top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at 1st Part of Fifth UN Conference on Least Developed Countries




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations at the first part of the Fifth United Nations Conference on the Least Developed Countries, held on 17 March 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံ ပထမပိုင်း၌ မြန်မာနိုင်ငံသည် အရပ်သားအစိုးရလက်ထက်တွင် ဖွံ့ဖြိုးအနည်းဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်ရေးဆိုင်ရာ စံနှုန်းသုံးခုစလုံးနှင့် ပထမဦးဆုံးအကြိမ် ပြည့်မီခဲ့သော်လည်း စစ်အာဏာသိမ်းမှုသည် အရပ်သားအစိုးရ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများကို ရပ်တန့်စေခဲ့ရာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီပြန်လည်ထူထောင်ရေးနှင့် မြန်မာနိုင်ငံတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်ရေး ကြိုးပမ်းရာတွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကူညီဆောင်ရွက်ပေးကြရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် မေတ္တာရပ်ခံ


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်)


၁။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၁၇-၃-၂၀၂၂ ရက်နေ့တွင် ပြုလုပ်သော ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံ ပထမပိုင်းသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။


၂။ မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအဓိကအချက်များ ပါဝင်ပါသည်-


(က) ဤ ပဉ္စမအကြိမ် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ကုလသမဂ္ဂညီလာခံအောင်မြင်စွာ ကျင်းပနိုင် ရေးညီလာခံ သဘာပတိ၊ ကာတာနိုင်ငံနှင့် ကုလသမဂ္ဂအဖွဲ့တို့ကို ကျေးဇူးတင်ရှိပါကြောင်း၊ ထို့ပြင် ကာတာ နိုင်ငံအနေဖြင့် ညီလာခံ၏ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခြင်းကိုလည်း ချီးကျူးပါကြောင်း၊


(ခ) ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ Doha Programme of Action အတည်ပြုခြင်းကို မြန်မာ နိုင်ငံက လက်ခံကြိုဆိုပါကြောင်း၊ ယင်းနှင့်ပတ်သက်၍ ညီလာခံအကြိုကော်မတီ၏ ပူးတွဲသဘာပတိများ ဖြစ်သည့် ဘင်္ဂလားဒေ့ရှ် အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး Ms. Rabab Fatima နှင့် ကနေဒါနိုင်ငံ သံအမတ်ကြီး Mr. Bob Rae တို့အား ၎င်းတို့ ဦးဆောင်မှုအတွက် လည်းကောင်း၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး အထူးသဖြင့် UN-OHRLS တို့အား ၎င်းတို့၏ ပံ့ပိုးကူညီမှုတို့အတွက် ချီးကျူး ဂုဏ်ပြုလိုပါကြောင်း၊


() ကုလသမဂ္ဂစီးပွားရေးနှင့် လူမှုရေးကောင်စီ (ECOSOC) ၏ ဖွံ့ဖြိုးတိုးတက်ရေး မူဝါဒကော်မတီ (CDP) မှ ထုတ်ပြန်ထားသော ၂၀၁၈ ခုနှစ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးအနည်းဆုံးနိုင်ငံအဆင့်မှ လွတ်မြောက်ရေးဆိုင်ရာ စံနှုန်းသုံးခုစလုံးနှင့် ပထမဦးဆုံးအကြိမ် ပြည့်မီခဲ့ပါကြောင်း၊ ဤသည်မှာ ၁၉၈၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများစာရင်းဝင် ဖြစ်သွားခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာ့စီးပွားရေးအပေါ် COVID-19 ကပ်ရောဂါ၏ ဆိုးရွားသော သက်ရောက်မှုများရှိနေသော်လည်း ရွေးကောက်ခံပြည်သူ့အစိုးရသည် သင့်လျော်သော လူမှုစီးပွား ကယ်ဆယ်ရေးမူဝါဒများဖြင့် လူသားများ၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရင်း စီးပွားရေးတိုးတက်မှု ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်တပ်မတရားအာဏာသိမ်းမှု မတိုင်မီအထိ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံစာရင်းမှ လွတ်မြောက်ရန် အရည်အချင်းပြည့်မီနိုင်သည့် လမ်းကြောင်းမှန်ပေါ် ရှိနေခဲ့ပါကြောင်း၊


(ဃ) ဤတရားမ၀င် စစ်အာဏာသိမ်းမှုသည် အရပ်သားအစိုးရ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများကို ရပ်တန့်စေခဲ့ပြီး မိမိတို့မြန်မာနိုင်ငံတွင် မတည်ငြိမ်မှုများနှင့် ကြေကွဲဖွယ်ရာ အခြေအနေများကို ဖန်တီးခဲ့ပါကြောင်း၊


(င) UNDP ၏ အချက်အလက်များအရ ၂၀၂၂ ခုနှစ် အစောပိုင်းတွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးခန့်ဖြစ်သော လူဦးရေ ၂၅ သန်းအထိသည် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်၌ နေထိုင်နေရသည့် အခြေအနေရှိလာနိုင်သည်ဟု ခန့်မှန်းထားသည်ကို ဝမ်းနည်းဖွယ် သိရှိရပါကြောင်း၊ ကိုရိုနာဗိုင်းရပ်၏ ဆိုးကျိုးသက်ရောက်မှုနှင့် အာဏာသိမ်းမှုဖြစ်စဉ်တို့မှ ပေါ်ပေါက်လာသော နိုင်ငံရေးမတည်ငြိမ်များကြောင့် မြန်မာ့စီးပွားရေးသည် ၁၈ ရာခိုင်နှုန်းခန့် ကျဆင်းမည်ဟု World Bank ကလည်း ခန့်မှန်းပြောကြား ထားပါကြောင်း၊


(စ) စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများ ကြောင့် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာဒုက္ခများကို မြန်မာနိုင်ငံသားများ ကြုံတွေ့နေကြရပါကြောင်း၊ စစ်အာဏာသိမ်းပြီးကတည်းက စစ်တပ်မှ လူပေါင်း ၁၆၇၉ ဦး ကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး၊ အရေအတွက်သောင်းနှင့်ချီ ပြည်သူများ မတရားဖမ်းဆီးခံခဲ့ရပါကြောင်း၊ လူအချို့မှာ သေသည်အထိ နှိပ်စက်ညှဉ်းပန်းခြင်းခံခဲ့ရပါကြောင်း၊


(ဆ) မြန်မာပြည်သူများသည် စီးပွားရေးချွတ်ခြုံကျမှု၊ အလွန်အမင်းဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံ လောက်မှု၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရခြင်း၊ လူသားချင်းစာနာထောက်ထားမှုကပ် အစရှိသည့် စိန်ခေါ်မှု ပေါင်းစုံကို ကြုံတွေ့နေရပါကြောင်း၊


(ဇ) မည်သို့ပင်ဖြစ်စေ မြန်မာပြည်သူပြည်သားများသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နှစ်ဆကြိုးပမ်းဆောင်ရွက်ရန် ပြတ်သား သော စိတ်ဓာတ်၊ ဇွဲ လုံ့လ ဝီရိယများ ရှိကြပါကြောင်း၊


(ဈ) တစ်ချိန်တည်းမှာပဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးနှင့် မြန်မာနိုင်ငံတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများဖော်ဆောင်ရေး ကြိုးပမ်းရာတွင် နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ကူညီဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါကြောင်း၊


(ည) ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများ အတွက် ယခုအတည်ပြုချမှတ်ခဲ့သော Doha Program of Action ကို ထောက်ခံပါကြောင်း၊ ယင်းအစီအစဉ်ကို အချိန်နှင့်တပြေးညီ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ပါကြောင်း၊


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲဖော်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ မတ်လ ၁၇ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့။




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations at the first part of the Fifth United Nations Conference on the Least Developed Countries


(New York, 17 March 2022)


Mdm President,


At the outset, my delegation wishes to thank you, Madam President, the State of Qatar and the United Nations for organizing the Fifth United Nations Conference on the Least Developed Countries.


We congratulate the State of Qatar for assuming the Presidency of this Conference.


Myanmar aligns itself with the statements delivered on behalf of Group of 77 and China and LDC respectively.


Myanmar welcomes the adoption of the Doha Programme of Action for the Least Developed Countries. In this regard, I wish to commend the co-chairs of the Prepartory Committee for the Conference, Ambassador Rabab Fatima of Bangladesh and Ambassador Bob Rae of Canada for their leadership and the UN Secretariat in particular UN-OHRLLS for their contribution.


Mdm President,


According to the 2018 report of the Committee for Development Policy (CDP) of the United Nations Economic and Social Council (ECOSOC), Myanmar met all three criteria for the first time to graduate from the Least Developed Country (LDC) status since it was listed as a LDC in 1987. Despite the devastating effects of the COVID-19 pandemic on Myanmar's economy in 2020, the elected government had been able to maintain its growth while protecting human lives with the appropriate socio-economic relief policies. Therefore, Myanmar was on the right track to qualify for graduation from the list of least developed countries prior to the military coup in February 2021.


This illegal military coup halted the civilian government's democratic transition efforts and created a turmoil and heartbreaking situation in our country, Myanmar.


UNDP estimates that sadly by early 2022, up to 25 million people, almost half of Myanmar's population, will be living below the national poverty line. The World Bank has expected Myanmar's economy will shrink by about 18 percent due to the effects of the Coronavirus and the political instability resulting from the coup.


The people of Myanmar have been facing horrific suffering resulted from the atrocities and crimes against humanity committed by the military. Since the military coup, over 1679 people were brutally killed and ten of thousands were arrested. Some became victims of toture to death. Our people are encountering multiple challenges such as sharp rise in economic inequality, extreme poverty, food insecurity, internally displacement, humanitarian crisis, etc.


Nevertheless, the people of Myanmar are resolute and perserverance to end the military dictatorship and to restore democracy in Myanmar as well as to double efforts for development of our country. At the same time, on behalf of the people of Myanmar, I wish to appeal the international community to do more for helping us in our efforts for ending the military dictatorship and restoring democracy and making all-round developments in Myanmar.


Mdm President,


As a LDC, Myanmar supports the just adopted Doha Programme of Action for the Least Developed Countries and looks forward to the effective implementation of the Programme in a timely manner.


I thank you.


*****









bottom of page