top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at Combined Briefing on Myanmar at 3C of 78th UNGA





Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Combined Briefing on Myanmar at the Third Committee of the 78th session of the United Nations General Assembly, held on 23 October 2023


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးအခြေအနေများနှင့်စပ်လျဉ်း၍ ပေါင်းစပ်အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံများအားလုံးအနေဖြင့် မြန်မာပြည်သူပြည်သားများ၏ ဒီမိုကရေစီမျှော်မှန်းချက်များကို ရှေးရှုလျက် မြန်မာနိုင်ငံအရေးကိစ္စအပေါ် ဟန်ချက်ညီစွာ ထိတွေ့ဆက်ဆံရန်နှင့် ဆောင်ရွက်ချက်များချမှတ်ရန် တောင်းဆိုကြောင်း၊ နိုင်ငံတကာမှ စစ်တပ်အပေါ် အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန် ပျက်ကွက်နေသည့် ကာလပတ်လုံး ပြည်သူများ၏ ဆင်းရဲဒုက္ခသည်လည်း ပိုမိုဆိုးရွားလာနေမည်ဖြစ်ပြီး ပြည်သူအများအပြား ပိုမိုသတ်ဖြတ်ခံ နေရမည်သာဖြစ်ကြောင်း၊ ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်မှုရှိ

သော အရေးယူဆောင်ရွက်ချက်များကို ယခုပင် ချမှတ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်)


၁။ နယူးယောက်မြို့၌ ကျင်းပလျက်ရှိသည့် (၇၈) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ လူမှုရေး၊ လူသားချင်းစာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ) ၌ ၂၃-၁၀-၂၀၂၃ ရက် (တနင်္လာနေ့)၊ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော လူ့အခွင့်အရေး အခြေအနေများနှင့် စပ်လျဉ်း၍ သက်ဆိုင်သူများမှ စုပေါင်းရှင်းလင်းပြောကြား၍ အပြန်အလှန်ဆွေးနွေးမှု (Combined Briefing) အား ကျင်းပပြုလုပ်ခဲ့ပါသည်။


၂။ တတိယကော်မတီတွင် မြန်မာနိုင်ငံအရေးကိစ္စအတွက် သက်ဆိုင်သူများက စုပေါင်းရှင်းလင်း ပြောကြား၍ အပြန်အလှန် ဆွေးနွေးမှု ပုံစံဖြင့် ပထမဆုံး အကြိမ် ဆွေးနွေးခြင်းဖြစ်ပြီး Department of Political and Peacebuilding Affairs (DPPA) မှ Assistant Secretary-General for the Middle East, Asia and the Pacific Mr. Khaled KHIARI၊ Independent Investigative Mechanism on Myanmar အကြီးအကဲ Assistant Secretary-General Mr. Nicholas KOUMJIAN နှင့် Special Rapporteur on the situation of human rights in Myanmar Mr. Thomas H. ANDREWS တို့ (၃) ဦးက ၎င်းတို့၏ အစီရင်ခံစာများကို အသီးသီးဆွေးနွေး တင်ဆက်ခဲ့ကြပါသည်။ ထို့ပြင် နိုင်ငံအများအပြားမှ ကိုယ်စားလှယ်များလည်း ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက သက်ဆိုင်ရာနိုင်ငံ ကိုယ်စားပြုအဖြစ် မိန့်ခွန်းပြောကြားခဲ့ပါသည်။


၃။ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ရှင်းလင်းပြောကြားကြသူများအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကဏ္ဍစုံ အကျပ်အတည်းများထဲမှာ အဓိကျသောအချက်များကို မီးမောင်းထိုး၍ တင်ဆက်ပေးခြင်းနှင့် မြန်မာနိုင်ငံအရေးကိစ္စအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခြင်းတို့အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ ပါသည်။

၄။ ထို့ပြင် မြန်မာအမြဲတမ်းကိုယ်စားလှယ်၏ မိန့်ခွန်းတွင် လက်ရှိနိုင်ငံရေးအခြေအနေ၊ လူသားချင်း စာနာမှုအခြေအနေ၊ စစ်တပ်မှ ကျူးလွန်လျက်ရှိသည့် ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများနှင့် တာဝန်ခံမှုနှင့် ရိုဟင်ဂျာများ နေရပ်ပြန်လည်သွားရောက်နိုင်ရေး အချက် (၄) ချက်တို့ နှင့် စပ်လျဉ်း၍ ပြောကြားရာ အောက်ဖော်ပြပါအချက်များ အဓိကပါဝင်ပါသည်-

(က) လက်ရှိ နိုင်ငံရေးအခြေအနေ

(၁) စစ်တပ်သည် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းကသာ ဖော်ဆောင် ပေးနိုင်လိမ့်မည်ဟု ကမ္ဘာကြီးအား ယုံကြည်စေလိုနေပြီး၊ ၎င်း၏ ဆန့်ကျင်ဘက်သည် အမှန်တရားဖြစ်နေသည် ဟူသော အထူးအစီရင်ခံစာ တင်သွင်းသူ၏ ပြောဆိုချက်အား သဘောတူပါကြောင်း၊

(၂) စစ်တပ်သည် ဥပဒေကြောင်းအရသော်လည်းကောင်း၊ တရားဝင်မှု အရသော် လည်းကောင်း မရှိသည့်အပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေ ရေရှည် တည်တံ့ ခိုင်မြဲရေး အတွက် အကြီးမားဆုံးသော ဆူးငြောင့်ခလုတ်ပင်ဖြစ် ကြောင်း၊

(၃) စစ်တပ်အနေဖြင့် ရွေးချယ်တင်မြှောက်ခံထားရသည့် အရပ်သားအစိုးရ ခေါင်းဆောင်များ ဖြစ်ကြသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားများစွာ သောသူများကို လုံခြုံရေးကောင်စီမှ ချက်ချင်းပြန်လွှတ်ပေးရန် အကြိမ်ကြိမ် တောင်းဆိုထားသည့်ကြားမှ ဓားစာခံများအဖြစ် ဖမ်းဆီးထားလျက်ရှိကြောင်း၊

(၄) တစ်ဖက်တွင်လည်း ပြည်တွင်း တရားဥပဒေစိုးမိုးမှုမှာ ဆိုးရွားစွာ ပြိုပျက်နေပြီဖြစ် ကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ ဖမ်းဆီးခွင့်၊ တရားရုံး၊ ဘဏ်စနစ်နှင့် သတင်းအချက် အလက်၊ ဆက်သွယ်ရေးနှင့် နည်းပညာတို့ သည်လည်း စစ်တပ်၏ ဖိနှိပ်မှုအတွက် အသုံးချခံ ယန္တရားများ ဖြစ်လာခဲ့ကြောင်း၊ အထူးသဖြင့် ယခင်က ခက်ခက်ခဲခဲ ရရှိခဲ့သည့် ပြုပြင်ပြောင်းလဲမှုများ ပြောင်းပြန် အခြေအနေသို့ ရောက်ရှိသွားခြင်း၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပျက်စီး ယို့ယွင်းလာခြင်းနှင့် ဆိုးရွားသော အကျင့်ပျက်ချစားမှု များကြောင့် အလုပ်အကိုင်မဲ့မှုနှင့် ငွေကြေးဖောင်းပွမှုများ ဖြစ်ပေါ်လာကာ လူဦးရေ ထက်ဝက်ခန့်သည်လည်း ဆင်းရဲနွမ်းပါးမှုအတွင်း ကျရောက်နေကြောင်း၊

(၅) ထို့ပြင် စစ်တပ်သည် အထွေထွေရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိထား သည့် အရေးကြီးသော နိုင်ငံရေးပါတီများကို ဖျက်သိမ်းခဲ့ပြီး လွတ်လပ်သော သတင်းမီဒီယာနှင့် ထုတ်ဖော်ပြောကြားခွင့်များကို ဖြိုဖျက်ခဲ့ကြောင်း၊ ယခုအခါ ဆိုရှယ်မီဒီယာပေါ်ရှိ စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခုခုအား Like နှိပ်လျှင်ပင် အကျဉ်းချ ခံရမည်ဖြစ်ကြောင်း၊

(၆) သို့ဖြစ်ရာ စစ်တပ် က စီမံကျင်းပမည့် ရွေးကောက်ပွဲများအား နိုင်ငံရေး ထွက်ပေါက် တစ်ခုအဖြစ် မျှော်လင့်နေသူများသည် လက်တွေ့နှင့် ကင်းကွာနေသည်ဟုပင် ဆိုရမည် ဖြစ်ကြောင်း၊ စစ်တပ်သည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပပြုလုပ်ရန် ရည်ရွယ်ချက် မရှိကြောင်း၊

(၇) အခြားတစ်ဖက်တွင်လည်း တရားမဝင် စစ်တပ်၏ ခေါင်းဆောင်သည် အာဆီယံ နိုင်ငံများမှ ခေါင်းဆောင်များနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံစဉ် ၎င်းကိုယ်တိုင် သဘောတူညီခဲ့သည့် အာဆီယံ ဘုံသဘောတူညီချက်

(၅) ရပ်ကို ချက်ချင်း ပစ်ပယ်ခဲ့ကြောင်း၊ ထို့အတူ လုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်အဆို ၂၆၆၉ အရ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး တောင်းဆိုမှု အပါအဝင် အခြားသော တောင်းဆိုချက်များကိုလည်း လျစ်လျူရှုခဲ့ကြောင်း၊

(ခ) လူသားချင်းစာနာမှုအခြေအနေ

(၈) တရားမဝင် စစ်အာဏာသိမ်းချိန်မှစ၍ စစ်တပ်သည် အရပ်သား ပြည်သူများအပေါ် မဆင်မခြင် တိုက်ခိုက်လျက်ရှိသောကြောင့် (၁.၇) သန်းသော ပြည်သူများမှာ နေအိမ်များ မှ ထွက်ပြေးစွန့်ခွာလာခဲ့ရကြောင်း၊ ယခုဆိုလျှင် ပြည်တွင်း နေရပ်စွန့်ခွာသူ နှစ်သန်း ခန့်ရှိနေပြီဖြစ်ကြောင်း၊ OHCHR ၏ မှတ်တမ်းများအရ ဆေးခန်းများ၊ စာသင်ကျောင်းများ နှင့် ဘုရားကျောင်းများစသည်ဖြင့် အဆောက်အဦ (၈၂,၀၀၀) ခန့်မှာမီးရှို့ခံရခြင်း သို့မဟုတ် ဖျက်ဆီးခြင်းခံထားရကြောင်း၊

(၉) နိုင်ငံတကာအသိုက်အဝန်းထံမှ အကူအညီများ လျော့ရဲလာသည်နှင့်အမျှ ပြည်သူ များ၏ ထိရှလွယ်မှုသည် မြင့်တက်လာသော်လည်း စစ်တပ်သည် လူသားချင်း စာနာ ထောက်ထားမှု နယ်ပယ်နှင့် ရရှိခွင့်တို့ကို လက်နက်သဖွယ် အသုံးချလျက်ရှိ ကြောင်း၊ စစ်တပ်မှ ဒေသခံ ထောက်ပံ့ရေး အဖွဲ့အစည်းများအပေါ် လွန်ကဲသော တားမြစ် ကန့်သတ်ချက်များ ချမှတ်ခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုအား ကြိုးကိုင် ခြယ်လှယ်မှု တို့သည် ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ လိုအပ်နေသူများ၊ အထူးသဖြင့် ပဋိပက္ခဒေသအတွင်း ရှိနေသူများထံသို့ ထောက်ပံ့ကူညီမှုများ ပို့ဆောင်ရန်အတွက် အဓိက စိန်ခေါ်မှုဖြစ်နေကြောင်း၊

(၁၀) စစ်တပ်သည် လုံခြုံရေးကောင်စီမှ ပြည့်ဝသော၊ လုံခြုံစိတ်ချရသောနှင့် အတားအဆီး မရှိသော လူသားချင်းစာနာထောက်ထားမှု အကူအညီများ အပြည့်အဝ ရရှိရေး ဟူသော တောင်းဆိုချက်ကို ဆိုးရွားစွာ မျက်ကွယ်ပြုထားကြောင်း၊

(ဂ) စစ်တပ်မှကျူးလွန်လျက်ရှိသည့် ကြီးလေးသောနိုင်ငံတကာရာဇဝတ်မှုများနှင့် တာဝန်ခံမှု

(၁၁) ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း ၎င်း၏ အစီရင်ခံစာတွင် စစ်တပ်အနေ ဖြင့် ထိန်းချုပ်မှုရရှိနိုင်ရေးအတွက် ရုန်းကန်နေရသည် ဟု ဖော်ပြထားသည့်အချက်မှာ မှန်ကန် ပါကြောင်း၊ မြေပြင်တွင် စစ်တပ်၏ စိုးမိုးမှုသည် တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ စိုးမိုးမှုထက် သိသိ သာသာ လျော့နည်း သောကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိန်းချုပ်မှုရှိခြင်း မှာ ဆိုဖွယ်ရာပင် မရှိ ကြောင်း၊

(၁၂) ထို့ကြောင့် စစ်တပ်သည် ထိန်းချုပ်မှုရရှိနိုင်ရေးအတွက် အရပ်သားပြည်သူများ အပေါ် အကြောက်တရားရိုက်သွင်းခြင်းနှင့် စုပေါင်းပြစ်ဒဏ်ခတ်မှုတို့ဖြင့် တော်လှန်ရေးအား ထောက်ခံမှု ကျဆင်းစေရန် လုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်လည်း စစ်တပ်က ၎င်းတို့ စွမ်းဆောင်နိုင်သည့် အကြမ်းဖက်ခြင်း နည်းလမ်းတစ်ခုတည်းမှအပ အခြားမရှိကြောင်း၊ ၎င်းတို့၏ ဂျက်လေယာဉ်များ သည် အရပ်သားပြည်သူများနေထိုင်ရာ နေရာဒေသများအပေါ်သို့ ဗုံးကြဲပြီး မြေပြင်စစ်ဆင်ရေး လုပ်ဆောင်မူများတွင် ကလေးငယ်များ နှင့် ကူညီကယ်ဆယ်ရေးဝန်ထမ်းများ အပါအဝင် အရပ်သားပြည်သူများ အပေါ် ရက်စက်ကြမ်းကြုတ်သော လူအစုလိုက် အပြုံလိုက်သတ်ဖြတ်ခြင်းတို့ကို ကျူးလွန် လျက်ရှိကြောင်း၊ အလားတူ လူနေအိမ် များရှိသော မြို့နယ်များနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ဆေးရုံများ၊ စာသင် ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် လူနေရပ်ကွက်များကို ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ အကြမ်းဖက်မှုများအပြင် စစ်တပ်သည် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများအား ဥပဒေမဲ့ ကွပ်မျက်စီရင်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်း နှင့် ဖမ်းဆီးထိန်းချုပ်ခံထားရသူများအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ပြုလုပ်ခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ကျူးလွန်လျက်ရှိကြောင်း၊

(၁၃) ထို့ပြင် စစ်တပ်အနေဖြင့် နိုင်ငံခြားလက်နက်များနှင့် လေယာဉ်ဆီများ ရရှိနေခြင်း ကြောင့် အထက်ပါ အကြမ်းဖက်မှုများကို ဆက်လက် ကျူးလွန်ခွင့် ရရှိနေခြင်း ဖြစ်ကြောင်း၊ ကုလသမဂ္ဂ တာဝန်ရှိသူ များအနေဖြင့် ၎င်းတို့၏ အစီရင်ခံစာ အသီးသီးတွင် စစ်တပ်မှ ကျူးလွန်ထားသည့် ရက်စက်ကြမ်းကြုတ်မှုများကို သက်သေအထောက်အထားများဖြင့် မှတ်တမ်းထားရှိပြီးဖြစ်ကြောင်း၊ ထင်ရှား သည်မှာ မြန်မာနိုင်ငံဆိုင်ရာ အထူး စုံစမ်း စစ်ဆေးရေး ယန္တရား၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ အရပ်သားပြည်သူများအပေါ်၌ စစ်တပ်က ကြီးလေးသော နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်လျက်ရှိသည်ကို ခိုင်မာ သည့် သက်သေအထောက်အထားများရှိသည်ဟု ဖော်ပြထားကြောင်း၊

(၁၄) သို့ရာတွင် အဆိုပါရာဇဝတ်မှုများ ကျူးလွန်ထားသည့် စစ်ပတ်၏ တပ်သား တစ်ဦး တစ်ယောက်ကိုမျှ ဒဏ်ခတ် အပြစ်ပေး အရေးယူခြင်း ယနေ့တိုင် မရှိပါကြောင်း၊ အဘယ်ကြောင့် ဆိုသော် စစ်တပ်ကပင် ထိုသို့ လုပ်ဆောင်ရန် ညွှန်ကြား၍ ခွင့်ပြု ထားသောကြောင့်ဖြစ်ကြောင်း၊ အကျိုးဆက်အနေဖြင့် မြန်မာနိုင်ငံတွင် ပြစ်ဒဏ် ခတ်ခြင်းမှ ကင်းလွတ်မှု (Impunity) အစဉ်အလာသည် မချုပ်ငြိမ်းဘဲ ဆက်လက် တည်ရှိနေကြောင်း၊ ယင်းအစဉ်အလာအား မဖြစ်မနေ အပြီးတိုင်း ချုပ်ငြိမ်းစေရမည် ဖြစ်ကြောင်း၊

(ဃ) ရိုဟင်ဂျာများ နေရပ်ပြန်လည်သွားရောက်နိုင်ရေး

(၁၅) ရိုဟင်ဂျာများအနေဖြင့် ဆိုးရွားသည့် အခြေအနေများတွင် နှစ်ကာလကြာမြင့်စွာ နေထိုင်နေရသည့်အပေါ် မိမိတို့ စာနာနားလည်ပါကြောင်း၊ ဤနေရာတွင် ၎င်းတို့မှ နေရပ်သို့ ကောင်းမွန်စွာ ပြန်လည်သွားရောက်နိုင်ရေးအတွက် သင့်လျော်မည့် အခြေအနေ တစ်ရပ် ဖန်တီးပေးရေးကို ကိုယ်စားလှယ် အများစုမှ တောင်းဆိုမည် ဟု ယုံကြည်ပါ ကြောင်း၊

(၁၆) အမှန်မှာ စစ်တပ်၏ လက်အောက်တွင် ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နေရပ် သို့ ရေရှည်တည်တံ့သော နည်းလမ်းဖြင့် ပြန်လည်သွားရောက်ရေးက မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်ကြောင်း၊ ရိုဟင်ဂျာများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည့် စစ်တပ် သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်သူများအပေါ် အလားတူ ကျူးလွန် နေသည့် အခြေအနေတွင် ရိုဟင်ဂျာများ မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်ရန် တွန့်ဆုတ် နေခြင်းက အကျိုးအကြောင်း လွန်စွာ ဆီလျော်ပါ ကြောင်း၊

(၁၇) လက်ရှိဖြစ်ပေါ်နေသည့် အကျပ်အတည်းအား ဖြေရှင်းခြင်းမရှိဘဲ ရိုဟင်ဂျာများ မြန်မာနိုင်ငံသို့ သဟဇာတဖြစ်စွာ၊ ဘေးကင်းလုံခြုံစွာ ပြန်လည်သွားရောက်ရန် မျှော်မှန်းခြင်းက လက်တွေ့မကျကြောင်း၊ ရိုဟင်ဂျာများ လုံခြုံစွာနှင့် ရေရှည် တည်တံ့သော ပုံစံဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်သွားရောက်ရေးက မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးမှု ပြန်လည် တည်ဆောက်နိုင်ခြင်း ရှိ-မရှိနှင့် စစ်တပ်အား ဒီမိုကရေစီစနစ်အောက်တွင် ထားနိုင်ခြင်း ရှိ-မရှိအပေါ် မူတည်ပါ ကြောင်း၊

(င) သို့ဖြစ်ပါ၍ လက်ရှိ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာမှု ဆိုင်ရာ ပကတိ အခြေအနေများအပေါ် အခြေခံလျက် မြန်မာပြည်သူများအတွက် ရေရှည် တည်တံ့သည့် အနာဂတ် ဖြစ်ပေါ်လာစေရန် ဖြေရှင်းပေးနိုင်မည့် နည်းလမ်း (၂) သွယ် ရှိပါကြောင်း၊

(စ) ပထမနည်းလမ်းမှာ စစ်တပ်မှ ကြိုးပမ်းနေသည့် တရားမဝင် စစ်အာဏာသိမ်းမှုအား အပြီးတိုင် ချုပ်ငြိမ်းစေခြင်းပင်ဖြစ်ကြောင်း၊


(၁) ယင်းမှာ အုပ်ချုပ်မှုပုံစံ ပြောင်းလဲခြင်းမျှသာ မဟုတ်ကြောင်း၊ ယခုအခြေအနေထက် ပိုမို ဆိုးရွားနိုင်သည့် အခြေအနေ မရှိနိုင်ပါကြောင်း၊ အဓိကအားဖြင့် စစ်တပ်သည် ငြိမ်းချမ်း စွာနှင့် လက်နက်ကိုင် လှုပ်ရှားနေသည့် ခုခံတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း များအကြား လက်တွဲညီစွာ အခိုင်အမာ ပေါင်းစပ်ခုခံတော်လှန်နေသည့် ခုခံတော်လှန်မှုကို ဘယ်သောအခါမျှ အနိုင်ရရှိနိုင်မည်မဟုတ်သော မြေပြင်မှ ပကတိ အခြေအနေအပေါ် အခြေခံ ထားသည့် နည်းလမ်းပင်ဖြစ်ကြောင်း၊


(၂) စစ်တပ်သည် မြန်မာနိုင်ငံတွင် အုပ်ချုပ်နိုင်မှု စိုးစဉ်းမျှ မရှိကြောင်း၊ ၎င်းတို့သည် ရုန်းကန် ရှင်သန်နေရုံမျှသာဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ၎င်းတို့ အကျိုးခံစားခွင့် ဆက်လက် ရရှိနေသည့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆုပ်ကိုင်အသုံးချကာ ရက်စက်ကြမ်းကြုတ်မှုများ ကို တိုးမြှင့် လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊


(၃) နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်တပ်မှ ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ် နေခြင်းကို ခွင့်မပြုပေးသင့်တော့ကြောင်း၊ ထိုသို့ သတ်ဖြတ်ခြင်းမှာ စစ်တပ်မှ အနည်းဆုံး လုပ်ဆောင်နိုင်သည့် လုပ်ရပ်သာဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝန်း အနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန် အချိန်ကျော်လွန်နေပြီ ဖြစ်ကြောင်း၊


(၄) လုံခြုံရေးကောင်စီအနေဖြင့် ဆုံးဖြတ်ချက်အဆို ၂၆၆၉ အပေါ် အခြေခံ၍ ထိရောက်သော ဆုံးဖြတ်ချက်တစ်ခုကို ထပ်မံချမှတ်သင့်ကြောင်း၊ စစ်တပ်မှ အကျိုးခံစားနေသည့် ပြစ်ဒဏ် ကင်းလွတ်ခွင့်ကို အပြီးတိုင် ရပ်တန့်ရမည်ဖြစ်ကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ အရေးကိစ္စ အား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းတင်သွင်းသင့်ကြောင်း၊ ယင်း အချက်ကို လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးကလည်း ကြိမ်ဖန်များစွာ တောင်းဆို ထားကြောင်း၊ ရာဇဝတ်မှုအား တာဝန်ခံမှုရှိခြင်းက အပြည်ပြည်ဆိုင်ရာတရားရုံးမှ စီရင် ဆုံးဖြတ်ရန် စစ်ဆေး နေသည့် လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် လက်ရှိ နိုင်ငံတကာ လုပ်ဆောင်ချက် များကို ဖြည့်စွက်ပံ့ပိုး အားဖြည့်ပေးနိုင်မည်ဖြစ်ကြောင်း၊


(၅) ထို့ပြင် စစ်တပ်ထံသို့ စီးဆင်းနေသည့် လေယာဉ်ဆီများ အပါအဝင် လက်နက်စီးဆင်းမှု အားလုံးကို ဖြတ်တောက်ရန် လိုအပ်ကြောင်း၊ ယင်းမှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ၏ တောင်းဆိုချက်များအနက် အဓိကကျသော အချက်တစ်ချက်ပင် ဖြစ်ကြောင်း၊ အချို့ အနေဖြင့် မြန်မာ စစ်တပ်ထံသို့ လက်နက်များ ရောင်းချခြင်းသည် နိုင်ငံအချင်းချင်းကြား ပြုလုပ်သည့် ကုန်သွယ်ရေးမျှသာဖြစ်သည်ဟု စောဒကတက်နိုင်ပါကြောင်း၊ သို့သော် စစ်တပ်အနေဖြင့် အဆိုပါ လက်နက်များကို တိုင်းပြည်အား ကာကွယ်ရန်အတွက် အသုံးပြုခြင်း မဟုတ်ကြောင်း၊ ယင်းအစား ပြည်သူများကို သတ်ဖြတ်ရန်အတွက် အသုံးပြုနေခြင်းဖြစ်ကြောင်း၊


(၆) ဆက်လက်ပြီး စစ်တပ်အား ငွေကြေးဖြတ်တောက်ရန် လိုအပ်ကြောင်း၊ ဤနေရာတွင် မိမိအနေဖြင့် စစ်တပ်အတွက် အဓိကကျသော ငွေကြေးအရင်းအမြစ်များအပေါ် နိုင်ငံများမှ ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများကို စုပေါင်း၍ ချမှတ်ပေးရန် တောင်းဆိုလို ပါကြောင်း၊


(၇) ချမှတ်ဖော်ဆောင်ရန် အချိန်အတော်ကြာ ကျော်လွန်နေသည့် ဖော်ပြပါ အရေးယူ ဆောင်ရွက် ချက်များသည် တောင်းဆိုမှု အသစ်များ မဟုတ်ကြောင်း၊ ယင်းအချက်များမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူ အပါအဝင် ကုလသမဂ္ဂ တာဝန်ရှိသူ များက အထပ်ထပ်အခါခါ တောင်းဆိုနေသည့် အချက်များပင် ဖြစ်ကြောင်း၊ ထို့ကြောင့် စစ်တပ်အနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့် ခံစား၍ ပြည်သူများအား သတ်ဖြတ်နေခြင်းမှာ ၎င်းတို့ ဆက်လက် လုပ်ဆောင်ရမည့် နည်းလမ်း မဟုတ်သည်ကို အတိအလင်း သိရှိနားလည်စေရန် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊

(ဆ) ဒုတိယနည်းလမ်းမှာ ထိရောက်သော၊ အားလုံးပါဝင်သောနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော တရားဥပဒေစိုးမိုးသည့် အဖွဲ့အစည်းများဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးဖြစ်ကြောင်း၊


(၁) မြန်မာနိုင်ငံတွင် စစ်တပ်အား ဖယ်ရှားရုံ ဖြင့် ရေရှည် တည်ငြိမ်အေးချမ်းသောနိုင်ငံ တည်ဆောက်နိုင်မည် မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာပြည်သူများ၏ အနာဂတ်အတွက် ဖက်ဒရယ်အုပ်ချုပ်မှုဆိုင်ရာ ဖွဲ့စည်းတည်ဆောက်ပုံများ၊ အားလုံးပါဝင်သည့်ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေး လေးစားလိုက်နာမှုနှင့် ဒီမိုကရေစီနည်းကျ အရပ်သားအစိုးရ၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ကျွမ်းကျင်မှုပြည့်ဝသည့် ပြုပြင်ပြောင်းလဲ တည်ဆောက်ထားသော စစ်တပ်တို့ ပါဝင်သည့် အုတ်မြစ်ကောင်းများကို ချမှတ်ပေးရမည်ဖြစ်ကြောင်း၊ ဤနည်းလမ်းသည်ပင်လျှင် ရိုဟင်ဂျာများ အပါအဝင် ပြည်သူအားလုံးအတွက် ရေရှည် ငြိမ်းချမ်း၍ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း၊


(၂) ဖော်ပြပါ ပန်းတိုင် (၂) ခုသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ စုစုစည်းစည်း ကြိုးပမ်း နေသည့် ပန်းတိုင်များဖြစ်ကြောင်း၊ အဆိုပါ ပန်းတိုင်များ ပြည့်မှီစေရန် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်တွင် အသေးစိတ် ပြဋ္ဌာန်းချမှတ်ထားကြောင်း၊ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းသော ဒီမိုကရေစီ မြန်မာနိုင်ငံတော်အား တည်ဆောက်နိုင်ရန် နိုင်ငံများ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန် အသင့်ရှိပြီး ထိုသို့ ပူးပေါင်းဆောင်ရွက်ရန်လည်း ဖိတ်ခေါ်ပါ ကြောင်း၊


(၃) အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ (EROs) နှင့် နွေဦးတော်လှန်ရေး အင်အားစုများ စုပေါင်း၍ ၁၂-၁၀-၂၀၂၃ ရက်နေ့က “ပရာ့ဂ်ပန်ကြားချက် (Prague Appeal) ကို ထုတ်ပြန်ခဲ့ကြောင်း၊


(၄) အဆိုပါ ပန်ကြားချက်တွင် ဒီမိုကရေစီနည်းကျ ကိုယ်စားပြုအုပ်ချုပ်မှု၊ ရက်စက်ကြမ်း ကြုတ်သော စစ်အာဏာရှင်စနစ် ကွင်းစက်အား ဖြတ်တောက်ရေး၊ စစ်တပ်အား နိုင်ငံရေး နယ်ပယ်မှ ဖယ်ထုတ်ရေး၊ အသွင်ကူးပြောင်းရေး တရားမျှတမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု ဆောင်ကျဉ်းပေးရေးနှင့် တိုင်းပြည်ပြန်လည်တည်ဆောက်ရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်ကြောင်း၊


(ဇ) ဤနေရာတွင် မြန်မာပြည်သူများမှ​ စစ်အာဏာရှင်စနစ်အား ခုခံတော်လှန်နေခြင်းသည် အိမ်နီးချင်းနိုင်ငံများအတွက်သာမက မည်သည့် နိုင်ငံ၏ အကျိုးစီးပွားကိုမျှ ထိပါးစေမည် မဟုတ်ကြောင်း၊ သို့ရာတွင် တရားမဝင် စစ်အာဏာသိမ်းမှုကြောင့်မူ ဒေသအတွင်းသို့ စိုးရိမ် ဖွယ်ကောင်းသော အကျိုးသက်ရောက်မှုများ ဖိတ်စင်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ အရေးကိစ္စအား ရေရှည်တည်တံ့သော နည်းလမ်းဖြင့် ဖြေရှင်းခြင်းက အားလုံးအတွက် အကောင်းဆုံး အကျိုးစီးပွား ဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊


(ဈ) သို့ဖြစ်ပါ၍ ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံများ အားလုံးအနေဖြင့် မြန်မာပြည်သူပြည်သားများ၏ ဒီမိုကရေစီမျှော်မှန်းချက်များကို ရှေးရှုလျက် မြန်မာနိုင်ငံအရေးကိစ္စအပေါ် ဟန်ချက်ညီစွာ ထိတွေ့ဆက်ဆံရန်နှင့် ဆောင်ရွက် ချက်များချမှတ်ရန် မိမိအနေဖြင့် တောင်းဆိုလိုပါကြောင်း၊


(ည) နိုင်ငံတကာမှ စစ်တပ်အပေါ် အရေးယူဆောင်ရွက်ချက်များ ချမှတ်ရန် ပျက်ကွက်နေသည့် ကာလ ပတ်လုံး ပြည်သူများ ၏ ဆင်းရဲဒုက္ခသည်လည်း ပိုမို ဆိုးရွားလာနေမည်ဖြစ်ပြီး ပြည်သူ အများ အပြား ပိုမို သတ်ဖြတ်ခံ နေရမည်သာဖြစ်ကြောင်း၊ ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီ အနေဖြင့် ထိရောက်မှုရှိသော အရေးယူဆောင်ရွက်ချက်များကို ယခုပင် ချမှတ်ရန်လိုအပ်ကြောင်း၊


(ဍ) ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာပြည်သူများအပေါ်တွင် တာဝန် မပျက်ကွက်သင့်ပါကြောင်း၊


(ဌ) စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုနှင့် စစ်အာဏာရှင်စနစ်အား အပြီးတိုင် ချုပ်ငြိမ်းစေရေးအတွက် ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် ထိရောက်သော အရေးယူ ဆောင်ရွက်ချက်များ ချမှတ်ရန်နှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားလာစေရန် မည်သို့သော အဆင့်များကို ဆက်လက်လုပ်ဆောင်ရန် ရှိသည်ကို သိရှိလိုပါကြောင်း။


၅။ မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (အင်္ဂလိပ်ဘာသာ) အား ပူးတွဲ ဖော်ပြအပ်ပါသည်။



၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to United Nations

at the Combined Briefing on Myanmar at the Third Committee of the 78th session of the United Nations General Assembly


(New York, 23 October2023)


Mr. Chair,


First of all, I wish to thank ASG Khiari, ASG Koumjian and Special Rapporteur Andrews for their briefings, which collectively covered the key aspects of the ongoing multifaceted crisis in Myanmar. I also wish to them for their hard work and their support towards the people of Myanmar.


I cannot agree more with the briefers but please allow me to emphasize the following facts:

First, on the political situation.


I agree with the Special Rapporteur that the illegitimate military junta would like the world to believe that only it can restore peace and stability to the country. The opposite is true.


The military junta, which has neither legality nor legitimacy to govern, is the biggest obstacle to any sustainable political stability in Myanmar.


The junta is still holding hostage elected civilian leaders including President U Win Myint, State Counsellor Daw Aung San Suu Kyi and many others despite the Security Council’s repeated calls for their immediate release.


The rule of law has essentially collapsed. Look at how many times the junta has extended so-called fake state of emergency after they themselves declared they cannot do so. Law enforcement, prosecutorial authority, courts, banking and ICT have all been transformed into the junta’s oppression tools. Reversals of hard-won reforms, deterioration of business and investment environment and deep corruptions have driven unemployment and inflation, and pushed nearly half of Myanmar population into poverty.


The junta violated the basic tenets of the 2015 Nationwide Ceasefire Agreement (NCA) by perpetrating the illegal coup against the elected civilian government and waging a campaign of terror against the people following the illegal coup. That is why key NCA signatory Ethnic Revolutionary Organizations have declared the NCA defunct and joined the ongoing resistance to the attempted coup.


The junta outlawed the largest political parties which won the most seats in the elections and crushed the independent media and free speech. Now you can go to jail just by liking an anti-coup post on social media.


Under this context, anyone hoping to see a way out through the junta’s organized and controlled elections is detached from reality. In fact, the junta doesn’t even seem to have intention to hold elections, let alone a free and fair one.


The illegal junta threw away ASEAN-5 Point Consensus right after the junta leader himself agreed to in face-to-face meeting with ASEAN leaders. They have practically ignored every call and demand of the Security Council Resolution 2669 including the Council’s demand to an immediate end to violence.

Second, the humanitarian situation.


Since the coup, 1.7 million people have been driven out of their homes by the military indiscriminate attacks on the civilian population. The total number of IDPs is now nearly 2 million. According to the OHCHR, nearly 82,000 civilian structures including clinics, schools and places of worship have been burnt down or destroyed. Besides, millions of people were devastated by the Cyclone Mocha in May this year.


While people’s vulnerabilities are increasing with shrinking international assistance, the junta weaponizes humanitarian space and access. Undue various restrictions on local aid organizations and the junta’s manipulation of humanitarian access are a major ongoing challenge for UN and its partners in reaching those in dire needs especially in conflict-affected areas. The Security Council’s call for full, safe and unhindered humanitarian access is woefully being disregarded by the junta.

Third, serious international crimes and accountability.


The Secretary-General said in his report that the military junta continues to struggle to assert control. That is true. The ground reality is that the junta controls less territory than the growing resistance and ethnic resistance organizations do, let alone to govern the whole country.


To assert control, the junta instills fear among the civilian population and uses collective punishment to weaken the popular support for resistance. To do that, the junta forces have been doing the only thing they are capable of: brutal violence. Their jets indiscriminately bombed the civilian populations. Their ground operations committed brutal massacres of civilians including children and aid workers. They burnt down residential towns and villages, destroying hospitals, schools, religious buildings and livelihoods. These campaigns of violence together with arbitrary executions of democracy activists, torture and sexual violence against detainees are being conducted in a widespread and systematic manner.


And the flow of foreign weapons and jet fuel enables the junta to continue to do so. UN Mandate holders have documented those atrocities in their respective reports. The Independent Investigative Mechanism for Myanmar, which Mr. Koumjian heads, states in the report that “there is strong evidence indicating that serious international crimes are being inflicted against the people in Myanmar.”


So far, no soldier has been held accountable for these crimes as they are being committed under the direction and with the knowledge of the illegal junta. As a result, a culture of total impunity continues unabated in Myanmar. This must be ended.


Fourth, the Rohingya repatriation.


We sympathize with the Rohingyas living in deplorable conditions for years. I believe that many delegations here will call for the creation of conditions conducive for their return.


The reality is that the repatriation of the Rohingya from Bangladesh will not happen in a sustainable manner under the military junta. It makes perfect sense that the Rohingya are reluctant to return to Myanmar where the military which committed atrocities against them are now waging the same brutalities against the whole population across the country.


It is unrealistic to expect their safe return and harmonious reintegration into Myanmar without addressing the current crisis. The safe and sustainable repatriation of the Rohingya depends on whether we can restore democracy and the rule of law in the country and put the military under democratic oversight.


Mr. Chair,


Given the political, security, economic and humanitarian reality in Myanmar, we have two solutions for a sustainable future for all Myanmar people.

First, the attempted rule of the illegal military junta must be ended.


This is not just an idea of regime change. The situation could not go worse than this. This is based on the ground reality that the military junta will never be able to defeat the growing combined resistance of both peaceful and armed movements and ethnic resistance organizations. The junta is not governing. They are surviving. In their desperation, the military is increasingly turning to atrocity crimes, so far with impunity. The international community should not continue to enable the military’s brutal killings of the people. It is the least they can do.


It is long overdue for the international community to take decisive actions.


The Security Council should adopt an enforceable resolution as a follow-up to the resolution 2669.


End military impunity.


Refer Myanmar situation to the International Criminal Court. That is what the High Commissioner for Human Rights has been repeatedly calling for. This criminal accountability would complement the ongoing international efforts including the genocide case before the ICJ.


Stop the flow of weapons including jet fuel to the military. This is one key call of the General Assembly too. One may argue that arms sales to Myanmar military are a normal state-to-state trade. However, these weapons are not being used by the military to defend the country. Instead, they are being used to kill the people.


Cut the revenue to the military killing machine. I urge individual member states to impose coordinated targeted sanctions on the junta’s major sources of revenue.


These long-overdue actions are not new. They are what UN Mandate holders including High Commissioner for Human Rights and Special Rapporteur are repeatedly asking the international community to do.


The international community needs to make the military junta realize that killing the people with impunity is not the way to continue.


Second, we must establish a Federal Democratic Union with effective, inclusive and accountable rule of law institutions.


Removing the illegal junta does not necessarily make Myanmar a sustainable stable country. We must lay foundations for the future for all people of Myanmar. This includes constitutional structures for federal governance, inclusive democracy, the rule of law, respect for human rights, and a professional and reformed military subject to democratic civilian oversight. This is the only way for a sustainable peace and development for all people including the Rohingyas.


These two goals are exactly what the National Unity Government, the Ethnic Resistance Organizations and Peoples’ Defence Forces are collectively working for. They have set out the detailed arrangements in the Federal Democracy Charter towards these goals. They invite and stand ready to work with all member states towards a peaceful democratic Myanmar.


On 12 October 2023, the NUCC, NUG, EROs, and Spring revolutionary forces issued a statement also known as Prague Appeal expressing unity in their commitment to democratic and representative governance, to breaking the chain of brutal military dictatorships, to removing the military from politics, to delivering transitional justice and accountability, and to partnering with the international community to reconstruct the country.


Mr. Chair,


I must emphasize that Myanmar people’s struggle against the military dictatorship is not against the interests of any country particularly those of our neighbours. However, it is clear that the spillover effects of the illegal military coup are ongoing and having serious regional implications. Resolving the crisis in a sustainable way is in everyone’s best interests.


Therefore, I call on the UN, ASEAN, and all member states to align their engagements and actions on Myanmar with the democratic aspirations of the people of Myanmar.


Every moment passes by with lack of action, the sufferings of the people get worse and more people get killed. Decisive action from the UN in particular the UN Security Council is needed now.


The UN and the international community should not fail the people of Myanmar in whatsoever ways.


In this regard, I wish to hear from the briefers of your next steps to make the UN in particular the UN Security Council to take decisive action immediately to end the military’s atrocities and the military dictatorship as well as to restore democracy in Myanmar.


I thank you.



*****













































Comments


bottom of page