top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at First Regular Session 2024 of Executive Board of UNDP/UNFPA/UNOPS; UNFPA Segment





Statement by Ambassador Kyaw Moe Tun, Permanent Representative of the  Republic of the Union of Myanmar to the United Nations, at the First Regular Session 2024 of the Executive Board of UNDP/UNFPA/UNOPS; UNFPA Segment, held on 1 February 2024


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


Executive Board of UNDP, UNFPA and UNOPS ၏ ပထမအကြိမ်ပုံမှန်အစည်းအဝေး (၂၀၂၄ ခုနှစ်) ၌ ပြုလုပ်သည့် UNFPA Segment တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က မြန်မာနိုင်ငံအရေးသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်းစာနာထောက်ထားမှု ပြဿနာများမျှသာ မဟုတ်ဘဲ နိုင်ငံရေးပြဿနာဖြစ်၊ ထို့ကြောင့် မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းရာတွင် အလုံးစုံခြုံငုံသည့် ချဉ်းကပ်မှုပုံစံဖြင့် မဖြစ်မနေဖြေရှင်းရမည်ဟု ထောက်ပြခဲ့


(နယူးယောက်မြို့၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)


၁။       နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ၂၀၂၄ ခုနှစ်အတွက် UNDP, UNFPA and UNOPS Executive Board ၏ ပထမအကြိမ်ပုံမှန်အစည်းအဝေး (First Regular Session 2024 of the Executive Board of UNDP/UNFPA/UNOPS) ကို ၂၉-၁-၂၀၂၄ ရက်နေ့မှစတင်၍ ၂-၂-၂၀၂၄ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ရာ အမှုဆောင်ဘုတ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ ကိုယ်စားလှယ် အဖွဲ့လည်း တက်ရောက်ခဲ့ပါသည်။ UNFPA Segment ကို ၁-၂-၂၀၂၄ ရက် (ကြာသပတေးနေ့)၊ နံနက် (၁၀၀၀) နာရီတွင် ကျင်းပခဲ့ရာ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းတွင် အောက်ဖော်ပြပါအဓိကအချက်များ ပါဝင်ပါသည်-


(က)    မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နှင့်တစ်ဝန်းတွင် ပဋိပက္ခများနှင့် တင်းမာမှုများ အရှိန်အဟုန် ဖြင့် ဖြစ်ပေါ်နေသည့်ကြားမှ UNFPA ၏ လုပ်ဆောင်ချက်များကို ထင်ဟပ်သည့် မိန့်ခွန်း အား ပြောကြားခဲ့သော အလုပ်အမှုဆောင်ညွှန်ကြားရေးမှူး Dr. Natalia Kanem အား ကျေးဇူးတင်ရှိပါကြောင်း၊


(ခ)     ထို့အတူ အာရှ-ပစိဖိတ်ဒေသတွင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနှင့် အခြားသော စိုးရိမ်ရသည့် ပြဿနာများနှင့် ထိရှလွယ်သောအုပ်စုများ၊ အထူးသဖြင့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေများကို ရှင်းလင်းပြောကြား ပေးခဲ့သည့် Regional Director Mr. Pio Smith ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊


(ဂ)     ယနေ့သည် မြန်မာနိုင်ငံ၌ စစ်တပ်မှ မတရားစစ်အာဏာသိမ်းမှု (၃) နှစ်ပြည့်ဖြစ်ကြောင်း၊ လူမဆန်သောစစ်တပ်သည် မတရားစစ်အာဏာသိမ်းမှု တလျှောက်တွင်လည်း အပြည်ပြည်ဆိုင်ရာဥပဒေနှင့် လူ့အခွင့်အရေးဥပဒေတို့ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် စုပေါင်းပြစ်ဒဏ်ပေးမှုများကို ရက်စက်ကြမ်းကြုတ်စွာ ကျူးလွန်ခဲ့ကြောင်း၊ ၎င်းတို့ ကျူးလွန်သည့် ပြစ်မှုများမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ပြစ်မှုများနှင့် စစ်ရာဇဝတ်မှုများမြောက်ကြောင်း၊


(ဃ)    စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ၏ အကျိုးဆက်ကြောင့် ဒုက္ခခံစားရသည်မှာ အပြစ်မဲ့အရပ်သားပြည်သူများပင်ဖြစ်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံလူဦးရေတွင် အများဆုံးပါဝင်သော အမျိုးသမီးများနှင့် မိန်းကလေးငယ်များမှာ အချိုးမညီမျှစွာ ထိခိုက်နစ်နာလျက်ရှိကြောင်း၊ ၎င်းတို့သည် ဖမ်းဆီးမှုများ၊ ထိခိုက်နာကျင်မှုများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ အချို့မှာ စစ်သားများ၏ အဓမ္မပြုကျင့်မှုများကိုပင် ခံကြရခြင်းနှင့် ပဋိပက္ခနှင့် ဆက်နွယ်သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် အတင်းအကျပ် နေရပ်စွန့်ခွာစေမှုများ အပါအဝင် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများနှင့် မလုံခြုံမှုများကြောင့် အလွန်အမင်း ထိရှလွယ်ပါကြောင်း၊


(င)      မြန်မာပြည်သူများအနေဖြင့် မည်သို့ပင် ကြံ့ကြံ့ခံရပ်တည်နိုင်စေကာမူ ၎င်းတို့ ရင်ဆိုင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများနှင့် ဒုက္ခများ၊ လူသားချင်းစာနာမှု အကူအညီလိုအပ်မှုများ မှာ များမြောင်သည်ဟု မိမိအနေဖြင့် ထပ်လောင်းပြောကြားလိုပါကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးတကြီးလိုအပ်နေသူ (၁၈.၆) သန်းကျော်အထိ မြင့်တက်လာခဲ့ပြီဖြစ်ပြီး လူဦးရေ၏ထက်ဝက်မှာ ဆင်းရဲမွဲတေမှု ကို ရင်ဆိုင်နေရကြောင်း၊


(စ)     မြန်မာနိုင်ငံအရေးသည် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်းစာနာထောက်ထားမှု ပြဿနာများမျှသာမဟုတ်ဘဲ နိုင်ငံရေးပြဿနာဖြစ်သည်မှာ ရှင်းလင်းမြင်သာပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းရာတွင် အလုံးစုံခြုံငုံသည့် ချဉ်းကပ်မှုပုံစံဖြင့် မဖြစ်မနေဖြေရှင်းရမည် ဖြစ်ကြောင်း၊


(ဆ)    သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ပျောက်ကွယ်စေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်ရန် နိုင်ငံတကာအသိုက်အဝန်း၊ အထူး အားဖြင့် ကုလသမဂ္ဂ၊ ကုလသမဂ္ဂ၏ ပင်မအဖွဲ့အစည်းများနှင့် လက်အောက်ခံ အေဂျင်စီ များအနေဖြင့် စုပေါင်းအင်အားများကို အကျိုးရှိရှိအသုံးချကာ ပါဝင်အားဖြည့်ပေးကြရန် တောင်းဆိုလိုပါကြောင်း၊


(ဇ)      မြန်မာနိုင်ငံတွင် အမှန်တကယ် အကူအညီလိုအပ်နေသူများ၏ အကျိုးစီးပွားအား ဖြည့်တင်းပေးနိုင်ရန် UNFPA နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။


၃။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။

 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့


Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the First Regular Session 2024 of the Executive Board of UNDP/UNFPA/UNOPS;

UNFPA Segment


(New York, 1 February 2024)


Mr. President,

         

I would like to extend my warmest congratulations to you and the members of Bureau for your elections. I also wish to express my gratitude to Madam Executive Director of the UNFPA Dr. Natalia Kanem for her insightful remarks, reflecting numerous works taken up by the agency, particularly during these challenging times with rising conflicts and tensions around the globe, including my own country, Myanmar.


I would also like to thank the Regional Director for the Asia-Pacific for providing update information on the region, together with the alarming issues of GBV and many other critical problems faced by vulnerable groups in Myanmar, particularly women and girls.


Mr. President,

         

In Myanmar, sadly, today marks the third year of the illegal military coup attempt in Myanmar. Throughout the coup years, the military junta had only infringed international law and international human rights law in a blatant manner. It had also committed numerous human rights violations and collective punishment against innocent civilians barbarically and systematically, and thus their crimes are already amounting to crimes against humanity and war crimes.

         

As a result of their atrocities, innocent civilians are the ones who eventually suffer the most. Particularly women and girls, which encompass majority of the population in Myanmar, have been disproportionately impacted. They have been extremely vulnerable to physical harm and insecurity, including arrests, injury, and widespread gender-based violence and conflict-related sexual violence, even some were raped by the junta troops, and force displacement. Providing adequate protection has not been possible under this circumstance. Women human rights defenders have been facing security risks and threats. At the same rate, threats posed by the scourge of transnational organized crimes including human and drugs trafficking from Myanmar to the region and beyond has been shockingly alarming.

         

Therefore, I wish to stress that the unfolding challenges and sufferings as well as humanitarian crisis faced by the people in Myanmar are unbearable, regardless of our people’s outstanding resilience. Currently, more than 18.6 million people are urgently in need of humanitarian assistance and almost half the population are living under the national poverty line.


Clearly Myanmar’s issue is not merely a development nor a humanitarian issue, but rather political. The issue must be addressed through a wholistic approach.


I therefore would like to appeal to the international community, particularly the UN and its principal organs and agencies to leverage consolidated efforts in helping Myanmar achieving its ambition towards a federal democratic union.


I would like to conclude by expressing appreciation to the UNFPA and its team for the hard work throughout these difficult times and anticipate further extensive cooperation that would truly benefit those who are in need in Myanmar.


I Thank you.


 

*****






bottom of page