top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at General Discussion on the Report of UNHCR at 3C of 78th UNGA





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Discussion on the Report of the High Commissioner for Refugees at the Third Committee of the 78th session of the United Nations General Assembly, held on 1 November 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး၏ အစီရင်ခံစာနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသည့် အချို့မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များအား သက်တမ်းတိုးရန် အခက်အခဲများရင်ဆိုင်နေရ၊ အချို့သောဖြစ်စဉ်များတွင် လူမဆန်သည့် စစ်တပ်က မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်များကို တရားလက်လွတ် ဖျက်သိမ်းခဲ့သဖြင့် ၎င်းတို့သည် နိုင်ငံမဲ့ခြင်းအန္တရာယ်ကို ရင်ဆိုင်နေရ၊ ၎င်းတို့အနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၊ UNHCR၊ အိမ်နီးချင်းနိုင်ငံများထံမှ လုံလောက်သော အကူအညီများနှင့် အကာအကွယ်ပေးမှုများ လိုအပ်နေကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်)


၁။ နယူးယောက်မြို့၌ ကျင်းပလျက်ရှိသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ) ၌ ၃၁-၁၀-၂၀၂၃ ရက်နှင့် ၁-၁၁-၂၀၂၃ ရက်နေ့တို့တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (United Nations High Commissioner for Refugees – UNHCR) ၏ အစီရင်ခံစာ၊ အထူးအားဖြင့် ဒုက္ခသည်များ၊ နေရပ်ပြန်လိုသူများ၊ နေရပ်စွန့်ခွာသူများနှင့် လူသားချင်စာနာမှုဆိုင်ရာ အခြေအနေများနှင့်ပတ်သက်၍ အထွေထွေဆွေးနွေးမှုအစီအစဉ်အား ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံပေါင်း (၆၀) မှ ကိုယ်စားလှယ်များ ပါဝင် ဆွေးနွေးခဲ့ကြပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ၁-၁၁-၂၀၂၃ ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက်ပိုင်းတွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိကပါဝင်ပါသည်-

(က) ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအား အစီရင်ခံစာများတင်သွင်းခြင်း အတွက် ကျေးဇူးတင်ရှိကြောင်း၊

(ခ) ဖမ်းဆီးချုပ်နှောင်မှု၊ ပဋိပက္ခ၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် အကြမ်းဖက်မှုတို့ကြောင့် အတင်းအကြပ်နေရပ်စွန့်ခွာရသူ သန်းပေါင်းများစွာအား အကာအကွယ်ပေးရန်နှင့် ထောက်ပံ့ကူညီပေးရန် UNHCR ၏ အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း၊

(ဂ) UNHCR ၏ အစီရင်ခံစာတွင် အခြေအနေအရပ်ရပ်ကြောင့် ဒုက္ခသည်များ (၁၀၈.၄) သန်း အထိ မြင့်တက်လာမှုအား ဖော်ပြထားသည်ကို တွေ့ရှိရသဖြင့် လွန်စွာစိုးရိမ်မိကြောင်း၊ UNHCR မှ နောက်ဆုံးထုတ်ပြန်ခဲ့သည့် နှစ်လယ်အစီရင်ခံစာပါ ညွှန်းကိန်းများအရ ယခုနှစ် စက်တင်ဘာလအထိ ဒုက္ခသည်ဦးရေ (၁၁၄) သန်းအထိ မြင့်တက်လာသည်ဟု မှတ်သားရ ကြောင်း၊ ယင်းအခြေအနေအား ပြန်လည်ကောင်းမွန်စေရန် နေရပ်စွန့်ခွာမှုအား အဓိက ဖြစ်ပေါ်စေသည့် ရင်းမြစ်ပြဿနာများကို ဖြေရှင်းရမည်ဖြစ်ကြောင်း၊

(ဃ) ထို့ပြင် UNHCR ၏ အစီရင်ခံစာတွင် အခြားနိုင်ငံများနှင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ဆိုးရွားလာသော လူသားချင်းစာနာမှုအကျပ်အတည်းအား အလေးအနက်ထားစောင့် ကြည့်ရန် လိုအပ်သည်ဟု ထည့်သွင်းဖော်ပြထားသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊

(င) မြန်မာနိုင်ငံတွင် စစ်တပ်က မတရားစစ်အာဏာသိမ်းခဲ့သည့် အချိန်မှစ၍ စစ်တပ်သည် အရပ်သားပြည်သူများအား ပစ်မှတ်ထားကာ ရက်စက်ကြမ်းကြုတ်သော အကြမ်းဖက်မှု များကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျလုပ်ဆောင်လျက်ရှိကြောင်း၊ အဆိုပါ လုပ်ရပ်များအနက် ဒီမိုကရေစီကို ထောက်ခံအားပေးသည်ဟု ၎င်းတို့ ထင်မြင်ယူဆသည့် နိုင်ငံရေးသမားများ၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများ၊ အစိုးရဝန်ထမ်းများ၊ အမျိုးသမီးလူ့အခွင့်အရေး ကာကွယ်သူများ၊ အမျိုးသမီးအရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်များနှင့် သတင်းထောက်များအပါအဝင် အခြားသူများကို အထိန်းအကွပ်မဲ့စွာ ဖမ်းဆီးချုပ်နှောင်လျက်ရှိကြောင်း၊ ၎င်းတို့၏ လုပ်ရပ်ကြောင့် ပြည်သူများ၏ အသက် အန္တရာယ်ကို ခြိမ်းခြောက်မှုဖြစ်စေပြီး အခြားနိုင်ငံများ၊ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံ များသို့ ထွက်ပြေးတိမ်းရှောင်ရန် တွန်းပို့လျက်ရှိကြောင်း၊

(စ) မြန်မာနိုင်ငံတွင် (၂) သန်းခန့်သော ပြည်သူများ နေရပ်စွန့်ခွာနေရသည့် အခြေအနေမှာ အဆိုးရွားဆုံး လူသားချင်းစာနာမှု အကျပ်အတည်းတစ်ခုဖြစ်ကြောင်း၊ ထိုသို့သော နေရပ်စွန့်ခွာမှုသည် သဘာဝဘေးအန္တရာယ်ကျရောက်မှု သို့မဟုတ် စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား ပစ်ခတ်တိုက်ခိုက်နေမှုတို့ကြောင့် မဟုတ်ကြောင်း၊ စင်စစ်အားဖြင့် အဆိုပါနေရပ်စွန့်ခွာမှုလှိုင်းသည် ဤကော်မတီမှ ကောင်းစွာ သိရှိထားသည့် စစ်တပ်၏ ဖြတ် (၄) ဖြတ် အစီအစဉ်ကြောင့်သာ ဖြစ်ကြောင်း၊

(ဆ) စစ်တပ်မှ အရပ်သားပြည်သူများနေထိုင်ရာ အရပ်ဒေသများအပေါ်သို့ မဆင်မခြင် လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ပြုလုပ်ခြင်း၊ မြေပြင်စစ်ဆင်ရေးများ ပြုလုပ်ရာတွင် အရပ်သားပြည်သူများကို ရက်ရက်စက်စက် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် မြို့လုံးကျွတ်၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်းများကြောင့် (၁.၇) သန်းသော ပြည်သူများအနေဖြင့် နေအိမ်များမှ စွန့်ခွာခဲ့ရကြောင်း၊ အများစုမှာ နေအိမ်များ၊ ပိုင်ဆိုင်မှုများနှင့် လူမှုဘဝများကို ဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း၊

(ဇ) ထို့ပြင် UNHCR အနေဖြင့် အက်ဒမန်ပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် ရိုဟင်ဂျာ ဒုက္ခသည်များ၏ ရွေ့လျားသွားလာမှု ၃၆၀ ရာခိုင်နှုန်း မြင့်တက်လာခြင်းကိုလည်း ထည့်သွင်းဖော်ပြထားကြောင်း၊

(ဈ) အချုပ်အားဖြင့်ဆိုသော် ဒုက္ခသည်များ နိုင်ငံပြင်ပသို့ ယိုစီးခြင်း၊ ပြည်တွင်းနှင့် နယ်စပ်ဒေသများတွင် နေရပ်စွန့်ခွာမှုများ ဖြစ်ပေါ်နေရခြင်းနှင့် သမရိုးကျမဟုတ်သော ပင်လယ်ရေကြောင်း သွားလာမှုများနှင့်တကွ နယ်စပ်ဒေသများ၌ နယ်စပ်ဖြတ်ကျော်မှုခင်း များ တိုးပွားလာရခြင်းတို့ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံအကျပ်အတည်းသည် ဒေသ တွင်း တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးတို့အား သိသိသာသာ ခြိမ်းခြောက်လျက်ရှိ သည်ကို ပြသနေကြောင်း၊

(ည) သို့ဖြစ်ရာ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အဆိုပါခက်ခဲကျပ်တည်းသည့် အခြေအနေအား ဖြေရှင်းရန် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုဖွဲ့အစည်းများနှင့်အတူ လက်တွဲပူးပေါင်းကာ နေရပ်စွန့်ခွာသူများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ သို့သော် အဆိုပါအကူအညီများသည် လိုအပ်နေသူ အချို့ထံသို့သာ ရောက်ရှိအောင် ပေးအပ်နိုင်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု လိုအပ်နေသူ အားလုံးအား ကူညီပံ့ပိုးပေးရန် နိုင်ငံတကာအသိုက်အဝန်း၏ အကူအညီကို လိုအပ် ကြောင်း၊

(ဋ) မြန်မာနိုင်ငံအရေးကိစ္စအတွက် ရေရှည်တည်တံ့မည့် အဖြေရနိုင်မည့် နည်းလမ်းမှာ မတရား စစ်အာဏာသိမ်းထားပြီး ကျရှုံးနေသည့် အာဏာသိမ်းမှုအား ချက်ချင်းရပ်တန့် စေခြင်းနှင့် ထိရောက်သော၊ အားလုံးပါဝင်သော၊ တာဝန်ယူမှု၊ တာဝန်ခံမှုပြည့်ဝသော တရားဥပေဒစိုးမိုးရေး အဖွဲ့အစည်းများဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ခြင်းတို့သာဖြစ်သည်ဟု မိမိအနေဖြင့် ပြီးခဲ့သော သီတင်းပတ်အတွင်း ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အစည်းအဝေး၌ အလေးထား ဆွေးနွေး ခဲ့ကြောင်း၊

(ဌ) ထို့အတူ ပြည်တွင်းပြည်ပရှိ မြန်မာပြည်သူများအနေဖြင့်လည်း အကာအကွယ်နှင့် ထောက်ပံ့ကူညီမှုများ လိုအပ်ပါကြောင်း၊ ဤနေရာတွင် မြန်မာပြည်သူများအား လုံခြုံမှုနှင့် အကူအညီများ ပံ့ပိုးပေးလျက်ရှိသာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ UNHCR အပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအား ကျေးဇူးတင်ပါကြောင်း၊

(ဍ) သို့သော် အများစုမှာ ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေနှင့် လက်ခံရရှိနေ သည့် ထောက်ပံ့ကူညီမှုများနှင့် ပတ်သက်၍ ကြောင့်ကြနေကြရကြောင်း၊

(ဎ) အထူးသဖြင့် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသည့် အချို့မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များအား သက်တမ်းတိုးရန် အခက်အခဲများ ရင်ဆိုင်နေရ ကြောင်း၊ အချို့သော ဖြစ်စဉ်များတွင် လူမဆန်သည့် စစ်တပ်က မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်များကို တရားလက်လွတ် ဖျက်သိမ်းခဲ့သဖြင့် ၎င်းတို့သည် နိုင်ငံမဲ့ခြင်း အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံတကာ အသိုက်အဝန်း၊ UNHCR၊ အိမ်နီးချင်းနိုင်ငံများထံမှ လုံလောက်သော အကူအညီများနှင့် အကာအကွယ်ပေးမှုများ လိုအပ်သည်မှာ ထင်ရှားကြောင်း၊

(ဏ) သို့ဖြစ်ပါ၍ ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ၊ အထူးအားဖြင့် UNHCR တို့အနေဖြင့် အကူအညီ အမှန်တကယ်လိုအပ်နေသည့် မြန်မာပြည်သူများအား အချိန်မီ ထိရောက်သော အကူအညီများနှင့် ကာကွယ်မှုများ ပေးအပ်ပေးပါရန် တောင်းဆို လိုပါကြောင်း၊

(တ) ဤနေရာတွင် UNHCR ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသဖြင့် UNHCR ထံမှ အကူအညီတောင်းခံလျက်ရှိသော မြန်မာပြည်သူများအား အချိန်နှင့် တစ်ပြေးညီ ထိရောက်သော အကူအညီပေးမှုနှင့် အကာအကွယ်ပေးမှုများပေးရန် တိုက်တွန်းလို ပါကြောင်း၊ မြန်မာပြည်သူများအပေါ် တာဝန်မပျက်စေရန် ပြောကြားလိုပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations

at the General Discussion on the Report of the High Commissioner for Refugees at the Third Committee of the 78th session of the United Nations General Assembly


(New York, 1 November 2023)


Mr. Chair,


I thank the UN High Commissioner for Refugees for his briefing as well as for his reports to the General Assembly.


Myanmar recognizes and appreciates the crucial role the UNHCR plays in providing protection and assistance to millions of people who were forcefully displaced by persecution, conflict, human rights violations and violence. We note with alarm the significant increase of such people to 108.4 million in the reporting period. The UNHCR latest Mid-year trends report states that the figure has risen to 114 million at the end of September this year. Reversing this negative trend requires addressing the root causes of this growing displacement.

I also thank the High Commissioner for highlighting the need for greater attention to address worsening humanitarian crises in my country Myanmar and others in his report.


In Myanmar, since the illegal coup, the illegitimate military junta has been waging a campaign of brutal violence against the civilian population in a widespread and systematic manner. Part of this campaign is ceaseless persecution against anyone they perceive as pro-democracy including politicians, democracy activists, civil servants, women human rights defenders, women CSO leaders and journalists among others. This persecution is threatening many lives and forcing them to seek safety in other countries, particularly in our neighbours.


The biggest part of the current humanitarian crisis in Myanmar is the internal displacement of nearly 2 million people. This displacement was not caused by the natural disaster or the crossfire between the military forces and revolutionary forces. This is mostly the result of the military junta’s infamous 4-cut strategy, which is well known to this Committee.


The military junta’s indiscriminate airstrikes and heavy artillery shelling against the civilian population, brutal mass killings of civilians during the ground operations, and intentional wholesale burning of towns and villages have driven 1.7 million out of their homes. Most of them have lost their homes, properties and livelihoods.


Moreover, in his report, the High Commissioner pointed out of a 360 per cent increase in onward movement of Rohingya refugees in the Andaman Sea and the Bay of Bengal.


The outflow of refugees, mass internal and cross-border displacement, and irregular maritime movements, along with the growing transnational organized crime along the borders, are pointing to the fact that Myanmar crisis is a serious ongoing threat to the regional peace and security.


Mr. Chair,


Under this difficult circumstance, the National Unity Government of Myanmar together with EROs and CSOs have been providing as much as they can humanitarian assistance to all displaced persons. However, the assistance could reach only some. The support of the international community is required in providing humanitarian assistance to all people in need.


As I have emphasized in the Myanmar-focused ID last week, the sustainable solution to the crisis in Myanmar lies in the immediate end of the illegal failing military coup and the establishment of a Federal Democratic Union with effective, inclusive and accountable rule of law institutions.


Meanwhile, Myanmar people inside and outside of the country needs protection and assistance. I take this opportunity to thank the member states, our neighbours, the UN organizations including UNHCR, and civil society organizations which help provide them with safety and assistance in this difficult time.


However, many of them are frustrated with the situation that they are in and the assistance and support that they receive so far.


Moreover, some of Myanmar expatriates are also facing difficulty with the renewal of their passports. Some cases, their passports were revoked arbitrarily by the inhumane military junta, and they are at risk of becoming stateless.


Clearly they need sufficient support and protection from the international community including UNHCR and neighbouring countries.


I appeal the regional and international community as well as the UN in particular the UNHCR to provide the sufficient and timely protection and assistance to Myanmar people who are in need of help.


The UNHCR’s assistance and facilitating role remains crucial in this regard.


Therefore, I urge the UNHCR to do utmost efforts to support and protect in an effective and timely manner the people of Myanmar who are seeking help from the UNHCR.


Please do not fail the people of Myanmar.


I thank you.



*****


















コメント


bottom of page