top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at Informal Meeting of UNGA on Briefing by UNSG's Special Envoy





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Informal Meeting of the UN General Assembly on the Briefing by the Special Envoy of the UN Secretary-General on Myanmar, held on 16 March 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများ၏ အခြေအနေနှင့်ပတ်သက်၍ တင်ပြသည့် အလွတ်သဘောအစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က စစ်တပ်၏ ကျူးလွန်မှုများသည် လူ့အခွင့်အရေး ချိုးဖောက်မှုမျှသာ မဟုတ်တော့ဘဲ စစ်တပ်မှ စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်နှင့် အချိတ်အဆက်မိမိ ပြည်သူများကို တိုက်ခိုက်နေခြင်းဖြစ်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုမြောက်ကြောင်းဖြင့် ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်)


၁။ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ၁၆-၃-၂၀၂၃ ရက် (ကြာသပတေးနေ့)၊ နံနက် (၁၀၀၀) နာရီအချိန်၌ ကျင်းပပြုလုပ်သည့် အလွတ်သဘောအစည်းအဝေး (Informal Meeting) ၌ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာများနှင့် တိုင်းရင်းသားလူနည်းစုများ၏ အခြေအနေအပါ အဝင် မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများအား ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Noeleen Heyzer က ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများထံ တင်ပြခဲ့ပါသည်။ ၎င်းတင်ပြချက်နှင့် စပ်လျဉ်း၍ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကလည်း တက်ရောက် ဆွေးနွေးပြောကြားခဲ့ပါသည်။


၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည်လည်း အဆိုပါအစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထိုသို့ ပြောကြားရာတွင် မြန်မာ အမြဲတမ်းကိုယ်စားလှယ်က ၎င်းအနေဖြင့် ကုလသမဂ္ဂတွင် မြန်မာပြည်သူများကို ဆက်လက်ကိုယ်စားပြု၍ ပြည်သူများ၏အသံကို ထုတ်ဖော်ပြောကြားခွင့်ရသည့်အတွက် ဂုဏ်ယူကြောင်း၊ မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှုများကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်မှ အကျယ်တဝင့်တင်ပြပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပဏာမပြောကြား ခဲ့ပါသည်။


၃။ ထို့နောက် မြန်မာအမြဲတမ်းကိုယ်စားလှယ်က မြန်မာနိုင်ငံတွင် တရားမဝင်စစ်အာဏာသိမ်းမှု (၂) နှစ် ကျော် အချိန်ကြာမြင့်လာသည့်နောက် ပြည်သူများအပေါ် ကျရောက်သည့် အကျိုးသက်ရောက်မှုမှာ ဆိုးရွားသည်ထက် ဆိုးရွားလာလျက်ရှိကြောင်း၊ ရိုဟင်ဂျာများအပါအဝင် မြန်မာပြည်သူများ ရင်ဆိုင် ကြုံတွေ့လျက်ရှိသည့် ဒုက္ခများသည် အခြားနေရာဒေသများတွင် ဖြစ်ပွားလျက်ရှိသော အခြေအနေများ ထက် မလျော့နည်းကြောင်း၊ စစ်တပ်၏ မတရားစစ်အာဏာသိမ်းမှုကြောင့် ပေးဆပ်ရသည့် အရင်းအနှီး သည် မြန်မာပြည်သူများ၏ အနာဂတ်ဘဝနှင့် ဒေသတစ်ခုလုံးအတွက်ပါ ကြီးလေးသော ဆိုးကျိုး သက်ရောက်မှုရှိကြောင်းကို အချက် (၅) ချက်ဖြင့် မီးမောင်းထိုးပြကာ အလေးထားပြောကြားခဲ့ပါသည်။


၄။ အဆိုပါ အချက် (၅) ချက်နှင့် မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့်မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-


(က) ပထမအချက် - မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော အခြေအနေသည် နိုင်ငံရေးပါတီတစ်ခုနှင့် စစ်တပ်အကြား ဖြစ်ပွားသည့် နိုင်ငံရေးပဋိပက္ခ မဟုတ်ကြောင်း၊ စစ်တပ်မှ ရက်စက်ကြမ်းကြုတ်သော စစ်အာဏာရှင်စနစ်ကို ပြန်လည်အကောင်အထည်ဖော်ရန် ကြိုးပမ်းခြင်းနှင့် နိုင်ငံအား ဥပဒေမဲ့သော၊ ဆိုးရွားသောနှင့် ဆင်းရဲနွမ်းပါးသော အနေအထားသို့ နောက်ကြောင်းပြန်ဆွဲခေါ်သည့် စစ်အာဏာရှင်၏ ထိန်းချုပ်မှုအောက်သို့ ပြန်လည်သွားရောက်နိုင်မှုကို အကြွင်းမဲ့ကန့်ကွက်သည့် ပြည်သူများ၏ဆန္ဒတို့အကြား ယှဉ်ပြိုင်မှုဖြစ်ကြောင်း၊


(ခ) ဒုတိယအချက် - စစ်တပ်၏ လုပ်ဆောင်ချက်များသည် လူ့အခွင့်အရေးချိုးဖောက်မှုမျှသာ မဟုတ်ကြောင်း၊ ၎င်းအနေဖြင့် မတရားအာဏာသိမ်းရန် ကြိုးပမ်းချိန်မှစ၍ လူအယောက် (၃,၁၃၀) ကျော်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီးဖြစ်ကြောင်း၊ ထိုသို့သော သတ်ဖြတ်မှုများထဲတွင် ဆန္ဒပြသူများအား ရည်ရွယ်ချက်ရှိရှိ ဦးခေါင်းသို့ ချိန်ရွယ်ပစ်ခတ်ခြင်း၊ အကျဉ်းထောင်များတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပြည်သူ (၉၂၀) ခန့်နှင့် စစ်ကြောရေးတွင် စစ်ဆေးမေးမြန်းစဉ် (၁၄၅) ဦးတို့ကို သတ်ဖြတ်ခြင်းတို့လည်း ပါဝင်ကြောင်း၊ ထို့ပြင် စစ်တပ်အနေဖြင့် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်း၊ ကျေးရွာများအပေါ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လူနေအိမ် (၆၂,၀၀၀) ကျော်ကို မီးရှို့ဖျက်ဆီးခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း၊ နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် (၁.၆) သန်းခန့်သော ပြည်သူများကို ပြည်တွင်း ရွှေ့ပြောင်းနေထိုင်သူများဘဝသို့ တွန်းပို့ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် (၁၈) သန်းခန့်သော ပြည်သူများသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လိုအပ်နေကြောင်း၊ ထို့ပြင် စစ်တပ်အနေဖြင့် ဒီမိုကရေစီလှုပ်ရှားသူများအား ဥပဒေမဲ့တရားစီရင်ကာ ကွပ်မျက်သတ်ဖြတ်ခဲ့ကြောင်း၊ ထိုမျှမက လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း (၆၄) မှုကိုလည်း ကျူးလွန်ခဲ့ပြီး အဆိုပါဖြစ်စဉ်များတွင် သေဆုံးသူ ကလေးငယ် (၆၂) ဦး အပါအဝင် စုစုပေါင်း (၇၆၆) ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ယခုလအတွင်း၌ တာတိုင်ရွာ၊ မြင်းမူ၊ စစ်ကိုင်း၊ နမ့်နိမ်၊ ပင်လောင်းနှင့် ရှမ်းပြည်နယ်တို့တွင် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ (တာတိုင်ရွာနှင့် နမ့်နိမ်ရွာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ဓါတ်ပုံအချို့ကို ပြသခဲ့ပါသည်။) ထို့ကြောင့် စစ်တပ်၏ ကျူးလွန်မှုများသည် လူ့အခွင့်အရေး ချိုးဖောက်မှုမျှသာ မဟုတ်တော့ဘဲ စစ်တပ်မှ စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်နှင့် အချိတ်အဆက်မိမိ ပြည်သူများကို တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏ သဘောသဘာဝ၊ အတိုင်းအတာ၊ ပုံစံနှင့် နည်းလမ်းများသည် အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းမည်ပြီး လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုနှင့် စစ်ရာဇဝတ်မှုမြောက်ကြောင်း၊ ရိုဟင်ဂျာများအပေါ် လုပ်ဆောင်ခဲ့သည့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်များကို မိမိတို့အားလုံးအနေဖြင့် အမြဲတမ်းသတိရစေကြောင်း၊ ဤနေရာတွင် ရိုဟင်ဂျာများကို လက်ခံထားပေးသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကျေးဇူးတင်ကြောင်း၊


(ဂ) တတိယအချက် - လက်ရှိပြည်သူများ၏ ခုခံတော်လှန်စစ်သည် နိုင်ငံရေးသဘောထား ကွဲပြားမှုကြောင့် ပြည်သူများမှ လက်နက်များကိုင်ဆောင်ကာ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ခြင်းမဟုတ်ကြောင်း၊ အလားတူပင် ပြင်ပနိုင်ငံများ၏ လွှမ်းမိုးစေ့ဆော်မှုကြောင့် လည်း မဟုတ်ကြောင်း၊ စင်စစ်အားဖြင့် စစ်တပ်က တရားဥပဒေစိုးမိုးရေးကို မထီမဲ့မြင်ပြုကာ ပြည်သူများ အပေါ် လူမဆန်စွာနှင့် ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခဲ့သောကြောင့် ပြည်သူများအနေဖြင့် ရွေးချယ်စရာမရှိဘဲ ၎င်းတို့ကိုယ်တိုင်နှင့် နီးစပ်ရာအသိုက်အဝန်းများကို ခုခံကာကွယ်ပေးလာရခြင်း ဖြစ်ကြောင်း၊


(ဃ) စတုတ္ထအချက် - စစ်တပ်သည် တရားဝင်ရွေးကောက်ခံထားရခြင်း မရှိသည့်အတွက် ၎င်းတို့၏အဖွဲ့အစည်းသည် မည်သည့်အခြေခံအကြောင်းတရားဖြင့်မဆို တရားမဝင်၍ တရားဝင်မှုလည်း မရှိကြောင်း၊ ထို့အတူ မည်သည့်ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် ပြဋ္ဌာန်းဥပဒေတို့ကမျှ စစ်တပ်အား ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ခံသမ္မတအား ခြိမ်းခြောက်ရန်နှင့် ဖမ်းဆီးထိန်းသိမ်းရန် ခွင့်ပြုထားခြင်း မရှိကြောင်း၊ ထို့ကြောင့် မြန်မာပြည်သူများအဖို့ စစ်တပ်သည် မည်သည့်အခါမျှ တရားဝင်မှုရှိမည်မဟုတ်ကြောင်းနှင့် ပြည်သူ့ဆန္ဒကိုလည်း ကိုယ်စားပြုမည်မဟုတ်ကြောင်း၊


(င) ပဉ္စမအချက် - မြန်မာနိုင်ငံတွင် နှစ်ရှည်လများဖြစ်ပွားနေသော ပဋိပက္ခများသည် နယ်စပ်မျဉ်းတွင် ရပ်တန့်မနေကြောင်း၊ အဓိကအားဖြင့် စစ်တပ်မှ မတရားစစ်အာဏာသိမ်းရန် ကြိုးပမ်းခြင်းကြောင့် ဒေသတစ်ခုလုံး၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို မတည်မငြိမ်ဖြစ်စေ ကြောင်း၊ စစ်တပ်မှ လက်နက်ကြီးများဖြင့် မဆင်မခြင်တိုက်ခိုက်မှုတို့ကြောင့် နယ်ခြားဒေသတွင် ပြောင်းရွှေ့နေထိုင်မှုများ ဆက်လက်ဖြစ်ပွားနေရခြင်း၊ ယခုအခါ နယ်စပ်ဒေသသည် မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုပြဿနာနှင့် နယ်ခြားဖြတ်ကျော်မှုခင်းများအတွက် နယ်မြေအရင်းခံဖြစ်လျက်ရှိမှုတို့သည် ထင်ရှားသည့်ဥပမာများဖြစ်ကြောင်း၊


(စ) ယခုအခါ မြန်မာနိုင်ငံသည် ကွဲပြားခြားနားသည့် အနာဂတ်နှစ်ခုသို့ ဦးတည်နေသည့် အလွန်အရေးကြီးသော လမ်းဆုံလမ်းခွတွင် ရောက်ရှိနေကြောင်း၊ တစ်လမ်းမှာ စစ်တပ်မှ ခင်းကျင်းနေသည့် ပြစ်ဒဏ်ခတ်ခြင်း လုံးဝဥဿုံကင်းလွတ်သည့် အမြဲတမ်းစစ်အာဏာရှင်စနစ် ရှင်သန်နေမည့်လမ်းကြောင်း ဖြစ်ကြောင်း၊ ယင်းမှာ စစ်တပ်မှ လိုလားသည့် အနာဂတ်ဖြစ်ပြီး ယင်းရလဒ်ထွက်ပေါ်လာရန် စစ်တပ်က နည်းလမ်းနှစ်သွယ်ဖြင့် ကြိုးစားလျက်ရှိကြောင်း၊


(ဆ) ပထမတစ်နည်းမှာ ၎င်းတို့၏ မတရားအုပ်ချုပ်မှုကို မြန်မာပြည်သူများ လက်ခံလာစေရန် အလွန်တရာရက်စက်သော နည်းလမ်းအားလုံးကို အသုံးပြုခြင်းပင်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံကို ၎င်းတို့ ပိုင်ဆိုင်သယောင်အတွေးဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ အမှန်မှာ မြန်မာနိုင်ငံကို ပြည်သူများကသာ ပိုင်ဆိုင်ကြောင်း၊ စစ်တပ်၏ ရက်စက်မှုသည် အကျပ်အတည်းကို ပြီးဆုံးစေမည် မဟုတ်ကြောင်း၊ ထို့နည်းတူ အကြမ်းဖက်နည်းလမ်းသုံးခြင်းအားဖြင့် ၎င်းတို့ လက်လွတ်သွားသော ထိန်းချုပ်မှုကို ပြန်လည်ရရှိနိုင်မည်မဟုတ်ကြောင်း၊ ယင်းအစား စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ ကြောင့် သွေးသားအရင်းအချာများ၊ ဆွေမျိုးမိတ်ဆွေများနှင့် ပိုင်ဆိုင်မှုများဆုံးရှုံးခဲ့ရသော ပြည်သူများ၏ ဆုံးဖြတ်ချက်ကို သာ၍သာ ခိုင်မာပြတ်သားလာစေကြောင်း၊


(ဇ) ဒုတိယတစ်နည်းမှာ အတုအယောင် ရွေးကောက်ပွဲကျင်းပခြင်းအားဖြင့် တရားဝင်မှုရရှိရန် ကြိုးပမ်းခြင်းပင်ဖြစ်ကြောင်း၊ အထူးသဖြင့် တရားမဝင်အာဏာသိမ်းစစ်တပ်မှ နိုင်ငံရေးခေါင်းဆောင်များကို ဓားစာခံအဖြစ် ဖမ်းဆီးထိန်းချုပ်၍ တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေသည့် အခြေအနေတွင် စီစဉ်ကျင်းပ သည့် မည်သည့်ရွေးကောက်ပွဲမဆို တရားမျှတမှု၊ လွတ်လပ်မှုနှင့် စစ်မှန်မှုတို့ရှိမည်မဟုတ်ကြောင်း၊ ၎င်းတို့ စီစဉ်လျက်ရှိသော အတုအယောင် ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအခင်းအကျင်းအား ရေတိုအားဖြင့် သော်လည်းကောင်း၊ ရေရှည်အားဖြင့်သော်လည်းကောင်း ဖြေရှင်းနိုင်မည့် နည်းလမ်းမဟုတ်ကြောင်း၊ ယင်းအစား နိုင်ငံတစ်ဝှမ်းတွင် သွေးချောင်းစီးမှုများကိုသာ ပိုမိုဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊


(ဈ) သို့ဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်း၊ မိမိတို့၏ အိမ်နီးချင်းနိုင်ငံများနှင့် ဒေသတွင်းရှိ မိတ်ဆွေနိုင်ငံများအနေဖြင့် စစ်တပ်၏ လုပ်ဆောင်ချက်များကို ထောက်ခံအားပေးကာ စစ်အာဏာရှင်စနစ် ရာသက်ပန်အုပ်စိုးမည့်လမ်းကြောင်းအား ဖောက်ဆောင်ရာတွင် ပါဝင်ပံ့ပိုးကူညီခြင်းပြုကြမည်မဟုတ်ဟု မျှော်လင့်ကြောင်း၊


(ည) တစ်ဖက်တွင် မြန်မာပြည်သူများ လိုလားတောင့်တ၍ အားထုတ်ကြိုးပမ်းလျက်ရှိသည့် အနာဂတ်တစ်ခုရှိကြောင်း၊ ယင်းမှာ လူနည်းစုများ၏ အခွင့်အရေးကို အကာအကွယ်ပေး၍ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အာမခံချက်ရှိသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ပင်ဖြစ်ကြောင်း၊


(ဋ) မြန်မာနိုင်ငံတွင် စစ်အာဏာရှင်အား ခုခံတော်လှန်နေသည့် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် ဒီမိုကရေစီအင်အားစုများသည် မည်သည့်နိုင်ငံ၏ အကျိုးစီးပွားကိုမျှ ဆန့်ကျင်နေခြင်း မဟုတ်ကြောင်း၊ စစ်အာဏာရှင်၏ မတရားပြုကျင့်မှုကိုသာ ဆန့်ကျင်နေခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံအား စစ်မှန်သော အကူအညီပေးလိုသော နိုင်ငံများအနေဖြင့် ယင်းအင်အားစုများအား ယုံကြည်စိတ်ချရသည့် မိတ်ဖက်များ အဖြစ် မြင်တွေ့နိုင်မည် ဖြစ်ကြောင်း၊


(ဌ) နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာနိုင်ငံအား လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိစေရန် တွန်းပို့နိုင်မည့် အဓိကကျသော အခန်းကဏ္ဍတွင် ရှိပါကြောင်း၊ ယင်းမှာ နိုင်ငံရေးစနစ်တစ်ခုမှ တစ်ခုသို့ ရွေးချယ်ခြင်း မဟုတ်ကြောင်း၊ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံရေးတို့အပေါ် ကျရောက်လျက်ရှိ သော အဓိကခြိမ်းခြောက်မှုများကို ဖြေရှင်းခြင်းသာဖြစ်ကြောင်း၊


(ဍ) နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် အာဆီယံ၏ ဘုံသဘော တူညီချက် (၅) ရပ်ဖြင့် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ဖြေရှင်းနိုင်ရန် အခွင့်အရေးပေးလျက်ရှိသည်ကို မိမိတို့အနေဖြင့် နားလည်ကြောင်း၊ သို့ရာတွင် ကုလသမဂ္ဂ၏ ထိရောက်သော ကြိုးပမ်းအားထုတ်မှု အထူးလိုအပ်ပါကြောင်း၊ ထို့ပြင် လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံနှင့်သက်ဆိုင်သည့် ပထမဦးဆုံးသော ဆုံးဖြတ်ချက်အဆိုကို ချမှတ်ပေးခဲ့ခြင်းအတွက် လှိုက်လှဲစွာ ကျေးဇူးတင်ကြောင်း၊ သို့သော် စစ်တပ် အနေဖြင့် ယင်းဆုံးဖြတ်ချက်အဆိုပါ တောင်းဆိုမှုများနှင့် ပြဋ္ဌာန်းချက်များကို မျက်ကွယ်ပြုလျက်ရှိသည့် အားလျော်စွာ လုံခြုံရေးကောင်စီအနေဖြင့် လိုအပ်သည့် နောက်ဆက်တွဲဆောင်ရွက်ချက်များကို လုပ်ဆောင်ရန် လိုအပ်ကြောင်း၊


(ဎ) မြန်မာပြည်သူများ၏ အသက်နှင့်ဘဝများသည် အဖိုးတန်ကြောင်း၊ ၎င်းတို့၏ အနာဂတ်များသည် ရေရာမှုရှိရန် လိုအပ်ကြောင်း၊ ယခုအကျပ်အတည်းကို အမြန်ဆုံး အပြီးတိုင်ရပ်တန့်လိုကြောင်း၊ ခဏတာ သက်သာဖို့အတွက် အနာကို ပတ်တီးစီးပေးသည့်ပုံစံမျိုး ပြဿနာရဲ့အရင်းအမြစ်ကို ကိုင်တွယ် ဆောင်ရွက်ခြင်းမဟုတ်ဘဲ ရေတိုအတွက် ကြည့်၍ ဆောင်ရွက်ခြင်းသည် အဖြေမဟုတ်ကြောင်း၊ အလားတူ ဖြစ်စဉ်မျိုး အနာဂတ်တွင် နောက်တစ်ကြိမ် ထပ်မကျော့လာစေရန် အလေးထားလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ မြန်မာပြည်သူပြည်သားများအနေဖြင့် လွတ်လပ်၍ တည်ငြိမ်းအေးချမ်းကာ အားလုံးပါဝင် သည့် တရားမျှတသော ဒီမိုကရေစီအသိုက်အဝန်းတွင် နေထိုင်နိုင်ရန် လိုလားတောင့်တကြောင်း၊ ထိုသို့သော ရလဒ်အတွက် မိမိတို့၏ အန္တိမပန်းတိုင်မှာ ရှင်းလင်း၍ ဆုံးဖြတ်ချက်မှာလည်း ခိုင်မာကြောင်း၊ မြန်မာပြည်သူ များအနေဖြင့် လူမဆန်သော စစ်တပ်စစ်အာဏာရှင် ကျရှုံးသည့်အချိန်အထိ၊ ဒီမိုကရေစီပြန်လည်ထွန်းကား သည့်အချိန်အထိ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံအတွက် လမ်းမှန်ပေါ်ရောက်လာနိုင်သည့်အချိန်အထိ ဆက်လက်ခုခံတော်လှန်သွားမည်ဖြစ်ကြောင်း၊


(ဏ) သို့ဖြစ်ပါ၍ မြန်မာပြည်သူများအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းထံမှ အကူအညီလိုအပ်ကြောင်း၊ အထူးအားဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနှင့် နိုင်ငံတစ်နိုင်ငံချင်းစီမှ ညှိညှိနှိုင်းနှိုင်း ဆုံးဖြတ်သည့် တိကျပြတ်သားသော အရေးယူဆောင်ရွက်ချက်များကို လိုအပ်ကြောင်း၊

(တ) အဓိကအားဖြင့် (၁) စစ်တပ်လက်ဝယ်သို့ လက်နက်စီးဆင်းမှု၊ လေယာဉ်ဆီရောင်းချမှုနှင့် ငွေကြေးစီးဆင်းမှုတို့အား ဖြတ်တောက်ပေးခြင်းဖြင့် ပြည်သူများ အသက်အိုးအိမ်စည်းစိမ်များကို ကယ်တင်ပေးရန်၊ (၂) လိုအပ်နေသည့် ပြည်သူများအားလုံးထံ နယ်စပ်ဒေသများ အပါအဝင် အခြားဖြစ်နိုင်ချေရှိသော လမ်းကြောင်းအားလုံးမှတဆင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ထောက်ပံ့ပေးရန်၊ မြန်မာဒုက္ခသည်များ၊ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူများနှင့် ကူညီရာမဲ့နေသည့် မြန်မာနိုင်ငံသားများအား သက်ဆိုင်ရာနိုင်ငံများတွင် အကာအကွယ်ပေးရန်၊ (၃) စစ်တပ်မှ အကျိုးခံစားနေ သည့် ပြစ်ဒဏ်ခတ်ခြင်းမခံရမှုကို အပြီးတိုင်ရပ်တန့်ရန်နှင့် ကြီးလေးသော‌ နိုင်ငံတကာပြစ်မှုများအား ကျူးလွန်သူများကို နိုင်ငံတကာရာဇဝတ်တရားရုံးသို့ အမှုတင်သွင်းရန် သို့မဟုတ် ယာယီခုံရုံးများ ဖွဲ့စည်းခြင်း ဖြင့် ပြစ်ဒဏ်ချမှတ်ပေးရန်၊ (၄) စစ်တပ်၏ ကိုယ်စားပြုမှုနှင့် အတုအယောင်ရွေးကောက်ပွဲ အစီအစဉ်တို့ကို ပယ်ချရန်နှင့် (၅) ထိရောက်မှုရှိသော၊ အားလုံးပါဝင်သော၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ကာကွယ်ရေး ဆိုင်ရာဌာနများဖြင့် အခြေခံဖွဲ့စည်းတည်ဆောက်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားခုခံတွန်းလှန်ရေးအဖွဲ့အစည်းများ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီနှင့် အခြားတာဝန်ရှိသူများနှင့် ထိတွေ့ဆက်ဆံကာ ပူးပေါင်းပံ့ပိုးပေးရန်၊


(ထ) ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကူညီပံ့ပိုးပေးကြမည်ဟု မျှော်လင့်ပါကြောင်း။


၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ မတ်လ ၁၆ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun,

Permanent Representative of Myanmar to the United Nations

at the Informal Meeting of the UN General Assembly on the Briefing by the Special Envoy of the UN Secretary-General on Myanmar


(New York, 16 March 2023)


Mr. President,


It is my honour to continue to represent the people of Myanmar and convey their voices at this august Assembly.


I wish to thank you for convening this important meeting. I appreciate the Special Envoy for her comprehensive briefing as well as her efforts including the inclusive humanitarian forum.


It has been over two years since the military attempted the illegal coup. As the Special Envoy mentioned, impact of the military coup on the people is devastating. The ongoing suffering of Myanmar people including Rohingya is no less than those in any other crisis.


The costs and human sufferings inflicted by the illegal military junta have been huge and consequential for all people of Myanmar, for their future as well as for the region.


Here, I wish to highlight some key points.


First, the situation in Myanmar is not a typical political conflict between the military and a particular political party. It is the re-imposition of brutal military dictatorship versus the absolute opposition of the whole people who refuse to go back to military rule that dragged our country only to injustice, misery and poverty for decades.


Second, the military junta’s actions are not mere human rights abuses.


We are talking about loss of human lives. More than 3130 people have been brutally killed by the military. It includes deliberate head-shot killings of peaceful protesters, killings of at least 920 detainees in military custody, over 145 people in interrogation.


The military conducted indiscriminate aerial bombings, heavy artillery shelling on villages and whole-sale burnings of over 62,000 residential homes, resulting in over 1.6 million people displaced, almost 18 million people in need of humanitarian assistance.


It committed summary executions of democratic activists following secret sham military trials.


The inhumane military committed 64 cases of massacres across the country killing 766 people including 62 children. Even this month, a massacre in Tar Taing, Myinmu, Sagaing and another one in Nan Nhane, Pinlong, Shan State, took place.


All these crimes are not mere human rights abuses. They are part of the military junta’s systematic, widespread and coordinated attacks against the civilian populations. The nature, scale, patterns and methods of the military actions are well within what constitutes serious crimes under international law. They are amounting to crimes against humanity and war crimes.


When we talk about the military’s atrocities during this failed coup attempt, we all are still in our mind of the military’s past atrocities against Rohingya. I thank Bangladesh for hosting the Rohingya people.


Third, the current people’s resistance did NOT start with people taking up arms just to attack the law enforcement for political disagreements. It was NOT incited by any foreign influences. Rather, it was the military junta’s blatant disregard for the rule of law and their inhumane brutalities that left people no choice but to defend themselves and their communities.


Fourth, the military junta is illegal and illegitimate. The unelected military junta has no legal basis whatsoever. No constitutional or statutory law allows the military to threaten and detain democratically elected sitting president. The junta has never had and will never have any legitimacy in the eyes of Myanmar people because they do not represent the people’s will.


Fifth, the protracted conflict in Myanmar does not stop at the border lines. The illegal attempted military rule has obviously become one of the biggest destabilizing factors to the peace and security of the whole region especially our immediate neighbours. Facts on the ground speak for themselves. For instance, Ongoing cross-border displacement caused by the junta’s indiscriminate aerial bombardments and heavy weapons shelling; Breeding ground for drug and human trafficking and transactional organized crimes; No possibility for the safe return of the Rohingya refugees living in camps in Bangladesh; Irregular maritime movements of desperate people.


Mr. President and dear colleagues,


Myanmar is now at a critical crossroad towards two very different futures.


One is permanent military dictatorship with total impunity. This is the future the military junta wants and is trying to achieve right now by doing in two ways.

First, they are using brutality and all atrocious means to force the people to submit to their illegal rule. They are doing it with the mentality that they own the country. Clearly, people own the country.


The military’s brutality will not end the crisis. Their widespread violence will not win back the lost control, but it has essentially strengthened further the determination of the people who have lost their relatives and possession to the junta’s atrocities.


Second, they are trying to gain legitimacy through pre-determined sham elections. We have to realize that any election organized and controlled by the illegal junta will never be genuine, free, fair and independent, especially while they are holding credible politicians in hostage and the rule of law has been dismantled. The junta-organized sham election will never be a short-term or long-term solution to the situation in Myanmar. Rather, it will create more bloodshed across the country.


We hope that the international community, our neighbours and friends from our region will not help pave the way to permanent military dictatorship by endorsing the junta’s actions.


On the other hand, there is a future Myanmar people want and are fighting for. That is a democratic Myanmar with minority rights protected and self-determination guaranteed under a federal system.


The democratic forces including the National Unity Government fighting against the military dictatorship in Myanmar are never against the interests of any particular country. They are only against injustice caused by the military dictatorship. Any country genuine to help Myanmar will find in them a reliable and willing partner.


The international community has a key role to play in helping Myanmar steer to a right direction. It is not about choosing one political system over another. It is about addressing the key threat to regional peace and stability.


We understand that the international community, especially the UN Security Council, is giving a chance to ASEAN 5-Point Consensus to solve the crisis in Myanmar. However, serious effort of the UN is much required. We deeply appreciate the Council’s adoption of first-ever resolution regarding Myanmar. But given that the military junta has been ignoring every demand and provision of that resolution, the follow-up enforcement measures from the Council are warranted.


Mr. President,

In conclusion, lives of the people are invaluable, and their future must be certain. We want to end this catastrophe as soon as possible. But a Band-Aid fix is never an answer. We must make sure that we do not face a repeat of any such crisis in the future.


What the people of Myanmar want is to live in a free, peaceful, inclusive, just and democratic society. Our goal is clear and we all are determined to that end. The people of Myanmar will continue their resistance against the inhumane military until the end of the military dictatorship, the restoration of democracy, the reach of a right path to a federal democratic union.


Accordingly, the people of Myanmar need help from the international community. Specifically we need coordinated decisive concrete actions from the UN Security Council, the General Assembly and individual countries. I urge you all as follows:


First and foremost, save lives by stopping the flow of weapons, jet fuel and money to the brutal military machine.


Second, provide humanitarian aids to people in need through direct channels including cross-border means. Protect Myanmar refugees, asylum seekers and helpless Myanmar people in your countries.


Third, end military impunity and hold the perpetrators of serious international crimes accountable, either by referring Myanmar to the International Criminal Court or by establishing an ad hoc tribunal.


Fourth, reject the junta’s representation and the junta’s sham election scheme.


Last but not least, engage, work with and support the National Unity Government, Ethnic Resistance Organizations, CRPH, NUCC and other stakeholders in laying the foundation for a system of federal democracy with effective, inclusive and accountable security sector institutions.


We look forward to receiving support from all member states.


I thank you.



**********












bottom of page