသော ပြစ်မှုများအားလုံးသည် မြန်မာပြည်သူများနှင့် ဒီမိုကရေစီ လှုပ်ရှားမှုများအပေါ် အကြောက်တရား ရိုက်သွင်းနိုင်ရန်အတွက် နောက်ဆုံးအကြိမ်အဖြစ် ကြိုးပမ်းအားထုတ်နေခြင်းပင်ဖြစ်ကြောင်း၊

(ဆ) မြန်မာပြည်သူများအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်း၊ အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ ထံမှ လေးနက်ထိရောက်သော အရေးယူဆောင်ရွက်ချက်များကို အမှန်တကယ် မျှော်လင့်ပါကြောင်း၊ သို့ရာတွင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို ရပ်တန့်စေနိုင်မည့် ထိရောက်သော အရေးယူဆောင်ရွက်ချက် မရှိသေးကြောင်း၊

(ဇ) ကုလသမဂ္ဂအနေဖြင့် မြန်မာပြည်သူများအပေါ် တာဝန် မပျက်ကွက်သင့်ပါကြောင်း၊

(ဈ) ယင်းသို့သော အခြေအနေတွင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ၊ အထူးသဖြင့် ၎င်းတို့ ကျူးလွန်လျက်ရှိသော တရားလက်လွတ်၊ အကျဉ်းချုပ် သို့မဟုတ် ဥပဒေမဲ့ ကွပ်မျက်ခြင်းများကို ပို၍ကောင်းမွန်ထိရောက်စွာ အရေးယူနိုင်ရေးအတွက် အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် ကုလသမဂ္ဂနှင့် ယင်း၏အဖွဲ့ဝင်နိုင်ငံများအား မည်သို့ အကြံပြုလိုသည်ကို သိရှိလိုပါကြောင်း။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့




Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations

at the Interactive Dialogue with the Special Rapporteur on extrajudicial, summary, or arbitrary executions of the Third Committee of the

78th Session of the UN General Assembly


(New York, 20 October 2023)


Mr. Chair,


I thank the Special Rapporteur for his report.


As the report notes, femicide, deliberate killing of females due to their gender, is a form of gender-based violence and a violation of fundamental rights, including the right to life.


As we call upon member states to comply with international human rights law by doing everything in their power to prevent all deaths in detention, and femicide, the military junta in Myanmar perpetrates these atrocities against the people on a daily basis.


Over the last 32 months, the military junta has engaged in extrajudicial killings, torture, and serious and systematic violation of human rights. It has executed pro-democracy activists, human rights defenders, and young people. Voices of civil society and journalists have been strangled, while arbitrary arrests, enforced disappearance and torture continue.


The military junta has also escalated its use of mass killings, and aerial and heavy artillery attacks against the civilians. Even midnight of October 9, inhumane military launched an airstrike on Munglai Hkyet IDP camp in Laiza, Kachin State, killing 30 civilians including 13 children and injuring many.


The UN must not and should not ignore and forget the sufferings of Myanmar people as the military junta continues attacking and killing the civilian population including women and children, burning villages, and imprisoning thousands of democracy activists. Repeated committing of international crimes including crimes against humanity, mass killings and extrajudicial executions have also been documented by the UN system.


The motivation of the military is obvious. It is their last attempt to instill fear in the people and pro-democracy movement.


The people of Myanmar did expect strong support and decisive action from the UN in particular the UN Security Council. But there is no decisive action yet to stop the military junta’s atrocities.


The UN should not fail the people of Myanmar.


In this situation, Mr. Special Rapporteur, what is your advice to the UN and member states to take better and effective response to and prevent further the military junta’s atrocities, extrajudicial, summary, or arbitrary executions in Myanmar?


I thank you.



*****









bottom of page