top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at General Debate of 1C of 78th UNGA




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the General Debate of the First Committee of the 78th Session of the General Assembly, held on 9 October 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ၏ အထွေထွေမူဝါဒရေးရာမိန့်ခွန်းပြောကြားမှု အစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်တပ်သည် ကျောင်းများ၊ ဆေးခန်း ဆေးရုံများ အပါအဝင် ပြည်သူများနေထိုင်ရာ နေရာများကို ခွဲခြားမှုမရှိဘဲ လက်နက်ကြီးများ လေကြောင်းမှ ပစ်ခတ်မှုများ ပြုလုပ်ကြောင်း၊ ပြီးခဲ့သည့် ဧပြီလ က ပဇီကြီးရွာ ကိုလည်းကောင်း၊ ပြီခဲ့သည့် စက်တင်ဘာလက ဝန်းသိုမြို့ရှိ စာသင်ကြားသည့် ဘုန်းကြီးကျောင်းကိုလည်းကောင်း၊ ယခု မိန့်ခွန်း ပြောကြားစဉ် သိရှိရချက်အရ ယနေ့ညကပင် ကချင်ပြည်နယ်ရှိ လိုင်ဇာမြို့ကိုလည်းကောင်း ပစ်ခတ်ခဲ့ကြောင်း၊ မြန်မာပြည်သူများအပေါ် စစ်တပ်၏ လူမဆန်သည့် ရက်စက်ယုတ်မာသတ်ဖြတ်မှုများကို ရပ်တန့်ရန်အတွက် စစ်တပ်အပေါ် အပြည့်အဝလက်နက်ပိတ်ပင်ခြင်း တိုက်လေယာဉ်ဆီများ တင်ပို့မှုရပ်ဆိုင်းခြင်းကို ဆောင်ရွက်ပေးရန် အဆောတလျင် လိုအပ်ကြောင်းပြောကြားခဲ့


(နယူးယောက်မြို့၊ ၂ဝ၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်)


၁။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ ပထမကော်မတီ၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်တွင် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ ပါဝင်ပါသည်−


(က) ကမ္ဘာကြီးသည် လက်နက်အခြေခံ ခြိမ်းခြောက်မှုများအပါအဝင် အင်အားကြီး နိုင်ငံများအကြားရှိ ပိုမိုတင်းမာလျှက်ရှိသော ပထဝီနိုင်ငံရေး အခြေအနေများ ကိုပါ ကြုံတွေ့နေရကြောင်း၊ နိုင်ငံတကာဥပဒေချိုးဖောက်မှုများ၊ နျူကလီး ယား ခြိမ်းခြောက်မှုများနှင့် ဆိုက်ဘာလုံခြုံရေးပြဿနာများကိုလည်း ရင်ဆိုင်နေရကြောင်း၊ အင်အားကြီးနိုင်ငံများအကြား ယုံကြည်မှုလျှော့ကျလာ ခြင်းသည် ပထမကော်မတီအတွင်း နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုအပေါ် များစွာသက်ရောက်မှုရှိကြောင်း၊


(ခ) အင်အားပြင်း နျူကလီးယားလက်နက်များ တည်ရှိနေမှုသည် ရာသီဥတု ပြောင်းလဲမှုနှင့် စဉ်ဆက်မပြတ်ရေရှည်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်အတွက် ဆောင်ရွက်ချက်များအပေါ် အတားအဆီး အဟန့်အတား တစ်ခုဖြစ် နေကြောင်း၊


(ဂ) နိုင်ငံတကာလက်နက်ဖျက်သိမ်းရေး၊ နျူကလီးယားလက်နက်များ အလုံးစုံ ဖျက်သိမ်းရေးနှင့် လက်နက်မပြန့်ပွားရေး စသည့်အချက်များသည် နျူကလီးယားခြိမ်းခြောက်မှု ကင်းစင်၍ ပိုမိုလုံခြုံသော ကမ္ဘာကြီးတစ်ခု ဖန်းတီးတည်ဆောက်ရန် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် အဓိက အရေးပါသော ပန်းတိုင်များဖြစ်ကြောင်း၊


(ဃ) နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် အဖွဲ့ဝင်နိုင်ငံများ၏ လုပ်ဆောင်မှု များ ပြန်လည်သုံးသပ်ရေးဆိုင်ရာ (၉) ကြိမ်မြောက်နှင့် (၁ဝ) ကြိမ်မြောက် ညီလာခံများအတွင်း အဆိုမူကြမ်းများအပေါ် ဆွေးနွေးမှုများ၌ တူညီဆန္ဒမရ ရှိခဲ့ခြင်းများနှင့် ပတ်သက်၍ များစွာစိတ်ပျက်ရကြောင်း၊


(င) နျူကလီးယားလက်နက် စမ်းသပ်ပိတ်ပင်မှုဆိုင်ရာစာချုပ်သို့ မကြာသေးမီ အချိန်က အတည်ပြုပါဝင်လာသည့် နိုင်ငံများကို ကြိုဆိုပါကြောင်း၊ အတည်ပြုပါဝင်ခြင်း မပြုရသေးသည့် အထူးသဖြင့် နောက်ဆက်တွဲ (၂) ပါ နိုင်ငံ (၈) နိုင်ငံမှ ပါဝင်အတည်ပြုလက်မှတ် ရေးထိုးသွားကြရန် တိုက်တွန်း လိုပါကြောင်း၊


(စ) ကျင်းပရန်ရှိသည့် နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးဆိုင်ရာစာချုပ် အဖွဲ့ဝင်နိုင်ငံများ၏ ဒုတိယအကြိမ်မြောက်အစည်းအဝေးကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အဆိုပါစာချုပ်သို့ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သော်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဖြစ်ပေါ်ခဲ့သည့် စစ်တပ်၏ တရားမဝင် အာဏာသိမ်းမှုကြောင့် အဆိုပါစာချုပ်သို့ လက်ရှိအချိန်ထိ အတည်ပြု ပါဝင်ခြင်း မပြုနိုင်သေးကြောင်း၊


(ဆ) မြန်မာနိုင်ငံအနေဖြင့် “Nuclear Disarmament” ခေါင်းစဉ်ဖြင့် နှစ်စဉ် တင်သွင်းသည့် ဆုံးဖြတ်ချက်တစ်ရပ်ကို ယခုနှစ်တွင်လည်း ဆက်လက် တင်သွင်းသွားမည် ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများမှ ဆက်လက်ထောက်ခံ ပံ့ပိုးပေးကြပါရန် မေတ္တာရပ်ခံလိုပါကြောင်း၊


(ဇ) ဓာတုလက်နက်ပိတ်ပင်ရေးစာချုပ်နှင့်အညီ ဓာတုပစ္စည်း စုစုပေါင်း ၇၂,၃၀၄ မက်ထရစ်တန်ကို ကြေညာနိုင်ခဲ့ခြင်းနှင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်း၌ ကြေညာပြီး ဓာတုလက်နက်များအားလုံးကို အလုံးစုံဖျက်ဆီးနိုင်ခဲ့ခြင်းတို့မှာ ဓာတုလက်နက် တားမြစ်ပိတ်ပင်ရေးအဖွဲ့ (OPCW) ၏ ကြီးမားသော အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပင် ဓာတုလက်နက်များ၏ ခြိမ်းခြောက်မှုအန္တရာယ်မှာ ရှိနေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဓာတုလက်နက်အသုံးပြုမှုအလုံးစုံကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ အသုံးပြုသူများအား အရေးယူရန် လိုအပ်ကြောင်း၊


(ဈ) ဇီဝလက်နက်ပိတ်ပင်ရေးစာချုပ်နှင့်အညီ အတည်ပြုစစ်ဆေးရန် ယန္တရား တစ်ခု ပေါ်ပေါက်လာရေးအတွက် နှစ်ဆတိုး၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊


(ည) သမားရိုးကျလက်နက်များ၏ ခြိမ်းခြောက်မှုအန္တာရာယ်သည် အဖျက်စွမ်းအား ပြင်း လက်နက်များ၏ ခြိမ်းခြောက်မှုထက်ပို၍ ကြီးမားပြင်းထန်ကြောင်း၊ နေ့စဉ် သေကြေပျက်ဆီးမှုများနှင့် ဆက်စပ်နေကြောင်း၊ အဆိုပါလက်နက် များကို အသုံးပြု၍ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ပြစ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် ပြင်းထန်သောလူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ရန် စိတ်အားထက်သန်နေသည့် နိုင်ငံများ သို့မဟုတ် အစိုးရမဟုတ်သော အဖွဲ့အစည်း/ လူပုဂ္ဂိုလ်များထံသို့ အဆိုပါ လက်နက်များကို ရောင်းချခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းများကို ရှောင်ရှားရန် အဆောတလျင် အရေးကြီးကြောင်း၊

(ဋ) မြန်မာပြည်သူများသည် အဆိုပါလက်နက်များကို စွဲကိုင်အသုံးပြုနေသည့် စစ်တပ်၏ သားကောင်းများ ဖြစ်နေကြောင်း၊ တရားမဝင်အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်တပ်သည် တစ်ဘီလီယံဒေါ်လာကျော် တန်ဖိုးရှိသော လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို တင်သွင်း ဝယ်ယူခဲ့ကြောင်း၊ အမျိုးသမီးများနှင့် ကလေးများ အပါအဝင် ပြည်သူ ၄,ဝဝဝ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း၊ လူပေါင်း နှစ်သန်း ဝန်းကျင်မှာ နေရပ်စွန့်ခွာခဲ့ရကြောင်း၊ နေအိမ် စုစုပေါင်း ၇၅,ဝဝဝ ကျော်မှာ ဖျက်ဆီးမီးရှို့ခံခဲ့ရကြောင်း၊


(ဌ) Armed Conflict Location and Event Data Project (ACLED) ၏ အချက်အလက်များအရ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ်နေသော လေကြောင်းတိုက်ခိုက်မှုများမှာ တစ်လလျင် ပျမ်းမျှအားဖြင့် တိုက်ခိုက်မှု ၃ဝ ခန့် ရှိကြောင်း၊


(ဍ) စစ်တပ်သည် စာသင်ကျောင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုနေရာများ အပါအဝင် ပြည်သူများနေထိုင်ရာ နေရာဒေသများကိုပါ တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း၊ ၂ဝ၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ပဇီကြီးကျေးရွာအတွင်းသို့ စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု ကြောင့် မြန်မာပြည်သူ ၁၆ဝ ကျော် သေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာ ရခဲ့ကြောင်း၊


(ဎ) ၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် စစ်တပ်သည် လက်နက်ကြီးဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်အတွင်းရှိ စာသင်ကြားနေသော ဘုန်းကြီးကျောင်းအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကျောင်းသား ကျောင်းသူ ၁၈ ဦးခန့် ဒဏ်ရာရခဲ့ကြောင်း၊ ၎င်းတို့အနက် ၆ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြောင်း၊


(ဏ) မိမိယခု မိန့်ခွန်းပြောကြားနေသည့် အချိန်မှာ သိရှိရသည်မှာပင် ယနေ့ညပိုင်း ၌ စစ်တပ်သည် ကချင်ပြည်နယ်ရှိ လိုင်ဇာဒေသကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ကလေးသူငယ်များအပါအဝင် အရပ်သားများ သေကြေ ဒါဏ်ရာရရှိခဲ့ကြောင်း၊ အဆောက်အဦများလည်း ပျက်ဆီးခဲ့ကြောင်း၊


(တ) မြန်မာပြည်သူများ၏ ထိခိုက်ခံစားနာကျင်မှုများကို ဖော်ပြရန်စကားလုံးများ မရှိကြောင်း၊ ပြောရက်စရာမရှိအောင် ဆိုးရွားသော အဖြစ်အပျက်များ ဖြစ်ပါကြောင်း၊


(ထ) မြန်မာစစ်တပ်သို့ စစ်လက်နက်ပစ္စည်းများ လွှဲပြောင်းပေးပို့ပေးနေသည့် နိုင်ငံများ၏ အကူအညီဖြင့် မြန်မာစစ်တပ်သည် မြန်မာပြည်သူများအပေါ် သတ်ဖြတ်ရက်စက်မှု များကို ကျူးလွန်လျက်ရှိကြောင်း၊ မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပါသော် လည်း စစ်တပ်သည် စစ်လေယာဉ်များ၊ စစ်လက်နက်ပစ္စည်းများ၊ ဆက်စပ်နည်းပညာများကို လက်ခံရရှိနေဆဲဖြစ်ကြောင်း၊


(ဒ) စစ်တပ်၏ အသေးစားနျူးကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် မျက်ခြေ မပြတ် စောင့်ကြည့်ပေးရန် တိုက်တွန်းပြောကြားလိုကြောင်း၊ နျူကလီးယား စွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုခြင်း ကဏ္ဍအတွက် မြန်မာစစ်တပ်အနေဖြင့် ကောင်းမွန်စွာ ဆောင်ရွက်နိုင်စွမ်း မရှိခဲ့ဖူးကြောင်း၊ ရှိမည်မဟုတ်ကြောင်းကို ပြည်သူများအပေါ် ၎င်းတို့၏ လူမဆန်သော၊ ညှာတာမှုမရှိသော အပြုအမူ များမှ သက်သေပြုလျက်ရှိပါကြောင်း၊


(ဓ) မြန်မာပြည်သူများအပေါ် စစ်တပ်၏ လူမဆန်သည့် ရက်စက်ယုတ်မာ သတ်ဖြတ်မှုများကို ရပ်တန့်ရန်အတွက် စစ်တပ်အပေါ် အပြည့်အဝလက်နက် ပိတ်ပင်ခြင်းနှင့် တိုက်လေယာဉ်ဆီများ တင်သွင်းမှုရပ်ဆိုင်းခြင်းကို ဆောင်ရွက်ပေးရန် အဆောတလျင် လိုအပ်ကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် လုံခြုံရေး ကောင်စီအား တိုက်တွန်းပါကြောင်း။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး၊ နယူးယောက်မြို့။


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations

at the General Debate of the First Committee of the

78th Session of the General Assembly


(New York, 9 October 2023)


Mr. Chair,


At the outset, please allow me to congratulate you and all other members of the bureau on your election and assure you of our delegation’s full support and cooperation.


Myanmar associates itself with ASEAN and NAM statements, respectively.


Mr. Chair,


Much like the recent years, 2023 is another challenging year. Despite bravely survived the pandemic, the world is struggling with various security threats, ranging from the weapons-based threats to heightened geopolitical tensions among major powers.


In this rapidly changing international environment, we have to gather here every year to register our concerns over lack of progress in disarmament and non-proliferation matters. This year makes it no different. Flagrant violations of international laws are on the rise. Nuclear threats are being amplified. Menace of cyber security vulnerabilities is growing. Trust among major powers has plummeted, destabilizing our collective efforts to realize the goals of this committee.


Mr. Chair,


The very first resolution adopted by the UN General Assembly called for the elimination of atomic weapons. The irony is that, more than seven decades later, those atomic weapons envisioned in that resolution have indeed been almost eliminated from national armaments, only to be replaced by more powerful thermonuclear variants. There is nothing in the current international security environment to indicate that such weapons would be eliminated. In fact, nuclear-weapon states are moving away from nuclear disarmament. The existence of these nuclear weapons is a threat to the measures we are taking to find sustainable solutions to address climate change and fulfill SDGs, since their detonations would bring untold environment and humanitarian disasters.


Importantly, Global disarmament, total elimination of nuclear weapons and non-proliferation mechanisms always stands as the key goals, which we need to achieve and advance, for the sake of creating a safer world, free from nuclear threats.


Therefore, our approach to preserving international peace and security must be guided by the total elimination of nuclear weapons and their non-proliferation. Myanmar is of the view that the NPT continues to be the indispensable backbone and still offers benefits as the cornerstone for nuclear disarmament, non-proliferation and peaceful application of nuclear energy. We reiterate our disappointments over the failure of the ninth and tenth Review Conferences of the NPT to reach consensus for the final outcome documents.


While welcoming the newly joined state parties, we call upon all states that have not ratified the CTBT, especially the remaining eight Annex II states to ratify the CTBT for its entry-into-force.


Myanmar believes that TPNW is contributing to strengthening norms against nuclear weapons. We welcome its upcoming Second Meeting of the State Parties.


Despite being a signatory to this treaty, Myanmar is still not able to ratify it due to the illegitimate military junta that staged an illegal military coup against the democratically elected government in February 2021.


Mr. Chair,


As an ASEAN member, Myanmar reaffirms our commitment to preserve ASEAN region as a nuclear-weapon-free zone through full implementations of the Bangkok Treaty. We support any efforts that can further strengthen existing nuclear-weapon-free zones or establish such zones in other regions, including the Middle East. However, they should never be a substitute mechanism for the total elimination of nuclear weapons.


As in previous year, Myanmar will present to this committee its annual resolution titled “Nuclear Disarmament”. We request all member states for their continued support in this regard.


Mr. Chair,


According to the OPCW, 72,304 metric tons of chemical agents were declared under the Chemical Weapons Convention, and last July saw the complete destruction of all declared chemical weapons stockpiles. This is a very significant and hard-won achievement for the OPCW that we all should be proud of. At the same time, chemical weapons threats still exist. We strongly condemn any use of chemical weapons and the users must be held accountable.


We also need to redouble our work towards pushing for a verification mechanism under the Biological Weapons Convention.


It is also imperative to ensure that rapidly advancing artificial intelligence technology does not serve the purpose of destabilizing international peace and security. As such, we welcome the High-Level Advisory Body on Artificial Intelligence appointed by the UN Secretary-General.


Mr. Chair,


On the other hand, we must not overlook that conventional weapons present much more profound challenges than WMDs. WMDs present potential world-ending-level threats with irreversible consequences. But daily destructions to lives and properties can easily be attributed to conventional weapons.


It is urgently required to ensure that such weapons are not transferred or sold to state or non-state actors who are willing to employ these weapons to perpetrate genocide, crimes against humanity, war crimes and serious violations of human rights.


This is especially true back in my country. The people of Myanmar are victims of these weapons wielded by the military junta. Since the illegal coup, the military junta has imported more than one billion dollar worth of arms and raw materials for its scorched-earth policy that has murdered over 4,000 civilians including women and children, forcibly displaced around two millions and destroyed or burnt down over 75,000 homes.


It has also increased the use of antipersonnel landmines and cluster munitions. Armed Conflict Location and Event Data Project (ACLED) has documented an average of 30 airstrikes per month in Myanmar from January to June of this year.


The military junta continues its indiscriminate attacks on civilian areas including schools and healthcare facilities. On 11 April 2023, over 160 civilians died and many more injured when the military conducted an air raid in Pazigyi village of Sagaing Region. Most recently on 27 September 2023, the military junta attacked with heavy artillery on a monastic school in WunTho in Sagaing Region, injuring 18 students, with 6 of them suffering severe wounds. As I am speaking, just learnt that the military junta was attacking with heavy artillery on Laiza in Kachin State, killing and injuring civilians including children and destroying private properties.


No word can adequately convey the suffering endured by the people of Myanmar. It is an unspeakable tragedy.


Mr. Chair,


It is well established that the military’s atrocities against people of Myanmar have been assisted by arms transfers from certain countries to the military junta. Since the coup, despite the repeated appeals from the people of Myanmar and the international community, the military junta has received not only sizeable numbers of fighter jets and munitions, but also parts, equipment and associated technologies to scale up production capacities of its defense industries, with lethal consequences. Myanmar people know the said certain countries too well.


Furthermore, I wish to stress that it is important to keep a close eye on the inhumane military junta for its ambition of establishing a nuclear power plant. The inhumane and inconsiderate actions of the military junta against the people and the country have attested to that the military junta has never been and will never be a good partner in using nuclear energy for peaceful purpose.


In conclusion Mr. Chair, Comprehensive arms embargoes and imposition of sanctions on jet fuel against the military junta are urgently needed to help stop the junta’s brutalities against the people of Myanmar. I once again urge the UN member states and the Security Council to work towards meeting this end.


I thank you.



*****











bottom of page