top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at General Debate of Second Committee of 77th session of UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the General Debate of the Second Committee of the 77th session of the United Nations General Assembly, held on 4 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဒုတိယကော်မတီအစည်းအဝေး၊ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်၌ မြန်မာ့စီးပွားရေးပြန်လည်ထူထောင်ရေးနှင့် မြန်မာပြည်သူများ ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ရေး ပံ့ပိုးကူညီနိုင်ရန်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း၍ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး တို့ဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်)


၁။ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဒုတိယကော်မတီ (စီးပွားရေးနှင့် ဘဏ္ဍာရေး) ၏ အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမှု (General Debate) ဆိုင်ရာ အစည်းအဝေးများကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။


၂။ ၄-၁၀-၂၀၂၂ ရက်နေ့တွင် အဆိုပါအစည်းအဝေးသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါ အဓိကအချက်များ ပါဝင်ပါသည်-


(က) ယနေ့ကမ္ဘာသည် မကြုံစဖူးဆိုးရွားသော အခြေအနေများနှင့် ရင်ဆိုင်နေရပြီး ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဦးတည်ချက်များကို ပြင်းပြင်းထန်ထန်စိန်ခေါ်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုသည် တစ်ခုနှင့် တစ်ခုချိတ်ဆက်လျက်ရှိပါကြောင်း၊ ပိုမိုကောင်းမွန်သောကမ္ဘာတစ်ခုကို ဖန်တီးနိုင်ရန် ငြိမ်းချမ်းရေးနှင့် တိုးတက်မှုကို အထောက်အကူဖြစ်စေသည့် ဆင်ခြင်တုံတရားနှင့် သဟဇာတ ဖြစ်သော ဝန်းကျင်တစ်ခုကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊


(ခ) COVID-19 ကပ်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှုနှင့်အတူ ကုန်ဈေးနှုန်းမြင့်မားလာမှု၊ စားနပ်ရိက္ခာမလုံလောက်မှုအပါအဝင် လူမှုစီးပွားဒုက္ခများစွာကို ပြောစရာမလို လောက်အောင် ကြုံတွေ့သိရှိခံစားခဲ့ရပြီးဖြစ်ကြောင်း၊


(ဂ) ကူးစက်ရောဂါများ ပေါ်ပေါက်လာခြင်းနှင့် သဘာဝဘေးအန္တရာယ် အကြိမ်ရေတိုးလာခြင်းသည် ကမ္ဘာကြီးပူနွေးလာမှုမှ ဖြစ်ပေါ်လာသော ရာသီအလိုက် ပြောင်းလဲမှုများကြောင့် ဖြစ်ပြီး ယင်းဆိုးကျိုးများ သည် လယ်ယာစိုက်ပျိုးရေးကဏ္ဍအပေါ် သက်ရောက်စေသည်ဖြစ်ရာ စားနပ်ရိက္ခာမလုံလောက်မှုကို ဖြစ်ပေါ်လာစေကြောင်း၊


(ဃ) ယူကရိန်းတွင် ဖြစ်ပွားနေသော ကျူးကျော်စစ်ပွဲအပါအဝင် လူလုပ်ကပ်ဘေးများကြောင့် အဆိုပါစိန်ခေါ်မှုများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက် မည်သူ့ ကိုမျှ နောက်ချန်မထားဘဲ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်ကို အရောက်လှမ်းနိုင်ရေး အတူတကွလုပ်ဆောင်ရမည်ဖြစ်ရာ ၂၀၃၀ အာဂျင်ဒါကို အချိန်နှင့်တစ်ပြေးညီ ကျယ်ကျယ်ပြန့်ပြန့် အကောင် အထည်ဖော်ခြင်းသည် အားလုံးအတွက် ဖြစ်နိုင်ချေရှိသော ပြဿနာများကို ဖြေရှင်းနိုင်သည့် နောက်ထပ် အခွင့်အရေးတစ်ခု ဖြစ်ကြောင်း၊


(င) မြန်မာနိုင်ငံတွင် ပြည်သူများရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရသက်တမ်း၌ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုသော ပွင့်လင်းမြင်သာမှုရှိပြီး ခိုင်မာသောမူဝါဒများကို ချမှတ်အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ သိသာထင်ရှားစွာ တိုးတက် လာခဲ့ကြောင်း၊


(စ) အရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးလာခြင်းသည် မြန်မာ့စီးပွားရေး လျင်မြန်စွာတိုးတက်မှုအတွက် အခြေခံကျသည့်အချက်ဖြစ်ပါကြောင်း၊ ထို့အပြင် အရပ်သားအစိုးရသည် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍများကို သိသိသာသာမြှင့်တင်ပေးခဲ့ သည့်အပြင် ကဏ္ဍအသီးသီးတွင် သိသိသာသာ တိုးတက်မှုများ ရရှိခဲ့ကြောင်း၊


(ဆ) ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီ၊ ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒကော်မတီ၏ ၂၀၁၈ ခုနှစ် မတ်လအစီရင်ခံစာအရ ၁၉၈၇ ခုနှစ်မှစ၍ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းတွင် ပါဝင်ခဲ့သော မြန်မာနိုင်ငံသည် ယင်းအဆင့်မှ လွတ်မြောက်ရန် စံသတ်မှတ်ချက်သုံးခုစလုံးနှင့် ပထမဆုံးအကြိမ် ပြည့်မီခဲ့ကြောင်း၊


(ဇ) ၂၀၂၀ ပြည့်နှစ်တွင် COVID-19 ကပ်ရောဂါသည် မြန်မာ့စီးပွားရေးအပေါ် ဆိုးရွားစွာ သက်ရောက်မှု ရှိခဲ့သော်လည်း အရပ်သားအစိုးရသည် သင့်လျော်သော လူမှုစီးပွား ကယ်ဆယ်ရေးမူဝါဒများဖြင့် ပြည်သူ များ၏ အသက်ကို ကယ်ဆယ်ရင်း တည်ငြိမ်သော တိုးတက်မှုကို ထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ အလားတူ မြန်မာနိုင်ငံသည်လည်း ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်ရန် အလားအလာကောင်းသော နိုင်ငံတစ်နိုင်ငံ ဆက်လက်ဖြစ်လာခဲ့ကြောင်း၊


(ဈ) သို့သော် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံစာရင်းမှ လွတ်မြောက်နိုင်မည့် အလားအလာ အပါအဝင် အရပ်သားအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်၏ တရားမဝင်စစ်အာဏာသိမ်းမှုက အလုံးစုံတားဆီးပိတ်ပင်ခဲ့ကြောင်း၊


(ည) စစ်တပ်က တရားမဝင်အာဏာသိမ်းပြီး လပေါင်း ၂၀ ကျော်ကာလအတွင်း လူမဆန်စွာ ရက်စက် ကြမ်းကြုတ်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ရွာများကို မီးရှို့ကာ နေအိမ်များကို ဖျက်ဆီးခြင်း၊ အမျိုးသမီးများ၊ မိန်းကလေးများနှင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများအပေါ် လွန်စွာ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိကြောင်း၊ တရားလက်လွတ် သတ်ဖြတ် ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မတရားဖမ်းဆီးခြင်းနှင့် အခြားမတရားဖိနှိပ်မှုများကို စစ်တပ်က ပြုလုပ် လျက်ရှိကြောင်း၊ ဤသို့လုပ်ဆောင်ချက်များကြောင့် မြန်မာနိုင်ငံသည် စီးပွားရေးအခက်အခဲများအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများစွာကို ရင်ဆိုင်နေရကြောင်း၊


(ဋ) ဖက်ဆစ်စစ်တပ်သည် မြန်မာပြည်သူများအပေါ် နေ့စဉ်နှင့်အမျှ အကြမ်းဖက်မှုများ ကျူးလွန်နေပြီး၊ ၎င်းဖက်ဆစ်စစ်အစိုးရ၏ တရားမ၀င်မှုသည် နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် အသက်ရှင်ရပ်တည်ရေးအတွက် ပိုမိုဆိုးရွားလာစေကြောင်း၊ တရားဥပဒေစိုးမိုးမှု လုံးဝပျက်သုဉ်းခဲ့ပြီး ပြည်သူများသည် အစိုးရအဖွဲ့အစည်းများအပေါ် လုံးဝအယုံအကြည်မရှိတော့ကြောင်း၊


(ဌ) မြန်မာ့ငွေကြေးတန်ဖိုးသည် သိသိသာသာလျော့ကျသွားပြီး ကုန်ဈေးနှုန်းများ တဟုန်ထိုးတက်လာ ကာ နိုင်ငံ၏ GDP သည် 18% ကျဆင်းသွားကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် အမြောက်အမြား နိုင်ငံတွင်း မှ စွန့်ခွာသွားကြသည့်အပြင် ခန့်မှန်းခြေ လူဦးရေ ၁၁ သန်းသည် ဆိုးရွားသော စားနပ်ရိက္ခာမလုံလောက်မှုနှင့် ရင်ဆိုင်နေရကာ ၁၄.၄ သန်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လိုအပ်နေကြောင်း၊


(ဍ) မြန်မာပြည်သူများသည် တရားမဝင်စစ်အာဏာသိမ်းမှုကြောင့် စီးပွားရေးအရ ချွတ်ခြုံကျနေပြီး စားနပ်ရိက္ခာမလုံလောက်မှုနှင့် အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းများအပါအဝင် အလွန်အမင်းဆင်းရဲမွဲတေမှုနှင့် ရင်ဆိုင်နေ ကြရသည့်အခြေအနေတွင် စစ်အာဏာရှင်များအနေဖြင့် တိုင်းပြည်၏ စီးပွားရေးနှင့် နိုင်ငံတည်ငြိမ်ရေး တို့အတွက် လုပ်ဆောင်နိုင်သည့် အနေအထား မရှိပါကြောင်း၊ စီးပွားရေးပြန်လည်ထူထောင်ရန်၊ ဆင်းရဲတွင်းမှ လွတ်မြောက်နိုင်ရေး ပြည်သူလူထုအား ပံ့ပိုးကူညီနိုင်ရန်မှာ ဤစစ်အာဏာရှင်စနစ်ချုပ်ငြိမ်း၍ ဒီမိုကရေစီ ပြန်လည်ထူထောင်ခြင်းဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊


(ဎ) ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးသည် ဒွန်တွဲလျက်ရှိရာ မြန်မာနိုင်ငံသည် ပြည်သူများ မနှစ်သက်သော ဤစစ်အာဏာရှင်လက်အောက်တွင် ရှိနေသရွေ့ ငြိမ်းချမ်းရေးကို ရရှိနိုင်မည်မဟုတ်သည့်အတွက် ၂၀၃၀ အာဂျင်ဒါကို အောင်မြင်စွာ အကောင်အထည်ဖော်ရန် မဖြစ်နိုင်ကြောင်း၊ သို့ပါ၍ ကျွန်ုပ်တို့မြန်မာနိုင်ငံသား အားလုံးသည် မြန်မာနိုင်ငံမှ စစ်အာဏာရှင်စနစ် ထာဝရချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ထူထောင်ရေး တို့အတွက် စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ရန် သန္နိဋ္ဌာန်ချပြီးဖြစ်ကြောင်း၊


(ဏ) မိမိတို့မြန်မာပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများကို လုပ်ဆောင်နိုင်ရန် နိုင်ငံတကာအသိုက် အဝန်းထံမှ ခိုင်မာပြီး ထိရောက်သောပံ့ပိုးကူညီမှုသည် မရှိမဖြစ်လိုအပ်သည်ဖြစ်ရာ မြန်မာပြည် ငြိမ်းချမ်းရေးနှင့် မြန်မာပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး မြန်မာပြည်သူများအပေါ် ထိရောက်သော ပံ့ပိုးကူညီမှုများ တိုးမြှင့်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ တင်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Statement by Ambassador Kyaw Moe Tun, Permanent Representative of the

Republic of the Union of Myanmar to the United Nations

at the General Debate of the Second Committee of the

77th session of the United Nations General Assembly


(New York, 4 October 2022)


Madam Chair,


At the outset, I would like to congratulate you, Madam Chair and other members of the bureau on your election. I assure you of our delegation’s full support and cooperation to ensure fruitful outcomes from the work of this Committee.


Madam Chair,


Today’s world is facing unprecedented dire situations. The direction of peace and development is being seriously challenged. Peace is the root of development, and development is the first and lasting fruit of sustained peace. They are intertwined. To create a better world, we must maintain a sensible and harmonious environment conducive to peace and progress. Needless to say, we have suffered tremendous socio-economic deprivations along with a decline in the global economy due to the consequences of the COVID-19 pandemic. We are then encountering rising commodity prices and growing food insecurity.


Furthermore, deadly heat waves, storms, floods and other natural disasters are occurring in various parts of the world due to climate change, causing huge suffering to people worldwide. The emergence of infectious diseases and the increased frequency of natural disasters are caused by seasonal changes from global warming, and these adverse effects have negative effects on the agricultural sector, leading to yet more food insecurity.


These challenges have been exacerbated by man-made disasters including the war of aggression in Ukraine.


In order to overcome these challenges, we must work together to achieve sustainable development goals that leave no one behind. The timely and comprehensive implementation of the 2030 Agenda is yet another opportunity for all to solve these potential problems, and do so together. We cannot achieve these alone.


Madam Chair,


In my country of Myanmar, under the tenure of our elected civilian government, transparent and concrete policies were established and implemented towards the socio-economic development of the people, which led to a significant increase in foreign investment. The enlargement of foreign investment was fundamental for the rapid progress of Myanmar's economy under this civilian government. In addition, the civilian government improved the education and healthcare sectors significantly. Myanmar had achieved substantial advances in various sectors under the civilian government by the time of the last election.


According to the March 2018 report published by the Committee on Development Policy (CDP) of the United Nations Economic and Social Council (ECOSOC), Myanmar met all three criteria to graduate from LDC status. This was the first time it had achieved this since it was placed on the list of least developed countries in 1987.


Although the COVID-19 pandemic in 2020 had a devastating impact on Myanmar's economy, the elected government was able to maintain stable growth while protecting lives through appropriate socio-economic relief policies. Myanmar remained one of potential countries to qualify for graduation from LDC status.


However, the civilian government's efforts, including this potential for Myanmar's graduation from LDCs list, were prevented by the illegal military coup of 1st February 2021. Over 20 months after the military coup, the inhumane military has committed and continues daily to commit atrocities, massacres, burning down villages and destroying homes. These are grave human rights violations against innocent people including women, girls and children. The military uses extrajudicial killing, torture, arbitrary arrest and other tools of oppression. As a result, Myanmar is facing multiple humanitarian crises in addition to the economic hardships.


Madam Chair,


While the fascist military is trying to terrorize the Myanmar people into submission, these same people’s economic life and livelihoods in every corner of the country have been made worse by the junta’s illegitimacy. Nothing is run according to the rule of law. There is no confidence in state institutions. The currency has lost significant value. GDP has dropped by 18%. Food prices have skyrocketed. A generation of youths who had optimism in their future just two years ago are now thrown into desperation. There is a massive outflow of human capital from the country. Furthermore, an estimated 11 million people are facing acute food insecurity and 14.4 million people are in need of humanitarian assistance.


As such, many Myanmar people are economically bankrupt and face extreme poverty, including food insecurity and displacement. In this situation, I must conclude that the military junta is not in a position to revitalize the economy or ensure the stability of the country.


The solution - to recover the economy and support people in lifting themselves from poverty - will only be possible with the ending of this military dictatorship and restoration of democracy.


Madam Chair,


In conclusion, Peace and development are two sides of the same coin. Goal-16 of Sustainable Development Goals - the prevalence of peace, access to justice and effective and accountable institutions - is a foundation upon which the other goals can be successfully implemented. Peace and development are bound together and must be treated as one.


For as long as Myanmar remains under this unloved military junta, it will be impossible to achieve peace, and therefore impossible to implement the 2030 Agenda successfully. Therefore, we, all Myanmar people are determined and united in fighting for the permanent end of the military dictatorship from the land of Myanmar and the restoration of democracy. The strong and effective support from the international community is essential to enable our efforts in this regard.


Therefore I would like to end by appealing to the international community to extend now that effective support towards the Myanmar people, enabling us to achieve the SDGs for the good of the people, and for the sake of peace.


I thank you.


*****








bottom of page