top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at General Debate of UN Disarmament Commission 2022




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the General Debate of the United Nations Disarmament Commission 2022 Substantive Session, held on 5 April 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


၂၀၂၂ ခုနှစ် ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်၏ အထွေထွေဆွေးနွေးမှုအစီအစဉ်တွင် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်သို့ လက်နက်များနှင့် ဆက်စပ်နည်းပညာများ ရောင်းချနေသော နိုင်ငံများကို တားမြစ်ပေးရန်နှင့် မြန်မာစစ်တပ်၏ လက်နက်ရရှိနိုင်ရေး လမ်းကြောင်းများကို ပိတ်ဆို့ပေးရန်တို့အတွက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က တိုက်တွန်းပြောကြားခဲ့ခြင်း


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၅ ရက်)


၁။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက် နေ့တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးကော်မရှင်၏ အထွေထွေ ဆွေးနွေးမှုအစီအစဉ်တွင် မိန့်ခွန်းပြောကြားခဲ့ပါသည်။ ယင်းသို့ပြောကြားရာတွင် မြန်မာအမြဲတမ်း ကိုယ်စားလှယ်မှ အောက်ဖော်ပြပါ အဓိကအချက်များကို ထည့်သွင်းပြောကြားခဲ့ပါသည်-


(က) နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် နျူကလီးယားလက်နက်များ အလုံးစုံပပျောက်ရေးတို့နှင့် ပတ်သက်သည့် မြန်မာနိုင်ငံ၏ရပ်တည်ချက်ကို ထပ်လောင်းပြောကြားလိုပါကြောင်း၊ နျူကလီးယား လက်နက်များ အလုံးစုံဖျက်သိမ်းရေးကို ယင်းလက်နက်များအသုံးပြုမှု သို့မဟုတ် ခြိမ်းခြောက်မှုများအတွက် တစ်ခုတည်းသော အာမခံချက်အဖြစ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုမှ ယုံကြည်ထားပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေး ရည်မှန်းချက်အတွက် ဆောင်ရွက်မှုများအပေါ် ကြိုဆိုပါကြောင်း၊


(ခ) နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (Nuclear Non-Proliferation Treaty - NPT) သည် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးအတွက် အရေးပါသည့် စာချုပ်တစ်ခုဖြစ်ရာ စာချုပ်ပါအချက်များကို အဖွဲ့ဝင်နိုင်ငံများမှ အပြည့်အဝလိုက်နာ ဆောင်ရွက်သွားကြရေးအပေါ် တိုက်တွန်းပြောကြားလိုပါကြောင်း၊


(ဂ) ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (Treaty on the Prohibition of Nuclear Weapons – TPNW) အသက်ဝင်ခဲ့ခြင်းသည် နျူကလီးယားလက်နက် ဖျက်သိမ်းရေးလုပ်ငန်းစဉ်များအတွက် အရေးပါသည့် တိုးတက်မှုတစ်ခုဖြစ်ပါ ကြောင်း၊ အကြမ်းဖက်စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုသည် မြန်မာနိုင်ငံမှ နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် (Treaty on the Prohibition of Nuclear Weapons – TPNW) သို့ ၂၀၂၁ ခုနှစ်အတွင်း အတည်ပြုပါဝင်ရေးအပေါ် အဟန့်အတားဖြစ်ခဲ့သော်လည်း မြန်မာနိုင်ငံ အနေဖြင့် အဆိုပါစာချုပ်သို့ အစောဆုံးအတည်ပြုပါဝင်နိုင်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊


(ဃ) ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အာကာသဆိုင်ရာကိစ္စရပ်များကို လက်လှမ်းမီရန် အခက်အခဲရှိသော်လည်း ကမ္ဘာပေါ်တွင် အာကာသကို စစ်ရေးအတွက် အသုံးပြုရန် စစ်ရေးကျွမ်းကျင်မှုများနှင့် နည်းပညာများ ရှိနေပြီးဖြစ်ပါကြောင်း၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လျှက်ရှိသည့် အားလျော်စွာ အာကာသကို ငြိမ်းချမ်းစွာအသုံးမပြုဘဲ စစ်ရေးအတွက် အသုံးပြုခွင့်ပေးထားမည်ဆိုပါက အနာဂတ်တွင် အာကာသ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ ပေါ်ပေါက်လာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ပါ၍ အာကာသကို ငြိမ်းချမ်းစွာအသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊


(င) လက်နက်ရောင်းဝယ်ရေးစာချုပ် (Arms Trade Treaty)သည် သမားရိုးကျလက်နက်များ ရောင်းချခြင်းအပေါ် တာဝန်ခံမှုရှိစေရေးအတွက် အဓိကကျပြီး၊ လက်နက်ရောင်းချခြင်းအပေါ် တင်းကြပ် ထိရောက်သည့် ထိန်းချုပ်မှုများ ပြုလုပ်ပေးပါက နိုင်ငံတစ်ဝန်းရှိ အပြစ်မဲ့ပြည်သူများ၏ အသက်ပေါင်း များစွာကို ကယ်တင်နိုင်မည်ဖြစ်ပါကြောင်း၊ အာဏာရှိသူများသည် အဆိုပါလက်နက်များကို တာဝန်မဲ့စွာ အသုံးပြုခြင်းကြောင့် လူသားများအနေဖြင့် ထိခိုက်နာကျင်မှုများ၊ သေကြေပျက်ဆီးမှုများနှင့် ဒုက္ခအလုံးစုံကို ခံစားနေရပါကြောင်း၊


(စ) လက်ရှိတွင် မြန်မာပြည်သူများနှင့် ယူကရိန်းပြည်သူများသည် ယင်းသို့ လက်နက်ကိုင်ထားသူများက လက်နက်များကို တာဝန်မဲ့စွာအသုံးပြုခြင်းမှ ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများကို ခံစားနေရ ပါကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်သူများသည် စစ်တပ်၏ အင်အားအလွန်အကျွံအသုံးပြု၍ ရက်စက်စွာ တိုက်ခိုက်သတ်ဖြတ်မှုများကို ခံစားနေရပြီး၊ ယူကရိန်းပြည်သူများအနေဖြင့် တစ်ဖက်သတ် ရန်လိုကျူးကျော် စစ်ကြောင့် ဆိုးဝါးသောအခြေအနေများကို ကြုံတွေ့နေရပါကြောင်း၊


(ဆ) မြန်မာနိုင်ငံအနေဖြင့် ဒုက္ခဆင်းရဲများ ရင်ဆိုင်နေရသည့် ယူကရိန်းပြည်သူများ၏ ခံစားမှုများကို အပြည့်အဝနားလည်လျှက် ယူကရိန်းပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်ပါကြောင်း၊ ယူကရိန်းနိုင်ငံ အပေါ် ကျူးကျော်တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်တန့်ပေးရန် တောင်းဆိုလိုပါကြောင်း၊


(ဇ) စစ်တပ်၏ လူမဆန်စွာ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် ဆိုးဝါးသော ဒုက္ခဆင်းရဲများ ခံစားနေရ သည့် မြန်မာပြည်သူများအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အရေးယူမှုများကို အချိန်မီ ပြတ်ပြတ်သားသားဆောင်ရွက်ပေးပါရန် တောင်းဆိုလိုပါကြောင်း၊


(ဈ) မြန်မာစစ်တပ်သည် ပြည်ပမှတင်သွင်းသော သေစေနိုင်သည့်စစ်လက်နက်များကို အသုံးပြု၍ မြန်မာ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများကို ရက်စက်စွာ ကျူးလွန်နေပါကြောင်း၊ ကုလသမဂ္ဂ အထွေထွေညီလာခံနှင့် လူ့အခွင့်အရေးကောင်စီတို့မှ တိုက်တွန်းထားသည့်အတိုင်း မြန်မာစစ်တပ်သို့ လက်နက်များရောင်းချနေသည့် နိုင်ငံများအနေဖြင့် ရောင်းချနေမှုများကို ချက်ချင်းရပ်တန့်ပေးပါရန် တောင်းဆိုလိုပါကြောင်း၊


(ည) မြန်မာစစ်တပ်သို့ လက်နက်များနှင့် ဆက်စပ်နည်းပညာများ ရောင်းချနေသော နိုင်ငံများကို တားမြစ်ပေးရန်နှင့် မြန်မာစစ်တပ်၏ လက်နက်ရရှိနိုင်ရေး လမ်းကြောင်းများကို ပိတ်ဆို့ပေးရန်တို့အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် အပြစ်မဲ့မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း။


၂။ အမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် အင်္ဂလိပ်ဘာသာ မိန့်ခွန်းအပြည့်အစုံကို ပူးတွဲဖော်ပြ အပ်ပါသည်။


ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၅ ရက်၊

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။


******


Please check against delivery


Statement by H.E. Mr. Kyaw Moe Tun, Permanent Representative of

the Republic of the Union of Myanmar to the United Nations

at the General Debate of the United Nations Disarmament Commission 2022

Substantive Session


(New York, 5 April 2022)


Mr. Chair,


At the outset, I wish to congratulate you on your election as the chair of this substantive session of the United Nations Disarmament Commission, and I assure you of my delegation’s full support and cooperation for the fruitful outcome of this substantive session.I also wish to thank Under-Secretary-General Ms. Izumi Nakamitsu for her statement.


Myanmar aligns itself with the statements delivered on behalf of NAM and ASEAN respectively. Allow me to apprise you of the following points on my national capacity.


Mr. Chair,


We reaffirm our position regarding nuclear disarmament and our commitments on the total elimination of nuclear weapons. As nuclear threats are the most serious security challenge, risking the existence of humankind, we all must not overlook the existence of nuclear weapons and their deployment, as well as the threats thereof. We are of the view that the only guarantee against the use or threat of use of nuclear weapons is nothing other than their complete elimination. Thus, we welcome any initiatives, no matter how large or small, that aim for nuclear disarmament and total elimination of nuclear weapons. Witnessing the recent developments in the international peace and security arena, we share the view of Ms. Nakamitsu that the possession of nuclear weapons endangers our collective security.


Mr. Chair,


We wish to underscore that the Treaty on the Non-Proliferation of Nuclear Weapons (NPT) is still the linchpin of nuclear disarmament and non-proliferation architecture, and we urge all member states to fully comply with their obligation under the treaty. Also, the Treaty on the Prohibition of Nuclear Weapons (TPNW) is the quintessential instrument in reinforcing norms against nuclear weapons. The entry into force of this treaty on 22 January 2021 is a welcoming progress and a crucial achievement for nuclear disarmament agenda. Myanmar signed the TPNW in September 2018, yet it is quite unfortunate for Myanmar that the plan to ratify the TPNW has been thwarted by the illegal military coup in 2021. We sincerely wish to ratify it as soon as possible.

Establishments of Nuclear-Weapon-Free Zones can consolidate our collective efforts towards disarming nuclear weapons.


Mr. Chair,


For developing countries, reaching to outer space is limited by their pre-existing priorities, further challenged by COVID-19 pandemics. However, military doctrines and technologies that can militarize and weaponize space have already existed, and their implications can affect on all of us. We are of the view that with accelerating progresses in new space technologies and capabilities, their potential military applications in space might subsequently lead us into an arms race in outer space, if we do not endeavour to ensure the use of outer space is exclusively for peaceful purposes only.It is a matter of time before increasing numbers of countries have increasing access to outer space, and their inalienable rights in space must be only to use space for peaceful purposes.


Mr. Chair,

We believe that the Arms Trade Treatyis instrumental in strengthening accountability in the conventional arms trade.We wish to underscore that strong and effective controls over arms trade can help protect many innocent lives worldwide.Most of human sufferings associated with these weapons are rooted in irresponsible usages of them by people in power, and the indiscriminate killings by those people against the innocent lives.

The situations in Myanmar and Ukraine are resulted from the irresponsible usages of the weapons by the people in power. However, the big difference is that the people of Myanmar are dreadfully suffering amid the indiscriminate attacks and excessive use of force by their own military, yet on the other hand, the people in Ukraine are suffering due to the aggression and unprovoked war.


We fully share the sufferings of the people of Ukraine. We stand firm and in solidarity with the people of Ukraine. Reiterating our appeal for immediate and complete cessation of hostilities and attacks on Ukraine, we appeal to the member states to timely and decisive strong support towards the people of Myanmar who are still facing the horrific suffering resulted from the atrocities and crimes against humanity committed by the military. It has been more than one year that the entire people of Myanmar have been experiencing such sufferings, and the people of Myanmar desperately need immediate and decisive actions, as well as much stronger level of support from the international community to save people becoming victims of the military’s crimes against humanity.


Using the weapons and lethal military hardware which are imported, Myanmar military is brutally attacking and killing its own people. The military is conducting massive airstrikes, heavy artillery, and excessive use of force against the innocent civilians in an indiscriminate manner. As such, I appeal to those states exporting weapons to the Myanmar military to stop selling them immediately as urged by the UN General Assembly and the Human Rights Council, and appeal all member states to work together for prohibiting the sale of weapons and associated technologies to the Myanmar military and blocking all possible ways through which the Myanmar military could attain the weapons.


Blocking the military from getting access to the weapons will save the lives of the innocent people of Myanmar.


I thank you, Mr.Chair.


******









bottom of page