top of page

Statement by Ambassador Kyaw Moe Tun at General Debate of the 2nd Committee of 78th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate of the Second Committee of the 78th session of the United Nations General Assembly, held on 3 October 2023


[Below Myanmar Text]



သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဒုတိယကော်မတီအစည်းအဝေး၊ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာ့အကျပ်အတည်းကို အပြည့်အဝဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်း၍ ကျူးလွန်သူများအားတာဝန်ခံမှုရှိလာစေရန်ဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ၏ အသံကို နားထောင်ပြီး မြန်မာနိုင်ငံသားများအပေါ် တာဝန်မပျက်ကွက်စေရေးနှင့် မြန်မာပြည်သူပြည်သားများကို ချန်လှပ် မထားခဲ့စေရေးမျိုး မဖြစ်ရေးအတွက် ဂရုတစိုက်လုပ်ဆောင်ပေးရန် ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်)


၁။ (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ၏ အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမှု (General Debate) ဆိုင်ရာ အစည်းအဝေးများကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်လျက်ရှိပါသည်။


၂။ ၃-၁၀-၂၀၂၃ ရက်နေ့တွင် အဆိုပါအစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိကပါဝင်ပါသည်-


(က) ဆက်တိုက်ဖြစ်ပေါ်နေသော အကျပ်အတည်းများသည် ကမ္ဘာကြီးကို ခြိမ်းခြောက်နေပြီး တိုးတက်မှုကို နောက်ပြန်ဆုတ်စေကြောင်း၊ COVID-19 ဖြစ်ပွားမှုနှင့် ပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးကျဆင်းမှုကြောင့် နိုင်ငံအများအပြားတွင် လူမှုစီးပွားအခက်အခဲများ သိသိသာသာကြုံတွေ့ခဲ့ရကြောင်း၊


(ခ) ရာသီဥတုပြောင်းလဲမှု၏ ဆိုးရွားသောအကျိုးဆက်များကြောင့် မြေယာနှင့် ရေအရင်းအမြစ်များ ယိုယွင်းပျက်စီးခြင်းနှင့် ဆက်စပ်ဂေဟစနစ်များ ယိုယွင်းပျက်စီးခြင်းကို တွေ့မြင်နေရပြီး ကူးစက်ရောဂါများတိုးမြင့်လာခြင်းနှင့် သဘာဝဘေးအန္တရာယ်များ မကြာခဏ ဖြစ်ပွားမှုတို့ကို ကမ္ဘာနှင့်အဝှမ်း ကြုံတွေ့နေရကြောင်း၊ အဆိုပါအန္တရာယ် ရှိသော အကျိုးဆက်များသည် လူသားများ၏ သက်တမ်းကို လျှော့ချနိုင်ပြီး စိုက်ပျိုးရေး ကဏ္ဍကို ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း နောက်ဆုံးတွင် ကုန်စည်ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် စားနပ်ရိက္ခာမလုံခြုံမှုကို တိုးမြင့်လာစေနိုင်ကြောင်း၊


(ဂ) ဘက်ပေါင်းစုံ အကျပ်အတည်းများနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးသက်ရောက်မှုများ နှစ်ခုစလုံးသည် နိုင်ငံများစွာ အထူးသဖြင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအတွက် ကြီးမားသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ ပြဿနာများကို ဖြေရှင်းရန်နှင့် ပိုကောင်း အောင် ပြန်လည်တည်ဆောက်ရန် စုစည်းမှုရှိသော ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုလိုအပ် သည်မှာ ရှင်းလင်းပါကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့် အားလုံးအတွက် ပိုမိုရေရှည် တည်တံ့သော အနာဂတ်ဆီသို့ ဦးတည်သည့် လမ်းကြောင်းကို စုပေါင်းပုံဖော်နိုင် ပါကြောင်း၊


(ဃ) ဤပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အသက်ဆိုင်ဆုံးနှင့် အားလုံးပါဝင်နိုင်သည့် နည်းလမ်းမှာ 2030 Agenda အား အချိန်နှင့် တစ်ပြေးညီ မျှတစွာ အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ "Our Common Agenda" ပါ မျှော်မှန်းချက်သည် အမျိုးမျိုးသော အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် အရေးကြီးသော လမ်းပြမြေပုံဖြစ်ပြီး ရှေ့သို့ တက်လှမ်းရန် လိုအပ်သောအရှိန်အဟုန်ကို ပံ့ပိုးပေးပါကြောင်း၊


(င) မြန်မာနိုင်ငံသည် ရွေးကောက်ခံအရပ်သား အစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း နှစ်စဉ် GDP တိုးတက်မှုနှုန်း ၆.၂ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ ၂၀၂၀ခုနှစ် COVID-19 ကပ်ရောဂါ၏ ပြင်းထန်သော စီးပွားရေးဆိုင်ရာ သက်ရောက်မှုရှိသော်လည်း ရွေးကောက်ခံ အစိုးရသည် သင့်လျော်သော လူမှုစီးပွား သက်သာမှုအစီအမံများဖြင့် ၎င်း၏ ပြည်သူများ၏ ကျန်းမာရေးကို အကာအကွယ်ပေးရင်း တည်ငြိမ်သောတိုးတက်မှုကို ထိန်းသိမ်းနိုင်ခဲ့ ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်ရန် အလားအလာရှိသော နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ကြောင်း၊


(စ) သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလတွင် တရားမဝင် စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်များ၏ ရက်စက်ယုတ်မာမှုများသည် အစောပိုင်းက လုပ်ဆောင်ခဲ့သော တိုးတက်မှုအားလုံးကို ပြောင်းပြန်လှန်ကာ တနိုင်ငံလုံးကို ဖရိုဖရဲ အခြေအနေသို့ တွန်းပို့ခဲ့ပြီး မြန်မာနိုင်ငံကို ပိုမိုဆိုးရွားသော စီးပွားရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးဖြစ်စေခဲ့ကြောင်း၊


(ဆ) မြန်မာနိုင်ငံရှိ သန်းနှင့်ချီသော ပြည်သူများ၏ ဘဝနေထိုင်ရေးသည် ယခုအခါ စိုးရိမ်ဖွယ် အခြေအနေသို့ ရောက်နေပြီဖြစ်ကြောင်း၊ ထို့ပြင် ဆိုင်ကလုန်းမိုခါနှင့် အခြားသော သဘာဝ ဘေးအန္တရာယ်များသည် တရားမဝင်အာဏာသိမ်းမှုနှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု များကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများနှင့်အတူ မြန်မာနိုင်ငံအပေါ် တိုးမြင့် သက်ရောက်စေကြောင်း၊ စစ်တပ်၏ ရက်စက်ယုတ်မာမှုများကြောင့် လူပေါင်းနှစ်သန်း နီးပါး ပြည်တွင်းနေရပ် စွန့်ခွာထွက်ပြေးနေကြရပြီး လူပေါင်း ၁၈ သန်း ကျော်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်နေပါကြောင်း၊ လူဦးရေ၏ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှုမျဉ်းအောက်၌ နေထိုင်နေကြရပြီး အရပ်သားနေအိမ် အဆောက်အဦ ၇၅၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊


(ဇ) လက်ရှိတွင် စစ်တပ်၏ စီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် မြန်မာ့စီးပွားရေးသည် မတည်မငြိမ်ဖြစ်ပြီး မှန်းဆမရနိုင်သော အခြေအနေတွင် ရှိနေကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားခြင်း၊ ဈေးနှုန်းများ တဟုန်ထိုးတက်ခြင်း၊ လျှပ်စစ်မီး မကြာခဏပြတ်တောက်ခြင်း၊ စားနပ်ရိက္ခာရှားပါးခြင်း၊ ဆေးရုံဆေးပေးခန်း စာသင်ကျောင်းများ ဖျက်ဆီးခံရခြင်း စသည့် စိန်ခေါ်မှုများနှင့် အခက်အခဲများစွာကို ပြည်သူများကြုံတွေ့နေရကြောင်း၊


(ဈ) စစ်အာဏာရှင်များသည် တိုင်းပြည်ကို အုပ်ချုပ်နိုင်ခြင်း(သို့) စီးပွားရေးကို စီမံခန့်ခွဲနိုင်ခြင်း မရှိကြောင်း၊ ၎င်းတို့သည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပေးစွမ်းနိုင်စွမ်းမရှိကြောင်း၊


(ည) ဤခက်ခဲသောအခြေအနေတွင် အမျိုးသားညီညွတ်ရေးအစိုးရသည် လိုအပ်သော လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပံ့ပိုးပေးရန်အတွက် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ၊ အခြားမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ ထို့အပြင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) တွင် ပါဝင်သူများ အနေဖြင့် အသေးစားစီးပွားရေး လုပ်ငန်းများ စတင်နိုင်စေရေး အကူအညီများရယူရန် ကမ်းလှမ်းထားကြောင်း၊


(ဋ) မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံ၍ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုသည် ရေရှည် တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ပါကြောင်း၊ တရားဥပဒေစိုးမိုးရေး ကို အခြေခံသောငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လူ့အခွင့်အရေးနှင့် ထိရောက်သော အုပ်ချုပ်မှုမပါဘဲ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုမရရှိနိုင်ဟု မိမိတို့အခိုင်အမာ ယုံကြည်ပါကြောင်း၊


(ဌ) မြန်မာနိုင်ငံတွင် အကျပ်အတည်းကို အပြည့်အဝဖြေရှင်းရန် တစ်ခုတည်းသော နည်းလမ်းမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ကျူးလွန်သူများအား တာဝန်ခံမှုရှိလာစေရန် ဖြစ်ကြောင်း၊


(ဍ) စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ ရက်စက်ယုတ်မာမှုတွေကို အဆုံးသတ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု အောက်တွင် ရွေးချယ်တင်မြှောက်ထားသော အရပ်သားအစိုးရမှ တစ်ဆင့် ပြည်သူတို့ထံ အာဏာပြန်လည်ရရှိရန် မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်နေသည့် မြန်မာပြည်သူပြည်သားများကို ခိုင်မာထိရောက်သော ပံ့ပိုးကူညီမှုများ တိုးချဲ့လုပ်ဆောင် ပေးရန် နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ကုလသမဂ္ဂကို ထပ်လောင်းတောင်းဆို ပါကြောင်း၊


(ဎ) နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများ၏ အသံကို နားထောင်၍ မြန်မာနိုင်ငံသား များအပေါ် တာဝန်မပျက်ကွက်စေရေးနှင့် မြန်မာပြည်သူပြည်သားများကို ချန်လှပ်မထားခဲ့စေရေးမျိုး မဖြစ်ရေးအတွက် ဂရုတစိုက်လုပ်ဆောင်ပေးရန် ကုလသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းပါ‌ကြောင်း။


၄။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့




Statement by Ambassador Kyaw Moe Tun, Permanent Representative of the

Republic of the Union of Myanmar to the United Nations

at the General Debate of the Second Committee of the

78thsession of the United Nations General Assembly


(New York, 3 October 2023)


Mr. Chair,


At the outset, I would like to congratulate you, Mr. Chair, and other bureau members on your election. I assure you of our delegation's full support and cooperation to ensure fruitful outcomes of this Committee. Myanmar aligns itself with the statements of ASEAN, LDCs and G77 and China, respectively.


Mr. Chair,


Prevailing various interrelated crises are threatening the world and rolling back the progress. Many countries have suffered significant socio-economic hardships, compounded by the global economic downturn resulting from the COVID-19 outbreak and conflicts.


At the same time, climate change is also no longer a distant threat. We are witnessing the degradation of land and water resources and the deterioration of related ecosystems due to the devastating consequences of climate change. The rise in infectious diseases and the more frequent occurrence of natural disasters have been witnessed across the world.


These harmful consequences might reduce human lifespans and adversely impact agriculture sector, ultimately escalating commodity prices and increasing food insecurity.


Both multi-dimensional crises and climate change impacts pose an enormous challenge to many countries, especially least developed countries. Clearly we need a unified global response to address the problems and to build back better. By doing so, we can collectively chart a path towards a more sustainable future for all.


Hence, the most pertinent and inclusive way to tackle these problems is by ensuring that the 2030 Agenda is executed timely and equitably. Moreover, the Secretary-General's vision in "Our Common Agenda" is a crucial roadmap in addressing various crises, providing the necessary momentum to move forward. No doubt, together we can achieve the goals.


Mr. Chair,


Allow me to apprise you of the situation in my country.


Myanmar experienced an average annual GDP growth rate of 6.2% between 2016 and 2019 during under the elected civilian government. Though the severe economic impact of the COVID-19 pandemic in 2020, the elected government managed to maintain steady growth while safeguarding the well-being of its people through appropriate socio-economic relief measures. As a result, Myanmar emerged as one of the potential candidates for graduating from LDC status.


However regrettably, the illegal military coup in February 2021 and the military junta’s atrocities reversed all progresses made earlier and threw the entire nation into a chaotic situation and made Myanmar in a worsening economic and humanitarian catastrophe.


The lives and well-being of millions of people in Myanmar are now in peril. Moreover, Cyclone Mocha and other natural disasters have continued to affect Myanmar, adding to the challenges caused by the illegal coup and the military atrocities. Due to the military junta’s atrocities, nearly 2 million people are internally displaced; over 18 million people are in need of humanitarian assistance; almost half of the population are living under the national poverty line; over 75,000 civilian properties were burnt down or destroyed.


Currently, Myanmar's economy is in an instable and unpredictable situation due to mismanagement of the military junta. People are experiencing numerous challenges and difficulties such as high inflation rate, skyrocketing of prices, frequent electricity outages, scarcity of food, destruction of healthcare and education facilities, among others.


The military junta is not capable of governing the country or managing the economy and it is not capable of delivering durable peace and stability.


Mr. Chair,


Under this difficult circumstance, the National Unity Government is working together with ethnic resistance organizations and other partners to provide necessary humanitarian assistance including life-saving assistance. Moreover, participants of Civil Disobedience Movement are offered to get assistance to enable them start small businesses.


Based on our own experience, peace and stability is prerequisite for the sustainable development. We strongly believe that sustainable development cannot be attained without having peace, stability, human rights and effective governance, based on the rule of law.


As such, the only way to fully resolve the crisis in Myanmar is to end the military dictatorship and bring perpetrators accountable.


Accordingly, I wish to reiterate our calls for the international community in particular the UN to extend their strong and effective support to the people of Myanmar in helping our relentless efforts to end the military dictatorship and its atrocities and to return power to the people through the elected civilian government under a federal democratic union.


We urge the UN and its member states to listen to the voices of the people and make sure that the international community does not fail the people of Myanmar and not leave the people of Myanmar alone.


I thank you.



*****


















bottom of page