top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at General Discussion on Crime; IT of 3C of 78th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Discussion on Crime; Information and Technologies (Agenda Item 107 and 108)

at the Third Committee of the 78th session of the UNGA, held on 2 October 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ ပြစ်မှု၊ သတင်းအချက်အလက်နှင့် နည်းပညာနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြည်သူတွေရင်ဆိုင်နေရသည့် ဆိုးရွားသော အန္တရာယ်ကပ်ဆိုးအား ရပ်တန့်စေရန် အကြမ်းဖက်၍ ဥပဒေမဲ့နေသည့် စစ်တပ်အား အပြီးတိုင် ချုပ်ငြိမ်းစေပြီး၊ တရားဥပဒေစိုးမိုးရေးကို အပြည့်အဝလိုလားသော အရပ်သားဖက်ဒရယ်ဒီမိုကရေစီအစိုးရ တည်ဆောက်ခြင်းဖြင့်သည်သာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိမိန့်ခွန်းပြောကြားခဲ့ခြင်း


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်)


၁။ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပလျက်ရှိသည့် လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ) တွင် ၂-၁၀-၂၀၂၃ ရက် (တနင်္လာနေ့) ၌ ပြစ်မှု၊ သတင်းအချက်အလက်နှင့် နည်းပညာ (Crime; Information and Technologies) ခေါင်းစဉ်အောက်မှ အထွေထွေဆွေးနွေးမှုအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစီအစဉ်တွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (United Nations Office of Drugs and Crime – UNODC) မှ ကိုယ်စားလှယ်က အဓိက ဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၅၀) ခန့်က ပါဝင်ဆွေးနွေးခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း မိန့်ခွန်း ပြောကြားခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိက ပါဝင်ပါသည်-


(က) UNODC နှင့် ၎င်း၏ ဒေသဆိုင်ရာရုံးများအနေဖြင့် စိန်ခေါ်မှု အမြဲမြင့်မားလျက်ရှိသည့် ဤ ပြဿနာအား ကြိုးပမ်း၍ ကိုင်တွယ်ဖြေရှင်းပေးလျက်ရှိသည့်အပေါ် ကျေးဇူးတင်ရှိ ပါကြောင်း၊


(ခ) မိမိတို့အနေဖြင့် နိုင်ငံတကာငြိမ်ချမ်းရေးနှင့် လုံခြုံရေးအား ထိခိုက်စေ၍ ခြိမ်းခြောက်လျက်ရှိသော ပြဿနာအမြောက်အများကို ဆွေးနွေးလျက်ရှိရာ ယနေ့ ဆွေးနွေးသည့် ခေါင်းစဉ်သည် အဆိုပါပြဿနာများအနက် တစ်ခုပင်ဖြစ်ကြောင်း၊


(ဂ) မြန်မာနိုင်ငံသည် ဘက်ပေါင်းစုံတွင် ရှုပ်ထွေးလှသည့် တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၏ ဗဟိုချက်အဖြစ် ဖြစ်တည်နေခြင်း၏ ခြိမ်းခြောက်မှုကို ကောင်းစွာသိရှိကြောင်း၊ ထို့ကြောင့် UNODC နှင့်တကွ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များ၊ အခြားသော ကုလသမဂ္ဂအေဂျင်စီများနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်မာစေရန် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြောင်း၊ UN Single Convention on Narcotic Drugs of 1961 အား လက်မှတ်ရေးထိုးခြင်းမှ အစပြု၍ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း၌ လုပ်ငန်းစဉ်များစွာကို ချမှတ်လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းလုပ်ငန်းအများစုမှာ ဘိန်းရောင်းချခြင်းအား ဥပဒေဖြင့် တားမြစ်ခြင်း၊ မူးယစ်ဆေးဝါး အလွဲသုံးစားပြုခြင်းအား ထိန်းချုပ်သည့် အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်ကို စောင့်ကြည့်လေ့လာသည့် အေဂျင်စီများအား လက်ခံခွင့်ပြုပေးခြင်း၊ မာစတာအစီအစဉ် ချမှတ်ခြင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာများရေးထိုးခြင်းတို့ကို အလေးထားဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊


(ဃ) ၂၀၁၄ ခုနှစ်မှစတင်၍ မြန်မာနိုင်ငံ၌ ဘိန်းစိုက်ပျိုးမှုနှုန်း လျော့နည်းခဲ့သည့်အပေါ် မိမိတို့အားလုံးအနေဖြင့် အားတက်ရပါကြောင်း၊


(င) သို့ရာတွင် မြန်မာနိုင်ငံ၌ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရားမဝင် စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့ချိန်မှစ၍ ကောင်းမွန်နေသော တိုးတက်မှုများအားလုံး ပြောင်းပြန်အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ UNODC ၏ အစီရင်ခံစာများအရ တရားမဝင် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဘိန်းစိုက်ပျိုးမှုသည် ၃၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး၊ ဘိန်းထုတ်လုပ်မှု သည်လည်း ယမန်နှစ်အတွင်း၌ နှစ်ဆခန့် မြင့်တက်လာခဲ့ကြောင်း၊ ထို့အတူ နယ်စပ်ဒေသ များတွင် မီသာဖီတမင်း ထုတ်လုပ်မှုနှင့် တရားမဝင် ကုန်ကူးမှုများလည်း သိသိသာသာ မြင့်တက်လာခဲ့ကြောင်း၊


(စ) အဓိကအားဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ယခင်က တွေ့မြင်ကြုံတွေ့ ခဲ့ရခြင်းမရှိသည့် စစ်တပ်အား ခုခံတော်လှန်မှုများ နိုင်ငံအဝှမ်း ဖြစ်ပေါ်လာခဲ့ရုံသာမက ကမ္ဘာ့လုံခြုံရေးကိုလည်း စိန်ခေါ်မှုများစွာ ဖြစ်ပေါ်စေခဲ့ကြောင်း၊ ထို့ပြင် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုများနှင့် ကမ္ဘာတစ်ဝန်းရှိ နေရာဒေသ အားလုံးနီးပါးအပေါ် အကျိုးသက်ရောက်မှုရှိသော ဆိုက်ဘာလိမ်လည်မှုများ လည်း ပိုမိုတိုးပွားလာစေခဲ့ကြောင်း၊


(ဆ) မြန်မာနိုင်ငံသည် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများအတွက် ဦးတည်ရာ လမ်းဆုံး တစ်ခုဖြစ်လာမှုသည် ထိတ်လန့်ဖွယ်ကောင်းကြောင်း၊ မြန်မာ့သမိုင်းတွင် ယခင်က မရှိခဲ့ဘူးကြောင်း၊ ဘိန်းနှင့် မီသာဖီတမင်းမှောင်ခိုကူးမှု တဟုန်ထိုး မြင့်တက်လာခြင်းမှ အစပြု၍ ကမ္ဘာ့နိုင်ငံပေါင်း ၄၆ နိုင်ငံကျော်မှ လူထောင်သောင်းချီအား မြန်မာနိုင်ငံသို့ မတရားလူကုန်ကူးခြင်း၊ ရှုပ်ထွေးလှသည့် ဆိုက်ဘာလိမ်လည်မှုများအား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်စေသည်အထိ အနယ်နယ်အရပ်ရပ်မှ လူအများအား သားကောင်များ ဖြစ်လာစေသည်အထိ စစ်အာဏာရှင်သည် မြန်မာနိုင်ငံအား ဒေသတွင်း နှင့် ကမ္ဘာပေါ်၌ ပြစ်မှုနှင့် မတည်ငြိမ်မှု အဓိကဖော်ဆောင်သည့်နိုင်ငံ ဖြစ်စေခဲ့ကြောင်း၊


(ဇ) သို့ဖြစ်ရာ ဤကဲ့သို့ ဆိုးရွားသော အန္တရာယ်ကပ်ဆိုးအား ရပ်တန့်စေရန် အကြမ်းဖက်၍ ဥပဒေမဲ့နေသည့် စစ်တပ်အား အပြီးတိုင်ချုပ်ငြိမ်းစေပြီး၊ တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ လိုလားသော အရပ်သားဖက်ဒရယ်ဒီမိုကရေစီအစိုးရ တည်ဆောက်ခြင်းသည် သာ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိကြောင်း၊


(ဈ) မိမိတို့၏ ပြည်သူများသည် ၎င်းတို့ ကြုံတွေ့ခံစားနေရသည့် ဒုက္ခအကျပ်အတည်းများကို ချက်ချင်းပင် အပြီးတိုင် ရပ်တန့်စေလိုကြောင်း၊ အဆိုပါအခြေအနေသို့ ရောက်ရှိနိုင်ရန် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးက အဓိကသော့ချက်ပင်ဖြစ်ကြောင်း၊ စစ်အာဏာရှင် စနစ်ကြောင့် ဖြစ်ပေါ်လာရသည့် နောက်ဆက်တွဲဆိုးကျိုးများအား အပြီးတိုင် ချုပ်ငြိမ်းနိုင် ခြင်းမရှိဘဲ စစ်အာဏာသိမ်းမှုကို အဓွန့်ရှည်စေပါက မြန်မာနိုင်ငံအတွင်းသာမက မြန်မာ နိုင်ငံကို ကျော်လွန်၍ အခြားနေရာဒေသများကိုလည်း မှုခင်းဇုန်များအဖြစ် ထပ်မံဖန်တီး လာနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ စစ်အာဏာရှင်စနစ်ဆိုးအောက်တွင် တရားဥပဒေစိုးမိုး မှုရှိသည့် လူ့အသိုက်အဝန်းတစ်ခုအား တည်ဆောက်ရန် မည်သို့မျှ မျှော်မှန်းတောင့်တ၍ မရနိုင်ကြောင်း၊


(ည) သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် ဤသို့ ခက်ခဲသည့်ကာလများအတွင်း UNODC ၏ မဟာ ဗျူဟာကျသော လုပ်ဆောင်ချက်များနှင့် မယိမ်းယိုင်သော ထောက်ပံ့ကူညီမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊


(ဋ) မူးယစ်ဆေးဝါးသည် လူသားမျိုးနွယ်စုများ၏ ဖြစ်တည်မှုအပေါ် ခြိမ်းခြောက်မှုပြုသဖြင့် မူးယစ်ဆေးဝါး အလွဲသုံးစားပြုခြင်းအား ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးတို့သည် တော်လှန်ရေးအတွက် အဓိကကျသည့် တာဝန်တစ်ရပ်အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရက မှတ်ယူကြောင်း၊ အဆိုပါ တာဝန်ဝတ္တရားအား အပြည့်အဝ ကတိကဝတ်ပြု သည့်အလျောက် “မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့” အား မကြာမီက ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း၊


(ဌ) အလားတူ တိုင်းရင်းသား တော်လှန်းရေး အဖွဲ့အစည်းများနှင့် အခြားမိတ်ဖက်အဖွဲ့ အစည်းများနှင့် အတူတကွလက်တွဲဆောင်ရွက်ရေးအပြင် ကုလသမဂ္ဂနှင့် ၎င်း၏ အဖွဲ့ဝင်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်း များနှင့်ပါ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ချမှတ်ထားကြောင်း၊


(ဍ) ထို့ကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးများနှင့် မှုခင်းများ ပပျောက်ရေးအတွက်သာမက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရန် ထိရောက်ခိုင်မာသည့် ထောက်ပံ့ကူညီမှုများ ဆက်လက်ပေးအပ်ကြရန် မိမိအနေဖြင့် ထပ်လောင်းတောင်းဆိုလိုကြောင်း၊


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar at the General Discussion on Crime; Information and Technologies (Agenda Item 107 and 108)

at the Third Committee of the 78th session of the UNGA


(New York, 2 October 2023)


Mr. Chair,


My delegation thanks the Representative of UNODC for her presentation. I also wish to commend UNODC and its regional offices for their hard work tackling the all-time challenging issue.

Nowadays, we all have been discussing numerous prevailing crises that affect and threaten international peace and security. Today’s topic before us is one of the many. In this regard, my delegation is grateful to the Secretary-General for presenting three separate reports under this agenda item.


Mr. Chair,


Cognizant of the threat of being in the center of complex and multifaceted landscape of illicit drug trafficking, Myanmar persistently strengthened close cooperation with the UNODC, alongside CSOs, development partners and other UN agencies. Starting by signing the UN Single Convention on Narcotic Drugs of 1961, various initiatives were taken throughout the past decades to address the issue. Many of such measures prudently focused on prohibiting sale of opium by laws, receiving multi-agency mission visits to review progress in the implementation drug abuse control, developing master plan and signing MoU on Drug Control with neighbouring countries.


We all were encouraged that the cultivation of opium poppy in Myanmar shifted towards a downward trend since 2014.

However regrettably, progresses made earlier have been reversed by the illegal military coup in February 2021. According to UNODC reports, there was 33 percent growth in the opium cultivation, and opium production has nearly doubled in the past year, along with rising methamphetamine production and trafficking across Myanmar’s border.


Clearly, the illegal military coup not only triggered an unprecedented nationwide revolt against the military junta but increasingly precipitated challenges to global security. It has resulted in the rise of cross-border human trafficking and cyber scams, which have impacted almost every corner of the globe.


Alarmingly, Myanmar has become a destination for transnational organized crimes for the first time in history. From huge spike in opium and methamphetamine smuggling, to the violent trafficking to Myanmar of tens of thousands of people from over 46 countries, to the expansion of sophisticated cyber scams victimizing people around the globe, the military dictatorship made Myanmar became a major regional and global exporter of crime and instability.


Undoubtedly, the only way to end this scourge is to end the violent and lawless military junta and establish a civilian federal democratic government in Myanmar that is fully committed to the rule of law.


Mr. Chair,

In conclusion, our people desperately want their sufferings to come to an end immediately. For this to happen, ending military dictatorship is a key. Unless otherwise ending the ongoing ramifications, extending the military coup would only create additional zones of criminality in Myanmar and beyond. Likewise, under the illegal military dictatorship, building a society governed by rule of law cannot be anticipated.

In this regard, we thank the UNODC for its strategic actions and unwavering support throughout this difficult time. The National Unity Government of Myanmar considers the drug abuse prevention and control as a core responsibility of the revolution since it is an existential threat to human beings. Being committed to fulfill its obligations, the NUG has recently formed a Central Committee to prevent the threats of Narcotic Drugs and Psychotropic Substances.


In addition to working together with ethnic resistance organizations and other partners, we pledge to collaborate actively with UN and its member states, neighbouring countries and countries in the region as well as other international organizations on this important matter.


I hereby reiterate our call on the international community to extend strong and effective support to the people of Myanmar in ours endeavour to not only eradicate drugs and crimes, but also end the military dictatorship and restore democracy in Myanmar.

Thank you.



*****









bottom of page