• Myanmar Mission To UN

Statement by Ambassador Kyaw Moe Tun at General Discussion on Advancement of Women of 3C (77th UNGA)




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the General Discussion on Advancement of Women of the Third committee of the Seventy-Seven session of UN General Assembly, held on 6 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက

(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီအစည်းအဝေးတွင် အမျိုးသမီးများကဏ္ဍမြှင့်တင်မှုနှင့် စပ်လျဉ်း၍ စစ်အာဏာရှင်စနစ် အဆုံးသတ်လိုသည့် ပြည်သူများ၏ ခိုင်မာသောသန္နိဌာန်မှာ ပြောင်းလဲမှုမရှိခိုင်မာဆဲဖြစ်ပြီး စစ်တပ်၏ အမျိုးသမီးများအပေါ် ကျူးလွန်သောရာဇဝတ်မှုများ အဆုံးသတ်ရေးအတွက် အရေးတကြီးနှင့် ပြတ်သားသည့် အရေးယူဆောင်ရွက်ချက်များကို နိုင်ငံတကာအသိုက်အဝန်းမှ လုပ်ဆောင်ရမည်ဖြစ်ကြောင်း

ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ၆ရက်)


၁။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်နေ့တွင် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ၏ အမျိုးသမီးများကဏ္ဍမြှင့်တင်မှု ဘာသာရပ်ခေါင်းစဉ်အောက်၌ မိန့်ခွန်းတစ်ရပ်ပါဝင် ပြောကြားခဲ့ပါသည်။


၂။ သံအမတ်ကြီးဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအဓိကအချက်များ ပါဝင်ပါသည်-


(က) ကမ္ဘာကြီးက အမျိုးသမီးအခွင့်အရေးနှင့် gender တန်းတူညီမျှမှုတို့ အပြည့်အဝခံစားခွင့်ရရှိရေး ဆီသို့ ချီတက်နေချိန်တွင် အချို့နိုင်ငံများမှာ ဝမ်းနည်းဖွယ် နောက်ကျကျန်နေခဲ့ကြောင်း၊ ယင်းထက်ပိုမို ဆိုးရွားသည်မှာ မိမိလမ်းကြောင်းအတိုင်း တိုးတက်နေဆဲ နိုင်ငံတစ်ခုက ပြန်လည်ဆုတ်ယုတ်ခဲ့ရခြင်းပင် ဖြစ်ကြောင်း၊


(ခ) ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးအတွက် ကဏ္ဍအသီးသီးနှင့် အခြေအနေအသီးသီးတွင် ကြိုးပမ်းအားထုတ်ရေး အာရုံစိုက်ခဲ့ပြီး၊ အမျိုးသမီးများကဏ္ဍမြှင့်တင်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ ချမှတ်အကောင်အထည်ဖော်ခြင်း၊ အမျိုးသမီးများနှင့် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ လွှတ်တော်ကော်မတီတစ်ရပ် ဖွဲ့စည်းခြင်း၊ အမျိုးသမီးအကြမ်းဖက်မှု ကာကွယ်တားဆီးရေး ဆိုင်ရာဥပဒေမူကြမ်းတစ်ရပ် ရေးဆွဲခြင်းစသည်တို့ကို ဆောင်ရွက် ခဲ့ကြောင်း၊


(ဂ) သို့ရာတွင် အဆိုပါအရေးကြီးသော ဖွံ့ဖြိုးတိုးတက်မှုများအားလုံးမှာ ၂၀၂၁ ဖေဖော်ဝါရီလတွင် တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် ပျက်ဆီးခဲ့ရကြောင်း၊ လက်ရှိတွင် အမျိုးသမီးအခွင့်အရေးများအား စစ်တပ်မှ စနစ်တကျ ငြင်းဆိုထားကြောင်း၊ အာဏာသိမ်းခါစရက်များကပင် တရားမဝင်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းဆန္ဒ ဖော်ထုတ်ကြသည့် အမျိုးသမီးနှင့် မိန်းကလေးငယ်မြောက်များစွာအား စစ်တပ်မှ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊


(ဃ) အမြောက်နှင့် လေကြောင်းတိုက်ခိုက်မှုများအသုံးပြုခြင်း၊ ကျေးရွာများအား ဝင်ရောက်စီးနင်းခြင်းနှင့် မီးရှို့ခြင်း၊ ရပ်ရွာလူထုအား စိတ်တိုင်းကျ ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် သတ်ဖြတ်ခြင်းစသည့် စစ်တပ်၏ လွန်ကျူးသောလုပ်ဆောင်ချက်များကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် အမျိုးသမီးနှင့် မိန်းကလေးငယ်များစွာမှာ ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခြင်းနှင့် ညှည်းပန်းနှိပ်စက်ခြင်းများကို ခံစားခဲ့ရကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် လပေါင်း (၂၀) ကျော်အတွင်း သတ်ဖြတ်ခံခဲ့ရသူ (၂၃၃၂) ဦးအနက် အမျိုးသမီး ဦးရေ (၂၇၀) ကျော်ပါဝင်ကြောင်း၊ မှတ်တမ်းများတွင် ဖော်ပြနိုင်ခြင်းမရှိဘဲ သေဆုံးခဲ့ရသူပေါင်းများစွာ ရှိနေမည်ဟုလည်း ယုံကြည်ကြောင်း၊


(င) စစ်တပ်အနေဖြင့် ၎င်းတို့၏ နည်းဗျူဟာအဟောင်းကိုကျင့်သုံးကာ အိမ်ထောင်စုအတွင်း ၎င်းတို့ ဖမ်းဆီးလိုသည့် ပုဂ္ဂိုလ်အားမတွေ့ရှိပါက အပြစ်မဲ့သည့် အမျိုသမီးများနှင့် ကလေးသူငယ်များအား ဓားစာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်လျက်ရှိကြောင်း၊ ဖမ်းဆီးခေါ်ဆောင်ခံရသည့် အမျိုးသမီးနှင့် ကလေးသူငယ် များမှာ စစ်ဆင်ရေးများတွင် လူသားဒိုင်းများအဖြစ် မကြာခဏအသုံးချခံရကြောင်း၊ ယင်းမှာ ရှင်းလင်းစွာ ပြဌာန်းထားသည့် နိုင်ငံတကာစစ်ဥပဒေနှင့် ဆန့်ကျင်လျက်ရှိကြောင်း၊


(စ) စစ်တပ်အနေဖြင့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ နိုင်ငံတကာဥပဒေများကို ချိုးဖောက်ကာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား ပစ်မှတ်ထားသည့် ပဋိပက္ခအတွင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုကို စစ်လက်နက်တစ်ခုအဖြစ် အသုံးချခဲ့သည်မှာ ဆယ်စုနှစ်များစွာရှိပြီဖြစ်ကြောင်း၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမြို့များ၊ ကျေးရွာများ၊ ထိန်းသိမ်းရေးစခန်းများနှင့် အကျဉ်းထောင်များ အစရှိသည့် ၎င်းတို့ရှိရာနေရာတိုင်းတွင် မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို ပိုမို၍ ပြောင်ပြောင်တင်းတင်း ကျူးလွန်လာကြောင်း၊ ကျူးလွန်ရုံမျှမက ယင်းအားဂုဏ်ယူဖွယ် ကိစ္စရပ်အဖြစ်ပင် ထုတ်ဖော်ပြောကြားကြကြောင်း၊


(ဆ) စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေးနှင့် တိုင်းပြည်စီးပွားရေးတို့ ယိုယွင်းလာမှု ကြောင့် အမျိုးသမီးများအား လူကုန်ကူးမှုမှာ မြန်မာနိုင်ငံတွင်ကြီးမားသော ပြဿနာတစ်ရပ်အဖြစ် ပြန်လည်ပေါ်ပေါက်လာကြောင်း၊ လူကုန်ကူးခံရသည့် အမျိုးသမီးနှင့် မိန်းကလေးငယ်ဦးရေမှာ များစွာ တိုးပွားလျက်ရှိပြီး၊ ၎င်းတို့မှာလိင်ပိုင်းဆိုင်ရာနှင့် လုပ်ငန်းခွင်ဆိုင်ရာ အမြတ်ထုတ်ခြင်းများကို ရင်ဆိုင်နေကြ ရကြောင်း၊


(ဇ) ထို့ပြင် မြို့ကြီးများနှင့် ပဋိပက္ခမဖြစ်ပွားရာ နေရာများတွင်ပင် အမျိုးသမီးများအတွက် လုံခြုံမှု မရှိကြောင်း၊ ၎င်းတို့အနေဖြင့် နေ့စဉ်လုပ်ငန်းဆောင်တာများ ဆောင်ရွက်စဉ်ပင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်း၊ ထိပါးစော်ကားခြင်းနှင့် ဖမ်းဆီးခေါ်ဆောင်ခြင်းများ ကြုံတွေ့နေကြရကြောင်း၊ တရားဥပဒေစိုးမိုးရေးအပေါ် လေးစားမှုအလျှင်းကင်းမဲ့သည်ဖြစ်ရာ ပြည်သူများအနေဖြင့် မိမိကိုယ်ကို ကာကွယ်ရန်မှအပ အခြားရွေးချယ်စရာမရှိကြောင်း၊ အကြမ်းဖက်မှုတစ်စုံတစ်ရာ ကျူးလွန်ခံရပါကလည်း နှုတ်ဆိတ်နေကြရသည့် အခြေအနေတွင်သာ ရှိနေကြကြောင်း၊


(ဈ) စစ်တပ်၏ လူသားမဆန်သောရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များမှာပိုမိုဆိုးရွားလာပြီး၊ နိုင်ငံတစ်ဝန်း အခြေအနေများမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုစိုးရိမ်ဖွယ်ဖြစ်လာကြောင်း၊ ပြည်သူများက အဆက်မပြတ် အကူအညီတောင်းခံလျက်ရှိသော်လည်း ယင်းအကူအညီမှာ မရောက်ရှိလာသေးကြောင်း၊


(ည) မည်သို့ပင်ဖြစ်စေ စစ်အာဏာရှင်စနစ်အား အဆုံးသတ်လိုသည့် ပြည်သူများ၏ ခိုင်မာသော သန္နိဌာန်မှာ ပြောင်းလဲမှုမရှိ ခိုင်မာဆဲဖြစ်ကြောင်း၊ စစ်တပ်မှ ပြည်သူများအတွင်း အကြောက်တရား ကြီးထွားစေရန် ကြိုးပမ်းသည်နှင့်အမျှ၊ ပြည်သူများ၏ အာဏာရှင်စနစ်အား တိုက်ဖျက်လိုသည့် စိတ်အားထက်သန်မှုမှာ ပိုမိုအားကောင်းလာကြောင်း၊


(ဋ) မြန်မာပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးအတွက် အရာအားလုံးပေးဆပ်ရန် အသင့်ရှိကြောင်းကို မိမိအနေဖြင့် ထပ်တလဲလဲ ပြောကြားပြီးဖြစ်ကြောင်း၊ စစ်တပ်၏ ရက်စက်ကြမ်းကြုတ် မှုများကို ကြံ့ကြံ့ခံနေဆဲအချိန်တွင်ပင် အမျိုးသမီးများအပါအဝင် ပြည်သူများ၏ အသက်အိုးအိမ်းစည်းစိမ် ပေါင်းများစွာ စတေးခဲ့ရပြီးဖြစ်ကြောင်း၊


(ဌ) မြန်မာနိုင်ငံ၏ ဤအခြေအနေအား ချက်ချင်းဖြေရှင်းရန် လိုအပ်ကြောင်း၊ နိုင်ငံတကာဥပဒေအား ချိုးဖောက်ခြင်းနှင့် အမျိုးသမီးများအပေါ် ကျူးလွန်သောရာဇဝတ်မှုများ အဆုံးသတ်ရေးအတွက် အရေးတကြီးနှင့် ပြတ်သားသည့် အရေးယူဆောင်ရွက်ချက်များကို နိုင်ငံတကာအသိုက်အဝန်းမှ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အမျိုးသမီးများ၊ အမှန်စင်စစ် မြန်မာပြည်သူများအားလုံးသည် ဤညီလာခံအား ၎င်းတို့၏ အသံကိုနားထောင်ရန်နှင့် ၎င်းတို့၏ အကူအညီတောင်းဆိုမှုကို တုံ့ပြန်ပေးရန် စောင့်မျှော်နေကြကြောင်း၊ သို့ဖြစ်ရာ ပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးများ၊ မိန်းကလေးငယ်များနှင့် ကလေးသူငယ်များအပေါ် လူသားမဆန်သောကျူးလွန်မှုများနှင့် အသက်ဆုံးရှုံးမှုများထပ်မံ မဖြစ်ပွားမီ မြန်မာပြည်သူများအား အကူအညီပေးရန် နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂအား ထပ်မံတောင်းဆို လိုကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အားပူးတွဲဖော်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊အောက်တိုဘာလ ၆ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့




Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations

at the General Discussion on Advancement of Women of the Third committee of the Seventy-Seven session of UN General Assembly


(New York, 6 October 2022)


Mr. Chairman,


Whilst the world is moving step by step towards the full enjoyment of women’s rights and gender equality, some countries are lagging woefully behind. It is even worse when a country which had been progressing on its own track finds itself driven back.


Under the elected civilian government of Myanmar, the rights of women and girls were a focus for effort in every sector and under every circumstance: a national strategic plan for the advancement of women was adopted and was being implemented, a parliamentary committee on women and children’s rights was formed for the first time, and a bill on the protection of women from violence was drafted.


However, all these important developments have been destroyed by the illegal military coup in February 2021. The rights of women are now being systematically denied by the junta. Since early days of the coup, the military has detained, tortured and killed several women and girls who exercised their right of freedom of expression against the illegal coup. They are forefront in our democratic movement. With the military’s outrageous activities such as using artillery and air strikes, raids, the burning of villages, seizing and killing random community members as they please, many women and girls including pregnant women have been brutally killed and tortured. According to AAPP (Assistance Association for Political Prisoners), over the last 20 months some 2332 people have been killed in my country - more than 270 are women, and there are believed to be many more whose deaths have not been reported.


Using its old tactics, the military has arrested innocent women and children as hostages when they cannot find the targeted person in a household. Abducted women and children have often been used as human shields in further operations, against the clearly established international laws of war.


Some examples of the gruesome crimes perpetrated by the military against women and children include killing a mother carrying her child in Sagaing Region, and denying timely medical intervention to a pregnant woman in prison in Yangon which resulted in death of the newborn. Similar cases are occurring across the country, especially in remote and vulnerable areas – these are not mentioned in any report.


In violation of all international human rights and humanitarian laws, the military has been using conflict-related sexual violence as a weapon of war for decades, targeting women and girls. Since the coup, they are committing rape and other sexual violence more blatantly in every place of their presence; in cities, villages, detention centres and prisons. Not only do they commit such violence, they also talk about it as a matter of pride.


Mr. Chairman,


As the rule of law and nation’s economy have deteriorated following the coup, so the trafficking of women, which had been combated and reduced significantly in the past few years, has re-emerged as a major issue in Myanmar. More and more women and girls have been made victims of such trafficking and are now facing sexual and work exploitations.


Furthermore, women in Myanmar are not safe even in the cities and non-conflict areas. They are subjected to sexual violence, harassment and abduction while carrying out their daily activities. With complete lack of respect for the rule of law, the people have no option other than to protect themselves, and must remain silent when any kind of violence is perpetrated against them.


Mr. Chairman,


The inhumane and brutal acts of the Myanmar military are intensifying, and the situation across the country is getting more and more worrisome every day. The people have been continuously appealing for help, yet that help does not come. However, the firm determination of the people to end the military dictatorship remains unchanged and strong. As the military tries to grow fear within the people, the people’s eagerness to fight against the dictatorship becomes stronger.


On previous occasions, I have stated that the people of Myanmar are ready to pay any cost to end the military dictatorship, and we have sacrificed several lives including lives of women and properties already whilst enduring the military’s atrocities.


To conclude, this situation in Myanmar demands an immediate solution. To stop violations against international law and crimes against women, urgent and decisive actions must come from the international community. The women, indeed all the people of Myanmar are waiting for this esteemed body to hear their voice and respond to their call. I, therefore, appeal again to the international community and the United Nations to help the people of my country before any further loss of lives and brutal incidents to the people in particular women and girls and children.


I thank you.



*****