top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at Interactive Dialogue with Special Rapporteur (3C-77th UNGA)




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at Interactive Dialogue with Mr. Thomas Andrew, Special Rapporteur on the situation of human rights in Myanmar at the Third Committee of the 77th Session of the UN General Assembly, held on 26 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီတွင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဘာသာရပ်အောက်၌ ကျင်းပပြုလုပ်သော မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်၌ ဤကော်မတီအနေဖြင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်၍ လူမဆန်သောလုပ်ရပ်များကို အလေးထားအာရုံစိုက်နိုင်ရန်နှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း စစ်တပ်၏ အကြမ်းဖက်မှုများကို ထိန်းချုပ်ရပ်တန့်ကာ ပြည်သူများ၏ အသက်အိုးအိမ်များကို ကယ်တင်ပေးနိုင်ရေးအတွက် အနန့်ပါ ၌ တေးဂီတဖြေဖျော်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်တပ်က စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကို ထပ်လောင်းပြောကြားလိုကြောင်း


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်)


၁။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီတွင် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေး ဘာသာရပ်အောက်၌ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ Mr. Thomas Andrew နှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်ကို ၂၆-၁၀-၂၀၂၂ ရက်နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) အထူးအစီရင်ခံစာတင်သွင်းသူမှ ပြည့်စုံစွာဖော်ပြထားသည့် အစီရင်ခံစာနှင့် ယနေ့တင်ပြဆွေးနွေးမှု တို့အတွက် ကျေးဇူးတင်ရှိကြောင်း၊ အထူးသဖြင့် မြန်မာပြည်သူများမှ ၎င်းတို့၏ အခွင့်အရေးများပြန်လည် ရရှိရန်နှင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရေးအတွက် ကြိုးပမ်းအားထုတ်ရာတွင် အထူးအစီရင်ခံစာတင်သွင်းက အတူတကွရပ်တည်ပေးမှုအပေါ် အထူးကျေးဇူးတင်ရှိကြောင်း၊ အထူး အစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာနှင့် ယနေ့ရှင်းလင်းပြောကြားချက်တို့သည် မြန်မာနိုင်ငံတွင် အမှန်တကယ်ဖြစ်ပေါ်လျက်ရှိသော မြေပြင်အခြေအနေများကို ဖော်ပြသည့်အတွက် အပြည့်အဝထောက်ခံ ပါကြောင်း၊


(ခ) အဆိုပါအစီရင်ခံစာတွင် ဖော်ပြထားသည့် အကြံပြုချက်များအနက် မြန်မာနိုင်ငံသို့ လက်နက်တင်ပို့ ရောင်းချမှုနှင့်စပ်လျဉ်းသည့် အဆိုပြုမူကြမ်းကို အတည်ပြုပေးရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား တောင်းဆိုကြောင်း၊ ထို့ပြင် မြန်မာပြည်သူများ လိုလားတောင့်တသည့် ဒီမိုကရေစီမျှော်မှန်းချက်များကို ဖိနှိပ်နေပြီး အကြောက်တရားဖြင့် အုပ်ချုပ်ရန် ကြံရွယ်နေသည့် စစ်တပ်အား လက်နက်နှင့် ငွေကြေးအားဖြင့် ပိတ်ဆို့နိုင်ရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာရုံစိုက်မှု၊ ပူး‌ပေါင်းဆောင်ရွက်မှုနှင့် မဟာဗျူဟာ ကျမှုတို့ပါဝင်သည့် အစီအစဉ်တစ်ရပ်ကို စတင်နိုင်ရေးအတွက် အထွေထွေညီလာခံအရေးပေါ် အစည်း အဝေးတစ်ခု ကျင်းပရန်ကို ထပ်လောင်းတောင်းဆိုကြောင်း၊


(ဂ) အဓိကအားဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမဝင်စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့သည့် အချိန်မှစ၍ မြန်မာနိုင်ငံ၏ အခြေအနေသည် တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာခဲ့ကြောင်း၊ အထူး အစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်း စစ်တပ်အနေဖြင့် မြန်မာပြည်သူ များ၏ အခြေခံလူ့အခွင့်အရေးများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျချိုးဖောက်လျက်ရှိကြောင်း၊ ၎င်းတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအဆင့်သို့ ရောက်ရှိနေပြီဟု IIMM ကလည်း အစီရင်ခံထားပြီးဖြစ်ကြောင်း၊


(ဃ) စစ်အာဏာသိမ်းထားသည့် (၂၁) လအတွင်းမှာပင် စစ်တပ်အနေဖြင့် မြန်မာနိုင်ငံတွင်းနေထိုင်သူ များအပေါ်၌ ရက်စက်ကြမ်းကြုတ်မှုအမျိုးမျိုးကို ကျူးလွန်ခဲ့ကြောင်း၊ အထူးသဖြင့် ဆယ်စုနှစ် (၃) ခု ကျော်ကြာ အသုံးမပြုတော့သည့် သေဒဏ်ပေးမှုကို ပြန်လည်အသုံးပြုကာ နိုင်ငံရေးအကျဉ်းသား (၄) ဦးကို ကွပ်မျက်ခဲ့ကြောင်း၊ ထို့ပြင် ပြည်သူများကို ဥပဒေမဲ့ဖမ်းဆီးခြင်း၊ မိသားစုဝင်များကို ဓားစာခံများအဖြစ် ဖမ်းဆီးချုပ်နှောင်ခြင်းတို့ကိုလည်း လုပ်ဆောင်ခဲ့ကြောင်း၊ အကျဉ်းထောင်များတွင် ဖမ်းဆီးခံထားရသူများ အနေဖြင့်လည်း ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူသားမဆန်၍ နှိမ့်ချဆက်ဆံခြင်းတို့အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတို့ကိုပါ ခံစားနေကြရကြောင်း၊ ထို့ပြင် စစ်တပ်အနေဖြင့် နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့ပြည်သူ များ၏ အသက်များကိုလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း၊ အဓိကအားဖြင့် ပြည်သူများ နေထိုင်သည့် နေရာဒေသများသို့ လေကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကို ပြုလုပ်ခဲ့ပြီး မြေပြင်တွင်လည်း ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ မွေးမြူရေးလုပ်ငန်းများကို ဖျက်ဆီးခြင်းနှင့် ရွာသားများကို ဖမ်ဆီးခြင်း၊ သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိကြောင်း၊


(င) မိမိအနေဖြင့် ယမန်နေ့ကလည်း ဖက်ဆစ်စစ်တပ် မကြာမီက ကျူးလွန်ခဲ့သည့် ရက်စက် ကြမ်းကြုတ်၍ လူမဆန်သောလုပ်ရပ်များကို ဤကော်မတီသို့ တင်ပြခဲ့ကြောင်း၊ ကော်မတီအနေဖြင့် အလေးထားအာရုံစိုက်နိုင်ရန်နှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း စစ်တပ်၏ အကြမ်းဖက်မှုများကို ထိန်းချုပ်ရပ်တန့်ကာ ပြည်သူများ၏ အသက်အိုးအိမ်များကို ကယ်တင်ပေးနိုင်ရေးအတွက် ယနေ့တွင်လည်း ထပ်မံတင်ပြလိုကြောင်း၊


(စ) ၁၆-၉-၂၀၂၂ ရက်နေ့၊ နေ့လယ်တွင် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ၌ ဖွင့်လှစ်ထားသော စာသင်ကျောင်းတစ်ကျောင်းကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ရာ ကလေးငယ် (၇) ယောက်အပါအဝင် စုစုပေါင်း (၁၃) ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသွားသည့် ကလေးငယ်များတွင် အသက် (၇) နှစ်မျှငယ်ရွယ်သော ကလေးငယ်ပါဝင်ကြောင်း၊


(ဆ) ယခုလ (၂၃) ရက်နေ့၊ ညပိုင်းတွင်လည်း ကချင်ပြည်နယ်၊ ဖားကန့်ရှိ အနန့်ပါ (A Nang Pa) ၌ ၂၅-၂၀-၂၀၂၂ ရက်နေ့တွင် ကျရောက်မည့် (၆၂) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) နေ့ အထိမ်းအမှတ်ပွဲ အကြိုတေးဂီတဖြေဖျော်ပွဲ ပြုလုပ်နေစဉ် အကြမ်းဖက်စစ်တပ်က စစ်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အနုပညာရှင်များ၊ အမျိုးသမီး များနှင့် ကလေးငယ်များအပါအဝင် စုစုပေါင်း လူ (၁၀၀) ကျော်ခန့် သေဆုံးခဲ့ရပြန်ကြောင်း၊ ထိခိုက်သေဆုံး ဒဏ်ရာရသူများတွင် အမျိုးသမီးအများအပြားပါဝင်ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ များသည် အရေးပေါ်ကျန်းမာရေးကုသမှု ချက်ချင်းလိုအပ်လျက်ရှိကြောင်း၊ အကယ်၍ အဆိုပါထောက်ပံ့ ကူညီမှုများမရရှိပါက သေဆုံးမှုနှုန်းသည် မလွဲမသွေ ပိုမိုမြင့်တက်လာမည်သာဖြစ်ကြောင်း၊


(ဇ) စစ်တပ်အနေဖြင့် လက်နက်များနှင့် အကြမ်းဖက်မှုတို့ကို အသုံးချခြင်းဖြင့် ပြည်သူများလိုလား တောင့်တသည့် ဒီမိုကရေစီမျှော်မှန်းချက်များကို နှိမ်နင်းနိုင်လိမ့်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့ ကျူးလွန်ထား သည့် ကြီးလေးသော ရာဇဝတ်မှုများအတွက်လည်း တာဝန်ခံရမည် မဟုတ်ဟု မှတ်ယူထားဟန်ရှိကြောင်း၊ သို့သော် ၎င်းတို့၏အတွေးမှာ မှားယွင်းနေကြောင်း၊ မြန်မာပြည်သူများအနေဖြင့် ၎င်းတို့၏ အကြောက် တရားဖြင့် အုပ်ချုပ်မှုကို အရှုံးပေးခြင်း အလျဉ်းမရှိကြောင်း၊ ယင်းအစား စစ်တပ်၏ တရားမဝင် စစ်အာဏာသိမ်းမှုကို ရရာနည်းလမ်းဖြင့် ခုခံဆန့်ကျင်သွားရန် ဆုံးဖြတ်ချက် ပိုမိုခိုင်မာလျက်ရှိကြောင်း၊ ထို့ကြောင့် နိုင်ငံတစ်ဝှမ်းတွင် စစ်တပ်၏ အုပ်ချုပ်ရေးယန္တရားများ ပျက်သုဉ်းလာမည်သာဖြစ်ကြောင်း၊


(ဈ) ထို့နည်းတူ မိမိတို့အနေဖြင့် စစ်တပ်အား ၎င်းတို့မှ နိုင်ငံတကာဥပဒေများကို ချိုးဖောက်လျက် ကျူးလွန်ထားသည့် ရာဇဝတ်ဝတ်များအတွက် ဒဏ်ခတ်မခံရသည့် အစဉ်အလာကို ဆက်လက်အကျိုး ခံစားခွင့် ရရှိနိုင်တော့မည် မဟုတ်ကြောင်းကို သက်သေပြရမည်ဖြစ်ကြောင်း၊ ထို့အတွက် ICC ၏ တရားစီရင်ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံအနေဖြင့် လိုက်နာမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ICC သို့ တရားဝင်အကြောင်းကြား ထားပြီးဖြစ်ကြောင်း၊ အလားတူပင် မိမိတို့အနေဖြင့် IIMM နှင့် Universal Jurisdiction တို့ကို အသုံးပြု၍ တာဝန်ခံမှုရှိစေရေးအတွက် ကြိုးပမ်းနေသည့် ယန္တရားများတွင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်သည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု စက်ဝိုင်းကို ရပ်တန့်ရမည့်အချိန်သို့ ကျရောက်နေပြီဖြစ်ကြောင်း၊


(ည) အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့်လည်း ယို့ယွင်းလာသည့် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေများအပေါ် အလွန်စိုးရိမ်ကြောင်းကို ကြိမ်ဖန်များစွာ ထုတ်ဖော်ပြောကြားကာ နိုင်ငံတကာ အသိုက်အဝန်းအား မြန်မာပြည်သူများမှ ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေခြင်းအပေါ် ဝိုင်းဝန်း ထောက်ခံပံ့ပိုးပေးရန် တောင်းဆိုခဲ့ကြောင်း၊ နိုင်ငံတကာမှ ဖိအားပေးမှု၊ အထူးအစီရင်ခံစာတင်သွင်းသူ၏ တောင်းဆိုမှုများရှိနေသော်ငြားလည်း စစ်တပ်အနေဖြင့် ပစ်ဒဏ်ခတ်ခြင်းမခံရဘဲ ဆက်လက်ရှိနေရာ၊ အထူးအစီရင်ခံစာတင်သွင်းသူမှ နိုင်ငံတကာအသိုက်အဝန်းသို့ ပြောကြားခဲ့မှုများ မရှိခဲ့သယောင်၊ အပြစ်မဲ့ ပြည်သူများ၏ အသက်များ တန်ဖိုးမရှိသယောင် ဖြစ်နေကြောင်း၊


(ဋ) အမှန်အားဖြင့် စစ်တပ်၏ ရက်စက်သောလုပ်ရပ်များကြောင့် သေဆုံးခဲ့ရသော ပြည်သူများနှင့် ဒုက္ခခံစားနေရသော ပြည်သူများ၏ အသက်အိုးအိမ်ဘဝများသည် တန်ဖိုးရှိပြီး အရေးကြီးပါကြောင်း။


၃။ သို့ဖြစ်ရာ အထူးအစီရင်ခံစာတင်သွင်းသူအနေဖြင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သောလုပ်ရပ် များကို ရပ်တန့်နိုင်ရန်နှင့် ပြည်သူများ၏ အသက်များကို ကယ်တင်နိုင်ရန် လုံခြုံရေးကောင်စီနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအား မည်သို့သောနည်းလမ်းများဖြင့် ဆက်လက် တိုက်တွန်းပေးသွားမည်ကို သိရှိလိုကြောင်း ပြောကြားခဲ့ပါသည်။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations,

at Interactive Dialogue with Mr. Thomas Andrew, Special Rapporteur on the situation of human rights in Myanmar

at the Third Committee of the 77th Session of UN General Assembly


(New York, 26 October 2022)


Mr. Chair,


I thank Special Rapporteur Mr. Thomas Andrew for his comprehensive report and presentation. I also wish to express my sincere congratulations and appreciation for his hard work and for standing with Myanmar people as they struggle in re-claiming their fundamental rights and the democracy for the country.

We are of the view that the report and your statement greatly reflect the on-ground situation in Myanmar and we strongly support it. We wish to echo a few recommendations of the report and call on the Security Council to pass a resolution that imposes a comprehensive arms embargo on the military junta as well as recommend to the UN Member States to convene an emergency meeting to launch a focused, coordinated, and strategic initiative to deprive the junta of the weapons, finances, and legitimacy it utilizes to sustain its campaign of terror and suppression of the democratic aspirations of the people of Myanmar.


Mr. Chair,


Since the illegal military coup in February 2021, the situation in Myanmar gets worsen day by day, and the people in Myanmar have suffered the inhumane and irrational treatment of the terrorist military. Over 2,390 people have been brutally killed and nearly 16,000 people have been arbitrarily arrested by the junta. Over 1 million people have been displaced. More than 14 million people are in need of humanitarian assistance.


As the Special Rapporteur reported, the illegal military junta has been violating the fundamental human rights of the people of Myanmar in a widespread and systematic manner, which the UN Independent Investigative Mechanism for Myanmar mentions amount to crimes against humanity and war crimes.


Within 21 months since the illegal coup, the military has committed various kinds of atrocities against the people in Myanmar. For the first time over three decades, it has executed four political prisoners. It arbitrarily arrested targeted individuals as well as abducted their family members as hostages. Detainees continued to suffer torturing, inhumane and degrading treatments as well as sexual assaults inside prisons. The junta also massacred innocent civilians across the country. It also launched air attacks and shot heavy weaponry into the civilian areas. Those attacks were followed by ground assaults that include torching the houses, destroying livestock, abducting and killing the villagers.


Yesterday in this very room, I informed this august Committee of the recent barbaric acts of the fascist military. I will repeat it here today because we need your serious attention and help of the international community to stop such military’s atrocities and to save lives.


In the afternoon of 16 September, 13 people including seven children have been killed by Myanmar military’s air attacks on a school in LatYatKone Village, Depayin Township in Sagaing Region. Those children were as young as 7 years old.


In the evening of 23 October, the terrorist military fighter jets bombed and attacked on civilians at the music concert held at A Nang Pa, Phakhant in Kachin State, Myanmar, to celebrate the 62nd anniversary of Kachin Independent Organization (KIO) Day. Reportedly it resulted in death of around 100 people including artists, women and children and so many injured. It is learnt that many women are among the victims. Those injured are in need of emergency medical care immediately. If they do not receive such assistance in time, the number of death toll will increase unavoidably.


Mr. Chair,


The military junta might have thought that they can crush the people’s democratic aspirations with guns and violence, and they can never be held accountable for the serious crimes they committed against the people. For the first part, they have been categorically wrong because Myanmar people are not submitting to their reign of terror. Instead we are more determined to oppose the military’s attempted illegal rule in both peaceful and armed means. As a result, the junta’s administration has collapsed in many parts of the country. For the second part, we must prove that there is no more impunity for the serious international crimes committed in Myanmar. In this regard, the National Unity Government informed the International Criminal Court that Myanmar accepts the Court’s jurisdiction. We will continue to fully cooperate with all accountability efforts including the Independent Investigative Mechanism for Myanmar and application of the principle of universal jurisdiction. It is time to break the cycle of military atrocities.


Mr. Special Rapporteur,


Since the beginning, through different possible platforms and situations, you have repetitively expressed your concerns on the deteriorating human rights situation in Myanmar and called on the international community to support the people of Myanmar in fighting for their rights and democracy.


Despite international pressure and your demands, the junta continues to enjoy impunity as if none of what you have described to the international community has happened, as if none of these innocent lives matter.


Of course, the lives of those who have suffered and died under this military junta do matter.


I wish to ask you, Mr. Special Rapporteur, what are your next steps and measures to urge the international community including the member states of the UN Security Council and ASEAN to take decisive immediate actions to stop the military’s atrocities and save lives of Myanmar people?


I thank you.


*****








bottom of page