top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at Informal Meeting of UNGA on Briefing by UNSG Special Envoy



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the Informal Meeting of the UN General Assembly on the Briefing by the Special Envoy of the UN Secretary-General on Myanmar, held on 13 June 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂအထွေထွေညီလာခံ၌​ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် အလွတ်သဘောအစည်းအဝေး၌​ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ နိုင်ငံတကာအသိုက်အဝန်းအနေနှင့် အပြစ်မဲ့မြန်မာပြည်သူများအား ကာကွယ်စောင့်ရှောက်ရန် အလေးထားတိုက်တွန်းတောင်းဆိုခဲ့


(၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့၊ နယူးယောက်မြို့)


၁။ ဇွန်လ ၁၃ ရက်နေ့၊ နံနက်ပိုင်းတွင် ကုလသမဂ္ဂအထွေထွေညီလာခံ၌​ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် အလွတ်သဘော အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေး၌​ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မှ မိန့်ခွန်းပြောကြားခဲ့ရာ၊ အောက်ပါအဓိကအချက်များ ပါဝင်ပါသည် -


(က) လွန်ခဲ့သည့် (၁၆)လက မြန်မာစစ်တပ်သည် “ရွေးကောက်ပွဲမဲ မသမာမှု” ဟုဆိုသော မူမမှန်သည့် အကြောင်းပြချက်ဖြင့် တရားမဝင်အာဏာသိမ်းရန် ကြိုးစား၍ ရွေးကောက်ခံသမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အခြားရွေးကောက်ခံ အရပ်သားခေါင်းဆောင်များကို ဓားစာခံဖမ်းဆီး၍ အဆက်အသွယ်ဖြတ်တောက်ခဲ့ကြောင်း၊


(ခ) အထူးကိုယ်စားလှယ် ဖော်ပြသည့်အတိုင်း မြန်မာနိုင်ငံ၏အခြေအနေသည် ဆက်လက်ဆိုးဝါးနေဆဲ ဖြစ်ပြီး၊ စစ်တပ်က ရက်စက်သည့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် နေရပ်စွန့်ခွာမှုများ ပြုလုပ်၍ မြန်မာပြည်သူများ ဒုက္ခကြီးစွာခံစားစေရန် ဆောင်ရွက်လျက်ရှိကြောင်း၊


(ဂ) စစ်တပ်သည် ပြည်သူအနည်းဆုံး (၁,၉၂၉) ဦး ကို သတ်ဖြတ်ခဲ့ပြီး၊ (၁၄,၀၆၁) ဦး ကို ဖမ်းဆီးထား၍ (၁၁,၀၀၄) ဦး ကို ဖမ်းဝရမ်းထုတ်ထားကြောင်း၊ အဓမ္မဖမ်းဆီးမှု၊ နေအိမ်များသို့ ရုတ်တရက်အကြမ်း ဖက်တိုက်ခိုက်မှု၊ ပြည်သူပိုင်ပစ္စည်းများနှင့် နေအိမ် (၆၀၀) နီးပါးကို တရားမဝင်သိမ်းယူမှု၊ လက်ခံနိုင်ဖွယ် မရှိသော နိုင်ငံသားဖြစ်မှု ဖျက်သိမ်းမှု၊ မတရားနိုင်ငံမဲ့ဖြစ်စေရန် ဆောင်ရွက်မှုနှင့် ရွေးကောက်ခံခေါင်းဆောင် များနှင့် နိုင်ငံရေးသမားများအပေါ် အဓိပ္ပါယ်မရှိသည့် တရားစီရင်မှုတို့က စစ်တပ်၏ ဉပဒေမဲ့လုပ်ရပ်များကို ထင်ရှားစေကြောင်း၊ ထို့ပြင် စစ်တပ်၏ “လျှို့ဝှက်တရားရုံးများ” ၌ ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် သေဒဏ်ချမှတ်မှု (၂၀၀) ကျော် ပြုလုပ်ခဲ့ကြောင်း၊


(ဃ) ယင်းဖြစ်ရပ်များကို အကျင့်သိက္ခာရှိသော လူမှုအသိုက်အဝန်းအားလုံးမှ ကန့်ကွက်ရှုတ်ချကြသော် လည်း တာဝန်ခံမှုမရှိသည့် စစ်တပ်ခေါင်းဆောင်မှ ၎င်းကိုယ်ကို အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့၏ တစ်ဦးတည်းအာဏာပိုင်အဖြစ် သတ်မှတ်ထားသည်မှာ မြန်မာနိုင်ငံအတွက် အံ့ဩဖွယ်ရာ မဟုတ်ဖြစ်နေကြောင်း၊ စစ်တပ်ခေါင်းဆောင်အနေနှင့် ယခင်ကကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သည့် ပြစ်မှုများအတွက် ပြစ်ဒဏ်မခံရခြင်းက ဤသို့လုပ်ရပ်များကို ကျူးလွန် စေကြောင်း၊ ရိုဟင်ဂျာများအပေါ် စစ်တပ်၏ ဆိုးရွားစွာ ကျူးလွန်ခဲ့မှုများအပေါ် မိမိတို့အားလုံးက အမှတ်ရ လျက်ရှိနေကြောင်း၊ ရိုဟင်ဂျာများကို လက်ခံပေးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား ကျေးဇူးတင်ပါကြောင်း၊ ရိုဟင်ဂျာများနှင့် နိုင်ငံတစ်ဝန်းရှိ အခြားလူနည်းစုများ၏ ဒုက္ခခံစားရမှုများကို မြင်တွေ့နေရပြီး၊ စစ်တပ်၏ အတိတ်နှင့် လက်ရှိကျူးလွန်သည့် ပြစ်မှုများသည် ဆယ်စုနှစ်ပေါင်းများစွာ ရရှိလာသည့် ပြစ်ဒဏ်မခံရခြင်း နှင့်များစွာ သက်ဆိုင်နေကြောင်း၊


(င) အမျိုးသားညီညွတ်ရေးအစိုးရသည် ရိုဟင်ဂျာကိစ္စနှင့်စပ်လျဉ်း၍ ရေရှည်တည်မြဲသည့် အဖြေရရှိရေးအတွက် ဆောင်ရွက်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇွန်လက ရိုဟင်ဂျာနှင့် ပတ်သက်သည့် မူဝါဒကို ထုတ်ပြန်ခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လက အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး၏ ဆုံးဖြတ်မှုကို ခံယူရန် အသိပေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလကလည်း အပြည်ပြည်ဆိုင်ရာတရားရုံး၏ တရားစီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိမှုနှင့် စပ်လျဉ်း၍​ ကနဦးကန့်ကွက်ချက်များကို ရုပ်သိမ်းကြောင်း အသိပေးအကြောင်းကြားခဲ့ကြောင်း၊ တရားမဝင် စစ်တပ်အာဏာသိမ်းမှု အဆုံးသတ်၍ အရပ်သားအစိုးရ တာဝန်မယူမချင်း မြန်မာနိုင်ငံသို့ ရိုဟင်ဂျာများ အဆင်ပြေပြေ ရေရှည်နေရပ်ပြန်နိုင်ရေးကို ဆောင်ရွက်နိုင်မည်မဟုတ်သည်မှာ ထင်ရှားကြောင်း၊


(စ) နိုင်ငံအနှံအပြားတွင် ဖြစ်ပေါ်နေသည့် တရားမဝင်စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်သော တော်လှန်ရေး ကို ထိန်းချုပ်နိုင်ခြင်းမရှိသည့်အတွက် စစ်တပ်သည် ပြည်သူများအား စစ်ရေးမဟာဗျူဟာအသွင် အကြောင်းမဲ့ ဦးတည်တိုက်ခိုက်လျက်ရှိကြောင်း၊ ဤတိုက်ခိုက်မှုများကြောင့် ပြည်သူတစ်သန်းကျော်သည် နေရပ်စွန့်ခွာနေရပြီး၊ ပုဂ္ဂလိကပိုင် အဆောက်အအုံနှင့် ဘာသာရေးအဆောက်အအုံ (၂၂,၀၀၀) နီးပါးကို စစ်တပ်မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပိတ်ဆို့ရန် စစ်တပ်မှ နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိရာ ယင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဉပဒေကို ချိုးဖောက်မှုဖြစ်ကြောင်း၊


(ဆ) လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် ဆိုးဝါးစွာကျဆင်းလျက်ရှိရာ နိုင်ငံ့လူဦးရေ၏ တစ်ဝက်ခန့်သည် နိုင်ငံဆင်းရဲနွမ်းပါးမှုအဆင့်အောက်သို့ ကျရောက်နေကြောင်း၊ မြန်မာပြည်သူ (၁၄.၄) သန်း သည် လူသားချင်းစာနာ ထောက်ထားမှု အကူအညီလိုအပ်လျက်ရှိကြောင်း၊ အရေးပေါ်အကူအညီလိုအပ်နေ သူများထံ နည်းလမ်းအားလုံးအသုံးပြု၍ အကူအညီများ ရောက်ရှိရေးသည် အထူးအရေးကြီးကြောင်း၊

(ဇ) မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ကပ်ဘေးဒုက္ခကို ရပ်တန့်ရန် တရားဥပဒေစိုးမိုးရေး၊ ဒီမိုကရေစီနှင့် တရားဝင် အရပ်သားအစိုးရအုပ်ချုပ်မှုတို့ မဖြစ်မနေ ပြန်လည်ရရှိရမည်ဖြစ်ကြောင်း၊ နောက်ကြောင်း ပြန်ခြင်းမရှိသည့် ပြုပြင်ပြောင်းလဲမှုများဖြင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို တည်ထောင်ရန် လိုအပ်ကြောင်း၊ တရားမဝင်အာဏာသိမ်းမှု အဆုံး သတ်ခြင်းဖြင့်သာ စတင်နိုင်မည်ဖြစ်ကြောင်း၊ စစ်တပ်အုပ်ချုပ်မှုကြာရှည် သည်နှင့်အမျှ ပဋိပက္ခများ ပြီးဆုံးမည် မဟုတ်ကြောင်း၊ စစ်တပ်၏ ရက်စက်မှုနှင့် ကြမ်းကြုတ်မှုတို့သည် မည်သည့်အခါမျှ တည်ငြိမ်အေးချမ်းမှုကို ယူဆောင်နိုင်မည် မဟုတ်ကြောင်း၊


(ဈ) တရားမဝင် စစ်တပ်အုပ်ချုပ်မှုကို အသိအမှတ်ပြုခြင်း၊ ထောက်ခံခြင်းသည် မြန်မာနိုင်ငံ၏ ပဋိပက္ခများနှင့် ပြည်သူများ၏ ဒုက္ခများကို အချိန်ကြာမြင့်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တပ်အုပ်ချုပ်မှု တည်တံ့ရန် အထောက်အပံ့ဖြစ်စေမည့် ကာလတို ဖြေရှင်းမှုနည်းလမ်းအားလုံးသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်တပ်၏ အကြမ်းဖက်မှုနှင့် မတည်ငြိမ်မှုသံသရာကို အားပေးရာရောက်သည်ကို အလေးထားအသိပေးလိုကြောင်း၊


(ည) လက်ရှိ၌ ညီညွတ်၍ ပြတ်သားသည့် ဒေသတွင်းနှင့် နိုင်ငံတကာတုံပြန်ဆောင်ရွက်မှုကို လိုအပ် ကြောင်း၊ အာဆီယံအနေဖြင့် တရားမဝင်အာဏာသိမ်းခေါင်းဆောင်အား ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်မပြုခြင်းအပေါ် အသိအမှတ်ပြုကြောင်း၊ ယင်းရပ်တည်ချက်ကို ဆက်လက်ထားရှိရန် လိုကြောင်း၊ စစ်တပ်နှင့်သာမဟုတ်ဘဲ မြန်မာပြည်သူများနှင့် ပြည်သူများကို ကိုယ်စားပြုသည့် တရားဝင်အမျိုးသားညီညွတ်ရေးအစိုးရနှင့် အာဆီယံအနေနှင့် ယုံကြည်မှုတည်ဆာက်နိုင်မည်ဟု မျှော်လင့်ကြောင်း၊


(ဋ) တရားမဝင် စစ်တပ်မှ လိုလားတောင့်တနေသည့် တရားဝင် အသိအမှတ်ပြုခံရမှုကို ကုလသမဂ္ဂ အထွေထွေညီလာခံမှ မှန်မှန်ကန်ကန် ငြင်းပယ်ခဲ့သည့်အလျောက် အဖွဲ့ဝင်နိုင်ငံများအနေနှင့် ​ယင်းရပ်တည် ချက်အတိုင်း ဆက်လက်ဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊ ထို့ပြင် ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၇၅/၂၈၇ နှင့်အညီ တစ်နိုင်ငံချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း မြန်မာစစ်တပ်ထံသို့ လက်နက်စီးဆင်းမှု ရပ်တန့်တားဆီးရေးကို အကောင်အထည်ဖော်ရန် တိုက်တွန်း လိုကြောင်း၊


(ဌ) ဆိုးဝါးသည့် နိုင်ငံတကာပြစ်မှုများ ဥပမာအားဖြင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ပြစ်မှုများအတွက် ပြစ်ဒဏ်ခံရမှု၊ တာဝန်ခံမှုရှိစေရေးကို ဆောင်ရွက်နိုင်သည့် နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ရည်ရှည်တည်ငြိမ် အေးချမ်းရေးရရှိစေနိုင်ရေးအတွက် အဓိကထိရောက်သည့် အခန်းကဏ္ဍမှ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊


(ဍ) ကုလသမဂ္ဂလုံခြုံရေးကာင်စီ၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံများနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မြန်မာပြည်သူများ အထူးလိုအပ်နေသည့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ ပေးအပ်ရန်၊ စစ်တပ်၏ ထပ်မံအကြမ်းဖက်လုပ်ရပ်မှုများကို ရပ်တန့်ရန်၊ တရားမဝင်စစ်တပ်အုပ်ချုပ်မှုကို အဆုံးသတ်ရေး ကြိုးပမ်းမှုတွင် ကူညီပေးရန်၊ ဒီမိုကရေစီရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ထိတွေ့ဆွေးနွေးရန်၊ ပြစ်မှုကျူးလွန်သူများ တာဝန်ခံမှုရှိစေရေး နိုင်ငံတကာကြိုးပမ်းဆောင်ရွက်မှုကို ဆက်လက်အားပေးရန်၊ မြန်မာစစ်တပ်အား ပစ်မှတ်ထားဒဏ်ခတ်ပိတ်ဆို့မှုများကို နှစ်နိုင်ငံချင်းနှင့် နိုင်ငံတကာအလိုက် ချမှတ်ဆောင်ရွက်ရန်နှင့် စစ်တပ်အား လက်နက်တင်ပို့ရောင်းချမှုကို တားဆီးရန် ခိုင်ခိုင်မာမာ တိုက်တွန်းလိုကြောင်း။


၂။ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာဖြင့်) အား ပူးတွဲဖော်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၃ ရက်၊

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။



Please check against delivery


Statement by Ambassador Kyaw Moe Tun,

Permanent Representative of Myanmar to the United Nations

at the Informal Meeting of the UN General Assembly on the Briefing by the Special Envoy of the UN Secretary-General on Myanmar


(New York, 13 June 2022)


Mr. President,


At the outset, I wish to thank you for convening this important meeting. I appreciate the Special Envoy for her comprehensive briefing.


Mr. President,


Sixteen months ago, Myanmar military perpetrated the illegal coup under the pretext of so-called “electoral voter list fraud” although the military was neither a candidate nor the legal authority to decide on any electoral matter. Since then, the illegal junta has held our elected President, State Counsellor and other elected civilian leaders in hostage incommunicado.


As the Special Envoy has mentioned, the situation in my country continues worsening and deteriorating. The junta has been inflicting enormous sufferings on Myanmar people including by repeated brutal massacres and displacing people on massive scales.


Since the coup, the military junta has completely destroyed the rule of law, justice and human rights protection by weaponizing the legal framework to an extreme level in order to brutalize opponents into submission. The junta forces have brutally killed at least 1,929 civilians, arrested 14,061 people and issued 11,004 arrest warrants. Their lawlessness is clearly reflected by the ongoing arbitrary arrests, violent raids into private homes, illegal confiscation of nearly 600 private properties and assets, outrageous revocation of nationality, forced statelessness, farcical trials against elected leaders and politicians, and more than 200 life and death sentences imposed by secret so-called military tribunals.


This is deplorable in any civilized sense but not surprising in Myanmar now because this is what happens when an unaccountable military general makes himself the sole authority of executive, legislative and judicial powers, especially when that general has been emboldened by a sense of blanket impunity for past atrocities. We all are still in our mind of the military’s recent atrocities against Rohingya. I thank Bangladesh for her generosity of hosting the Rohingya people. We have been seeing sufferings of Rohingya people and other minorities across the country. Atrocities committed by the military in the past and the present are pretty much tied with the impunity that the military has enjoyed for decades.


The National Unity Government (NUG) is sincerely committed to find a sustainable solution of the Rohingya issue. In June 2021 the NUG issued the policy position on Rohingya. Besides, the NUG in July 2021 initiated the process to grant the International Criminal Court’s jurisdiction over those crimes committed by the military with the aim to seek accountability and justice for past and present atrocity crimes committed by the military including against Rohingya people. The NUG in January 2022 informed the ICJ of withdrawal of Myanmar’s preliminary objections to the admissibility of the jurisdiction of the Court over the case between the Gambia V. Myanmar concerning application of the Convention on the Prevention and Punishment of the Crime of Genocide. It is clear that the sustainable repatriation of Rohingya to Myanmar cannot take place until the end of the military illegal coup and return of the state power to the people through the elected civilian government.


Mr. President,


As the junta is unable to contain the widespread revolution against their illegal attempted rule, they have been using indiscriminate and deliberate attacks against the civilian population as part of their military strategy and as retaliatory punishments in response to the anti-coup resistance. They have wiped out residential towns and villages by artillery fire, burning down residential homes and thus by displacing hundreds of civilians including women and children. Now over a million civilians are displaced. More than 22,000 private properties including religious buildings have been burnt down or destroyed by the junta forces since the coup. Moreover, the military regime makes every attempt to block access for humanitarian assistance to those in critical needs, in violation of international humanitarian law. The result is an ongoing humanitarian emergency born out of the military’s attempt to control a particular population for their military objectives.


Meanwhile, the economy is also in a downward spiral. Now, nearly half of the population lives below the national poverty line. Basic food and fuel prices have skyrocketed. 14.4 million people in Myanmar are in need of humanitarian aid. Humanitarian assistance is much needed now, and we all need to make sure through all possible ways reaching humanitarian assistance to the people in desperate need. It is imperative that all relevant stakeholders including NUG, CRPH, EROs must be consulted meaningfully at every step in providing assistance.


Mr. President,


To end the ongoing catastrophe in Myanmar, the rule of law, democracy and legitimate civilian government must be restored. We need irreversible transformative change towards a Federal Democratic state.


This needs to start with the end of the illegal military junta. As long as the junta drags on, conflicts will never cease. The military’s brutality and reign of terror will never bring stability. Normalizing and legitimizing their illegal rule will only prolong instability and sufferings in Myanmar. Here, I wish to stress that any short-term solution that helps perpetuate military rule in Myanmar risks endless cycles of violence and instability. That is extremely bad for the region, especially for our neighbours.


The military junta is creating an environment in which it is extremely hard for any serious political negotiations to happen. We are now witnessing how the military junta has thrown away the ASEAN 5-Point Consensus the junta leader himself agreed to ASEAN leaders.


Clearly, what we need is a unified and decisive coordinated regional and international response. Let me highlight the following points, among others:


First, we appreciate ASEAN for taking some positive measures such as denying the illegal coup leader a seat at its summits. This must continue. We hope ASEAN good offices will also try to build confidence with the people of Myanmar and their elected representatives including the legitimate National Unity Government, not just with the military junta.


Second, at the United Nations, we are particularly grateful to all member states that stand with the people of Myanmar. The General Assembly has rightfully denied the illegal military junta the legitimacy it craves. We urge all member states to continue to do so. I also urge member states to implement the GA resolution 75/287 individually or collectively by preventing the flow of arms to Myanmar military.


Third, to create conducive environment for sustainable peace and justice in Myanmar, the international community especially the UN Security Council has a decisive and impactful role to play by addressing accountability for serious international crimes such as crimes against humanity and ending impunity.


Finally, I strongly urge the UN Security Council, ASEAN, our neighbours and UN member states from the region and beyond to provide the people of Myanmar with much-needed humanitarian assistance, prevent further military atrocities, help end the illegal military rule, engage the democratically elected representatives of Myanmar, support ongoing international accountability efforts to bring perpetrators of serious international crimes to justice, impose bilateral and multilateral targeted sanctions against the military junta and prevent the export of arms to the junta.


This is our repeated appeal, and even the people of Myanmar persistently raise a question – how many innocent lives more to be scarified for getting such unified and decisive action from the international community.


I thank you.



*****


























bottom of page