Statement by Ambassador Kyaw Moe Tun at General Discussion of the Second Committee under Agenda Item 21: Groups of Countries in Special Situations at the Eightieth Session of UN General Assembly
- Myanmar Mission To UN

- Oct 7
- 4 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Discussion of the Second Committee under Agenda Item 21: Groups of Countries in Special Situations at the Eightieth Session of the UN General Assembly, held on 8 October 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
အကြိမ် (၈၀)မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ (ဒုတိယကော်မတီ) ၏ ဆွေးနွေးမှု အစီအစဉ်အမှတ်၂၁၊ “အထူးအခြေအနေများ၌ ရှိနေသည့် နိုင်ငံများအုပ်စု” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့်အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ လူငယ်(၄) ဦးတွင် (၁) ဦးသည် အလုပ်လက်မဲ့ဖြစ်နေပြီး၊ အသက် ၁၈ နှစ်မှ ၂၄ နှစ် အရွယ် လူငယ် (၄) ဦးတွင် (၃) ဦးသည် ပညာသင်ကြားနိုင်ခြင်း သို့မဟုတ် သင်တန်းတက်ရောက်နိုင်ခြင်း မရှိ၊
မြန်မာနိုင်ငံ၏ အခြေအနေသည် လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်း တစ်ခုမျှသာ မဟုတ်၊ မျိုးဆက် တစ်ဆက်လုံး၏ အစွမ်းအစများနှင့် အနာဂတ်ကို ဖြုန်းတီးနေသည့် အကျပ်အတည်းလည်းဖြစ်၊
အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲသည် နိုင်ငံကို ပိုမိုဆိုးရွားသော အကြမ်းဖက် တိုက်ခိုက်မှု၊ ဆင်းရဲမွဲတေမှုနှင့် မတည်ငြိမ်မှုများဆီသို့သာ တွန်းပို့မည်ဖြစ်၊ ထို့မှ မိမိတို့ နိုင်ငံ၏ လက်ရှိဖွံ့ဖြိုးရေးဆိုင်ရာ နောက်ကြောင်းပြန်မှုများကို ပိုမို ကြာရှည် စေမည် ဖြစ်၊
ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့အနေဖြင့် မြန်မာပြည်သူ လူထု၏ အနာဂတ်ကိုထောက်ထား၍ အကြမ်းဖက် စစ်အုပ်စု၏ လိမ်လည် လှည့်ဖြားသည့် လုပ်ငန်းစဉ်အပေါ် ၎င်းတို့၏ ရပ်တည်ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ရန် အလွန် အရေးကြီး၊
မြန်မာပြည်သူလူထုသည် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို ဖြစ်သည့် နည်းလမ်းပေါင်းစုံဖြင့် ရပ်တန့်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်)
၁။ အကြိမ် (၈၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ (ဒုတိယကော်မတီ) ၏ ဆွေးနွေးမှုအစီအစဉ်အမှတ် ၂၁၊ “အထူးအခြေအနေများ၌ ရှိနေသည့် နိုင်ငံများအုပ်စု” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် အထွေထွေဆွေးနွေးမှုအစီအစဉ် (General Discussion) ကို ၈-၁၀-၂၀၂၅ ရက် (ဗုဒ္ဓဟူးနေ့) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါ အထွေထွေဆွေးနွေးမှုအစီအစဉ်သို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်ပြောကြားခဲ့သည့် မိန့်ခွန်းတွင်အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-
(က) ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာအရ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအချို့တွင် ဖြစ်ပွား နေသော ကာလကြာရှည်ပဋိပက္ခများ၊ ပထဝီနိုင်ငံရေးတင်းမာမှုများ၊ ပြည်ပကြွေးမြီ မြင့်တက် လာမှုများနှင့်တရားဝင်ဖွံ့ဖြိုးရေးအကူအညီဆိုင်ရာကတိကဝတ်များကိုဖြည့်ဆည်းရန်ပျက်ကွက်မှုများသည်LDC နိုင်ငံများ၏ ရေရှည်တိုးတက်မှုအလားအလာများနှင့် စီးပွားရေးတည်ငြိမ်မှုအား ထိခိုက်ဖွယ် ရှိသည်ကိုတွေ့ရကြောင်း၊
(ခ) ဤအခြေအနေတွင် မြန်မာနိုင်ငံအနေဖြင့် ဒိုဟာလုပ်ငန်းစဉ်နှင့် ၎င်း၏ အဓိကအာရုံစိုက်ရမည့် ကဏ္ဍကြီး (၆) ရပ်ကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ရန် တိုက်တွန်းအပ်ကြောင်း၊ ဒိုဟာလုပ်ငန်းစဉ်ကို ထိရောက်စွာအကောင်အထည်ဖော်ခြင်းသည် 2030 Agenda ၏ ရည်မှန်း ချက် များ ပြည့်မီရေးအတွက်အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊
(ဂ) LDC နိုင်ငံအများအပြားတွင် ဖြစ်ပွားနေသော ပဋိပက္ခများသည် အုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် ဒိုဟာလုပ်ငန်းစဉ် အကောင်အထည်ဖော်မှု တို့ကိုလည်း ထိခိုက်စေလျက် ရှိကြောင်း၊ ၂၀၂၄ ခုနှစ် စာရင်းများအရ မိမိတို့ မြန်မာနိုင်ငံ အပါအဝင် LDC နိုင်ငံပေါင်း ၂၄ နိုင်ငံကို ထိရှလွယ်သည့် ပဋိပက္ခဖြစ်ပွားနေသည့် နိုင်ငံများအဖြစ်သတ်မှတ်ခဲ့ကြောင်း၊
(ဃ) ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီ (CDP) ၏ ၂၀၁၈ ခုနှစ် သုံးနှစ်တစ်ကြိမ် ပြန်လည်သုံးသပ်မှုတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်ရန် စံသတ်မှတ်ချက် (၃) ခုလုံးနှင့် ပထမဆုံးအကြိမ် ပြည့်မီခဲ့ကြောင်း၊ သို့သော်လည်း ယင်းလုပ်ငန်းစဉ်များသည် ၂၀၂၁ ခုနှစ် စစ်တပ်မှ တရားမဝင်စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့် ပျက်ဆီးသွားခဲ့ရကြောင်း၊
(င) ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် သုံးနှစ်တစ်ကြိမ် ပြန်လည်သုံးသပ်ချက်တွင်လည်း စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုများ၏ ရေရှည်တည်တံ့နိုင်မှုအပေါ် စိုးရိမ်မှုများကြောင့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချမှတ်ရန် ထပ်မံရွှေ့ဆိုင်းခဲ့ရကြောင်း၊ အထောက် အထား များအရ တရားမဝင် စစ်အာဏာမသိမ်းမီနှစ်များအတွင်း ရရှိခဲ့သော တိုးတက်မှုများသည် ပြောင်းပြန်ဖြစ်သွားခဲ့ပြီး လူမှုစီးပွားအခြေအနေများမှာလည်း ဆက်လက်ဆိုးရွားလာဖွယ် ရှိသည် ကို တွေ့ရကြောင်း၊
(စ) မကြာသေးမီက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ၏ အစီရင်ခံစာအရ စီးပွားရေးလိုအပ်ချက်၊ အခွင့်အလမ်းရရှိရန် ခက်ခဲမှုနှင့် မတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံရှိ လူငယ်(၄) ဦးတွင် (၁) ဦးသည် အလုပ်လက်မဲ့ဖြစ်နေပြီး၊ အသက် ၁၈ နှစ်မှ ၂၄ နှစ် အရွယ် လူငယ် (၄) ဦးတွင် (၃) ဦးသည် ပညာသင်ကြားနိုင်ခြင်း သို့မဟုတ် သင်တန်းတက်ရောက်နိုင်ခြင်း မရှိ ဟု ဖော်ပြထားကြောင်း၊
(ဆ) ထို့အပြင်လူဦးရေ၏ ထက်ဝက်နီးပါးသည် နိုင်ငံ၏ ဆင်းရဲမွဲတေမှု မျဉ်းအောက်တွင် နေထိုင်နေ ကြ ရကြောင်း၊ လူဦးရေ ၃.၆ သန်း မှာ နေရပ် စွန့်ခွာထွက်ပြေးနေရပြီး လူဦးရေ ၂၂ သန်း နီးပါးမှာ လူသားချင်းစာနာမှု အကူအညီများ လိုအပ်လျက်ရှိကြောင်း၊
(ဇ) မြန်မာနိုင်ငံ၏ အခြေအနေသည် လူသားချင်းစာနာမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်း တစ်ခုမျှသာ မဟုတ်ဘဲ၊ မျိုးဆက် တစ်ဆက်လုံး၏ အစွမ်းအစများနှင့် အနာဂတ်ကို ဖြုန်းတီး နေသည့် အကျပ်အတည်းလည်းဖြစ်ကြောင်း၊ ယင်းသည် မိမိတို့၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့် LDC အဆင့်မှ တက်လှမ်းနိုင်မည့် အလားအလာများကို ခြိမ်းခြောက်လျက်ရှိကြောင်း၊
(ဈ) အကြမ်းဖက်စစ်အုပ်စုက ပြုလုပ်မည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲသည် နိုင်ငံကို ပိုမိုဆိုးရွားသော အကြမ်းဖက် တိုက်ခိုက်မှု၊ ဆင်းရဲမွဲတေမှုနှင့် မတည်ငြိမ်မှုများဆီသို့သာ တွန်းပို့မည်ဖြစ်ပြီး၊ ထို့မှ မိမိတို့ နိုင်ငံ၏ လက်ရှိဖွံ့ဖြိုးရေးဆိုင်ရာ နောက်ကြောင်းပြန်မှုများကို ပိုမို ကြာရှည် စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့အနေဖြင့် မြန်မာပြည်သူ လူထု၏ အနာဂတ်ကိုထောက်ထား၍ အကြမ်းဖက်စစ်အုပ်စု၏ လိမ်လည်လှည့်ဖြားသည့် လုပ်ငန်း စဉ်အပေါ် ၎င်းတို့၏ ရပ်တည်ဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ရန် အလွန် အရေးကြီး ကြောင်း၊ မြန်မာပြည်သူလူထုသည် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို ဖြစ်သည့် နည်းလမ်းပေါင်းစုံဖြင့် ရပ်တန့်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊
(ည) မြန်မာနိုင်ငံအနေဖြင့် LDC အဆင့်မှ တက်လှမ်းရန် ကတိကဝတ်ကို လက်ရှိ စိန်ခေါ်မှုများ ကြားမှပင် ထပ်လောင်းအတည်ပြုကြောင်း၊ စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး ငြိမ်းချမ်း သာယာဝပြောသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် မြန်မာပြည်သူ လူထု၏ ကြိုးပမ်းမှုနှင့် သန္နိဋ္ဌာန်ကို ကူညီပံ့ပိုးပေးပါရန် နိုင်ငံတကာအသိုက်အဝန်း အား မေတ္တာရပ်ခံလိုကြောင်း။
၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative
ofthe Republic of the Union of Myanmar to the United Nations,
at the General Discussion of the Second Committee under Agenda Item 21: Groups of Countries in Special Situations
at the Eightieth Session of the UN General Assembly
(New York, 8 October 2025)
Mr. Chair,
Myanmar aligns itself with the statements delivered by ASEAN, the LDC and the G77 and China.
I thank the Secretary-General for his reports under this agenda item.
Mr. Chair,
In his report, the SG highlighted that persistent conflicts in some LDCs, geopolitical tensions, rising external public debt and the lack of fulfilment of ODA commitments are likely to undermine the long-term growth prospects and economic stability of LDCs.
Against this backdrop, Myanmar calls for renewed urgency in implementing the Doha Programme of Action and its six key focus areas. Effective implementation of the DPoA will contribute to the achievement of the 2030 Agenda.
Mr. Chair,
Ongoing conflicts in several LDCs are also undermining governance, peacebuilding and the implementation of the DPoA. As of 2024, a total of 24 LDCs were classified as fragile and conflict -affected, including my own, Myanmar.
Although Myanmar met all three criteria to graduate from the LDC status for the first time as per the 2018 triennial review by the CDP, our graduation process has been disrupted by the illegal military coup.
The 2024 triennial review has, again, deferred a decision on Myanmar due to concerns about the sustainability of development progress following the coup. Evidence suggests that the progress achieved in the years prior to the military coup has been reversed and that socioeconomic conditions are likely to continue to deteriorate.
The recent UNDP report showed that one in four youth of Myanmar is not employed and three in four youth, aged 18-24, are out of school or training due to economic necessity, access barriers and instability.
In addition, nearly half of the population is living below the national poverty line.
3.6 million people are internally displaced, and almost 22 million people are in need of humanitarian assistance.
Mr. Chair,
The situation in Myanmar is not just a humanitarian and human rights crisis; it is a crisis of wasted potential of a generation and their future, which will threaten our long-term development and graduation prospects.
The military junta’s planned sham, scam election will plunge the country into more violence, poverty and instability and thereby prolong our current development setbacks.
Therefore, it is critical that the some Member States should reassess their actions over this deceitful process for sake of the future of the Myanmar people.
The people of Myanmar are determined to stop it by any means necessary.
In conclusion, Mr. Chair, Myanmar reaffirms our commitment to LDC graduation despite our current challenges.
I appeal to the international community to support the people of Myanmar and our resolution to end the military dictatorship and build a federal democratic union for peace and prosperity.
I thank you.
*****









