top of page
Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at Debate on Coordination of Humanitarian Assistance at UNGA






Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, under Agenda Item 72: Strengthening of the coordination of humanitarian and disaster relief assistance of the United Nations, including special economic assistance at the Plenary Meeting of the 78th session of the UN General Assembly, held on 8 December 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂ၏ စီးပွားရေးအထူးအကူအညီပေးမှုများအပါအဝင် ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုနှင့် သဘောဝဘေးအန္တရာယ် ကယ်ဆယ်ရေးအကူအညီများပေးရေး ညှိနှိုင်းဆောင်ရွက်မှု အားကောင်းစေရေးဆိုင်ရာဆွေးနွေးမှုအစည်းအဝေး ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရာတွင် ဒေသခံအဖွဲ့အစည်းများလမ်းကြောင်းများမှ လည်းကောင်း၊ နယ်စပ်ဖြတ်ကျော်ပေးမှုများမှ တစ်ဆင့်လည်းကောင်း ပေးအပ်ခြင်းသည် ပဋိပက္ခဖြစ်ပွားရာဒေသများရှိ လိုအပ်နေသူများ ထံရောက်ရှိရန် အကောင်းဆုံးနည်းလမ်းဖြစ်၊ မြန်မာနိုင်ငံသည် အကောင်းဆုံးဥပမာတစ်ခုဖြစ်၊ မြေပြင်တွင် ဆောင်ရွက်နေသူများကို သက်ဆိုင်ရာဒေသလူ့အဖွဲ့အစည်းက ယုံကြည်မှု၊ လက်ခံမှုရှိ၊ မြေပြင်တွင်ဆောင်ရွက်နေသည့် တိုင်းရင်းသားစေတနာ့ဝန်ထမ်းများအပါအဝင် လူသားချင်းစာနာမှု အကူအညီပေးရေးဆောင်ရွက်သူ စေတနာဝန်ထမ်းများကို ၎င်းတို့၏ ကြိုးစားမှု၊ ဖန်းတီးဆောင်ရွက်မှု၊ စွန့်လွှတ်အနစ်နာခံမှုတို့အတွက် ချီးကျူးဂုဏ်ယူကြောင်း ပြောကြားခဲ့ 


(နယူးယောက်မြို့၊ ၂ဝ၂၃ ခုနှစ် ဒီဇင်ဘာလ ၈ ရက်)


၁။       နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေး၌ ဘာသာရပ်အစီအစဉ်  ၇၂ အောက်ရှိ စီးပွားရေး အထူးအကူအညီပေးမှုများ အပါအဝင် ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုနှင့် သဘောဝဘေးအန္တရာယ် ကယ်ဆယ်ရေး အကူအညီ များပေးရေး ညှိနှိုင်းဆောင်ရွက်မှု အားကောင်းစေရေးဆိုင်ရာဆွေးနွေးမှုကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်း က မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့ပါသည်။


၂။       သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ မိန့်ခွန်းတွင် အောက်ဖော်ပြပါအချက်များ အဓိကပါဝင်ပါသည်−


(က)     ကမ္ဘာ့တစ်ဝှမ်းတွင် နိုင်ငံများအကြားနိုင်ငံရေးတင်းမာမှုများနှင့် ပဋိပက္ခများတိုးမြှင့် လာခြင်း၊ စစ်တပ်အာဏာသိမ်းခြင်းနှင့် အကြမ်ဖက်မှုများကြောင့် ကမ္ဘာ့လုံခြုံရေးနှင့် နိုင်ငံရေးအခြေအနေသည် ထိရှလွယ်သည့်အနေအထားတွင်ရှိကြောင်း၊ တစ်ချိန်တည်း တွင် ရာသီဥတုဖောက်ပြန်မှုနှင့် ကူးစက်ရောဂါများ၏ အကျိုးဆက်သည်လည်း ကမ္ဘာ တစ်ဝှမ်းလုံးကို တုန်လှုပ်စေခဲ့ကြောင်း၊ သဘာဝနှင့် လူတို့ဖန်တီးသည့် ဘေးအန္တရာယ် များကြောင့် လူပေါင်းသန်းနှင့်ချီ၍ နေရပ်စွန့်ခွာမှု ဖြစ်ပေါ်စေပြီး၊ ၂၀၂၂ ခုနှစ် အတွင်း လူပေါင်း (၂၇၄) သန်းမှ (၃၄၈) သန်း အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်လျက်ရှိကြောင်း၊


(ခ)       လူသားချင်းစာနာထောက်ထား အကူအညီပေးမှုလုပ်ငန်းများ ပိုမိုလိုအပ်လာမှုသည် အရင်းအမြစ်အသုံးချမှုများ ရေရှည်ဆောင်ရွင်နိုင်မှု၏ အရေးပါမှုနှင့် အဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်သည့် အဖွဲ့အစည်းများအကြား အားကောင်းသည့် ပူးပေါင်းဆောင်ရွက်မှုရှိရေးကို ထောက်ပြလျက်ရှိကြောင်း၊ ယင်းနှင့် ပတ်သက်၍ မြေပြင်တွင် ဆောင်ရွက်နေသူများ အကြား မိတ်ဖက်ဆောင်ရွက်နိုင်မှုကို အားပေးသည့် ကြိုတင်သတိပေးနိုင်မှု လုပ်ငန်းစဉ် များ အကောင်အထည်ဖော်မှု၊ အရေးပေါ်တုန့်ပြန်မှု အစီအစဉ်များ၊ ဗဟိုအရေးပေါ် တုန့်ပြန့်ရေးရန်ပုံငွေတို့အား အသုံးချအကောင်အထည်ဖော်နိုင်မှုတို့နှင့် ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်၏ အကြံပြုချက်များကို ထောက်ခံပြောကြားလိုပါကြောင်း၊


(ဂ)       အကူအညီပေးအပ်မှု တိုးမြှင့်ရေးညှိနှိုင်းဆောင်ရွက်မှုများ အားကောင်းလာစေရေးနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှုများအပေါ် အာရုံစိုက်ဆောင်ရွက်နေသကဲ့သို့၊ သဘာဝနှင့် လူသားတို့ ဖန်တီးသည့် ဘေးအန္တရာယ်များအပေါ် ကိုင်တွယ်ဖြေရှင်းရန်ကို မေ့ထား၍ မရပါကြောင်း၊ မြန်မာနိုင်ငံတွင် စစ်တပ်မှ တရားမဝင်အာဏာသိမ်းမှု၊ စစ်တပ်၏ ပြည်သူများအပေါ် လွန်စွာရက်စက်ကြမ်းကြုတ်မှု၊ ဖြတ် (၄) ဖြတ်ဗျူဟာကိုချမှတ် အကောင်အထည်ဖော်မှုတို့က များစွာသောပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရ ကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး ၎င်းတို့အား လက်ခံကူညီပေးသည့် အိမ်နီးချင်းနိုင်ငံများ အား ကျေးဇူးတင်ကြောင်း၊ ပြည်သူ (၂) သန်းကျော်မှာ နေရပ်စွန့်ခွာထွက်ပြေးနေရပြီး၊ (၁၅) သန်းမှာ စားနပ်ရိက္ခာမလုံလောက်မှုကို ရင်ဆိုင်နေရကြောင်း၊ မတရား စစ်တပ်အာဏာမသိမ်းမီက လူပေါင်း (၁) သန်းခန့် သာ လူသားချင်းစာနာမှု အကူအညီ ပေးမှု လိုအပ်ခဲ့သော်လည်း ယခုအခါ လူပေါင်း (၁၈) သန်း ကျော် သည် လူသားချင်း စာနာမှုထောက်မှုအကူအညီများ လိုအပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအတွက် လူသား ချင်းစာနာထောက်ထားမှု အကူအညီပေးရေးအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ (၈၈၇) သန်း လိုအပ်မှုရှိကြောင်း ကုလသမဂ္ဂအနေဖြင့် လျာထား ထားသော်လည်း ရန်ပုံငွေရရှိမှုမှာ အလွန်အမင်းနည်းပါကြောင်း၊ ထို့ကြောင့် အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာ အလှူရှင်များအား ရန်ပုံငွေတိုးမြှင့်ထည့်ဝင်ကြရန် တိုက်တွန်းကြောင်း၊


(ဃ)     မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်မှု ထိရောက်မှု ရှိရေးအတွက် လူသားချင်းစာနာမှုအကူအညီပေးအပ်မှု နည်းလမ်းပုံစံကို လည်း အလားတူအလေးဂရုပြုရန် လိုကြောင်း၊  ထို့ကြောင့် အောက်ပါအချက်များအား မီးမောင်းထိုးပြလိုကြောင်း၊


  • ပထမအချက်မှာ အကူအညီပေးအပ်နိုင်ရေးဖြစ်ကြောင်း၊ အလိုအပ်ဆုံးနှင့် အခက်ခဲဆုံးသော ဒေသများသို့ အကူအညီများပေးအပ်ရာတွင် အတားအဆီးမရှိ အပြည့်အဝဝင်ရောက်ခွင့်ပြုရေး၊ စစ်တပ်မှ အကူအညီလိုအပ်သူများထံ ဝင်ရောက်ခွင့် နှောင့်နှေးစေရန်နှင့် သွားလာမှုကန့်သတ်ချက်တို့ကိုလုပ်ဆောင်နေ ကြောင်း၊

  • ဒုတိယအချက်မှာ ယုံကြည်မှု နှင့် ပြည်သူလက်ခံမှု ဖြစ်ကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးအပ်ရေး ၏ အခြေခံအုတ်မြစ်မှာ ယုံကြည်မှုနှင့် ပြည်သူလက်ခံမှုဖြစ်ကြောင်း၊ စစ်တပ်သည် တရားဝင်မှုလုံးဝကင်းမဲ့ပြီး၊ မည်သူ ကမျှ ကြိုက်နှစ်သက်မှုမရှိပါကြောင်း၊ စစ်တပ်မှတစ်ဆင့် လာရောက်သည့် အကူအညီများ အားလုံးသည် အကန့်အသတ်ဖြင့်သာ ရောက်ရှိနေကြောင်း၊ သို့ဖြစ်ရာ အလှူရှင်များ၊ လက်ခံသူများနှင့် မြေပြင်တွင်ဆောင်ရွက်နေသူများ အကြားအားလုံးတွင် ပွင့်လင်းမြင်သာမှု ရှိရေးသည် ယုံကြည်မှုတည်ဆောက်ရေး အတွက် အထောက်အကူဖြစ်စေကြောင်း၊ သို့ဖြစ်ရာ မြေပြင်တွင် ဆောင်ရွက်နေ သူများအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ များနှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းကြောင်း၊

  • တတိယအချက်မှာ သမာသမတ်ကျခြင်းဖြစ်ကြောင်း၊ လူသားဆန်ခြင်း၊ သမာသမတ်ကျခြင်းနှင့် ပွင့်လင်းမြင်သာမှုရှိခြင်းတို့သည် လူသားချင်းစာနာမှု အကူအညီပေးရေးတွင် အရေးကြီးသည့်မူများ ဖြစ်ကြောင်း၊ စစ်တပ်သည် ရခိုင်ပြည်နယ်တွင် မိုခါဆိုင်ကလုန်း ရိုက်ခတ်ခံရစဉ်က အကူအညီပေးအပ်မှုများကို ပိတ်ပင်ကန့်သတ်ခဲ့ကြောင်း၊

  • စတုတ္ထအချက်မှာ အကာအကွယ်ပေးရေးဖြစ်ကြောင်း၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ရေးဆောင်ရွက်နေသူများကို နိုင်ငံတကာ လူသားချင်းစာနာမှု အကူအညီပေးရေး ဥပဒေအရ ကာကွယ်ပေးရန် လိုအပ်ကြောင်း၊ လူချင်းစာနာမှု အကူအညီပေးသူများကို စစ်တပ်က နိုင်ငံရေးပြိုင်ဖက်များ အဖြစ် သဘောထားပြီး၊ ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း၊


(င)       သို့ဖြစ်ရာ လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရာတွင် ဒေသခံအဖွဲ့အစည်းများ လမ်းကြောင်းများမှ လည်းကောင်း၊ နယ်စပ်ဖြတ်ကျော်ပေးမှုများမှ တစ်ဆင့်လည်း ကောင်း ပေးအပ်ခြင်းသည် ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိ လိုအပ်နေသူများ ထံရောက်ရှိရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အကောင်းဆုံး ဥပမာတစ်ခု ဖြစ်ကြောင်း၊


(စ)       မြန်မာနိုင်ငံရှိ မြေပြင်တွင်ဆောင်ရွက်နေသူများကို သက်ဆိုင်ရာဒေသလူ့အဖွဲ့အစည်းက ယုံကြည်မှု၊ လက်ခံမှု ရှိကြောင်း၊ မြေပြင်တွင်ဆောင်ရွက်နေသည့် တိုင်းရင်းသား စေတနာ့  ဝန်ထမ်းများအပါအဝင် လူသားချင်းစာနာမှု အကူအညီပေးရေးဆောင်ရွက်သူ စေတနာ့ ဝန်ထမ်းများကို ၎င်းတို့၏ ကြိုးစားမှု၊ ဖန်းတီးဆောင်ရွက်မှု၊ စွန့်လွှတ်အနစ်နာခံမှု တို့အတွက် ချီးကျူးဂုဏ်ယူသည်ကို ပြောကြားလိုကြောင်း၊


(ဆ)     နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်နိုင်ငံများအား ပိုမိုသင့်လျော်မည့် ချဉ်းကပ်မှု ရှိရေးနှင့် ရန်ပုံငွေတိုးမြှင့်ရေးဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း၊ ထို့ပြင် မြေပြင်ရှိ ပြည်သူများ၏ လိုအပ်ချက်များကို နားစွင့်ပြီး ၎င်းတို့၏ ပါဝင်ဆောင်ရွက်မှုကို အခြေပြု ဆောင်ရွက်သင့်ကြောင်း၊


(ဇ)       အမျိုးသားညီညွတ်ရေးအစိုးရနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးကော်မတီတို့သည် ဒေသခံကူညီဆောင်ရွက်ပေးရေး လူမှုအဖွဲ့များနှင့် လက်တွဲ၍ အသက်ကယ်ဆယ်ခြင်း၊ အစားအသောက်၊ ဆေးဝါးဖြန့်ဝေခြင်းတို့ကို ဆောက်ရွက်ပေးလျက်ရှိရာ မြန်မာနိုင်ငံရှိ အကူအညီလိုအပ်သူများထံ တစ်ဦးမကျန် ရောက်ရှိစေရးအတွက် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီနှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတကာ အဖွဲ့အစည်းများအား တိုက်တွန်းကြောင်း၊


(ဈ)      ပြည်သူများအပေါ် စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခြင်းကြောင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အခြေအနေမှာ ပိုမို ဆိုးရွားလာမည်ဟု ခန့်မှန်းကြောင်း၊ ပြဿနာ၏ ဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ဖြေရှင်းရေး လိုအပ်ပြီး၊ ပြည်သူများ၏ စစ်အာဏာရှင် အပြီးတိုင်းအဆုံးသတ်ရေး၊ ဒီမိုကရေစီ ပြန်လည်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ထူထောင်ရေးတို့တွင် နိုင်ငံတကာ၏ ထောက်ခံကူညီအားပေးရန် တိုက်တွန်းပါကြောင်း၊


၃။       မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။


၂ဝ၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး၊ နယူးယောက်မြို့။




Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the

Republic of the Union of Myanmar to the United Nations

under Agenda Item 72: Strengthening of the coordination of humanitarian and disaster relief assistance of the United Nations, including special economic assistance at the Plenary Meeting of the 78th session of the UN General Assembly


(New York, 8 December 2023)


Mr. President,


At the outset, I wish to thank the Secretary General for extensive and insightful reports under this agenda item. Myanmar welcomes the recent developments in humanitarian operations and coordination, particularly on accountability to affected people, localization efforts, anticipatory action frameworks and a new cash coordination model.


Mr. President,


The global security and political environment remains fragile and precarious due to escalating tensions among nations, increasing conflicts, military coups and violence around the world. At the same time, the impact of climate change and epidemics are wreaking havoc across the globe.


Natural and man-made disasters have caused the forced displacement of millions of civilians and the number of people in need of humanitarian assistance and protection rose from 274 million to 348 million throughout 2022.

The overstretching of the humanitarian system underscores the importance of sustained resource mobilization and strengthened coordination among Member States, the UN and humanitarian organizations. In this regard, Myanmar echoes the Secretary General’s recommendations on mobilizing the Central Emergency Response Fund and Humanitarian Response Plans, implementing Early Warnings for All initiative and supporting inclusive partnerships among local actors.


Mr. President,


As we focus on strengthening and coordinating measures to scale up assistance, we must not lose sight of addressing many underlying drivers of natural and human-induced disasters. In my country Myanmar, the military’s attempted illegal coup and its atrocities as well as its “four cuts” strategy have caused a mass displacement of civilians across the country and to our neighbors. We thank the neighboring states for hosting some of our people and providing assistance to them.


In total, over 2 million people have been displaced. Over 15 million people are experiencing food insecurity. The number of people in need of humanitarian assistance has grown from 1 million before the illegal coup to over 18 million in 2023.


At the same time, the humanitarian response plan of US $887 million remains critically underfunded. I urge the Member States and international donors to continue injecting funds to help the people in need.


Mr. President,


While mobilizing resources is critical, we are of the view that equal attention must be paid to the modality of humanitarian assistance to ensure its effective coverage in Myanmar. In this regard, I wish to highlight the following criteria on finding the best possible aid channel:


  1. Access: Full and unimpeded access is a prerequisite to delivering aid to the neediest and the most difficult areas. In addition to lacking a stable control of the majority of the country, the military deliberately imposes administrative barriers and travel restrictions to delay and block access to people in need of assistance. 

  2. Trust and acceptance: They are the foundations of effective humanitarian assistance. The military junta lacks both popularity and legitimacy in the country and any form of aid coming through the military channel will have a limited reach and capacity. Transparency will help build trust between donors and local actors and receipients. Under this circumstance, most effective use of receipient trusted local actors is essential. I encourage the international community to engage with the National Unity Governement and Ethnic Resistance Organizations as well as local actors.

  3. Impartiality: Aid provision must follow the principles of humanity, impartiality and transparency. The military has been weaponizing aid for political leverage and systematically denying life-saving aids, including the most recent blocking of aid to survivors of Cyclone Mocha in Rakhine state.

  4. Protection: Aid workers and humanitarian personnel must be protected in accordance with the International Humanitarian Law. The military treats humanitarian actors as political opponents by intimidating, arresting and killing them for providing aids without discrimination.


Therefore, providing humanitarian assistance through community networks and cross-border channels by local actors in conflict-affected areas remains the best possible modality in a situation like Myanmar.


Local actors have access, trust and acceptance from the community, which are integral to delivering the contextually appropriate and effective humanitarian response. We commend the courage, dedication and creativity of our local, ethnic and community volunteers in their efforts to deliver life-saving aids to the vulnerable and the needy population.


I urge the international organizations and donor countries to provide a more flexible approach and increased funding to local aid groups. In addition, localization should be community-centric, based on listening to the needs and knowledge of the people on the ground and their active participation.


In this context, the NUG and the Emergency Operation Coordinating Committee (EOCC) are working directly with local actors and people on the ground to safeguard civilians, deliver urgent humanitarian assistance, health services, emergency communications and supplies. We call for the international actors to collaborate with the EOCC to leave no one behind and provide relief assistance to the vulnerable community in Myanmar.


In conclusion, Mr. President, the humanitarian situation in Myanmar is projected to deteriorate further as the military’s intensification of indiscriminate attacks on civilians and villages. The international community must take proactive measures to address the root cause of the conflict, support the people of Myanmar and their resolution on eradicating the military dictatorship, restore democracy and build a federal democratic union.


I Thank you.



 

*****










 

Comments


bottom of page