Statement by Ambassador Kyaw Moe Tun, at General Debate on Agenda Item 53: Questions relating to information at Fourth Committee of the Eightieth session of the UN General Assembly
- Myanmar Mission To UN
- 3 hours ago
- 6 min read



Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at General Debate on Agenda Item 53: Questions relating to information at the Fourth Committee of the Eightieth session of the UN General Assembly, held on 4 November 2025
[Below Myanmar Text]
သတင်းအဖြစ်ထုတ်ပြန်ချက်
အကြိမ် (၈၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ အထူးနိုင်ငံရေးနှင့် ကိုလိုနီနယ်မြေများ လွတ်မြောက်ရေး ကော်မတီ ၏ "သတင်းအချက်အလက်များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အထွေထွေဆွေးနွေးမှု၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က တရားမဝင် အာဏာသိမ်းချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့အား ဆန့်ကျင်သံများကို ဖိနှိပ်ရန်နှင့် သတင်းအချက်အလက်များကို ၎င်းတို့၏အကျိုးအတွက် လိမ်လည်ရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို စနစ်တကျ လက်နက်သဖွယ် အသုံးပြုလျက်ရှိ၊
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းသမားများကို အများဆုံး မတရားဖမ်းဆီးမှု
အဆိုးဆုံးသော နိုင်ငံများအနက် တစ်နိုင်ငံဖြစ်လာခဲ့၊
လွတ်လပ်သော သတင်းမီဒီယာများအနေဖြင့် နိုင်ငံပြင်ပသို့ ထွက်ပြေးတိမ်းရှောင်ရခြင်း သို့မဟုတ် လုံးဝရပ်နား ပိတ်သိမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ရပြီး၊ နိုင်ငံအတွင်း ဆက်လက်လုပ်ကိုင်နေသော မီဒီယာများမှာလည်း အကြမ်းဖက်စစ်အုပ်စု၏ တင်းကျပ်သော ထိန်းချုပ်မှုအောက်တွင် အကြမ်းဖက်စစ်အုပ်စုက သဘောမတူသည့် မည်သည့် စကားလုံးအသုံးအနှုန်း၊ ဝေါဟာရကိုမဆို အသုံးပြုခြင်း မပြုရန် တားမြစ်ခံထားရ၊
အကြမ်းဖက်စစ်အုပ်စုသည် Facebook နှင့် Telegram ကဲ့သို့သော ပလက်ဖောင်းများကို စောင့်ကြည့် ခြိမ်းခြောက်ရေး ကိရိယာများအဖြစ် ပြောင်းလဲအသုံးပြုကာ အသုံးပြုသူများကို စောင့်ကြည့်ခြင်း၊ တက်ကြွ လှုပ်ရှားသူများကို ခြေရာခံခြင်းနှင့် ၎င်းတို့၏ ရာဇဝတ်မှုများကို လိမ်ညာဖုံးဖိရန်နှင့် ဒီမိုကရေစီ ခုခံတွန်းလှန်မှုများကို ပျက်ပြားစေရန် သတင်းမှား ဖြန့်ဝေရေး ပူးပေါင်းဆောင်ရွက်လှုပ်ရှားမှုများကို ပြုလုပ်လျက်ရှိ၊
အကြမ်းဖက်စစ်အုပ်စု၏ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်အား အင်တာနက်ဖြတ်တောက်မှုနှင့် ဆင်ဆာ ဖြတ်တောက်မှုများမှ တစ်ဆင့်သာမက အွန်လိုင်းပေါ်တွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ကာ ဖိနှိပ်နေမှုများ ပြုလုပ်နေ၊ မကြာသေးမီ ရက်ပိုင်းအတွင်းကပင် အနုပညာရှင်များ၊ ရုပ်ရှင် ဒါရိုက်တာများနှင့် ထင်ပေါ် ကျော်ကြားသူများအား အကြမ်းဖက်စစ်အုပ်စု ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲအား ဝေဖန်သော ပို့စ်များတွင် "like" သို့မဟုတ် "heart" reaction များ ပေးခဲ့ရုံမျှဖြင့် မတရား ဖမ်းဆီးခံခဲ့ရ၊ ဤသို့သော ဆိုးရွားသည့်ဖိနှိပ်မှုအဆင့်သည် စစ်အာဏာရှင်တို့၏ အမှန်တရားကို လက်ခံနိုင်ခြင်း မရှိသည့် သိမ်ငယ်စိတ်ဖြင့် ပြည်သူလူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု အားလုံးကို စိတ်ပေါ့သွပ်သူတစ်ဦးကဲ့သို့ လိုက်လံပိတ်ပင် ထိန်းချုပ်လိုခြင်းကို သိသာမြင်သာစေ၊
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်မှု ပျက်သုန်းနေခြင်း၊ သတင်းအချက်အလက်စီးဆင်းမှုများ ဆိုးရွားစွာ ကန့်သတ်ထားခြင်း၊ အချိန်နှင့်အမျှ ကြောက်ရွံ့စွာ ပြည်သူများနေထိုင်နေရခြင်း စသည့်အချက်များသည် စစ်အုပ်စု ပြုလုပ်ရန် စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲသည် တရားမျှတမှု၊ လွတ်လပ်မှု လုံးဝရှိမည် မဟုတ်သည်ကို ဖော်ပြနေသည့် များစွာသော ရေးကြီးသည့်အချက်များအနက် အချက်အချို့ပင်ဖြစ်၊
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းအား မြန်မာနိုင်ငံရှိ သတင်း အချက်အလက်ဖိနှိပ်မှု၏ အရင်းခံအကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းရန်၊ ကျူးလွန်သူများ အား တာဝန်ခံစေရန် နှင့် အကြမ်းဖက် စစ်အုပ်စု၏ အတုအယောင်အလိမ်အလည်ရွေးကောက်ပွဲကို ပယ်ချရန်၊ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန်၊ နိုင်ငံသားတိုင်း ကြောက်ရွံ့မှုကင်းစွာ ပြောဆိုခွင့်၊ ရေးသားခွင့်နှင့် ဆက်သွယ်ခွင့်ရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ် တည်ဆောက်ရန် အာသီသပြင်းစွာ ဆောင်ရွက်နေကြသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ဆောင်ရွက်ပေးကြရန် တောင်းဆိုပါကြောင်းဖြင့် ပြောကြားခဲ့
(နယူးယောက်မြို့၊ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်)
၁။ အကြိမ် (၈၀) မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ အထူးနိုင်ငံရေးနှင့် ကိုလိုနီနယ်မြေများ လွတ်မြောက်ရေးကော်မတီ (စတုတ္ထကော်မတီ) ၏ အစီအစဉ်အမှတ် (၅၃) "သတင်းအချက်အလက်များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ" ခေါင်းစဉ်အောက်မှ အထွေထွေဆွေးနွေးမှု ကို ၃-၁၁-၂၀၂၅ ရက်နေ့မှ ၅-၁၁-၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ၊မြန်မာနိုင်ငံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ (၅၀) ကျော်မှ ကိုယ်စားလှယ်များက မိန့်ခွန်းများ ပြောကြားခဲ့ကြပါသည်။
၂။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ၄-၁၁-၂၀၂၅ ရက် (အင်္ဂါနေ့)၊ မွန်းလွဲပိုင်းတွင် မိန့်ခွန်းပြောကြားခဲ့ပြီး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏
မိန့်ခွန်းတွင် အောက်ပါအချက်များ အဓိက ပါဝင်ပါသည်-
(က) သတင်းအချက်အလက်ဆိုင်ရာ ကော်မတီ၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာနှင့် အတွင်းရေးမှူးချုပ် ၏ အစီရင်ခံစာတို့တွင် သတင်းအမှား၊ သတင်းတုနှင့် အမုန်းစကားများပြန့်ပွားလာမှုကြောင့် ကမ္ဘာ့ သတင်းအချက်အလက် ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ရန် အရေးတကြီး လိုအပ်နေကြောင်း ထပ်မံ၍ အလေးထားဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊
(ခ) ယင်းအစီရင်ခံစာများတွင် မသမာသော နည်းလမ်းအကြောင်းကိစ္စရပ်များအတွက် ဒစ်ဂျစ်တယ် နည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာတို့ကို အသုံးချမှုများကြောင့် စိန်ခေါ်မှုများ တိုးပွားလာခြင်းကို ထောက်ပြထားသည့်အပြင် သတင်းမီဒီယာသမားများကို အကာအကွယ်ပေးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းသိမ်းရန်နှင့် ဒစ်ဂျစ်တယ်နည်းပညာ ကွာဟချက်ကို လျှော့ချရေးတို့ လိုအပ်ကြောင်း အတည်ပြုထားသည်ကို တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ သတင်းအချက်အလက်ခိုင်မာမှုရေးဆိုင်ရာ ကမ္ဘာ့မူဝါဒများနှင့် လူ့အခွင့်အရေးများကို လေးစားလိုက်နာ၍ အားလုံးပါဝင်ပြီး ဘေးကင်းလုံခြုံကာ ဒစ်ဂျစ်တယ် ပတ်ဝန်းကျင်တစ်ရပ် တည်ဆောက်ရန် ရည်မှန်းထားသည့် Pact for the Future ၏ ကမ္ဘာလုံးဆိုင်ရာ ဒစ်ဂျစ်တယ် သဘောတူညီချက်တွင် ဖော်ပြထားသည့်အတိုင်း သတင်းအချက်အလက်များ၏ ခိုင်မာမှန်ကန်မှု ကို ပိုမိုအားကောင်းစေရေး တောင်းဆိုချက်အား အပြည့်အဝ ထောက်ခံပါကြောင်း၊
(ဂ) ကမ္ဘာ့နိုင်ငံအများအပြားသည် ပွင့်လင်း၍ ဘေးကင်းလုံခြုံသော ဒစ်ဂျစ်တယ်နယ်ပယ်များသို့ တိုးတက်ရောက်ရှိနေချိန်တွင် မြန်မာနိုင်ငံ၏ သတင်းအချက်နယ်ပယ်အနေဖြင့် ဖိနှိပ်ပိတ်ဆို့ တိုက်ခိုက်မှုများကို ခံနေရဆဲဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တရားမဝင် အာဏာ သိမ်းချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စုသည် ၎င်းတို့အား ဆန့်ကျင်သံများကို ဖိနှိပ်ရန်နှင့် သတင်းအချက်အလက်များကို ၎င်းတို့၏အကျိုးအတွက် လိမ်လည်ရန် သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို စနစ်တကျ လက်နက်သဖွယ် အသုံးပြုလျက်ရှိပါကြောင်း၊ ယနေ့ အချိန်အထိ သတင်းမီဒီယာသမားပေါင်း ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး၊ ၅၁ ဦးမှာ စစ်အုပ်စု၏ ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင်မှုကို ယနေ့တိုင် ခံနေရဆဲဖြစ်ကြောင်း၊ အချို့သတင်းထောက်များမှာ စစ်အုပ်စု၏ သတ်ဖြတ်မှုကို ခံခဲ့ရကြောင်း၊ ထိုသို့သောအခြေအနေများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သတင်းသမားများကို အများဆုံးမတရားဖမ်းဆီးမှု အဆိုးဆုံးသောနိုင်ငံများအနက် တစ်နိုင်ငံအပါအဝင် ဖြစ်လာခဲ့ကြောင်း၊
(ဃ) လွတ်လပ်သော သတင်းမီဒီယာများအနေဖြင့် နိုင်ငံပြင်ပသို့ ထွက်ပြေးတိမ်းရှောင်ရခြင်း သို့မဟုတ် လုံးဝရပ်နားပိတ်သိမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ရပြီး၊ နိုင်ငံအတွင်း ဆက်လက် လုပ်ကိုင်နေသော မီဒီယာများမှာလည်း အကြမ်းဖက်စစ်အုပ်စု၏ တင်းကျပ်သော ထိန်းချုပ်မှုအောက်တွင် အကြမ်းဖက်စစ်အုပ်စုက သဘောမတူသည့် မည်သည့် စကားလုံးအသုံးအနှုန်း၊ ဝေါဟာရကို မဆို အသုံးပြုခြင်းမပြုရန် တားမြစ်ခံထားရကြောင်း၊ ယနေ့မြန်မာနိုင်ငံအတွင်းရှိ မီဒီယာ လွတ်လပ်ခွင့်သည် လုံးဝဥဿုံ ပြိုလဲပျက်စီးသွားခဲ့ပြီး လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာများအနေဖြင့် ရပ်တည်ရန် မဖြစ်နိုင်တော့ပါကြောင်း၊ ထို့အပြင် အရပ်သားပြည်သူများအနေဖြင့်လည်း လူမှုကွန်ရက်ပေါ်၌ပင် ၎င်းတို့၏ အတွေး၊ အမြင်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိတော့ဘဲ အမြဲတစေ ကြောက်ရွံ့မှုတို့ဖြင့် ရှင်သန်နေထိုင်ရလျက် ရှိကြောင်း၊
(င) အကြမ်းဖက်စစ်အုပ်စုသည် Facebook နှင့် Telegram ကဲ့သို့သော ပလက်ဖောင်းများကို စောင့်ကြည့် ခြိမ်းခြောက်ရေးကိရိယာများအဖြစ် ပြောင်းလဲအသုံးပြုကာ အသုံးပြုသူများကို စောင့်ကြည့်ခြင်း၊ တက်ကြွလှုပ်ရှားသူများကို ခြေရာခံခြင်းနှင့် ၎င်းတို့၏ ရာဇဝတ်မှုများကို လိမ်ညာဖုံးဖိရန်နှင့် ဒီမိုကရေစီခုခံတွန်းလှန်မှုများကို ပျက်ပြားစေရန် သတင်းမှားဖြန့်ဝေရေး ပူးပေါင်းဆောင်ရွက်လှုပ်ရှားမှုများကို ပြုလုပ်လျက်ရှိကြောင်း၊
(စ) အလားတူပင် စိုးရိမ်ဖွယ်ရာအချက်မှာ အချို့သော ပြည်ပအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ အနေဖြင့် အကြမ်းဖက်စစ်ကော်မရှင်၏ ပြည်သူလူထုအား စောင့်ကြည့်ရေးအခြေခံ အဆောက်အအုံများကို ပိုမိုခိုင်မာအားကောင်းစေရန် ပူးပေါင်းပါဝင်နေခြင်းပင်ဖြစ်ပြီး နည်းပညာဆိုင်ရာ ကိရိယာများနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများ ပံ့ပိုးပေးသော နည်းလမ်းများဖြင့် အရပ်သား ပြည်သူများ၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန်၊ ဆက်သွယ်မှုများကို ကြားဖြတ်ရယူရန်နှင့် သတင်း အချက်အလက်ရယူမှုကို ကန့်သတ်ရန် အကြမ်းဖက်စစ်အုပ်စု၏ စွမ်းရည်ကို မြှင့်တင်ပေးကာ စစ်အုပ်စု၏ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေချိုးဖောက်မှုများတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော နည်းလမ်းများဖြင့် ပါဝင်ခဲ့ကြကြောင်း၊
(ဆ) အကြမ်းဖက်စစ်အုပ်စု၏ ဒစ်ဂျစ်တယ်အာဏာရှင်စနစ်အား အင်တာနက်ဖြတ်တောက်မှုနှင့် ဆင်ဆာ ဖြတ်တောက်မှုများမှ တစ်ဆင့်သာမက အွန်လိုင်းပေါ်တွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ကာ ဖိနှိပ်နေမှုများ ပြုလုပ်နေပါကြောင်း၊ မကြာသေးမီ ရက်ပိုင်းအတွင်းကပင် အနုပညာရှင်များ၊ ရုပ်ရှင်ဒါရိုက်တာများနှင့် ထင်ပေါ်ကျော်ကြားသူများအား အကြမ်းဖက်စစ်အုပ်စု ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအား ဝေဖန်သော ပို့စ်များတွင် "like" သို့မဟုတ် "heart" reaction များ ပေးခဲ့ရုံမျှဖြင့် မတရားဖမ်းဆီးခံခဲ့ရကြောင်း၊ ဤသို့သော ဆိုးရွားသည့် ဖိနှိပ်မှုအဆင့်သည် စစ်အာဏာရှင်တို့၏ အမှန်တရားကို လက်ခံနိုင်ခြင်းမရှိသည့် သိမ်ငယ်စိတ်ဖြင့် ပြည်သူလူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု အားလုံးကို စိတ်ပေါ့သွပ်သူတစ်ဦးကဲ့သို့ လိုက်လံပိတ်ပင် ထိန်းချုပ်လိုခြင်းကို သိသာမြင်သာစေ ပါကြောင်း၊
(ဇ) အကြမ်းဖက်စစ်အုပ်စု၏ လုပ်ရပ်များသည် နိုင်ငံတကာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး များဆိုင်ရာ သဘောတူစာချုပ် (ICCPR) ၏ အပိုဒ် ၁၉ တွင် ပြဋ္ဌာန်းပါရှိသည့် လွတ်လပ်စွာ ထင်မြင်ယူဆခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်စသည့် အခွင့်အရေးများကို အတိအလင်း ချိုးဖောက်ခြင်း ဖြစ်ပါကြောင်း၊ အကြမ်းဖက်စစ်အုပ်စု၏ စနစ်တကျ ဆင်ဆာ ဖြတ်တောက်မှု၊ ဝါဒဖြန့်မှုနှင့် အွန်လိုင်းစောင့်ကြည့်မှုများသည် နိုင်ငံသားများ၏ သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အခြေခံအခွင့်အရေးများကို လုံးဝဖျက်ဆီးကာ သန်းနှင့်ချီသော မြန်မာပြည်သူများ၏ လွတ်လပ်သော အသံများကို ဆုံးရှုံးစေခဲ့ ကြောင်း၊
(ဈ) မြန်မာပြည်သူများအနေဖြင့် လွတ်လပ်သော သတင်းများရရှိပိုင်ခွင့်၊ သတင်းအချက်အလက်များ အပြန်အလှန်မျှဝေခြင်းနှင့် နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးခြင်းတို့ကိုပင် ဖမ်းဆီး၊ ညှဉ်းပန်း နှိပ်စက်ခံရမည့်အရေးကို ကြောက်ရွံ့နေကြရသဖြင့် ဆောင်ရွက်နိုင်ခြင်းတို့ မရှိတော့ပါကြောင်း၊ အကြမ်းဖက်စစ်အုပ်စု၏ သတင်းအချက်အလက်နယ်ပယ်ကို ကြိုးကိုင်ချယ်လှယ်ရန် ကြိုးပမ်း ဆောင်ရွက်နေမှုသည် ဤနယ်ပယ်ကို ထိန်းချုပ်ရန်သာမက အရပ်သားပြည်သူများအပေါ် နေ့စဉ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ရန် ကြိုးပမ်းမှုလည်း ဖြစ်ပါကြောင်း၊
(ည) အဆိုပါ အချက်နှင့်စပ်လျဉ်း၍ သတင်းအချက်အလက်ဆိုင်ရာကော်မတီ၏ အစီရင်ခံစာပါ ဆုံးဖြတ်ချက်မူကြမ်း (B) တွင် ဖော်ပြပါရှိသည့်အတိုင်း သတင်းအချက်အလက်များ၏ ခိုင်မာ မှန်ကန်မှု၊ သတင်းမီဒီယာ သမားများ၏ ဘေးကင်းလုံခြုံရေးနှင့် ဒစ်ဂျစ်တယ်တာဝန်ခံမှုတို့အပေါ် နိုင်ငံတကာအသိုက်အဝန်းက ပြန်လည်အာရုံစိုက်လာမှုကို မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုပါကြောင်း၊
(ဋ) မြန်မာပြည်သူများအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရရှိ ပိုင်ခွင့်တို့သည် စိတ်ကူးယဉ် စံနှုန်းများမဟုတ်ကြဘဲ မြန်မာနိုင်ငံသားတို့၏ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှု၏ အသက်သွေးကြောပင်ဖြစ်ပြီး၊ တရားမဝင်အကြမ်းဖက် စစ်ကော်မရှင်က ယင်းအခွင့်အရေးများကို အဆက်မပြတ် ချိုးဖောက်နေမှုသည် အမှန်တရားကိုပင် တိုက်ခိုက်နေခြင်းပင် ဖြစ်ပါကြောင်း၊
(ဍ) လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်မှု ပျက်သုန်းနေခြင်း၊ သတင်းအချက်အလက်စီးဆင်းမှုများ ဆိုးရွားစွာကန့်သတ်ထားခြင်း၊ အချိန်နှင့်အမျှ ကြောက်ရွံ့စွာ ပြည်သူများနေထိုင်နေရခြင်း စသည့် အချက်များသည် စစ်အုပ်စုပြုလုပ်ရန် စီစဉ်နေသည့် အတုအယောင်ရွေးကောက်ပွဲသည် တရားမျှတမှု၊ လွတ်လပ်မှု လုံးဝရှိမည် မဟုတ်သည်ကို ဖော်ပြနေသည့် များစွာသော အရေးကြီးသည့် အချက်များအနက် အချက်အချို့ပင်ဖြစ်ကြောင်း၊
(ဌ) ထို့ကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့်နိုင်ငံတကာအသိုက်အဝန်းအား မြန်မာနိုင်ငံရှိ သတင်း အချက်အလက်ဖိနှိပ်မှု၏ အရင်းခံအကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းရန်၊ ကျူးလွန်သူများအား တာဝန်ခံစေရန်နှင့် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင်အလိမ်အလည် ရွေးကောက်ပွဲကို ပယ်ချရန်၊ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ရန်၊ နိုင်ငံသားတိုင်း ကြောက်ရွံ့မှုကင်းစွာ ပြောဆိုခွင့်၊ ရေးသားခွင့်နှင့် ဆက်သွယ်ခွင့်ရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ် တည်ဆောက်ရန် အာသီသပြင်းစွာ ဆောင်ရွက်နေကြသည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ဆောင်ရွက်ပေးကြရန် တောင်းဆိုပါကြောင်း။
၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့
Please check against delivery
Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations,
at General Debate on Agenda Item 53: Questions relating to information at the Fourth Committee of the Eightieth session of the UN General Assembly
(New York, 4 November 2025)
Mr. Chair,
Myanmar aligns itself with the statements of ASEAN and the Group of 77 and China.
We thank Under-Secretary-General for Global Communications Ms. Melissa Fleming for her comprehensive briefing and for her leadership in promoting information integrity, media freedom, and multilingual outreach across the United Nations system.
The 2025 report of the Committee on Information (A/80/21) and the Secretary-General’s report (A/80/323) have once again underscored the urgency of safeguarding the global information ecosystem against the proliferation of misinformation, disinformation, and hate speech.
They highlighted the growing challenges posed by the malicious use of digital technologies and artificial intelligence, and reaffirmed the need to protect journalists, uphold freedom of expression, and close the digital divide.
Myanmar strongly supports the call to strengthen information integrity as reflected in the UN Global Principles for Information Integrity and the Pact for the Future’s Global Digital Compact, which seek to foster an inclusive, safe, and secure digital environment that respects human rights.
Mr. Chair,
While many parts of the world are advancing towards open and safe digital spaces, Myanmar’s information environment remains under siege.
Since the illegal coup in February 2021, the military junta has systematically weaponized information and communication technologies to suppress dissent and manipulate narratives.
Over 200 journalists have been arrested, and 51 remain unjustly detained, and some journalists were killed by the military junta. Myanmar became among the worst jailing of journalists in the world.
Independent media outlets have been forced into exile or completely shut down, while those still operating inside the country are under strict control of the junta and prohibited from using any expression or terminology that the military disapproves.
In Myanmar today, media freedom is totally and effectively collapsed, and there is no space for free or independent journalism.
Moreover, civilians are living in constant fear, unable to express their views freely, even on social media.
The junta has turned platforms such as Facebook and Telegram into tools of surveillance and intimidation, monitoring users, tracking activists, and spreading coordinated misinformation campaigns to justify its crimes and delegitimize the democratic resistance.
Equally alarming is the fact that certain foreign entities and companies have been complicit in strengthening the junta’s surveillance infrastructure. Through the provision of technological tools and digital services, these actors have directly or indirectly contributed to the military junta’s violations of international humanitarian law and international human rights law by strengthening its capacity to monitor civilians, intercept communications, and restrict access to information.
Mr. Chair,
The junta’s digital dictatorship manifests not only through internet blackouts and censorship but also through the criminalization of online expression.
In recent days, artists, directors, and public figures have been arrested simply for reacting with a “like” or “heart” emoji on posts critical of the junta’s propaganda and its so-called election plans.
This level of repression demonstrates the military junta’s deep inferiority complex and fear of truth, which drives its obsession to control every form of expression.
The military junta’s actions represent a flagrant violation of freedom of opinion and expression, enshrined in Article 19 of the International Covenant on Civil and Political Rights (ICCPR).
The junta’s systematic campaign of censorship, propaganda, and online surveillance has eroded the fundamental right to information and deprived millions of Myanmar’s people of their voices.
Citizens cannot access independent news, share information, or even discuss national affairs without fear of arrest or torture. The military junta’s manipulation of the information space is not only a tool of control but also a deliberate attempt to conceal war crimes and crimes against humanity committed daily against the civilian population.
In this regard, Myanmar welcomes the international community’s renewed attention to information integrity, journalist safety, and digital accountability as reflected in draft resolution B of the Committee on Information’s report.
Mr. Chair,
In conclusion, for the people of Myanmar, freedom of expression and access to information are not abstract ideals, they are lifelines of our struggle for democracy. The illegal military junta’s persistent assault on these rights is an assault on truth itself.
Collapse of freedom of expression, severely restriction of information, and living with constant fear are some of the various serious factors will make the junta’s planned so-called elections neither be free nor fair.
We therefore call upon the UN member states and the international community to address the root causes of information suppression, to hold the perpetrators accountable, and to stand with the people of Myanmar in their collective aspiration to reject the junta’s planned sham and scam election, to end the military coup and the military dictatorship, and to build a federal democratic union where every citizen can speak, write, and connect without fear.
I thank you.
*******











