top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at General Discussion of 67th Commission on Status of Women





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Discussion of the 67th Session of the Commission on the Status of Women, held on 13 March 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၆၇) ကြိမ်မြောက် Commission on the Status of Women အစည်းအဝေး၏ အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က

မြန်မာပြည်သူများ၏ ပန်းတိုင်မှာ ရှင်းလင်းပြတ်သားကြောင်း၊ မိမိတို့ဆုံးဖြတ်ချက်မှာလည်း ခိုင်မာ ကြောင်း၊ စစ်တပ်အား ခုခံတွန်းလှန်သည့် ပြည်သူ့ခုခံတော်လှန်ရေးကို စစ်အာဏာရှင်ချုပ်ငြိမ်းသည်အထိ၊ ဒီမိုကရေစီပြန်လည်ထွန်းကားသည်အထိ၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် ထူထောင်နိုင်သည့်အချိန်ထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်)


၁။ နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂဌာနချုပ်တွင် (၆၇) ကြိမ်မြောက် Commission of the Status of Women (CSW67) ၏ အစည်းအဝေးများကို ၆-၃-၂၀၂၃ မှ စတင်၍ ကျင်းပပြုလုပ်လျက် ရှိရာ၊ ယနေ့ (၁၃-၃-၂၀၂၃ ရက်၊ တနင်္လာနေ့) မွန်းလွဲပိုင်းတွင် ပြုလုပ်သည့် အထွေထွေဆွေးနွေးမှုအစီအစဉ် (General Discussion) ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း လည်း တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။

၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအတွက် နည်းပညာအသုံးပြုခွင့်ရရှိရေးမှာ အထူးအရေး ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် နည်းပညာကို ထိရောက်စွာ အသုံးပြုနိုင်ရန် လုပ်ဆောင်ခဲ့ကြောင်း၊ သတင်းအချက်အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာ (ICT) ကဏ္ဍကို အမျိုးသားရေးရည်မှန်းချက်များတွင် ထည့်သွင်းသတ်မှတ် ခြင်းနှင့် အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (ADB) နှင့် ပူးပေါင်း၍ E-government Master Plan (2016-2020) ကို ချမှတ်ခဲ့ခြင်းတို့မှာ သိသာထင်ရှားသည့် တိုးတက်မှုများဖြစ်ကြောင်း၊ ထို့ပြင် ICT အသုံးချမှုနှင့် ဆိုက်ဘာလုံခြုံရေးတို့နှင့်ပတ်သက်၍ ပညာရေးအစီအစဉ်များနှင့် သင်တန်းများကိုလည်း အလွှာအသီးသီးမှ ပြည်သူများအတွက် စတင်ပျိုးထောင်ပေးနိုင်ခဲ့ကြောင်း၊ ထိုကဲ့သို့သော အစီအမံများမှာ အစိုးရယန္တရား၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားအမျိုးသမီးတို့အကြား ဖြစ်ပေါ်လျက်ရှိ သော ဒစ်ဂျစ်တယ်ကွာဟမှုဆိုင်ရာ အတားအဆီးများကို ပဓာနကျကျဖြေလျှော့ပေးနိုင်ခဲ့ကြောင်း၊


(ခ) သို့ရာတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်တပ်မှ မတရားစစ်အာဏာသိမ်းမှုကြောင့် ဆယ်စုနှစ် တစ်ခုကျော်အကြာရရှိခဲ့သော တိုးတက်မှုဖြစ်စဉ်များအားလုံး ထိခိုက်ပျက်စီးဆုတ်ယုတ်ခဲ့သည်မှာ အလွန် ဝမ်းနည်းဖွယ်ကောင်းကြောင်း၊


(ဂ) စစ်တပ်သည် မတရားစစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့်အချိန်မှစ၍ အမျိုးသမီးဦးရေ (၄၄၀) ​ကျော် အပါအဝင် ပြည်သူအယောက်ပေါင်း (၃,၁၂၀) ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း၊ အထူးသဖြင့် အမျိုးသမီးဆန္ဒပြသူများကို ဦးခေါင်းတည့်တည့်ချိန်၍ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ် ခဲ့ကြောင်း မတရားဖမ်းဆီးထိန်းချုပ်ခံရသူများအနက် (၁၄၅) ဦးကျော်ကို စစ်ကြောရေးတွင် သတ်ဖြတ်ခဲ့ပြီး အခြားဖမ်းဆီးထိန်းသိမ်းခံထားရသူ (၈၄၀) ဦးကျော်ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း၊ စစ်တပ်အနေဖြင့် ပြီးခဲ့သည့် (၂) နှစ်တာ ကာလအတွင်း၌ အိမ်ခြေ (၆၂,၀၀၀) ကျော် ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အပြစ်မဲ့ပြည်သူမြောက်များစွာကိုလည်း လေကြောင်းမှတဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ပြီးခဲ့ သောရက်ပိုင်းခန့်က တာတိုင်ရွာနှင့် နန့်နိမ်းရွာတို့တွင် ဖြစ်ပွားခဲ့သည့် လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု စုစုပေါင်း (၆၀) ကျော် ကျူးလွန်ခဲ့ကြောင်း၊


(ဃ) ဖော်ပြပါဖြစ်စဉ်များမှာ စစ်တပ်မှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပါအဝင် ပြည်သူ တစ်ရပ်လုံးအား စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်နှင့် အချိတ်အဆက်မိမိ တိုက်ခိုက်မှုများဖြစ်ကြောင်း၊ ယင်းပြစ်မှုများသည် လူ့အခွင့်အရေးချိုးဖောက်မှုမျှသာ မဟုတ်တော့ကြောင်း၊ ၎င်းတို့၏ သဘောသဘာဝ၊ အတိုင်းအတာ၊ ပုံစံနှင့် နည်းလမ်းများမှာ နိုင်ငံတကာဥပဒေအား ကြီးလေးစွာ ချိုးဖောက်ခြင်းဟုပင် ခေါင်းစဉ် တပ်နိုင်ကြောင်း၊ ၎င်းတို့ချိုးဖောက်လျက်ရှိသော ပြစ်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုနှင့် စစ်ရာဇဝတ်မှုမြောက်ကြောင်း၊


(င) မြန်မာအမျိုးသမီးလူ့အခွင့်အရေးကာကွယ်သူများအနေဖြင့် ယခုကျင်းပပြုလုပ်နေသော CSW67 ၏ ဆက်စပ်သည့်ဆွေးနွေးမှုများတွင်လည်းကောင်း၊ ကုလသမဂ္ဂ၌ ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင်လည်းကောင်း မတရားစစ်အာဏာသိမ်းမှုကြောင့် အမျိုးသမီးနှင့် မိန်းကလေးငယ်များအပါအဝင် ပြည်သူလူထုတစ်ရပ်လုံး၏ ပျက်စီးကျဆင်းနေသော အခြေအနေများနှင့် ၎င်းတို့၏ အခွင့်အရေးများ ဆိုးရွားစွာချိုးဖောက်ခံနေရသည့် အခြေအနေတို့ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ စစ်တပ်အပေါ် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ခိုင်မာပြတ်သားသည့် အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန်နှင့် ထိရှလွယ်သော အုပ်စုများအတွက် ထိရောက်သော အကူအညီများ ထောက်ပံ့ပေးရန် ကျယ်ကျယ်လောင်လောင် တောင်းဆိုခဲ့ကြောင်း၊


(စ) စစ်တပ်အနေဖြင့် ၎င်းကာကွယ်စောင့်ရှောက်ပေးရမည့်ပြည်သူများကို ပြန်လည်စစ်ခင်းနေကြောင်း၊


(ဆ) လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံသည် မတူညီသည့် လမ်းကြောင်းနှစ်ခုကို သွားမည့် လမ်းဆုံ လမ်းခွတွင် ရောက်ရှိနေကြောင်း၊ တစ်လမ်းမှာ စစ်တပ်မှ ခင်းကျင်းနေသည့် ပြစ်ဒဏ်ခတ်ခြင်း လုံးဝဥဿုံ ကင်းလွတ်သည့် အမြဲတမ်းစစ်အာဏာရှင်စနစ်ရှင်သန်နေမည့် လမ်းဖြစ်ကြောင်း၊ အခြားတစ်ခုမှာ မြန်မာ ပြည်သူများလိုလားတောင့်တ၍ ရယူနိုင်ရန် ကြိုးပမ်းနေသည့် အနာဂတ်ဖြစ်ကြောင်း၊ ယင်းမှာ လူနည်းစု၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးများအား အကာအကွယ်ပေးမှုအပါအဝင် လူ့အခွင့်အရေး များကို ကာကွယ်ပေးနိုင်မည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် အာမခံချက်ရှိသည့် ဖယ်ဒရယ်စနစ်ပင် ဖြစ်ကြောင်း၊


(ဇ) မြန်မာပြည်သူများ၏ ပန်းတိုင်မှာ ရှင်းလင်းပြတ်သားကြောင်း၊ မိမိတို့ဆုံးဖြတ်ချက်မှာလည်း ခိုင်မာကြောင်း၊ စစ်တပ်အားခုခံတွန်းလှန်သည့် ပြည်သူ့ခုခံတော်လှန်ရေးကို စစ်အာဏာရှင် ချုပ်ငြိမ်းသည် အထိ၊ ဒီမိုကရေစီပြန်လည်ထွန်းကားသည်အထိ၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ထူထောင်နိုင်သည့် အချိန်ထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊


(ဈ) သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပါအဝင် မြန်မာပြည်သူများ၏ အသံများကို နားထောင်ရန် လိုအပ်ကြောင်း၊ ထို့အတူ ၎င်းတို့၏ တောင်းဆိုမှုများကို လေးလေးနက်နက် အာရုံထားပေးရန် လိုကြောင်း၊ သမိုင်း၏ မှန်ကန်သည့်ဘက်တွင် အတူတကွရပ်တည် ပါဝင်ရန် လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့မှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအား မြန်မာနိုင်ငံ၏ အနာဂတ်ကဏ္ဍအစုံတွင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် ရပ်ဝန်းတစ်ခုကို ဖန်တီးပြုလုပ်ပေး နိုင်မည်ဖြစ်ပြီး အမျိုးသမီးများ လုပ်ပိုင်ခွင့်အာဏာပိုမိုရရှိနိုင်ရေးနှင့် ကျားမတန်းတူညီမျှရေးတို့ကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် အပိတ်မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ မတ်လ ၁၃ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar at the General Discussion of the 67th Session of the Commission on the Status of Women


(New York, 13 March 2023)


Madam Chair,

At the outset, I wish to congratulate you and bureau for assuming the leadership of the 67th Session of the Commission on the Status of Women.

Myanmar welcomes this year’s priority theme addressing “innovation and technological change, and education in the digital age for achieving gender equality and the empowerment of all women and girls”. It has contained all essential elements that are vital for the fundamental rights and opportunities of women and girls all over the world.


Madam Chair,

For a developing country like Myanmar, access to technology is imperative. The elected civilian government of Myanmar made effective use of technology to enhance the country’s development. Inclusion of Information, Communication, and Technology (ICT) sector in the national objectives and an E-government Master Plan (2016-2020) established in collaboration with the ADB were among progresses it achieved. Besides, substantial educational programs and trainings on the use of ICT, as well as cyber security, were initiated for people at all levels. It also served as a key driver for an improved governance mechanism, growth of human resource capacity and addresses barriers to bridge the gender digital divide.


Sadly, all progresses made over a decade in Myanmar were rolled back by the illegal military coup in February 2021. Since the coup attempt, the military junta brutally killed more than 3,120 people including over 440 women. There were deliberate head-shot killings of women peaceful protestors; More than 145 people were killed in interrogation; over 840 people killed in detention. Over last 2 years, the military conducted whole-sale burning of over 62,000 homes, indiscriminate aerial bombings and heavy artillery shelling against innocent civilians and more than 60 cases of massacres, including Tar Taing and Nan Nane massacres in few days ago.


They are part of the military junta’s systematic, widespread and coordinated attacks against the civilian populations including women and girls. All these crimes are not mere human rights abuses. The nature, scale, patterns and methods of the military actions are well within what constitutes serious crimes under international law. These inhumane actions are amounting to crimes against humanity and war crimes.


Women human rights defenders of Myanmar spoke at a number of CSW side-events last week here at this session as well as at today’s press conference. They have clearly raised their voices in relation to the degrading situation of all people including women and girls and their rights been seriously violated throughout the illegal military coup. Loud and urgent calls were made to the international community to take decisive action against the military junta as well as to provide effective support to the vulnerable groups.


It is clear that the military is at war with its own people whom it supposes to protect.


At this juncture, Myanmar is now at a crossroad to two different paths. One is permanent military dictatorship with total impunity that is the path the military is pursuing. On the other hand, there is a future Myanmar people want and are fighting for. That is a democratic Myanmar with all rights including minority rights and rights of women and girls protected, self-determination guaranteed under a federal system.


The goal of the people of Myanmar is clear and we are determined. The people’s resistance against the military will continue until end of the military dictatorship, restoration of democracy and building of a federal democratic union.


It is imperative that the international community hear the voices of the Myanmar people including women and girls and pay serious attention to their demands and be part of the right side of the history. It will help our efforts to create necessary space for women and girls to participate in all sectors of future Myanmar as well as for their empowerment and achievement of gender equality.


I thank you.



*****






bottom of page