top of page
  • Writer's pictureMyanmar Mission To UN

Statement by Ambassador Kyaw Moe Tun at 3C of 77th UNGA on Agenda Item 68




Statement by Ambassador Kyaw Moe Tun, Permanent Representative of the Republic of the Union of Myanmar to the United Nations, at the Third Committee of 77th Session of UNGA on agenda Item 68: Dialogue with High Commissioner for Human Rights, held on 13 October 2022


[Below Myanmar Text]


သတင်းအဖြစ်ထုတ်ပြန်ချက်


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ၏ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးနှင့် ဆွေးနွေးမှုအစီအစဉ်၌ မြန်မာစစ်တပ်သည် ပြစ်ဒဏ်ကျသင့်မခံရခြင်းနှင့် ဥပဒေမဲ့လုပ်ရပ်များကြောင့် စစ်တပ်အုပ်ချုပ်မှုကို မရပ်တန့်မချင်း ဆိုးရွားယုတ်မာသည့်ပြစ်မှုများကို ရပ်တန့်မည်မဟုတ်ကြောင်း ပြောကြားခဲ့


(နယူးယောက်မြို့၊ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်)


၁။ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန်ဆွေးနွေးမှုအစီအစဉ်၌ ပါဝင်၍ ဆွေးနွေးပြောကြား ခဲ့ပါသည်။


၂။ သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ ဆွေးနွေးပြောကြားမှုတွင် အောက်ပါအဓိကအချက်များ ပါဝင် ပါသည် -


(က) ခေတ္တလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ စက်တင်ဘာလ ၂၆ ရက်နေ့၊ လူ့အခွင့်အရေး ကောင်စီ၌ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ နှုတ်ဖြင့် အစီရင်ခံတင်ပြသည့်အတိုင်း မြန်မာစစ်တပ်သည် စစ်အာဏာ သိမ်းမှုနှင့် စစ်တပ်အုပ်ချုပ်မှုကို ဆန့်ကျင်သူများကို သာမက ဆန့်ကျင်သူများကို ထောက်ခံသည်ဟု ၎င်းတို့ယူဆသည့် ပြည်သူများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေကြောင်း၊


(ခ) ယနေ့ မြန်မာနိုင်ငံပဋိပက္ခသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်း စောင့်ရှောက်ရန်၊ လူ့အခွင့်အရေးကာကွယ်ရန်၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရန်ဟူသော ကုလသမဂ္ဂ၏ အခြေခံအုတ်မြစ်များကို ခြိမ်းခြောက်လျက်ရှိကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေနှင့် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ဆိုးဝါးသည့်ဖြစ်ရပ်များကို ဆက်လက်လျစ်လျူမရှုသင့်ကြောင်း၊


(ဂ) တရားမဝင်စစ်တပ်အာဏာသိမ်းမှုသည် အကြမ်းဖက်မှု၊ မငြိမ်းချမ်းမှု၊ နေရပ်စွန့်ခွာမှု၊ ငွေကြေး ဖောင်းပွမှု၊ အလွန်အကြူးဆင်းရဲနွမ်းပါးမှုနှင့် ပျက်စီးသည့် ကျန်းမာရေးစနစ်တို့ကို ယူဆောင်လာကြောင်း၊ ထို့ပြင်စစ်တပ်အာဏာသိမ်းမှုသည် ဒီမိုကရေစီတိုးတက်မှု မျှော်လင့်ချက်ကို ဖျက်ဆီးရုံသာမက လူသားချင်း စာနာထောက်ထားမှု အကျပ်အတည်းကိုပါ ဖြစ်ပွားစေကြောင်း၊


(ဃ) မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေသည် ပိုမိုဆိုးရွားလျက်ရှိပြီး၊ လူသား မျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုများနှင့် စစ်ရာဇဝတ်မှုမြောက်နိုင်သည့် ကျူးလွန်မှုများအဖြစ် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားက မှတ်ချက်ပြုထားကြောင်း၊


(င) လူ့အခွင့်အရေးသည် လူသားတိုင်း၏ မွေးရာပါအခွင့်အရေးဖြစ်ပြီး၊ ဘဝရှင်သန်ခွင့်၊ လွတ်လပ်ခွင့်၊ ကျေးကျွန်ပြုမှုနှင့် နှိပ်စက်ခံမှုတို့မှ ကင်းလွတ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ အလုပ်လုပ်ခွင့်နှင့် ပညာသင်ယူခွင့် အခွင့်အရေးတို့ ပါဝင်ကြောင်း၊ သို့ရာတွင် စိတ်မကောင်းကြီးစွာဖြင့် ယခုအချိန်အခါ မြန်မာပြည်သူများသည် ယင်းအခွင့် အရေးအားလုံးကို ခံစားခွင့်မရှိကြကြောင်း၊


(စ) လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းသည့် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီရင်ခံစာတွင် မြန်မာစစ်တပ်သည် နိုင်ငံကို ရေရှည်ကောင်းမွန်စွာ အုပ်ချုပ်နိုင်စွမ်းမရှိဟု ဖော်ပြထား ကြောင်း၊ ကျရှုံးနေသည့် စစ်တပ်အုပ်ချုပ်မှုကို ခိုင်မာစွာ ဆန့်ကျင်မှုများကြောင့် စစ်တပ်အုပ်ချုပ်ရေး ယန္တရားသည် နိုင်ငံတစ်ဝှမ်းနေရာဒေသမျိုးစုံ၌ ပြိုကွဲပျက်စီးနေကြောင်း၊ စစ်တပ်၏ တစ်ခုတည်းသော အာဏာဆုပ်ကိုင်မှုနည်းလမ်းသည် မြန်မာပြည်သူများအပေါ် ရက်စက်စွာသတ်ဖြတ်မှုနှင့် ခြိမ်းခြောက်မှုသာ ဖြစ်ကြောင်း၊ ထို့ကြောင့်အစီရင်ခံစာ၌ နိုင်ငံတကာအသိုက်အဝန်းအနေနှင့် မြန်မာပြည်သူများအား ကူညီထောက်ပံ့ရန် အဆင့်ဆင့်အရေးယူဆောင်ရွက်ရန်၊ စစ်တပ်အား ငွေကြေးအရ ဆက်ဆံမှုမပြုဘဲ အဆက်အသွယ်ဖြတ်တောက်ရန်နှင့် လက်နက်ကုန်သွယ်မှုပိတ်ပင်ရန် တိုက်တွန်းထားကြောင်း၊


(ဆ) မြန်မာစစ်တပ်သည် ပြစ်ဒဏ်ကျသင့်ခံရမည်ဟု စိတ်ဖြစ်ပေါ်ချင်းမရှိသ၍ ဥပဒေမဲ့လုပ်ရပ်များ ကျူးလွန်မှုစိတ်ရှိနေခြင်းကြောင့် စစ်တပ်အုပ်ချုပ်မှုကို မရပ်မတန့်ချင်း ဆိုးရွားယုတ်မာသည့် ပြစ်မှု ကျူးလွန်မှုကို ရပ်တန့်မည်မဟုတ်ကြောင်း။


၃။ ထို့နောက် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်တပ်၏ရက်စက်ယုတ်မာသည့် လုပ်ရပ်များကို ရပ်တန့်ရန်နှင့် မြန်မာပြည်သူများနှင့် ရွေးကောက်ခံအမျိုးသားညီညွတ်ရေးအစိုးရကို ကူညီ၍ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများကို မည်သို့တိုက်တွန်းလိုကြောင်းနှင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး အချိန်တိုအတွင်း ပြန်လည်မရရှိပါက ရိုဟင်ဂျာများ လုံခြုံစွာနေရပ်ပြန်ရေးကိစ္စအပေါ် အကျိုးဆက်မည်သို့ရှိ မည်ဖြစ်ကြောင်း၊ မေးမြန်းခဲ့ပါသည်။


၄။ သံအမတ်ကြီး၏ ဆွေးနွေးပြောကြားမှု အပြည့်အစုံ (အင်္ဂလိပ်ဘာသာ)အား ပူးတွဲဖော်ပြအပ်ပါသည်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့



Please check against delivery


Intervention by Ambassador Kyaw Moe Tun, Permanent Representative of Myanmar to the United Nations,

at the Third Committee of 77th Session of UNGA

on agenda Item 68: Dialogue with High Commissioner for Human Rights


(New York, 13 October 2022)


Thank you, Mr. Chair,


Myanmar thanks Madam ASG for her presentation as well as for the High Commissioner’s report. I wish to thank her Office for continued monitoring of human rights situation in my country. I wish to congratulate Mr. Volker Turk for his appointment as a new UN High Commission for Human Rights. I wish him all success in his new endeavour.


As the Acting High Commissioner for Human Rights orally updated on 26 September to the Human Rights Council regarding Myanmar, the military forces not only target opponents but also punish any community they deem to be supporting them.


Today crisis in Myanmar directly challenges interest and values that are foundations of the United Nations; to maintain international peace and security, to protect human rights, and to deliver humanitarian aid. In view of this, the international community must not neglect the tragedy unfolding in my country. The illegal military coup has brought violence, instability, displacement, inflation, dire poverty, and failing healthcare system to the country. It not only dashed and shattered hopes for democratic progress but also triggered humanitarian crisis.


Human Rights situation in my country continues worsening and deteriorating. According to IIMM, the serious violation of human rights in Myanmar is amounting to crimes against humanity and war crimes.


When human rights are inherence to all human beings, it includes the right to life and liberty, freedom from slavery and torture, freedom of opinion and express, the right to work and education. Everyone is entitled to these rights, without discrimination.


Sadly, at this moment, my fellow citizens in Myanmar are denied all those rights – right to life, freedom of movement and access to services.


The latest report of your Office to the Human Rights Council concluded based on the ground realities that the illegal military junta in Myanmar has failed to govern in meaningful and sustainable ways. And their administration has collapsed in many areas nationwide due to the resounding stronger opposition to their failing rule. The only way they cling on to power each day is by means of brutality and terror against the people of Myanmar. They have neither legal basis nor legitimacy whatsoever. The report also urged the international community to take all steps within its power to support the people of Myanmar, to act in coordinated fashion to financially isolate the military, and to impose arms embargos.


Given their consistent patterns of lawless behaviours and sense of impunity, the military junta will not stop committing atrocity crimes until they are stopped.

So, I wish to ask you 2 questions.


First, in order to prevent further military atrocities and help the people of Myanmar and their elected National Unity Government to restore democracy, human rights and the rule of law in the country, what would you like to urge the UN member states and the regional countries to do?


Second, what do you think would be the consequences on the safe return of the Rohingya if democracy and the rule of law are not swiftly restored in Myanmar?


I thank you.



*****






bottom of page