top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at General Discussion on Agenda Item 67 at 3C of 78th UNGA





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Discussion on Promotion and Protection of the Rights of Children (Agenda Item 67) at the Third Committee of the 78th session of the United Nations General Assembly, held on 6 October 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ “ကလေးငယ်များ၏ အခွင့်အရေးများအား ကာကွယ်မြှင့်တင်ပေးရေး” ခေါင်းစဉ်အောက်မှ ကျင်းပပြုလုပ်သည့် အထွေထွေဆွေးနွေးမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ကလေးငယ်များ၏ အခွင့်အရေးများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု အားလုံး လုံးဝ ရပ်တန့်စေရန် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း၍ ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရန် လိုအပ်သည်ဟု ထောက်ပြခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်)


၁။ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၊ လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ (တတိယကော်မတီ) ၌ ၅-၁၀-၂၀၂၃ ရက် (ကြာသပတေးနေ့) နှင့် ၆-၁၀-၂၀၂၄ ရက် (သောကြာနေ့) များတွင် ကလေးငယ်များ၏ အခွင့်အရေးများအား ကာကွယ်မြှင့်တင်ပေးရေး (Promotion and Protection of Rights of Children) ခေါင်းစဉ်ဖြင့် အထွေထွေဆွေးနွေးမှုအစီအစဉ် ကို ကျင်းပခဲ့ပါသည်။


၂။ အဆိုပါ အစီအစဉ်တွင် Children and Armed Conflict ဆိုင်ရာ အတွင်းရေးမှူးချုပ်၏ အထူး ကိုယ်စားလှယ် Ms. Virginia GAMBA၊ Violence Against Children ဆိုင်ရာ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Dr. Najat Maalla M'JID၊ United Nations Children’s Fund (UNICEF) မှ Special Adviser Child Rights, Office of the Executive Director Mr. Manuel FONTAINE၊ Committee on the Rights of the Child ၏ ဥက္ကဋ္ဌဖြစ်သူ Ms. Ann Skelton နှင့် Sale, sexual exploitation and sexual abuse of children ဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ Ms. Mama Fatima SINGHATEH တို့က အဓိက ဆွေးနွေးခဲ့ပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ (၈၀) ကျော်က ပါဝင် ဆွေးနွေးခဲ့ကြရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း လည်း ၆-၁၀-၂၀၂၃ ရက်နေ့တွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိကပါဝင်ပါသည်-


(က) ကလေးငယ်များသည် ကမ္ဘာကြီး၏ အနာဂတ်ဖြစ်သောကြောင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကလေးငယ်များ၏ အခွင့်အရေးများအား ကာကွယ်ပေးရေးနှင့် မြှင့်တင်ပေးရေးကို အဓိကကျသော ကိစ္စရပ်တစ်ခုအဖြစ် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊


(ခ) ကလေးငယ်များအား ကောင်းမွန်စွာ ဆက်ဆံရေးနှင့် ပြုစုပျိုးထောင်ရေးတို့ကို ဦးစားပေး ဆောင်ရွက်သင့်ပြီး နိုင်ငံအများတွင် ကလေးငယ်များ၏ အခွင့်အရေးအား မြှင့်တင်နိုင်ရေး အစီအစဉ်များကို လုပ်ဆောင်လျက်ရှိသည်ဟု သိရှိရသဖြင့် ဝမ်းမြောက်ပါကြောင်း၊


(ဂ) သို့ရာတွင် စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေး အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည့် နိုင်ငံများမှ ကလေးငယ်များကမူ နောက်ကျကျန်ရစ်နေရကြောင်း၊ မြန်မာနိုင်ငံသည် ဥပမာ တစ်ခုပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် သမိုင်းကြောင်းရှည်ကြာစွာ ဖြစ်ပွားခဲ့သည့် ပြည်တွင်းပဋိပက္ခကြောင့် ကလေးငယ်များ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန် အခွင့်မသာခဲ့ကြောင်း၊


(ဃ) အထူးသဖြင့် မြန်မာနိုင်ငံတွင် စစ်တပ်မှ မတရား စစ်အာဏာသိမ်းခဲ့ချိန်မှစ၍ စစ်တပ်မှ ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများကြောင့် ကလေးငယ်များ၏ အခွင့်အရေး အခြေအနေသည် ပို၍ပင် ဆိုးရွားလာခဲ့ကြောင်း၊ ကလေးငယ်များအနေဖြင့် ၎င်းတို့ ခံစား ခွင့်ရှိသော အခွင့်အရေးများကို အပြည့်အဝ ခံစားရမည့်အစား ၎င်းတို့၏ အခွင့်အရေးများ ကို ရက်ရက်စက်စက် ချိုးဖောက်ခံနေရရုံသာမက စစ်တပ်၏ သတ်ဖြတ်ခြင်းကိုပင် ခံနေရကြောင်း၊


(င) မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ စစ်တပ်သည် ကလေးငယ်များ အပါအဝင် ပြည်သူများအပေါ် ကြီးလေးသော ပြစ်မှုများကို စဉ်ဆက်မပြတ် ကျူးလွန် လျက်ရှိကြောင်း၊ AAPP ၏ ထုတ်ပြန်ချက်များအရ (၂) နှစ်ကျော်ကာလအတွင်း၌ ကလေး ငယ် (၆၇၂) ဦး ဖမ်းဆီးထိန်းချုပ်ခံထားရပြီး (၂၈၇) ဦးမှာ အကျဉ်းချခံထားရဆဲပင် ဖြစ်ကြောင်း၊ ထို့ပြင် စစ်တပ်၏ မတရား သတ်ဖြတ်ခြင်းကို ခံရသည့် အပြစ်မဲ့ အရပ်သား ပြည်သူ စုစုပေါင်း (၄,၁၄၂) ဦးအနက် (၄၆၆) ဦးမှာ ကလေးငယ်များဖြစ်ကြောင်း၊


(စ) အထူးအားဖြင့် စစ်တပ်သည် ကလေးငယ်များ အသက်ရှင်နေထိုင်ခွင့်၊ အကြမ်းဖက်ခြင်းမှ ကာကွယ်ပိုင်ခွင့်၊ ပညာသင်ကြားခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ စားနပ်ရိက္ခာဖူလုံခွင့်၊ မိဘများနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိခွင့် နှင့် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် စသော ကလေးငယ်များ၏ အခြေခံ အခွင့်အရေးအားလုံးကို ချိုးဖောက်ခဲ့ကြောင်း၊


(ဆ) မိမိအနေဖြင့် စစ်တပ်မှ ကျူးလွန်ခဲ့သည့် ကြီးလေးသော ပြစ်မှုများအနက် အချို့သောဖြစ်စဉ်များကို တင်ပြလိုကြောင်း၊ ၂၀၂၁ ခုနှစ်မှ စတင်ဖြစ်ပေါ်ခဲ့သည့် မတရား စစ်အာဏာ သိမ်းမှုအပြီးတွင် စစ်တပ်က စာသင်ကျောင်းများနှင့် သင်ကြားရေး စင်တာများကို တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အနီးစပ်ဆုံးဖြစ်စဉ်မှာ ၂၇-၉-၂၀၂၃ ရက်နေ့၌ ဖြစ်ပွားခဲ့ပြီး စစ်တပ်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးစာသင်ကျောင်း တစ်ခုအား လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ ကျောင်းသား (၁၈) ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် (၆) ဦးမှာ စိုးရိမ်ရသောဒဏ်ရာများ ရရှိခဲ့ကြကြောင်း၊


(ဇ) ကလေးငယ်အချို့မှာလည်း စာသင်ကျောင်းခုံများတွင် ပညာဆည်းပူးနေရမည့်အစား ၎င်းတို့ အသက်ရှင်သန်နိုင်ရေးအတွက် ဗုံးခိုကျင်းများတွင် ကြောက်ရွံ့ထိတ်လန့်စွာ ပုန်းခို၍ ပညာလေ့လာ သင်ယူနေရကြောင်း၊ တရားမဝင် စစ်အာဏာသိမ်းချိန်မှစ၍ ၃.၇ သန်းသော ကလေးငယ်များသည် ကျောင်းမနေရဘဲ ဖြစ်နေကြကြောင်း၊


(ဈ) ထို့ပြင် ကာကွယ်ဆေးထိုးခြင်း အစီအစဉ် (Expended Program on Immunization) ကို လည်း မြန်မာပြည်တွင်းရှိ ဒေသအများစုတွင် ရပ်ဆိုင်းထားသောကြောင့် ကလေးငယ်များ အတွက် ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များကို ဤ (၂) နှစ်ကျော်ကာလအတွင်း၌ ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း၊ ပြီးခဲ့သော နှစ်အတွင်း၌လည်း နိုင်ငံတဝှမ်း ဝက်သက် ရောဂါ ကာကွယ်ဆေးထိုးခြင်း (nationwide measles vaccination) မှာ ၉၁ ရာခိုင်နှုန်းမှ ၃၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ ကလေးငယ် (၁) သန်းခန့်အနေဖြင့် ပုံမှန် ကာကွယ် ဆေးထိုးခြင်းအား လက်ခံရရှိခြင်း မရှိသည့်အပြင် (၅) သန်းခန့်သော ကလေးငယ်များမှာ အစာအာဟာရနှင့် ဖြည့်စွက်စာများတွင် ဗီတာမင်အေ လုံလောက်စွာ မရရှိကြောင်း၊ WFP ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ အသက် (၅) နှစ်အောက် ကလေးငယ် (၃) ဦးတွင် (၁) ဦးနှုန်းက အာဟာရ ချို့တဲ့လျက်ရှိကြောင်း၊


(ည) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်မူ ယင်းသို့သော စိန်ခေါ်မှုများပြားသည့် အခြေ အနေများကြားမှ ကလေးငယ်များ၏ အခွင့်အရေးများကို မြှင့်တင်ကာကွယ်ပေးနိုင်ရေး အတွက် အစွမ်းကုန် ကြိုးပမ်းအားထုတ်လျက်ရှိကြောင်း၊ အထူးသဖြင့် ကလေးငယ်များ နှင့် လူငယ်များအတွက် အွန်လိုင်းမှတဆင့်နှင့် မြေပြင်တွင် ပညာရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ချင်းနှင့် ကရင်နီပြည်နယ် များ၊ စစ်ကိုင်းနှင့် မကွေးတိုင်းဒေသကြီးများနှင့် IDP စခန်းများတွင် စာသင်ကျောင်း အချို့ကို မြေပြင်၌ ဖွင့်လှစ်နေနိုင်ပြီဖြစ်ကြောင်း၊


(ဋ) အလားတူ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အထိုက်အလျောက် လုံခြုံမှုရှိသောဒေသများတွင် ပုံမှန် ကာကွယ်ဆေးထိုးပေးသည့် လုပ်ငန်းများပြန်လည် စတင်ခြင်းအစီအစဉ်များကို စမ်းသပ် လုပ်ဆောင်နေပြီဖြစ် ကြောင်း၊ အထူးအားဖြင့် မြန်မာနိုင်ငံအရှေ့ဘက်ပိုင်းတွင် အသက် (၁) နှစ်အောက် ရင်သွေးငယ်လေးများနှင့် မြန်မာနိုင်ငံအနောက်ဘက်ပိုင်းတွင် အသက် (၁) နှစ်အောက် ရင်သွေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကာကွယ်ဆေးထိုးပေးသည့် အစီအစဉ်များ စတင် စမ်းသပ် အကောင်အထည်ဖော် လုပ်ဆောင်လျက် ရှိကြောင်း၊


(ဌ) ထို့ကြောင့် WHO၊ UNICEF နှင့် အခြား ကုလသမဂ္ဂ အေဂျင်စီများ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံရှိ ကလေးငယ်များ လုံခြုံမှုရှိစေရန်နှင့် ကာကွယ်နိုင်သော ရောဂါများကြောင့် သေဆုံးခြင်းနှင့် ကပ်ရောဂါများဖြစ်ပွားခြင်းတို့မှ ကာကွယ် နိုင်ရန်အလို့ငှာ ထိရောက် ကျယ်ပြန့်သော ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များကို ဆက်လက်လုပ်ဆောင်နိုင်ရေး ဆန်းသစ်သောနည်းလမ်းဖြင့် ကူညီပံ့ပိုးပေးရန် မိမိ အနေဖြင့် မြန်မာပြည်သူများ၊ အထူးသဖြင့် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များ၏ ကိုယ်စား ထပ်လောင်း တောင်းဆိုလိုပါကြောင်း၊


(ဍ) မြန်မာနိုင်ငံတွင် ကလေးငယ်များ၏ အခွင့်အရေးများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုအားလုံး လုံးဝ ရပ်တန့်စေရန် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်း၍ ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရန် လိုအပ်ပါကြောင်း၊


(ဎ) သို့ဖြစ်ပါ၍ မိမိအနေဖြင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းအား မြန်မာပြည်သူများ၊ အထူးသဖြင့် ကလေးငယ်များ ရင်ဆိုင်တွေ့ကြုံနေရသည့် ဒုက္ခအခက်အခဲများကို အထူး အလေးပေး အာရုံထားရန်နှင့် ကလေးငယ်များ၏ အသက်များ ယခုထက်ပို၍ မဆုံးရှုံးမီ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းစေရန် လိုအပ်နေသည့် ထိရောက်ခိုင်မာ သော ကူညီထောက်ပံ့မှုများကို ပေးအပ်ရန် တောင်းဆိုလိုပါကြောင်း၊ ရင်သွေးငယ်များ သည် နိုင်ငံတစ်ခု၏ အနာဂတ်ပင်ဖြစ်ကြောင်း။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar at the General Discussion on Promotion and Protection of the Rights of Children (Agenda Item 67)

at the Third Committee of the 78th session of the UNGA


(New York, 6 October2023)


Mr. Chair,


Myanmar aligns itself with the joint statements delivered by ASEAN.

Promotion and protection of the rights of children has been one of the focused areas of the international community as children are the future of the world. Every child is prioritized to be treated and raised well. It is pleased to note that in many countries, many programmes are in place to promote rights of the child.


Unfortunately, children from the countries which are experiencing economic, political and social crisis are left behind. Myanmar is one of the examples. It has a long history of internal conflict that did not favour children to be protected.


In Myanmar, situation of the rights of children have been worsened due to the illegal military coup and the military junta’s atrocities. Let alone full realization of their rights, children are brutally violated, even killed by the military junta.


Mr. Chair,


Since February 2021, the military junta has been committing serious crimes against the people of Myanmar including children. According to AAPP, altogether 672 children were arrested during last two and half years and 287 of them are still under detention. 466 children were killed, out of 4142 civilians killed by the military junta.


The junta has violated all fundamental rights of the children; right to life, right to protection from violence, right to education, right to health, right to food, right to have relationship with their parents and right to express their opinions.


Allow me to highlight some serious violations committed the military junta. Several schools and learning centers were attacked and burnt down since military coup in 2021. In the most recent incident on 27 September 2023, the military junta attacked a monastic school in Sagaing region with heavy artillery, injuring 18 students, with six of them suffering severe wounds.


Instead of learning in school chairs, some children are forced to secure their lives inside bomb shelters with fear while studying. Since the illegal coup, 3.7 million children remained out of school.


Moreover, the Expanded Program on Immunization was suspended in many areas across Myanmar and the immunization programs for children have been nearly non-functional for more than two years. During the past year, nationwide measles vaccination coverage has dropped from 91 percent to 34 percent. Nearly one million children don’t receive the routine immunization and nearly five million children lack sufficient Vitamin A in their diets and access to supplements. According to WFP, nearly one in three children in Myanmar under the age of 5 suffers due to malnutrition.


Mr. Chair,

Amidst the challenging situations, the National Unity Government has been putting utmost effort towards promotion and protection of the rights of children. The NUG together with EROs and NGOs provide education services online and offline to children and youth. A number of schools on ground have been opened in Chin, Karenni (Kayah), Sagaing, Magway and some IDP camps.

Similarly, the NUG together with the ethnic health organizations started working on the routine immunization resumption projects in relatively safe areas. As pilot projects, immunization resumption project for children under 1 year old was begun in the eastern Myanmar and children under 1 year old and pregnant women in the western Myanmar.

Therefore, on behalf of the people of Myanmar especially those children and pregnant women, I wish to appeal the international community including WHO, UNICEF and other UN agencies to provide necessary support in an innovative way to enable the immunization programmes widely and effectively for sake of the safety of children in Myanmar and to prevent the outbreaks and deaths from preventable diseases.


Mr. Chair,

To end violations of the rights of children and all human rights in Myanmar, it is crucial to end the military dictatorship and restore democracy.

Hence, I would like to call on the United Nations and the international community to pay attention seriously to sufferings of the people of Myanmar especially children and to extend strong and effective support to end the military dictatorship before any further loss of the children’s lives. Children are the future of a nation.

Thank you.



*****








bottom of page