top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at High-Level Open Debate on “The Impact of Climate Change and Food Insecurity on the Maintenance of International Peace and Security” at UN Security Council




Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the High-Level Open Debate on “The Impact of Climate Change and Food Insecurity on the Maintenance of International Peace and Security” at the United Nations Security Council, held on 14 February 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ “The Impact of Climate Change and Food Insecurity on the Maintenance of International Peace and Security” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် တံခါးဖွင့် အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက  ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းမှ ဆောင်ရွက်မည့် မည်သည့် ဆောင်ရွက်ချက်မဆို စစ်အာဏာရှင် သက်ဆိုးရှည်စေရေးအတွက် မဟုတ်ဘဲ မြန်မာပြည်သူများ ကာလရှည်ကြာ လိုလားတောင်းတခဲ့သည့် လွတ်လပ်၍ ငြိမ်းချမ်းသော၊ အားလုံးပါဝင်သည့် တရားမျှတသော ဒီမိုကရေစီလူ့အဖွဲ့အစည်း တည်ထောင်ရေး၊ ပြည်သူများ၏ ရည်မှန်းချက် အကောင်အထည်ဖော်ရေးအတွက်သာ ဖြစ်သင့်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်)


၁။       နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် လုံခြုံရေးကောင်စီ၌ “The Impact of Climate Change and Food Insecurity on the Maintenance of International Peace and Security ” ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေးအား ၁၃-၂-၂၀၂၄ ရက် (အင်္ဂါနေ့) နှင့် ၁၄-၂-၂၀၂၄ ရက် (ဗုဒ္ဓဟူးနေ့) မွန်းလွဲ (၁၅၀၀) နာရီတို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  


၂။       အဆိုပါ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သော ဂါယာနာနိုင်ငံမှ ကြီးမှူးကျင်းပခဲ့ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ၊ United Nations Framework Convention on Climate Change (UNFCCC) ၏ Executive Secretary ဖြစ်သူ Simon Stiell၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့အစည်း (FAO) ၏ Deputy Director-General ဖြစ်သူ Beth Bechdol နှင့် Peace and Sustainable Development, International Peace Institute  ၏ Director of Global Initiatives and Head of Climate ဖြစ်သူ Jimena Leiva Rosech တို့ က ဉီးစွာ ရှင်းလင်းပြောကြားမှုပြုလုပ်ခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း (၈၀) ကျော်မှ ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဉီးကျော်မိုးထွန်းလည်း ပါဝင်တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။

 

၃။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက် များ ပါဝင်ပါသည်-


(က)    ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်၏ အကျိုးသက်ရောက်မှုများကို မည်သည့်နိုင်ငံကမျှ ရှောင်လွှဲ၍ မရကြောင်း၊ ယင်းပြဿနာမှာ အများစုအတွက်  လူ့ဘဝတည်ရှိမှုအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသော ရာသီဥတု ပြောင်းလဲမှုကြောင့် လူသားများ၏ အသက်မွေးဝမ်းကြောင်းများနှင့် လူနေမှုပုံစံများအပေါ် ခြိမ်းခြောက်မှုများ ကြီးထွားလျက်ရှိပြီး စားနပ်ရိက္ခာမလုံလောက်မှုအပေါ်တွင်ပါ ကြီးမားသော သက်ရောက်မှုရှိလာကြောင်း၊


(ခ)     ထို့ပြင် ပဋိပက္ခဖြစ်ပွားမှုသည် စားနပ်ရိက္ခာမလုံလောက်မှုအတွက် အဓိကကျသော အခြား အကြောင်းအရင်းတစ်ခု ဖြစ်ကြောင်း၊


(ဂ)     ရာသီဥတုပြောင်းလဲမှုနှင့် စားနပ်ရိက္ခာမလုံလောက်မှုအပြင် ပဋိပက္ခများနှင့် စားနပ်ရိက္ခာ မလုံလောက်မှုစသည်တို့အကြား ဆက်စပ်နေသောပြဿနာများကို ဖြေရှင်းရန် အမျိုးသားရေးအဆင့်တွင် ပြီးပြည့်စုံသော မူဝါဒများချမှတ်၍ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့်  ဘက်ပေါင်းစုံမှ ချဉ်းကပ်အဖြေရှာသည့်အပြင် ယင်းလုပ်ဆောင်ချက်များကို နိုင်ငံတကာနှင့် ဒေသတွင်းမှလည်း ကူညီထောက်ပံ့ပေးရန် လိုအပ်ကြောင်း၊


(ဃ)    မိမိတို့မြန်မာနိုင်ငံသည် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းများ၊ ရေကြီးရေလျှံမှုနှင့် မိုးခေါင် ရေရှားမှုအပါအဝင် ပြင်းထန်သော ရာသီဥတုနှင့် ဆက်နွယ်သည့် ဖြစ်ရပ်များ အန္တရာယ်များ အချိန်မရွေး ရင်ဆိုင်ရနိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊


(င)     အဆိုပါ တည်ရှိဆဲ ထိရှလွယ်မှုများသည် ၂၀၂၁ ခုနှစ်  တရားမဝင် စစ်အာဏာသိမ်းမှုနှင့် ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့ပြီးနောက် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊


(စ)     လက်ရှိတွင် တရားမဝင် စစ်အာဏာရှင်များနှင့် ၎င်း၏ ရက်စက်ကြမ်းကြုတ်သော အာဏာရှင်စနစ်သည် မြန်မာနိုင်ငံနှင့် ပြည်သူများ၏ အနာဂတ်အတွက် လက်ရှိနှင့် ရေရှည်ခြိမ်းခြောက်မှု အရှိဆုံးဖြစ်ကြောင်း၊  


(ဆ)    မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်၏ ဆိုးရွားသော အာဏာသိမ်းကြိုးပမ်းမှုနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုတို့၏ နောက်ဆက်တွဲကြောင့် လူပေါင်း ၁၉ သန်းနီးပါး သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အထူးလိုအပ်လျက်ရှိပြီး ထိုအနက်မှ ကလေးသူငယ်ပေါင်း ၆ သန်းခန့်သည် အသက်အရွယ်အလိုက် လိုအပ်သည့် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု မဆောင်ရွက်နိုင်ခြင်း၊ ပညာသင်ကြားခွင့်မရရှိခြင်း၊ စားနပ်ရိက္ခာလုံလောက်စွာ မရရှိခြင်းနှင့် အာဟာရချို့တည့်ခြင်းတို့ကို ရင်ဆိုင်ရလျက်ရှိပါကြောင်း၊


(ဇ)     မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာမလုံလောက်မှုအခြေအနေ ဤသို့ဆိုးရွားလာရခြင်းမှာ စစ်တပ်မှ မြန်မာပြည်သူများအပေါ် လူမဆန်စွာ အကြမ်းဖက်မှုများ ကျူးလွန်ခြင်း၏ တိုက်ရိုက်အကျိုးရလဒ်ပင်ဖြစ်ကြောင်း၊


(ဈ)     အကြမ်းဖက်စစ်တပ်သည် မြန်မာပြည်သူများအပေါ်တွင် ရက်စက်ကြမ်းကြုတ်မှုပေါင်း များစွာကို ကျူးလွန်ခဲ့ပြီး စစ်တပ်လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် ပျူးစောထီးခေါ် ပြည်သူ့စစ်အဖွဲ့ဝင်များ၏ ရက်စက်ကြမ်းကြုတ်မှုများသည် အခြေခံကျသော လူသားဆန်မှုနှင့် လုံးလုံးလျားလျား ဆန့်ကျင်သွေဖည်ကြောင်း၊ မကြာသေးမီက ပေါ်ထွက်လာခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဉီး ကို လူမဆန်စွာ အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခဲ့မှုနှင့် ဤလုပ်ရပ်ကို အားပေးနေမှုသည်  မြန်မာနိုင်ငံလူ့အဖွဲ့အစည်း တစ်ရပ်လုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့ကြောင်း၊


(ည)    ထိုမျှမက အကြမ်းဖက်စစ်တပ်သည် စစ်ဘက်၊ အရပ်ဘက်ပစ်မှတ်များ ခွဲခြားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိပါကြောင်း၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က ကရင်နီပြည်နယ်၊ ဒီမိုဆိုမြို့နယ်ရှိ စာသင်ကျောင်း တစ်ကျောင်းကို စစ်တပ်က လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်အတွက် အပြစ်မဲ့ အရပ်သားကလေးငယ် ၄ ဦး သေဆုံးခဲ့ပြီး ကလေးငယ်အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့သည် စာသင်ကြားနေကြသည့် သူများသာဖြစ်ကြောင်း၊


(ဋ)     အကြမ်းဖက်စစ်တပ်မှ မကြာသေးမီက အသက်သွင်းခဲ့သည့် စစ်မှုမထမ်းမနေရ ဥပဒေ ကြောင့်လည်း မြန်မာပြည်သူပြည်သားများ၊ အထူးသဖြင့် လူငယ်များအတွက် နောက်ထပ် စိုးရိမ်စရာအခြေအနေတစ်ရပ် ဖြစ်လာကြောင်း၊  ဤနေရာတွင် အကြမ်းဖက်စစ်တပ်သည် တရားမဝင်သည့်အတွက် ယင်းမှ ဖော်ပြပါဥပဒေအား အသက်သွင်းခြင်းသည်လည်း တရားမ၀င်သည့်လုပ်ရပ်ပင်ဖြစ်ကြောင်း၊ စစ်တပ်အနေဖြင့် အင်အားအလွန်နည်းပါနေပြီး စစ်အင်အားလုံလောက်မှုမရှိသည်ကို ပြသနေကြောင်း၊ ထို့အပြင် ပြည်သူများအနေဖြင့် အတင်းအဓမ္မလူသစ်စုဆောင်းခြင်းကိုလည်း ခံရနိုင်ချေရှိနေကြောင်း၊ ယင်းအပေါ် လူငယ် အမျိုးသမီး၊ အမျိုးသားများနှင့် ၎င်းတို့၏ မိဘများအနေဖြင့် အထူးစိုးရိမ်ကြောက်ရွံ့လျက် ရှိကြောင်း၊


(ဌ)     ထို့နည်းတူ အကြမ်းဖက်စစ်တပ်သည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ‌ခုခံတွန်းလှန်မှုများအား အင်အားချိနဲ့စေရန် ရည်ရွယ်၍ နိုင်ငံတဝှမ်းရှိ အရပ်သားနေအိမ်ပေါင်းများစွာကို စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် မီးရှို့ဖျက်ဆီးခြင်းဖြင့် ရပ်ရွာများနှင့် အများပြည်သူတို့ ၏ အသက်မွေးဝမ်းကြောင်းမှုများကို ဖျက်ဆီးလျက်ရှိကြောင်း၊  ၎င်းတို့၏ ရက်စက် ကြမ်းကြုတ်သော လုပ်ရပ်များကြောင့် ပြည်သူ ၂.၆ သန်းခန့်သည် အိုးအိမ်၊ လယ်မြေများ စွန့်ခွာ၍ ထွက်ပြေးနေရကြောင်း၊  ယင်းသို့သော အကြမ်းဖက်စစ်တပ်၏ ပစ်မှတ်ထား ဖျက်ဆီးမှုများကြောင့် နိုင်ငံအနှံ့အပြားရှိ စားနပ်ရိက္ခာထုတ်လုပ်မှုကို သိသိသာသာ ထိခိုက်စေကြောင်း၊


(ဍ)     ထို့ပြင် လုံခြုံရေးကောင်စီအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို အဟန့်အတားမရှိစေရန် တောင်းဆိုထားပြီးဖြစ်သော်လည်း အကြမ်းဖက်စစ်တပ်အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအပေါ် ဆက်လက်ပိတ်ဆို့တားမြစ်လျက် ရှိကြောင်း၊ ထိုကဲ့သို့သော တားဆီးပိတ်ပင်မှုများကြောင့် နေရပ်စွန့်ခွာသူများ၊ အထူးသဖြင့် ကလေးငယ်များအပါအဝင် ထိရှလွယ်သောအုပ်စုများသည် စားနပ်ရိက္ခာရှားပါးမှုနှင့် အာဟာရချို့တဲ့မှုတို့ကြောင့် ဆိုးရွားသော ကျန်းမာရေးအန္တရာယ်များကို ရင်ဆိုင်ရလျက်ရှိ ပါကြောင်း၊


(ဎ)     ထို့ကြောင့် လူသားချင်းစာနာမှု၊ ဘက်မလိုက်မှု၊ ခွဲခြားဆက်ဆံမှုမရှိခြင်းနှင့် လွတ်လပ် သော လူသားချင်းစာနာမှု အခြေခံမူများအပေါ် အခြေခံလျက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများ အထူးလိုအပ်နေသူများထံသို့ ရောက်ရှိရန် အရေးကြီး ကြောင်း၊ အထူးသဖြင့် စေတနာ့ဝန်ထမ်းများမှ အသက်ကယ်လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အတားအဆီးမရှိ ပို့ဆောင်နိုင်ရေးက အလွန်အရေးကြီး ကြောင်း၊


(ဏ)   သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်း၊ အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်နေသူများအနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ များ အမှန်တကယ်လိုအပ်နေသည့် ပဋိပက္ခဒဏ်သင့်ဒေသများမှ ပြည်သူများ၏ လက်ဝယ်သို့ အကူအညီများ ရေရှည်တည်တံ့စွာနှင့်  ကြိုတင်ခန့်မှန်းနိုင်သောပုံစံဖြင့် ရောက်ရှိစေရန် လုပ်ဆောင်ပေးသင့်ကြောင်း၊ ထို့ကြောင့် ဤနေရာတွင် နိုင်ငံတကာ အသိုက်အဝန်း၏ စည်းလုံးညီညွတ်မှု၊ ညှိနှိုင်းဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ကြိုးပမ်းအားထုတ်မှုများ လိုအပ်ကြောင်း၊

 

(တ)    မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအားလုံး ချုပ်ငြိမ်းစေရန်နှင့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ အပြည့်အဝ၊ ဘေးကင်းလုံခြုံစွာ၊ အဟန့်အတားမရှိ ရရှိစေရန် လုံခြုံရေးကောင်စီအနေဖြင့် ဆုံးဖြတ်ချက်အဆို (၂၆၆၉) အပါအဝင် အခြားသော ထုတ်ပြန်ချက်များတွင် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ကြောင်း၊ သို့ရာတွင် အကြမ်း ဖက်စစ်တပ်မှ အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများ ကျူးလွန်နေခြင်းမှ အပြီးတိုင်ရပ်တန့်စေရန် ထိရောက်၍ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း၊  ထို့ပြင် စစ်တပ်မှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်သည့်အစီအစဉ်များကို ငြင်းဆန်နေခြင်းနှင့် ဤငြင်းဆန်နေခြင်းသည် ကုလသမဂ္ဂ အေဂျင်စီများအပါအဝင် အကူအညီပေးရေး အဖွဲ့အစည်းများ၏ လှုပ်ရှားမှုများအတွက် အဓိကအဟန့်အတားဖြစ်သည်ဟု ၎င်းတို့မှ ထပ်ခါတလဲလဲ ရည်ညွှန်းပြောဆိုသည့်တိုင် လုံခြုံရေးကောင်စီအနေဖြင့် ဖြေရှင်းပေးခြင်း မရှိသေးကြောင်း၊


(ထ)    သို့ဖြစ်ရာ လုံခြုံရေးကောင်စီအနေဖြင့် ကောင်စီ၏ တောင်းဆိုချက်များအတွက် လိုက်နာမှု မရှိပါက အရေးယူဆောင်ရွက်နိုင်သည့် ဆုံးဖြတ်ချက်မျိုးကို ချမှတ်ရန် တိုက်တွန်း လိုကြောင်း၊


(ဒ)     ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းမှ ဆောင်ရွက်မည့် မည်သည့် ဆောင်ရွက်ချက်မဆို စစ်အာဏာရှင် သက်ဆိုးရှည်စေရေးအတွက် မဟုတ်ဘဲ မြန်မာပြည်သူများ ကာလရှည်ကြာ လိုလားတောင့်တခဲ့သည့် လွတ်လပ်၍ ငြိမ်းချမ်းသော၊ အားလုံးပါဝင်သည့် တရားမျှတသော ဒီမိုကရေစီလူ့အဖွဲ့အစည်း တည်ထောင်ရေး ပြည်သူများ၏ ရည်မှန်းချက် အကောင်အထည်ဖော်ရေးအတွက်သာ ဖြစ်သင့်ကြောင်း။


၄။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့

 

Please check against the delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the

High-Level Open Debate on “The Impact of Climate Change and Food Insecurity on the Maintenance of International Peace and Security” at the

United Nations Security Council


(New York, 14 February 2024)


Mr. President,


First of all, Myanmar thanks the Presidency of Guyana for organizing this high-level open debate. I wish to express our appreciation to the Secretary-General and other briefers for their valuable contributions to the debate.


Mr. President,


No country is immune from the impact of climate change. For many, it is an existential threat. Livelihoods and ways of life are under growing threats of changing climate across the world, and accordingly it has huge impact on food insecurity.


A conflict is another key factor of food insecurity.


The inter-connected issue of climate change, conflict and food insecurity and their direct impact on peace and security need to be addressed in a holistic approach by comprehensive national policy planning and effective implementation. Therefore, it requires sustained global and regional coordinated actions and support.


The foundation for addressing this issue effectively is good governance underpinned by the legitimate and accountable government. This task is already challenging enough even in stable countries.

 

Mr. President,


My country, Myanmar, is one of the countries at risk to severe climate-related events including powerful cyclones, flooding and drought. These events pose a persistent threat to food security as rural farming communities struggle to mitigate their impacts.


The existing vulnerabilities have gone down to a new low since the 2021 illegal military coup and the ensuing campaign of brutal violence of the illegitimate junta. There is no possibility to address development and climate related challenges in my country in a comprehensive and sustainable way unless and until the people of Myanmar eradicate the military dictatorship and implement the long-pursued federal democratic system.


Currently, the junta and its brutal dictatorship is the most immediate and long-term threat to Myanmar people and their future. The junta has not only eliminated governance reforms and hard-worn momentum toward achieving sustainable development but also created a multi-faceted crisis with regional implications.


Following the coup attempt and the subsequent collapse of the rule of law in Myanmar, nearly 19 million people are now in need of humanitarian assistance. That includes 6 million children who have been facing interrupted healthcare including immunization programmes, education, food insecurity and malnutrition. 


The deteriorating level of food insecurity in Myanmar is one of the direct results of the junta’s inhumane violence against the people of Myanmar. Losing control and territories to the nationwide anti-coup resistance every day, the failing junta has been relying on the only means they are capable of: attacking the civilian population and decimating their livelihood.


The junta troops have committed a large number of atrocities against the civilian population. The junta troops’ and junta-controlled militia Pyu Saw Htee’ cruelties defy basic humanity. The recently emerged video evidence of their cruelty shocked the whole society of Myanmar: they tortured two captured resistance fighters and burnt them alive while cheering the inhumane act of terror.


They have been deploying indiscriminate artillery shelling and airstrikes against residential towns and villages. The latest act of terror by the junta was on February 5th in which the junta airstrike targeted a local school in Demoso Township, Karenni (Kayah) State, killing 4 innocent children and injuring many who were just studying.


The recent activation of Conscription Law by the military junta is another serious concern for the people of Myanmar especially young people. It is an illegal act. It also revealed that the military junta is so weak and does not have enough troops. Hence, forced recruitment is foreseeable and many young women and men as well as their parent are worried and fear of it.


Mr. President,


With their intention to weaken the anti-coup resistance, the junta troops have been destroying the communities and their livelihoods by means of systematic and widespread burning of civilian homes across the country. All these brutal acts of the illegal junta have displaced 2.6 million people from their homes and from their farms. This targeted destruction of homes and livelihoods by the junta has significantly disrupted the production of food in many parts of the country.


Besides, despite the UN Security Council’s demand for unhindered humanitarian access, the blockade of humanitarian assistance by the junta continues. Because of such denial, internally displaced people especially the most vulnerable including children face serious health hazards from food shortages and malnutrition. It is essential that aid workers be able to deliver life-saving humanitarian assistance to those in most needs based on the fundamental humanitarian principles of humanity, neutrality, impartiality and independence.


With this background, it is imperative for the international community especially humanitarian assistance providers to make sure that humanitarian assistance reaches to all people in need especially those in conflict affected areas in a sustainable and predictable manner. In this regard, the international community’s concerted, coordinated and sustained efforts are needed.


In conclusion, Mr. President, the Security Council has made repeated calls and demands, including through the resolution 2669, for an immediate end to all forms of violence and for full, safe and unhindered humanitarian access in Myanmar. However, the Council has yet to take any concrete enforcement actions to stop the military junta’s ongoing atrocious attacks against the civilian population. Neither has it addressed the junta’s denial of humanitarian access, which aid organizations including UN Agencies have repeatedly cited as a key obstacle to their humanitarian operations.


Therefore, taking this opportunity, I urge the Security Council to follow up with enforcement actions to its repeated demands for ending violence and unhindered humanitarian access in Myanmar.


Any action taken by the international community including the UN Security Council should not be for prolonging the military dictatorship but for realizing the goals of the Myanmar people who are thirsts for living in a free, peaceful, inclusive, just and democratic society.


I thank you.

 

 

 *****











bottom of page