top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at General Discussion on Advancement of Women - 3C of 78th UNGA





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Discussion on Advancement of Women of the Third committee of the 78th session of UN General Assembly, held on 4 October 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အထွေထွေဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ လွတ်မြောက်ပြီး သက်ဆိုင်ရာနိုင်ငံများ၌ ခိုလှုံလာသည့် မြန်မာပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအား ကာကွယ်ပေးရန်၊ မြန်မာပြည်သူလူထု၏ဆန္ဒကို လေးစားလိုက်နာ၍ မြန်မာပြည်သူများ အထူးသဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအား ချန်လှပ်ထားခြင်းမရှိဘဲ ထိရောက်သည် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန် တိုက်တွန်းပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်)


၁။ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပလျက်ရှိသည့် လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီ (တတိယကော်မတီ) တွင် ၄-၁၀-၂၀၂၃ ရက် (ဗုဒ္ဓဟူးနေ့)၌ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်မှု ခေါင်းစဉ်အောက်မှ အထွေထွေဆွေးနွေးမှုအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပါဝင် မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိကပါဝင်ပါသည်-


(က) ယခုအစီအစဉ်အရ တင်သွင်းသောအစီရင်ခံစာများအတွက် အတွင်းရေးမှူးချုပ်နှင့် အထူး အစီရင်ခံစာတင်သွင်းသူတို့အား ကျေးဇူးတင်ရှိပါကြောင်း၊ အထူးအစီရင်ခံစာတင်သွင်းသူ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဖော်ပြချက်အား မှတ်သားထားကြောင်း၊


(ခ) နိုင်ငံအများအပြားတွင် အမျိုးသမီးများ အခွင့်အရေးနှင့် တန်းတူညီမျှရေးအတွက် အောင်မြင်စွာ ဆောင်ရွက်နိုင်မှုများကို တွေ့ရှိရသည့်အတွက် လွန်စွာဝမ်းသာရကြောင်း၊ သို့ရာတွင် အခြားတစ်ဖက်၌ နိုင်ငံအများ အထူးသဖြင့် ပဋိပက္ခ ဖြစ်ပွားနေသည့် နိုင်ငံများတွင် အမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက် အခြေခံလူ့အခွင့်အရေးကိုပင် ဆောင်ရွက်ပေးနိုင်ရန် ရုန်းကန်နေကြရကြောင်း၊


(ဂ) မြန်မာနိုင်ငံတွင် ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်၌ ကဏ္ဍအားလုံးနှင့် အခြေအနေတိုင်း၌ အမျိုးသမီးနှင့်မိန်းကလေးငယ်တို့၏ အခွင့်အရေးများကို အဓိကအာရုံစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊


(ဃ) ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် တရားမဝင်စစ်အာဏာသိမ်းမှုနှင့်စစ်တပ်၏ အဆက်မပြတ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများသည် ယခင်က ရရှိအောင်မြင်ခဲ့သော တိုးတက်မှုအားလုံးကို ပြောင်းပြန်လှန်ပစ်ခဲ့ကြောင်း၊ ပြီးခဲ့သော ၃၁ လ အတွင်း မြန်မာ စစ်တပ်သည် မြန်မာပြည်သူ လူထုအပေါ်စစ်ပွဲများ ဆင်နွှဲခြင်းဖြင့် ပြင်းထန်သော ရက်စက် ကြမ်းကြုတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စနစ်တကျကျူးလွန်ခဲ့ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ လွန်ခဲ့သည့် ၃၁ လအတွင်း စစ်တပ်၏ မတရားသတ်ဖြတ်မှုကြောင့် လူပေါင်း ၄၁၄၁ ဦး သေဆုံးခဲ့ပြီး၊ ၆၁၃ ဦး ကျော်မှာ အမျိုးသမီးများ ဖြစ်ကြောင်း၊


(င) မြန်မာပြည်သူပြည်သားများ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးများသည် စစ်အာဏာရှင်များကြောင့် ဆိုးရွားစွာဒုက္ခရောက်နေကြရကြောင်း၊ မတရား အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်များ ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများသည် သီးခြားဖြစ်ရပ်များ မဟုတ်ကြောင်းကို မိမိအနေဖြင့် ကုလသမဂ္ဂသို့ အကြိမ်ကြိမ် အသိပေးခဲ့ကြောင်း၊ ယင်းတို့သည် အလွန်ကျယ်ကျယ် ပြန့်ပြန့်နှင့် ပစ်မှတ်ထားကာ စနစ်တကျ ဖြစ်သောကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများ မြောက်နိုင်သည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIM) က ကောက်ချက်ချ ခဲ့ကြောင်း၊


(စ) လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် နိုင်ငံတစ်ဝှမ်းရှိ စစ်တပ်စစ်ဆင်ရေးများတွင် ဆက်လက်ဆောင်ရွက်လျက်ရှိသော နည်းဗျူဟာတစ်ခုဖြစ်ကြောင်း၊ အများပြည်သူနေထိုင်ရာ ကျေးရွာများနှင့် မြို့များကို စစ်တပ်က တိုက်ခိုက်စဉ်အတွင်း ယင်းကျေးရွာများ မှ ထွက်မပြေးနိုင်သည့် အမျိုးသမီးများကို စစ်သားများက အဓမ္မပြုကျင့်ခဲ့ကြောင်းကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း၊


(ဆ) စစ်တပ်မှ တရားမ၀င်ကွပ်မျက်ခြင်းခံခဲ့ရသော အမျိုးသမီးများ၏ ရုပ်အလောင်းများ၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှင့် ကိုက်ညီသောဒဏ်ရာများ တွေ့ရှိရကြောင်း၊ ယင်းကဲ့သို့ လူမဆန်သည့်လုပ်ရပ်များကို ရပ်တန့်ရမည် ဖြစ်ကြောင်း၊


(ဇ) ယင်းသို့ခက်ခဲသည့်အခြေအနေတွင် အမျိုးသားညီညွတ်ရေးအစိုးရ အထူးသဖြင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနသည် ပြည်တွင်း NGO များ၊ အရပ်ဘက်အဖွဲ့အစည်းများအပြင် အခြားမိတ်ဖက်များနှင့်အတူ အမျိုးသမီးများနှင့် မိန်းကလေးငယ်များကို ကာကွယ်ပေးပြီး ၎င်းတို့၏အခွင့်အရေးများကို မြှင့်တင်ပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရသည့် သူများအတွက် လိုအပ်သော အကူအညီများ ပေးလျက်ရှိကြောင်း၊


(ဈ) မြန်မာနိုင်ငံအတွင်း၊ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ် များသည် စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ အကာအကွယ် လိုအပ်လျက်ရှိကြောင်း၊ အသက်ရှင်ကျန်ရစ်သူများအနေဖြင့် တရားမျှတမှုကို ရပိုင်ခွင့်ရှိကြောင်း၊


(ည) စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများမှ လွတ်မြောက်ပြီး သက်ဆိုင်ရာနိုင်ငံများ၌ ခိုလှုံလာသည့် ပြည်သူများ အထူးသဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအား ကာကွယ်ပေးရန် ဒေသတွင်းနိုင်ငံများ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများကို တိုက်တွန်း လိုကြောင်း၊


(ဋ) မြန်မာပြည်သူများအတွက် ထိရောက်သည် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန် နိုင်ငံတကာအသိုက်အဝန်းကို တိုက်တွန်းလိုကြောင်း၊ မြန်မာပြည်သူလူထု၏ ဆန္ဒကို လေးစားလိုက်နာ၍ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် တာဝန်ပျက်ကွက်မှု မရှိစေဘဲ၊ မြန်မာပြည်သူများ၊ အထူးသဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များကို ချန်လှပ်ထားခြင်း မရှိစေရေးကို သေချာဆောင်ရွက်ပေးရန် ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းလိုကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations

at the General Discussion on Advancement of Women of the Third committee

of the 78th session of UN General Assembly


(New York, 4 October 2023)


Mr. Chair,


Today’s topic, Advancement of Women, is paramount importance for all of us at this critical juncture. I wish to thank the Secretary-General and the Special Rapporteur for their reports submitted under this agenda.


My delegation took note of the reference made on Myanmar in the report of the Special Raporteur.


We are pleased to note that many countries around the world are making significant strides towards the full enjoyment of women’s rights and gender equality. But, on the other hand, it is disheartening to observe that certain countries, particularly those grappling with conflicts, are still struggling to ensure even the most basic rights for women and girls.


We are of the view that if women and girls, who constitute nearly half or more of the population in many countries, do not enjoy equal representation in both private and public spheres and are consistently marginalized in discussions, a society will find it challenging to truly thrive and leverage its full socio-economic potential for a more just, resilient and sustainable future.


Mr. Chair,


In my country Myanmar, under the elected civilian government, striving for the rights of women and girls was a central focus across all sectors and in every circumstance. Considerable progresses on the advancement of women and girls were made in Myanmar during 2016 to 2020.


However, the illegal military coup in February 2021 and the military junta’s continued atrocities reversed all progress achieved earlier. Over last 31 months, the military junta has committed grievous atrocities and systematic gross violations of human rights as it wages war against the people of Myanmar. According to AAPP (Assistance Association for Political Prisoners), over the 31 months, some 4,141 people have been brutally killed by the military junta. Among them, more than 613 are women.


Clearly and sadly, the people of Myanmar particularly women and girls are facing severe suffering caused by the military junta.


Women and girls are at the frontline of opposition to the illegal coup.


Women and girls from different ethnic, religious and professional backgrounds led peaceful demonstrations.


Hundreds of thousands of them including school teachers, doctors, nurses and civil service personnel joined peaceful civil disobedience movement.


Women human rights defenders and CSO leaders are still risking their lives every day to document and report the junta’s atrocities.


CSOs and women groups from Myanmar regularly inform the international community of such serious situation our women and girls are facing.


I have also time and again informed the UN that the violence and atrocities being committed by the military junta since the coup are not isolated incidents. They are so widespread, targeted and systematic that the UN Independent Investigative Mechanism for Myanmar concluded that they could amount to crimes against humanity and war crimes.


Sexual violence is still an ongoing tactic in the military operations across the country. In his report, the Secretary-General stressed that during the military attacks against the residential villages and towns, women who were not able to flee their villages were raped by the military personnel. The bodies of women who were executed extra-judicially by the military have been found with injuries consistent with sexual violence. These inhumane acts must stop.


Under this difficult circumstance, the National Unity Government in particular its Ministry of Women, Youth and Children together with local NGOs and CSOs as well as other partners are working hard to protect women and girls and promote their rights. They are also providing necessary assistance to victims of the sexual violence.


In conclusion, Mr. Chair, women and girls in Myanmar particularly in conflict affected areas need protection from the military’s sexual violence. The survivors deserve justice.


I wish to urge the countries in the region in particular neighbouring countries to protect our people especially women and girls who escaped from the military atrocities and took refuge in their respective countries.


To alleviate our women and girls from such sufferings caused by the military junta’s atrocities, we have to end the military dictatorship and its atrocities, bring power back to the people through the elected civilian government under a federal democratic system.


In this regard, on behalf of the people of Myanmar, I wish to urge the international community to help us and extend effective support towards the people of Myanmar.


I also urge the UN and its member states to respect the aspiration of the people of Myanmar and make sure that the UN does not fail Myanmar and not leave the people of Myanmar especially women and girls alone.


I thank you.



*****










bottom of page